ကဘားဒီးယားသို ့အလည်တစ်ခေါက် အပိုင်း(၁)

Mon LayNovember 8, 201616min950

ကဘားဒီယားဆိုလို ့..ဘယ်နေရာပါလိမ့်မတွေးလိုက်နဲ ့နော်…ကမ္ဘောဒီးယားလို့ပြောချင်တာပါ ဟီး။

#Cambodia Trip

#ဘယ်ချိန်သွားရင်အကောင်းဆုံးလဲ

ခရီးစဉ်ကသင်္ကြန်အပြီးနှစ်ဆန်း၂ရက်နေ ့မှာသွားခဲ့ကြတာလေ..ဧပြီလဆိုတော့မွန်လေးတို့နိုင်ငံတောင်ပူတာဆိုတော့ကမ္ဘောဒီးယားဆိုပိုဆိုးပိုသာဆိုးပေါ့ အဲ့အချိန်ပဲအားကြတာဆိုတော့ မတတ်နိုင်ဘူးလေ။အေးတဲ့ဆောင်းရာသီမှာ
သွားတယ်ဆိုရင်တော့အကောင်းဆုံးပဲလို့ပြောကြပါတယ်။

#ဘယ်လိုသွားကြလဲ

မွန်လေးတို ့သွားတုန်းကတော့နယ်စပ်ကနေသွားတဲ့ခရီးစဉ်ကသိပ်မရှိသေး
တော့ ဘန်ကောက်ကိုTransit လုပ်ပြီးမှကမ္ဘောဒီးယား (Siem
Reap)ကိုတိုက်ရိုက်သွားခဲ့ကြတာပါ။ခုတော့ ဗီယက်နမ်ကနေဖြစ်ဖြစ်၊
ဘန်ကောက်ကနေဖြစ်ဖြစ်သွားလို့ရနေပါပြီ။

#Airline

လေယာဉ်ကလည်း Air Asiaကသက်သာတော့အဲ့အဲလိုင်းနဲ ့ပဲ
သွားပြီးလက်မှတ်ခကတစ်ယောက်ကို ဒေါ်လာ၃၀ဝနီးပါးရှိပါတယ်။ရန်ကုန်ကနေမနက်(၁၁)နာရီလောက်စထွက်ကြတာ ဘန်ကောက်ကိုတခါဝင်
(၄)နာရီလောက်ဘန်ကောက်လေဆိပ်မှာအချိန်ဖြုန်း၊ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်၊မုန် ့စားကြ၊နေ ့လည်စာလည်းလေဆိပ်မှာပဲသွပ်ရတာပေါ့။
စီရမ်ရိကိုရောက်တော့ည(၉)နာရီထိုးရော။ရောက်တော့ဟိုတယ်ကိုသွားပြီးအနားယူကြပေ့ါ။နောက်လေယာဉ်နဲ ့သွားလို့ရတာကတော့ MAI ပါ။ဈေးတော့ကြီးတယ်..ကောင်းတယ်။

img_0743 img_1053 img_1058 img_1060 img_1071

#Claremont Hotel

မွန်လေးတို ့ကတော့ 3*+ ဟိုတယ်ဖြစ်တဲ့ဒီဟိုတယ်လေးမှာပဲတည်းခဲ့ပါတယ်
.သန် ့လည်းသန် ့တယ်။ရေကူးကန်လည်းရှိတော့အားရင်ရေကူးလို့ရတယ် (ကိုယ့်အတွက်သိပ်ကြိုက်)။အချိန်လည်းရလို့အားရပါးရကူးခဲ့ပါတယ်။

captureefef asdasdas

#ဘယ်တွေလည်လို့ရလဲ

Angkor Wat, Lady Temple(Banteay Srei), Angkor Thom, Bayon Temple, Baphuon Temple, Terraces of Elephants & Leper King, Preah Khan, Neak Pean, Ta Som, Ta Prohm, Tonle Sap Shores, Floating village, Beng Mealea, Night Market.

