Manpukhu

Mon LayNovember 5, 201610min1244

မွန်လေးပြီးခဲ့တဲ့၂ရက်လောက်က စားလို ့ကောင်းတဲ့ Manpukhu ဆိုတဲ့ဂျပန်စားသောက်ဆိုင်လေးမှာရုံးကလူတွေနဲ ့ညစာသွားစားခဲ့ကြပါတယ်..အကင်ကြိုက်တဲ့လူတွေအတွက်တော့အတော်အဆင်ပြေတဲ့စားသောက်ဆိုင်လေးပါ.. အဝစားမှ၁၂၈၀ဝပဲ….သန် ့လည်းသန် ့တယ်..တန်လည်းတန်တယ်..??

#အပြင်အဆင်

ဝင်လိုက်တာနဲ့တကယ့်ကိုဆိုင်ကောင်းကောင်းလေးတစ်ခုကိုရောက်သွားသလိုပဲ…အပြင်အဆင်တွေကသပ်သပ်ရပ်ရပ်နဲ ့။လူတွေပြည့်တဲ့အခါမတ်တပ်စောင့်စရာမလိုအောင်ခုံလေးတွေလည်းချပေးထားတယ်…ပြီးတော့အဝင်ဝမှာလည်းမြန်မာမှုလေးလည်းပေါ်ချင်အောင်ပန်းပုရုပ်လေး၂ရုပ်နဲ့လည်းအလှဆင်ထားပါသေးတယ်…

14915409_1326908530661954_582731747269548507_n 14971911_1326461014053924_1830144917_n

#ဘာတွေရလဲ?????????????????

အဝစားဘူဖေးဆိုတော့အကုန်နီးပါးရတာပေါ့…တခြားဘူဖေးဆိုင်တွေမှာမရှိတဲ့အသားတွေတောင်ရတာဆိုတော့..အရမ်းမိုက်တယ်…အဲ့ထဲမှာကိုယ်အကြိုက်ဆုံးကဝက်နို့အုံသားနဲ ့ကင်ချီပဲ….အရမ်းမိုက်တယ်..ထမင်းပါမှစားချင်တဲ့သူတွေအတွက်ထမင်းကြော်၊ခေါက်ဆွဲကျော်၊ကြက်သားကြော်၊ပုစွန်၊ဟင်းသီးဟင်းရွက်စုံ၊အချိုပွဲမျိုးစုံ၊ရေခဲမုန် ့၊ပူတင်း၊ကင်ချီ(ဒါတွေကတော့

တန်းစီစရာမလို)။

13315442_668086593345558_6451988084985120783_n 13331026_668086410012243_1063479119472688274_n 13343027_668086560012228_5697901823288560530_n 14690895_10202425361551842_4882924515856093353_n 14705718_10202425363351887_302422918192518205_n 14713697_10202425361951852_7105679692201529127_n 14900393_1137312199655309_1248825581905045602_n 14908236_1137312106321985_8325268512193380003_n 14910369_1140368649349664_5838183931594845382_n 14910478_1137312052988657_209437072779432711_n sadan-caveအသားတို ့ကလီဇာတို ့ကျတော့တန်းစီစနစ်နဲ့ယူရတယ်..ဘာလို ့လဲဆိုတော့သူတို ့ကအရသာဝင်အောင်..ဆားတို ့၊နှမ်းတို ့ပါတစ်ခါတည်းဖြူးပေးလိုက်တာလေ…အရမ်းမစောင့်ရပါဘူး…ခဏပဲ..ကျွမ်းနေကြပြီလေ။???

 

#စားပုံစားနည်း

စားပွဲမှာအကင်စက်လေးရှိတော့.ကိုယ့်ဖာသာကြိုက်သလောက်ကင်စားလိုက်ရုံပဲ။အဖော်တွေအများကြီးနဲ ့သွားစားကြတော့ပျော်ဖို ့ကောင်းတာပေါ့။coupleတွေပဲသွားစားလည်းအရမ်းromanticဆန်ပါတယ်။တစ်ခုပဲ..ဘူဖေးဆိုတော့..တစ်ခါယူရင်နည်းနည်းပဲယူပြီးခဏခဏယူရတာပေါ့လေ။

??????
ရေသန် ့တို ့၊ဘီယာတို ့၊အချိုရည်တို ့ကတော့ extra chargeပေါ့နော်။

စာဖတ်ပရိတ်သတ်ကြီးလည်းနောက်အခွင့်အရေးရရင်သွားစားကြပါလို ့??????????

4 comments

  • ကျော်လွင်ဖြိုး

    November 9, 2016 at 7:43 am

    buffet ဆိုင်မှာ ရေသန့် ကို ပိုက်ဆံ တောင်းတာတော့ တညိုးကြီးပဲကွယ်။ း)

  • သျှားသက်မာန်

    November 9, 2016 at 11:28 am

    ဟုတ်ပါ့ကွယ်…space ခြားဖို့ မေ့သွားတယ်

    • ကျော်လွင်ဖြိုး

      November 9, 2016 at 12:18 pm

      ဟင်
      ဘာကို စပေ့စ် ခြားဖို့ မေ့သွားတာ?
      ရေသန့်က အလကား တိုက်တာလား

  • Thint Aye Yeik

    November 9, 2016 at 12:10 pm

    အဲ့ဒီ အကင်စက် ဆိုတာတွေနဲ့ ကင်စားတာနဲ့
    ကျနော်တို့ဆီမှာ လမ်းဘေးအကင်ဆိုင်လေးတွေမှာ မီးသွေးမီးနဲ့ သံဇကာလေးပေါ်တင်ပြီး ကင်တာကို စားရတာမှာ ဘယ်အကင်က ကျန်းမာရေး ပိုထိခိုက်စေလဲ သိချင်တာ။

    အသားကင်ကို ကြိုက်တာ။
    ဒါမဲ့ မီးသွေးမီးနဲ့ မီးခိုးတထောင်းထောင်းထအောင် ကင်တာကို စားရင် ကျန်းမာရေးထိခိုက်စေတယ်ဆိုတာ သိထားတော့ အကင်ဆို မစားရဲသလောက်။
    အကင်စက် ဆိုတာနဲ့ကင်ရင်ကော. . .ကျန်းမာရေး ထိခိုက်စေတုန်းပဲလား ဘာလား သိချင်မိ။
    ပိုစ့်နဲ့တော့ တိုက်ရိုက်မဆိုင်ပါဘူးလေ။

    :k:

    ပုံတွေ ကြည့်ပြီး ဂလု ဂလု ဖြစ်လာတယ်

Leave a Reply