Taipei မှာ လုပ်စရာ (၉) ခု

Mon LayNovember 9, 20163min690

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က Taiwan ရဲ့ မြို့တော် Taipei ဟာ ကမ္ဘာပေါ်မှာ အဆင့်အတန်း ရှိကြောင်း အသိအမှတ်ပြုခံရပြီး ကျော်ကြားမှုရခဲ့ပါတယ်။ ဒီသေးငယ်တဲ့ မြို့လေးဟာ ယနေ့ထိ ကမ္ဘာပေါ်မှာ လျှပ်စစ်ပစ္စည်းထုတ်လုပ်မှု နဲ့ နည်းပညာ ပိုင်းမှာ ဦးဆောင်နေတဲ့ နိုင်ငံသားတွေရဲ့ တစ်ဦးချင်းဝင်ငွေ အရ အာရှတိုက်ရဲ့ ဒုတိယ ချမ်းသာကြွယ်ဝဆုံး၊ ကြီးကျယ်တဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ ဒီမြို့လေးဟာ စီးပွားရေးအရ ရှေးဦး စွန့်စားတီထွင်တဲ့ မြို့လေးလည်းဖြစ်ပါတယ်။ အရှေ့အာရှ ပို့ဆောင်ရေးရဲ့ အချက်အချာကျတဲ့နေရာဖြစ်ပြီး ခရီးသွားတွေကို ခမ်းနားတဲ့ အနုပညာပြတိုက်တွေ၊ အကောင်းဆုံး စားသောက်ဆိုင်တွေ၊ ကို Taipei 101 လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ တတိယ အမြင့်ဆုံး အဆောက်အဦး ထဲမှာ နှိုင်းယှဉ်လို့မရအောင် ကောင်းလွန်းတဲ့ ဈေးဝယ်ခြင်းတွေ ဒါတွေအားလုံးကို ခရီးသွားတွေ  စိတ်ကူးကြံစည် သမျှ ရနိုင်အောင်ဆောင်ရွက် ပေးထားပါတယ်။ အမှန်တော့ Taiwan ဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အဖြစ်ဝင်ရောက်ခွင့် နဲ့ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုမှု ဆုံးရှုံးတာ ကြောင့် နိုင်ငံတကာ ဥပဒေမှာ ပြည်နယ်တစ်ခုလား ၊ ပြည်နယ်အဖြစ်အသိအမှတ်မပြုတော့တဲ့နေရာလားဆိုတာကို အငြင်းပွားဖွယ်ဖြစ်နေ ပါတယ်။ ဒါပေမယ့် Taipei ဟာ အာရှမှာ စီးပွားရေးလုပ်ငန်းရှင် တွေရော ခရီးသွားတွေကပါ လည်ပတ်မှု အများဆုံး မြို့ထဲက တစ်ခုဖြစ်နေဆဲပါ။ Taiwan ဟာ နှစ်တော်တော်များများမှာ ပင်လယ်နဲ့နီးတဲ့ အပူပိုင်းရာသီဥတုကို ပိုင်ဆိုင်ထားတာကြောင့် Taiwan ကို လာခဲ့ရင် ညှပ်ဖိနပ်နဲ့ ပိုက်ဆံအိတ်ကို ယူခဲ့ပြီး ပျော်ရွှင်မှုတွေ ခံစားပါ။ သင့်ကို Taipei မှာ လုပ်စရာ (၉)ခုကို ဖော်ပြပေးမှာဖြစ်ပါတယ်။

၁။ Chiang Kai-shek အောက်မေ့ဖွယ်ခန်းမ

chiang-kai-shek-memorial-hall-taipei-by-jirka-matousekflickrchiang-kai-shek-memorial-hall-taipei-by-jirka-matousekflickr-1

ဒီလှပပြီး အတုမရှိတဲ့ နိုင်ငံရဲ့ အထင်ကရနေရာဟာ Taiwan ရဲ့ သမ္မတ ဟောင်း Chian Kai-shek ကို အမှတ်တရ ဖြစ်စေဖို့ သူ့ရုပ်ကလပ်ကို မြှပ်နှံထားတဲ့ အမျိုးသား အထိမ်းအမှတ် အဆောက်အအုံ ဖြစ်ပါတယ်။ ဒီအောက်မေ့ဖွယ် ခန်းမကို လေးဖက် လေးတန်မှာ အဖြူရောင်သုတ်ထားပြီး ခေါင်မိုးဟာ အပြာရောင် အဋ္ဌဂံပုံဆောက်လုပ်ထားပါတယ်။ အာရှ ရိုးရာအရ ရှစ်ခုဟာ ပေါများခြင်း နဲ့ ကံကောင်းခြင်းကို သယ်ဆောင်တယ်လို့ သိရှိရပါတယ်။