အသေးစိတ်ကိုအောက်မှာပြန်ရှင်းပေးမယ်နော်…

#Angkor Wat

မနက်ကျတော့ဟိုတယ်ကိုဂိုက်နဲ ့ကားသမားကလာခေါ်ပြီးလူများ၊ကားများနဲ ့စည်ကားနေတဲ့ ဂိတ်ဝတစ်ခုကိုအရင်ဆုံးရောက်ကြပါတယ်။အားလုံး
ကားပေါ်မှဆင်းပြီး အဝင်လက်မှတ်လုပ်ဖို ့ဓာတ်ပုံများရိုက်၊ကျသင့်ငွေကိုရှင်း
ရင်း၊ဝင်ခွင့်လက်မှတ်ရတော့ကားပေါ်ပြန်တက်ပြီး ရှေ့ကိုခရီးဆက်ကြတယ်။ (လက်မှတ်ကလေ၃ရက်စာ၊ရရက်စာနဲ ့၁လစာရယ်လို့၃ခုခွဲဝယ်လို့ရပါတယ်။
မွန်လေးတို ့က၆ရက်လောက်နေမှာဆိုတော့တစ်ပတ်စာရရက်စာဝယ်လိုက်လို့ ဒေါ်လာ(၄၀)ကျပါတယ်)

မွန်လေးတို ့ အခုရောက်ရှိတဲ့နေရာကို Angkor Complex လို့ ခေါ်ကြောင်း ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ်စာရင်းဝင်ဒေသဖြစ်ကြောင်းဂိုက်ကရှင်းပြပါ
တယ်။ပတ်ဝန်းကျင်မှာလည်းသစ်ပင်မျိုးစုံပေါက်ရောက်နေသောတောကြီးတစ်ခုအတွင်းရောက်နေတယ်လို့အလိုလိုကိုခံစားရပါတယ်။ မကြာမီ ကျုံးနှင့် မုခ်ပေါက်ကိုရောက်လာပြီး ကျုံးတံတားဖြတ်ကျော်လိုက်သော အခါ အန်းကောနေပြည်တော်ဟောင်းကြီးထဲရောက် သွားပါတော့တယ်။ နန်းတော်နဲ ့ဆိုင်သော အဆောက် အအုံများလုံးဝမရှိတော့ပဲသစ်ပင်ကြီးများ
သာ နေရာ အနှံ့ လွှမ်းမိုးထားပါတယ်။

“ရောမဘုရင်နီရိုဘုရင်လက်ထက် ရောမမြို့တော် ကဲ့သို့ကြီးကျယ်ခမ်းနား
ခဲ့သော အန်းကောမြို့တော်သည် အေဒီ ၁၂ ရာစုနှစ်ပုဂံပြည်ပျက်စီး
ချိန်လောက်တွင် ထိုင်းတို့၏ တိုက်ခိုက်ဖျက်ဆီး လုယက်မှုကြောင့် လုံးဝ ပျက်သုဉ်းသွားခဲ့ရပါသည်။ အန်းကောမြို့တော်မှယဉ်ကျေးမှုပစ္စည်း
များကိုလည်း ထိုင်းနိုင်ငံသို့သယ်ဆောင် ခဲ့ကြရာ ယခုမြန်မာနိုင်ငံ မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီးဝင်းအတွင်းရှိ ရှေးဟောင်းကြေးရုပ်ကြီးများ လည်းပါဝင်ခဲ့ပါသည်။”တဲ့

ကမ္ဘောဒီးယားမှာရှိတဲ့ကမ္ဘာ့အကြီးဆုံး ဘာသာရေး အဆောက်အဦး တစ်ခုဖြစ်တဲ့အန်ကောဝပ် ကျောင်းတော်ကြီးကို မြင်မြင် ချင်း ခဏမှာပင်မွန်လေးအသက်ရှုဖို ့ မေ့နေခဲ့ရပါတယ်။ အန်ကောဝပ်ကျောင်းတော်ကြီးရဲ ့မုဓ်ဦးအဝင်ပေါက်မှ ကျောင်းတော်ကြီးအထဲထိ မိနစ် ၂ဝ ခန့်လောက် လမ်းလျှောက်ရပြီး ပင်မကျောင်းတော်ကြီးရဲ့
ဗိသုကာလက်ရာတွေကို တမေ့တမော လိုက်လံကြည့်ရှုပြီးအမှတ်တရ
ဓါတ်ပုံတွေရိုက်ရတာ မမောနိုင်အောင်ပါပဲ။ကြီးမားခမ်းနားတဲ့ ကျောက်ပန်းပု
အနုပညာ လက်ရာများနဲ ့အနုပညာစိတ်ကူးဘာသာတရားကိုင်းရှိုင်းမှု
အခြေခံတို ့နဲ ့ပြောင်မြောက်စွာထုဆစ်တည်ဆောက်ထားတဲ့ကမ္ဘာကျော် အန်ကာဝပ်ဘုရားကျောင်းဟာ ကမ္ဘာလှည့်ခရီးသည်များနဲ ့အလွန်
စည်ကားလှတဲ့နေရာကြီးလည်းဖြစ်ပါတယ်။တချို့နေရာတွေမှာ ကျောက်ဆစ်လက်ရာများ မပျက်စီးစေဖို ့ ကြိုးတန်းများနဲ ့ကာရံထားတာကိုလည်း သတိပြုမိ ပါတယ်။

