ကက်ဟင်းခါးသီးတွင် ပါဝင် သောဓာတ်ပစ္စည်းများသည် ရင်သား ကင်ဆာဖြစ်ပွားပျံ့နှံ့ခြင်းကို တားဆီး နိုင်သည့် အစွမ်းရှိ

cobraAugust 30, 20101min601

ကြက်ဟင်းခါးသီးတွင် ပါဝင် သောဓာတ်ပစ္စည်းများသည် ရင်သား ကင်ဆာဖြစ်ပွားပျံ့နှံ့ခြင်းကို တားဆီး နိုင်သည့် အစွမ်းရှိကြောင်း  အမေရိ ကန်မှ သုတေသနပညာရှင်များက ထုတ်ပြန်ခဲ့ကြသည်။

ကြက်ဟင်းခါးသီးတွင် ပါဝင် သည့်ဓာတ်ပစ္စည်းများသည် ရင်သား ကင်ဆာဖြစ်ပွားတိုးတက်စေသည့် ဓာတုဖြစ်စဉ်လမ်းကြောင်းများကို တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ရင်သားကင်ဆာဆဲလ်များ ကွဲပွားစေ မှုကို ပိတ်ပင်နိုင်သလို ယင်းဆဲလ်များ ကို သေဆုံးစေရန်လည်း လှုံ့ဆော်ပေး နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

ယခုတွေ့ရှိမှုမှာ ထပ်မံလေ့လာ ရန်များစွာလိုအပ်နေသေးပြီး တိရစ္ဆာန် တွင် ပထမဆုံးစမ်းသပ်ကာ ယင်း နောက် လူသားတွင်လည်း စမ်းသပ် ရန် လိုအပ်နေသေးကြောင်း ကင်ဆာ သုတေသနဂျာနယ်တွင်ဖော်ပြခဲ့သည့် စစ်တမ်းကို ပူးတွဲရေးသားခဲ့သူ အမေ ရိကန်နိုင်ငံကော်လိုရာဒိုတက္ကသိုလ်မှ ဒေါက်တာ ရာဂျက်ရှ်အဂါဝယ်လ်က ပြောကြားခဲ့သည်။

ကြက်ဟင်းခါးသီးအမြောက် အမြားစားသုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်ပေးနိုင်သည်ဟု သက်သေ ပြုမပြောကြားနိုင်သေးကြောင်း ဒေါက်တာရာဂျက်ရှ်က ဆိုသည်။ ကြက်ဟင်းခါးပင်များမှာ အာရှ၊ အာ ဖရိကနှင့် တောင်အမေရိကတွင် ပေါက်ရောက်သည်။ ယခင်ကတည်း က ဆေးမြီးတိုများတွင် ကြက်ဟင်း ခါးသီးကို ဆီးချိုနှင့်ကူးစက်ရောဂါ များတွင် သုံးစွဲခဲ့ကြသည်။ ယခုတွေ့ ရှိမှုတွင်မှ ကင်ဆာကိုပါ ကာကွယ်နိုင် ဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ် သည်။

ကြက်ဟင်းခါးသီးမှထုတ်ယူ သော ဓာတ်ပစ္စည်းများဖြင့် ရင်သား ကင်ဆာဖြစ်ပွားနေသူများအား ရောဂါမပျံ့နှံ့စေရန် အထောက်အကူ ပြုအာဟာရတစ်မျိုးအဖြစ် အသုံးပြု နိုင်ရေး ပညာရှင်များက ရည်ရွယ် ထားကြသည်။ ဗြိတိန်ကင်ဆာ သုတေသနမှ ဂျက်စီကာဟားရစ်က ”ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ အပင်တော်တော်များများက ဓာတု ပစ္စည်းတွေဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအထဲက အနည်းငယ်က ပဲ အသုံးဝင်တဲ့ကင်ဆာဆေးဝါးတွေ ဖြစ်လာကြပါတယ်။ ဒါဟာ ကင်ဆာ ဝေဒနာရှင်တွေအတွက် အကျိုးရှိသ လား၊ ဒါမှမဟုတ် အခြားဘေးထွက် ဆိုးကျိုးတွေ ရှိသေးလားဆိုတာ စမ်း သပ်မှုတွေအများကြီးလုပ်ဖို့လိုပါသေး တယ်”ဟု သုံးသပ်ခဲ့သည်။