၂။ Ximending

ximending-taipei-by-stefan-ogrisekflickr

Ximending ဟာ ပြည်တွင်း ပြည်ပ ခရီးသွားများကို ဆွဲဆောင် တဲ့ အကျော်ကြားဆုံး နေရာထဲက တစ်ခု ဖြစ်ပါတယ်။ နယူးယောက်မြို့ က လမ်းသွယ်၅ ကို မနာလိုစရာ မဖြစ်အောင် Ximending မှာ ဒီဇိုင်နာတွေရဲ့ ဆိုင်တွေနဲ့အတူ ဖက်ရှင်ဆိုင် အတော်များများရှိပြီး ကို အသက်အရွယ်ပေါင်းစုံ နဲ့ လူတန်းစား ပေါင်းစုံကို စွဲဆောင်နိုင်တဲ့ ဖျော်ဖြေပွဲ နဲ့ အစီအစဉ်တွေ အများကြီး ကို ရှိပါတယ်။ Ximending ဟာ ပျှမ်းမျှအားဖြင့် တစ်လကို လူ ၃သန်းကျော် လာရောက်လည်ပတ်တဲ့ အထိ စွဲဆောင် နိုင်ပါတယ်။ Ximending ကတော့ Taiwan က ပထမဆုံး လူသွားလမ်း ဇုန်ဘဲဖြစ်ပါတယ်။

၃။ Shilin ညဈေး

shilin-night-market-taipei-by-brian-jeffery-beggerly-beggsflickr

ဘယ်ဈေးကမှ ဒီဈေးကို မယှဉ်နိုင်ပါဘူး။ အထူးသဖြင့် ညဘက်ပေါ့။ ပျံကျ ဈေးသည် ၆၀ဝ ကျော် နဲ့ စားသောက်ဆိုင်သေးသေးလေးတွေ၊ အစားအသောက်မဟုတ်တဲ့ ဆိုင်တွေ နဲ့ အမြဲ စည်ကားနေ ပါတယ်။ ဘာပဲပြောပြော ဒီနေရာလေးကတော့ အစားအသောက်တင် မကပါဘူး။ ခရီးသွား ဧည့်သည် ထောင်ပေါင်းများစွာကို ရုပ်ရှင်ရုံ၊ ဗွီဒီယို ရုံ၊ ကာရာအိုကေ ဘားများ နဲ့ ဆွဲဆောင်နေပါတယ်။ ပြောပြလို့ ရေးပြလို့ ဖော်ပြ လို့ မရနိုင်လောက်အောင်ပါပဲ။ ဒါကြောင့် ဒီညဈေးကို ရောက်ဖူးတယ် ရှိအောင် မဖြစ်မနေ သွားကြည့်လိုက်ပါတယ်။

၄။ Beitou ရေပူစမ်း

beitou-hot-spring-taipei-by-lim-ashley-ashleytflickr

ဒီနိဗ္ဗာန်ဘုံလေးကတော့ သဘာဝ သယံဇာတတွေနဲ့ လှပတဲ့ ရှုခင်းတွေကြောင့် လူသိများပါတယ်။ Beitou ရေပူစမ်းမှာ အဓိက ပါဝင် ပစ္စည်းဖြစ်တဲ့ ဆာဖာလ် ဓာတ် ရဲ့ အဓိက အရင်းအမြစ်တွေရှိလို့ အဆစ်ရောင်ရောဂါ၊ ကြွက်သားနာကျင်ခြင်းနဲ့ နာတာရှည် အရေပြားရောင်တဲ့ရောဂါ တွေကို ကုသနိုင်ပါတယ်။ ခရီးသွားတွေ လာရောက်လည်ပတ်တာ များပြားလာမှုကြောင့် ဒီအံ့အားသင့်ဖွယ် ကောင်းလောက်အောင် ငြိမ်းချမ်းသာယာတဲ့ ရေပူစမ်းဟာ နာမည်ကျော် အပန်းဖြေစရာအဖြစ် ဆွဲဆောင်မှု ဖြစ်လာပါတယ်။ ယနေ့မှာတော့ ခရီးသွားတွေဟာ အများပြည်သူအသုံးပြုတဲ့ ရေပူစမ်းကန်တွေရော ရေပူစမ်း တည်းခိုခန်းတွေပါ မြင်တွေ့နိုင်ပါတယ်။