ဧည့်လမ်းညွှန်က “ကမ္ဘောဒီးယားသည် မြန်မာနိုင်ငံထက် လူဦးရေနှင့် အကျယ်အဝန်းများစွာ သေးငယ်ပါကြောင်း၊ သို့သော် လာအိုနိုင်ငံထက်တော့ ကြီးမားပါကြောင်း၊ တစ်ချိန်ကခမာအင်ပါယာမှာ လွန်စွာ ကြီးကျယ်ခမ်းနား
ခဲ့ပါကြောင်း၊ ၁၂ ရာစုတွင် ခမာအင်ပါယာ ပြိုကွဲသွားခဲ့ပါကြောင်း၊ ခမာအင်ပါ ယာ၏ နေပြည်တော်ဖြစ်သော ယခုသွားမည့် အန်းကောနန်းတော်ကြီးမှာ ဖျက်ဆီးခံရပြီး တဖြည်း ဖြည်းတောကြီးမျက်မည်း ဖြစ်သွားခဲ့ရပါကြောင်း၊ ၁၈၆ဝ ပြည့်နှစ်တွင် ပြင်သစ်လူမျိုးတစ်ဦးက အန်းကောမြို့တော်ဟောင်းနှင့် အန်းကောဝပ်ကျောင်း တော်ကြီးကို အမှတ်မထင်ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ တဖြည်းဖြည်း ရှင်းလင်းဖော်ထုတ်ခဲ့ကြရကြောင်း၊ ယခုအခါ ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ် စာရင်းသွင်းပြီး ထိန်းသိမ်းလျက်ရှိပါကြောင်းတို့ ကိုရှင်းပြရင်း
ရှေးဟောင်းကြေးရုပ်ကြီးများကိုမြင်တော့မှအန်းကောသွမ်လို့ခေါ်တဲ့ဝတ်ကျောင်းတော်ကြီးကို ရောက်ပါတော့တယ်။ကျောက်သား များနဲ ့သာ တည်ဆောက်
ထားပြီး ကျောက်ဆစ်လက်ရာများမှာ တော်တော်အဆင့်မြင့်လှပါတယ်။အတွင်းထဲကိုဝင်သွားတော့အပေါ်ကိုထပ်တက်ရမယ့်အရမ်းမက်စောက်တဲ့သံလှေကားကိုလူတွေဖြည်းဖြည်းချင်းတက်နေတာကိုတွေ ့ရပါတယ်။မွန်လေးတို့ နို်င်ငံက
ပုပ္ပါးကသံလှေကားကိုတက်ရတာနဲ ့တူပါတယ်။အပေါ်ကိုအကျီလက်ပြတ်
၊ဘောင်းဘီတို၊စကပ်တို့နဲ ့ဦးထုပ်တို့ တောင်ဆောင်းတက်ခွင့်မရှိဘူးဆိုပြီး
တက်ခါနီးအဝမှာစစ်ပါတယ်။အဲဒါနဲ ့ကိုယ်လည်းဆောင်းထားတဲ့ဦးထုပ်ကိုချွတ်၊အိတ်ထဲထည့်ပြီးသံလှေကားနဲ ့အပေါ်ကိုတက်သွားတာပေ့ါ။အပေါ်ရောက်
တော့မှပဲအမောပြေသွားပြီးမြင်လေရာရူခင်းတွေကရင်သပ်မမောနိုင်အောင်ပါပဲ။အဲ့အပေါ်မှာရုပ်ထုတွေကခေါင်းမပါတာတို့၊ဝက်ရုပ်တို့ ကလည်းပက်လက်
လန်နေတာတို့လည်းတွေ ့ရပါတယ်။အောက်ပြန်ဆင်းတော့လည်းတက်ခဲ့တဲ့သံလှေကားရဲ ့ဘေးမှာအဆင်းသံလှေကားလေးနောက်ထပ်တစ်ခုရှိတော့လုတက်စရာ၊လုဆင်းစရာမလိုဘူးပေါ့။(ရောက်ဖြစ်ရင်သတိနဲ ့တက်ပြီးသတိနဲ ့ဆင်းပါတအားမက်ပါတယ်လှေကားလက်ရန်းကိုကိုင်တက်ပါ။)

