တိုကျိုမှာ လုပ်ရမယ့် အံ့အားသင့်လောက်အောင် ဆန်းကြယ်တဲ့ အရာ (၇)ခု

Mon LayNovember 4, 20162min1775

တိုကျိုမှာ ဘာလုပ်ချင်လဲပြောကြည့်ပါ။ တိုကျိုကို ပျင်းစရာကောင်းပြီး ခန့်မှန်းရလွယ်ကူတယ်လို့ မပြောပါနဲ့။ မြို့ထဲမှာ လုပ်စရာ မကုန်ပါဘူး။ အထူးသဖြင့် တစ်မူထူးခြားတဲ့ သဘာဝနဲ့ ပျော်စရာကောင်းတဲ့ အစီအစဉ်တွေ၊ ဆန်းကြယ်ပြီး အရမ်းမိုက်တဲ့ အရာတွေ ရှိလာတဲ့အခါပေါ့။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေက တော့ ဂျပန် နိုင်ငံရဲ့ မြို့တော် မှာ သင်တွေ့ကြုံရမယ့် အဆန်းကြယ်ဆုံးသော အတွေ့အကြုံတွေကို စုစည်းထားတာပါ။

၁။ အမျိုးသမီး အစေခံ ပုံစံ ဝတ်ဆင်ပြီး ဝန်ဆောင်မှုပေးတဲ့ ကော်ဖီဆိုင် ကို သွားလည်ခြင်း

maid-cafe-tokyo-japan

ဂျပန်နိုင်ငံဟာ cosplay (၎င်းရဲ့ ပရိသတ်များက ၎င်းတို့နှစ်သက်သော ရုပ်ရှင်၊ တယ်လီဗေးရှင်း နဲ့ ဟာသစာအုပ်တွေက ဇာတ်ကောင်တွေအတိုင်း အပြင်မှာ ဝတ်ဆင်ခြင်း)ကို နှစ်ခြိုက်မှု နှင့်အတူ ၎င်း၏ ယဉ်ကျေးမှု ကို ပရိသတ်တွေ စွဲလမ်းမှု တိုးတက်လာခဲ့ပါတယ်။ ဒီတိုးတက်မှုဟာ maid café လို့ခေါ်တဲ့ စားပွဲထိုးအမျိုးသမီးတွေက အစေခံ ဝတ်စုံဝတ်ပြီး စားသုံးသူတွေရဲ့ ကိုယ်ပိုင် အစေခံကဲ့သို့ ပြုမူပြီး စားသုံးသူတွေကို သူတို့ရဲ့ကိုယ်ပိုင်အိမ်ရောက်သွားသကဲ့သို့ ခံစားရစေမယ့် စားသောက်ဆိုင် (maid café )ပေါ်ပေါက်လာစေခဲ့တယ်။ အမျိုးသမီးများ၊ အထူးသဖြင့် ငယ်ရွယ်သော အမျိုးသမီးများ ဟာ ချစ်စရာကောင်းသော အသံလေးတွေ၊ အမူအရာလေးတွေနဲ့ သခင်၊ သခင်မ လို့ခေါ်ပြီး ဝန်ဆောင်မှု တွေပေးပြီး စားသုံးသူတွေကို ဆွဲဆောင်ခဲ့ပါတယ်။ ဒီကော်ဖီဆိုင်မှာ ပုံမှန်စားသောက်ဖွယ်ရာများ အပြင် ခွံ့ကျွေးတဲ့ ဝန်ဆောင်မှုကနေ နားသန့်ရှင်းရေးလုပ်ပေးတဲ့ ဝန်ဆောင်မှု အထိ ဝန်ဆောင်မှု အမျိုးမျိုး နဲ့ Menu ကို တန်ဆာဆင်ထားတာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်က တိုကျို Akihibara ခရိုင်မှာရှိတဲ့ Maidreamin ဆိုင်ခွဲကို သွားခဲ့ပေမယ့် ဒီလိုဆိုင်မျိုးက နာမည်ကြီးလွန်းလို့ တစ်မြို့လုံးမှာ ရှိပါတယ်ခင်ဗျာ။