၅။ Taipei ၁၀၁

taipei-101-taipei-by-my-day-dayminflickr

Dubai က Burj Khalifa ကို၂၀၁ဝ မှာ မတည်ဆောက်မှီအထိ ဒီမယုံနိုင်စရာကောင်းလွန်းတဲ့ အဆောက်အဦးကြီးဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အဦး အဖြစ် တရားဝင်သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။  မြေကြီးကနေ ၁၀၁ ထပ် အထိမြင့်ပြီး မြေအောက်မှာတော့ ၅ ထပ်ရှိပါတယ်။ အစိမ်းရောင် ကို အများဆုံး အသုံးပြုထားတဲ့ ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အဦးဖြစ်ခဲ့ပါတယ်။ အပေါ်မှာ ပြောခဲ့ သလိုဘဲ ရိုးရာယုံကြည်မှုတွေ အရ တရုတ်စကားပြော ယဉ်ကျေးမှု မှာ နံပါတ် ၈ က အရေးကြီးပါတယ်။ နံပါတ် ၈ ဟာ ပေါများခြင်း နှင့် ကံကောင်းခြင်းကို သယ်ဆောင်ပေးတယ် လို့ယုံကြည်တဲ့ အတွက် အဓိက မျှော်စင်၈ထပ်မှာ တစ်ပိုင်းစီနဲ့ စုစုပေါင်း ၈ ပိုင်းပြုလုပ်ထားပါတယ်။ ၉၁ ထပ်က လဟာပြင် မှာ ရှိတဲ့ နက္ခတ်တာရာကြည့်တဲ့ နေရာ ကို လည်း သွားဖြစ်အောင်သွားခဲ့ပါ။ ဒီအဆောက်အဦးမှာ လေထု ဖိအား ထိန်းချုပ်စက်၊ အလိုအလျောက် တုန်ခါမှု ထိန်းချုပ်စက်၊ လေခွင်းအား အခန်း တို့ ပါတဲ့ တစ်မိနစ် ကို ၁၀၁ဝ မိုင်သွားတဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အမြန်ဆုံး ဓာတ်လှေကားတစ်စင်း လည်းတပ်ဆင်ထားလို့ စီးဖူးတယ်ရှိအောင် စီးကြည့်လိုက်ပါ။ နက္ခတ်တာရာကြည့်တဲ့ နေရာက မြင်ကွင်းဟာ အရမ်းကို မိုက်ပါတယ်။ ရိုးရိုးလေးနဲ့ အသက်ရှူမှားလောက်အောင်ပါဘဲ။ Taipei ၁၀၁မှာ အသင့်စား စတိုင် စားသောက်ဆိုင် ၂၈ ဆိုင်နဲ့ အကောင်းစား စားသောက်ဆိုင် ၈ဆိုင်၊ အကောင်းစား ကော်ဖီဆိုင် ၆ ဆိုင်တို့နဲ့ အစားအသောက်ကောင်းများကို စားသုံးနိုင်မှာပါ။