အောက်ရောက်တော့ရိုးရာအကနဲ ့ဖျော်ဖြေနေတဲ့၊ရိုးရာဝတ်စုံတွေဝတ်ထားတဲ့အဖွဲ ့နဲ ့ တွေ ့တော့အမှတ်တရဓါတ်ပုံရိုက်ကြပါသေးတယ်..(ပို်က်ပို်က်တော့ပေးရပါတယ်)

အန်ကောဝတ်ကြီးကိုလျှောက်ပတ်နေတဲ့အချိန်နံရံတစ်ခုမှာ မြန်မာစာတွေရေးထားတာတွေတော့ ကိုယ်တွေဆိုတာအံ့ဩနေတာမွန်လေးတို့ရှေးခေတ်မြန်မာ
လူမျိုးတွေလည်းအရင်တည်းကရောက်နှင့်ပြီး ပက်သက်ခဲ့ဖူးပါလားပေါ့။

ပြီးတော့အဲ့နေရာမှာရပ်ပြီးဆုတောင်းရင်ဆုတောင်းပြည့်တယ်လု့ိလည်းပြော
တော့ဆုတစ်ဆုတောင်းခဲ့ပါသေးတယ်..(အဲ့နေရာကိုဘာလို့ခေါ်တယ်လို့တော့
မမှတ်မိတော့ပါဘူး) 😛

အန်ကောဝတ်ထဲကပြန်ထွက်လာတော့ ဈေးဆိုင်တန်းလေးတွေရှိပါတယ်။အဲမှာဈေးနည်းနည်းဝယ်၊ပြီးတော့ အမောပြေအအေးသောက်ကြ၊အပန်းဖြေကြ
တာaပါ့။

674561 14606486_10205983444703844_5476208578573596349_n img_0760 img_0762 img_0815 img_0918 img_1115 img_1117 img_1124 img_1132 img_1135 img_1136 img_1150 img_1154 img_1158 img_1163 img_1169 img_1170 img_1172 img_1185 img_1191 img_1199 img_1200 img_1213 img_1215 img_1216 img_1219 img_1221 img_1224 img_1228 img_1229 img_1232

#Lady Temple(Banteay Srei)

ထို့နောက်ကားနဲ ့ ထွက်ခွာကြပြီး မကြာမီခင်မှာ
“ပန်းရောင်သဲကျောက်တုံးများနဲ ့အနုစိတ်ထုဆစ်ထားတဲ့မြင်သူတိုင်းအံ့ဩ
ငေးမောရတဲ့ ဘန်တီစရေး(Lady templeလို့လည်းခေါ်ကြပါတယ်)ဘုရား
ကျောင်းရဲ့ မြတ်နိုးဖွယ်ရာအလှ”ကိုသွားရောက်လည်ပတ်ကြပါတယ်။မြင်လေရာ တွေ ့လေရာမှာတော့ ကျောက်နံရံတွေမှာအရုပ်ပုံတွေထွင်းထားတာချည်းပါပဲ။

“ဟိန္ဒူဘုရားကျောင်းလို့လည်းခေါ်တဲ့ ဘန်တီစရေးကကမ္ဘောဒီးယားနိုင်ငံ Siem reap အရပ်မှ မြောက်ဘက် ၃ရ ကီလိုမီတာခန့် မှာရှိနေတာဖြစ်ပြီးကျောင်းတော်ကြီးကို ၁၁ ရာစုအစောပိုင်းက ဘုရင် ရာဇိန်ဒရာသူရိယဝါယမ (Rajendrasuriavarman) (ဟိန္ဒူ) မင်းက တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။”

img_0763 img_0764 img_0775 img_0776 img_0779 img_0780 img_0784 asdasdas capture captureefef capturesdfsdf capturesdfsdfsd edfsfgv tb2bmffx8pxqebjy1xcxxxhzvxa_1859896205-jpg_400x400

အပိုင်း၂ ကိုဆက်လက်ရှုစားကြပါကုန်။