၂။ စက်ရုပ်စားသောက်ဆိုင် မှာ စားသောက်ခြင်း

robot-restaurant-tokyo-japan

သင့်ရဲ့ ခံစားမှု အာရုံတွေကို အဆုံးစွန် ဖြစ်အောင် နှိုးဆွပေးမယ့် ကျယ်လောင်ပြီး အရောင်စုံ တဲ့ အဆိုအကနဲ့ ဖျော်ဖြေတဲ့နေရာမှာ အကောင်းဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ တိုကျို ရဲ့ စက်ရုပ်စားသောက်ဆိုင် က ညနေခင်းတစ်ခင်း ထက် ပို ပြီး သာမဲ့ အကတီးဝိုင်းငယ် ရှိမယ်မထင်ပါဘူး။ ဒီစားသောက်ဆိုင်မှာ စားသောက်ရင်းနဲ့ စစ်တီးဝိုင်းရဲ့ အမျိုးသမီးအဖွဲ့ခေါင်းဆောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေး၊ ၈ပေ ရှည်တဲ့ ကနေတဲ့ စက်ရုပ် စစ်တပ် နဲ့ Broadway သံစဉ်တွေထဲက နာမည်ကျော်ခဲ့တဲ့ တေးသီးချင်းတွေ (Dreamgirls က တေးသီချင်းက ကျွန်တော့်ရဲ့ အကြိုက်ဆုံးသီချင်းပေါ့ )နားထောင်ရင်း နဲ့ ဒီ စက်ရုပ်စားသောက်ဆိုင်မှာ ခဏနားခြင်းဟာ သင့်အတွက် ကောင်းကောင်းတန်ဖိုးရှိတဲ့ အချိန်ဖြစ်စေလိမ့်မှာမလွဲပါဘူး။

၃။ Harajuku နဲ့ Akihibara တို့မှာ ထူးဆန်းတဲ့ ဖက်ရှင်တွေ ကြည့်ရှုခြင်း

TokyoFashionHarajukuGroup

ဂျပန်နိုင်ငံမှာ စိတ်အားထက်သန်တဲ့ ဖက်ရှင်ပညာရှင်တွေ၊ ကာတွန်းဇာတ်ဆောင်ပုံစံ ဝတ်ဆင်သူတွေ က သူတို့ရဲ့ ကောင်းမွန်တဲ့ ဖက်ရှင်တွေကို လမ်းမှာ ပြသနေတဲ့ Harajuku နဲ့ Akihibara တို့ရဲ့ ပတ်ဝန်းကျင် မှာ လူတွေကို ကြည့်ရတာလောက် ကောင်းတဲ့နေရာမရှိပါဘူး။ သူတို့ကို စူးစိုက်ကြည့်ခြင်းဟာ မရိုင်းပါဘူး။ ယဉ်ကျေးစွာ မေးပြီး ကြည့်လို့လည်း ရပါတယ်။ အဲဒီနေရာတွေမှာ နေ့အချိန်ဆို သူတို့အားကျသူနဲ့ တူအောင်၊ သာအောင် ကြိုးစားလိုသူ မော်ဒယ်တွေစုစည်းနေပြီး သူတို့ရဲ့ဖက်ရှင်ကို ပြသတဲ့ အချိန်ပါဘဲ။ အလွန်လန်းတဲ့ ဆံပင်စတိုင်တွေကနေ မိုးလောက်မြင့်တဲ့ ဒေါက်ဖိနပ်တွေ၊ အပျံစား ဝတ်စုံတွေ နဲ့  မော်ဒယ်တွေက သင့်ကို မျက်စိအစာကျွေးနေပါတယ်။ (သို့မဟုတ် သူတို့အပေါ် တိုက်ခိုက်မှုလည်း ဖြစ်နိုင်ပါတယ်။ သင်ဘယ်လိုကြည့်လဲဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။)

၄။ Garam မှာ ရှိတဲ့ ကခန်းမထဲမှာ Reggae သီချင်း တီးခတ်ကြရအောင်

13381955465_82a05f7279_z13382000545_7ae543d9ed_z13382366094_854f1839e5_z13381989985_3c1cab36b2_z

ကွန်တော်က ကျွန်တော်တို့ရဲ့ Jamaican ယဉ်ကျေးမှု Shinjuku-ku (တိုကျိုက Reggae Nightcluds တွေထဲက တစ်ခု) က Garam အကခန်းမ မှာ ဂုဏ်ယူစွာနဲ့ တင်ဆက်နေတာ တွေ့တော့ အံ့ဩသွားပြီး အရမ်းပျော်သွားပါတယ်။

