ဆေးလိပ်​သောက်​ခြင်း​ကြောင့် အ​မျိုး​သ​မီး​များ​ရင်​သား​ကင်​ဆာ​ဖြစ်​နိုင်​ခြေ​ကို မြင့်​တက်​လာ​စေ​နိုင်​

cobraAugust 30, 20101min500

ထိုင် ဝမ်​မှ​သု​တေ​သီ​များ​က​ဆေးလိပ်​သောက်​ခြင်း​ကြောင့် အ​မျိုး​သ​မီး​များ​ရင်​သား​ကင်​ဆာ​ဖြစ်​နိုင်​ခြေ​ကို မြင့်​တက်​လာ​စေ​နိုင်​ကြောင်း​သ​တိ​ပေး​ပြော​ကြား​လိုက်​သည်​။

ထိုင်​ပေ​မြို့​ရှိ​ထိုင်​ပေ​ဆေး​တ​က္က​သိုလ်​မှ ဒေါက်​တာ​ယွန်​ဆူး​ဟို​က​ဆေး​လိပ်​တွင်​ပါ​ဝင်​သော နီ​ကို​တင်း​ဓာတ်​သည်​ကင်​ဆာ​ဖြစ်​စေ​သည့်​မော်​လီ​ကျူး​များ မြင့်​တက်​လာ​စေ​သော​အ​ဓိ​က​အ​ကြောင်း​ရင်း​တစ်​ရပ်​အ​ဖြစ် သ​တိ​ပေး​သွား​သည်​။​ယွန်​နှင့်​လုပ်​ဖော်​ကိုင်​ဖက်​များ​သည် နီ​ကို​တင်း​ဓာတ်​က​လူ​သား​များ​တွင်​ရင်​သား​ကင်​ဆာ ဖြစ်​ပေါ်​စေ​သည့်​Alpha​9​မော်​လီ​ကျူး​များ​ကို လှုံ့​ဆော်​ပွား​များ​စေ​ကြောင်း​တွေ့​ရှိ​ခဲ့​သည်​။ ထိုင်​ဝမ်​အ​မျိုး​သား​ကင်​ဆာ​ပ​ညာ​ရေး​ဌာ​န​က​ထုတ်​ဝေ​သည့် ဂျာ​နယ်​တွင်​ယ​ခု​တွေ့​ရှိ​ချက်​အား​ဖော်​ပြ​ထား​ပြီး နီ​ကို​တင်း​ဓာတ်​၏​လှုံ့​ဆော်​မှု​သည်​ကင်​ဆာ​က​နဦး​အ​ဆင့်​ထက် ရော​ဂါ​ကျွမ်း​နေ​ချိန်​တွင်​ပို​မို​ဆိုး​ရွား​စွာ ပေါ်​ထွက်​လာ​တတ်​ကြောင်း​ဖော်​ပြ​ထား​သည်​။

ယွမ်​နှင့်​သု​တေ​သီ​များ​သည်​အ​မည်​ဖော်​ပြ​မ​ထား​သည့် ရင်​သား​ကင်​ဆာ​ဝေ​ဒ​နာ​ရှင်​၂၇၆​ဦး​ထံ​မှ​ရ​ရှိ​သည့် ကင်​ဆာ​ကြိတ်​များ​အား​ထိုင်​ပေ​ဆေး​တ​က္က​သိုလ်​ပိုင် ဆေး​ရုံ​တွင်​သု​တေ​သ​န​ပြု​ခဲ့​ခြင်း​ဖြစ်​သည်​။ တွေ့​ရှိ​ချက်​အ​ရ​ရော​ဂါ​အ​ခြေ​အ​နေ​ပြင်း​ထန်​ချိန်​တွင် ဆေး​လိပ်​သောက်​သူ​များ​၏​ကင်​ဆာ​ကြိတ်​များ​သည်​ရော​ဂါ​ပို​မို ဆိုး​ရွား​စေ​သည်​ကို​ညွှန်​ပြ​နေ​ကြောင်း​လည်း​ယွန်​က ရှင်း​ပြ​သွား​သည်​။