၅။ Tsukiji Fish Market မှာ တူနာငါးကို လေလံဆွဲမယ်

tsukiji-fish-market-tokyo-japan

သင် ဆူမို နပန်းပွဲကို ကြည့်ဖူးကောင်းကြည့်ဖူးလိမ့်မယ်။ ဒါပေမယ့် တူနာငါး လေလံဆွဲတဲ့ ပွဲကို တိုက်ရိုက်ကြည့်ဖူးပါသလား။ Tsukiji Fish Market ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး Fish Market ထဲက တစ်ခုဖြစ်ပြီး မနက် ၅နာရီ ထဲက လှုပ်နေတဲ့ငါးတွေကို ရောင်းချနေပြီး ဂျပန်လူမျိုး လေလံတင်ရောင်းချသူတွေ နဲ့ လေလံဆွဲသူတွေ ရဲ့ ဆူညံပြီး မြန်ဆန်လှတဲ့ အသံတွေကြားရမှာပါ။ ဒီလေလံဆွဲပွဲကို သွားမယ်ဆိုရင် မိုးမသောက်ခင် အရင်ဆုံးသွားကြည့်ပါ။ (တစ်ရက်ကို အများဆုံး လူ အယောက် ၁၂ဝ သာ ကြည့်ခွင့်ပြုလို့ပါ။) မနက်ပိုင်း မွန်းမတည့်ခင်မှာလည်း ဈေးထဲမှာ လျှောက်ကြည့်လည်ပတ်ခြင်း ဖြင့်လည်း စိတ်ဝင်စားစရာ ကောင်းတာတွေ အများကြီး လုပ်လို့ရနိုင်ပါသေးတယ်။

၆။ Shibuya လမ်းခွဆုံ ကို လျှောက်လည်ရအောင်

shibuya-crossing-tokyo-japan

တိုကျို ရဲ့ နာမည်အကြီးဆုံး လမ်းခွဆုံကို ခြေလျင် လျှောက်သွားကြည့်ခြင်း ဟာ ဆန်းကြယ်တာထက် ပိုပြီး အံ့ဩစရာကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် Shibuya မြေအောက်ရထားဘူတာရုံ ရှေ့ကနေ အဆုံးအစ မရှိတဲ့ လူအုပ်စု ကြီး  လမ်းဖြတ်ကူးတာကို ကြည့်ရတာ အင်မတန် မျက်စိကျိန်းလောက်တဲ့ တကယ့်မြင်ကွင်းပါပဲ။ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ကို ပြောပါရစေ။ အနီးနားက Starbucks ဆိုင်ရဲ့ တတိယထပ်မှာ ပါကင်ထိုးပြီး မြင်ကွင်းရှင်းတဲ့ အပေါ်က ရှုခင်းကြည့်နိုင်ပါတယ်။

၇။ ဆေးတောင့်ပုံစံတူ ဟိုတယ်တွင် တည်းခိုခြင်း

shinjuku-capsule-hotel-tokyo-japan

တစ်မူထူးခြားသောတိုကျိုကို လေ့လာလည်ပတ်ပြီးလျှင် သင့်ရဲ့ ပင်ပန်းနွမ်းလျနေတဲ့ ခန္ဓာကိုယ် ကို ဆေးတောင့် ပုံစံ ဟိုတယ် ( ဥပမာ Shinjuku က Green Plaza ) တွင် အနားယူလိုက်ပြီး ဂျပန် နိုင်ငံရဲ့ အကောင်းဆုံး အိပ်စက်ခြင်း အခြေအနေထဲ က တစ်ခု ကို အခွင့်ကောင်းယူလိုက်ပါ။ ပိတ်လှောင်မွန်းကြပ်တဲ့ ရောဂါရှိသူများ မတည်းပါနှင့်။ အခန်းတွေက အလွန်သေးငယ်လွန်းလို့ပါ။ အများအားဖြင့် သင့်ခန္ဓာကိုယ် ဆန့်ရုံမျှသာ ကျယ်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ဒီ အခန်းလေးတွေက ပုံမှန်ဟိုတယ်အခန်းတွေထက် သိသိသာကို ဈေးသက်သာ တဲ့ အကျိုးကျေးဇူးရှိပါတယ်။

#credit

 

5 comments

  • Thint Aye Yeik

    November 4, 2016 at 3:03 pm

    ဟွှာလေ. . .
    ဝတ်လစ်စလစ်နဲ့ဂျပန်မလေးရဲ့ကိုယ်ပေါ်မှာ အစားအသောက်တွေ တင်ပြီး တူလေးနဲ့ တို့တို့ စားရတာ အရမ်း စားချင်တာ
    ရှလွတ်စ်
    :k:

    အာ့မျိုး ဘယ်နားကဆိုင်မှာ ရလဲငင်
    :k:

  • သျှားသက်မာန်

    November 5, 2016 at 2:33 pm

    အီ…………ရွံလို့…စားဖို ့မအားပေးပါ……….

  • သျှားသက်မာန်

    November 8, 2016 at 3:14 pm

    ဟုတ်ကဲ့ပါ…ခရီးတွေထွက်ပြီးစာတွေဖတ်ပြီးလည်းတင်ဖို့အများကြီး ရှိပါသေးတယ်

Leave a Reply