၆။ Longshan ဘုံကျောင်း

longshan-temple-taipei-by-lian-chang-diametrikflickr

Longshan ဘုံကျောင်း ဟာ Taipei မြို့ထဲက ရှေးအကျဆုံး ဘုံကျောင်းတွေထဲက တစ်ကျောင်းဖြစ်ပါတယ်။ Fujian က လာခဲ့ကြတဲ့ ပထမဆုံး တရုတ်လူမျိုး အခြေချသူတွေက ၁၇၃၈ မှာ တည်ဆောက်ခဲ့တာပါ။ ဘုံကျောင်းဟာ ဗုဒ္ဓဘာသာဝင်တွေ၊ Taoism တွေနဲ့ ရိုးရာ ထိုင်ဝမ် ယုံကြည်ကိုးကွယ်သူတွေ အတွက် ဖွင့်လှစ်ပေးထားခြင်းဖြစ်တယ်။ Taipei ရဲ့ ရှေးအကျဆုံး ခရိုင်ဖြစ်တဲ့ Wanhua ရဲ့ မြို့အလယ်မှာရှိပြီး မြို့ထဲက အကြီးဆုံးနဲ့ ရိုးရာအဆန်ဆုံး ဆိုင်တွေကြောင့် ထင်ရှားကျော်ကြားပါတယ်။ အနီးအနားက Huaxi လမ်းက ညဈေးဟာလည်း ၎င်းရဲ့ မြွေလမ်းကြားကြောင့် နာမည်ကြီးပါတယ်။ Guangzhou လမ်း ညဈေး ကတော့ ့ရိုးရာ xiao chi (ဒါမှမဟုတ်) နည်းနည်းစီ စားလို့ရတဲ့ စားစရာလေးတွေအပြည့်ရှိပြီး Taipei ရဲ့ အလွန်ကျော်ကြားတဲ့ လမ်းဘေးအစားအစာတွေကို စားသုံးနေတဲ့ လူမျိုးစုံ နဲ့ အကြီးဆုံး ညဈေးပါဘဲ။ အနီးနားက တိုင်းရင်းဆေးဆိုင်တွေ နဲ့ ကျော်ကြားလှတဲ့ Xichang လမ်းကို လည်း လည်ပတ်ခဲ့ဖို့ မမေ့ပါနဲ့။ Co Pi Lia လို့ခေါ်တဲ့ Taipei မြို့ရဲ့ ရှေးအကျဆုံး လမ်းတွေထဲက တစ်လမ်းကို ဒီ နယ်ပယ်အတွင်းမှာ တွေ့နိုင်ပါတယ်။ နေ့လည်ဘက် ရှုခင်းတွေ နဲ့ စားသောက်ခြင်းဟာ Taipei ရဲ့ တစ်စိတ်တစ်ပိုင်းကို လည်ပတ်ဖို့ အတွက် ဖြစ်တယ်။ ဒီဘုံကျောင်းကို သွားချင်ရင် Longshan MRT ဘူတာရုံ ကို သွားပြီး Exit ၁ မှာ ဆင်းပြီး ဘုံကျောင်းရောက်ဖို့ ညာဖက်ကွေ့ပါ။

၇။ Xingtian ဘုံကျောင်း

xingtian-temple-taipei-by-twang_dunga

Xingtian ဘုံကျောင်းအသစ်ကို သခင် Hsuan Kung ဟာ ၁၉၆ရ မှာ ဆောက်ခဲ့တယ်။  ဒီဘုံကျောင်းဆောက်ဖို့ သူ့ကိုယ်ပိုင် ပိုက်ဆံအများကြီး သုံးပြီး ဆောက်လုပ်ခဲ့ပြီး စီးပွားရေးလောက ရဲ့ နာယက နတ် ဖြစ်တဲ့ Guan Yu ကို သီးခြားအပ်နှံထားခြင်းဖြစ်ပါတယ်။ ဒီဘုံကျောင်းကို ကမ္ဘာလှည့် ခရီးသွား ဧည့်သည် တွေ သောင်းနဲ့ချီပြီး နေ့တိုင်းလည်ပတ်ကြသော်လည်း ထိုင်ဝမ် စီးပွားရေးသမားတော်တော်များများ ကလည်း သူတို့ရဲ့ စီးပွားရေး အောင်မြင်မှုအတွက် ဘုံကျောင်းကို လာရောက် ကန်တော့ကြပါတယ်။ ဒီခန့်ညားလှတဲ့ ၇၀၀ဝ ကုဗ မီတာ ( ၇၀ဝ ကုဗပေ ) ကျယ်တဲ့ ဘုံကျောင်းကြီးကို နေရာတိုင်းမှာ နဂါးရုပ်တု တွေနဲ့ အလှဆင်ထားပါတယ်။

၈။ Yangmingshan အမျိုးသား ဥယျာဉ်

yangmingshan-national-park-taipei-by-eduardo-m-c-flickr

တောင်ပေါ်တန်း၊ တောင်ကြား၊ ရေကန်တွေ နဲ့ ရေတံခွန်တွေ အစရှိတဲ့ လှပတဲ့ ရှုခင်းတွေ နဲ့ ပြည့်နှက်နေတဲ့ Yangmingshan အမျိုးသား ဥယျာဉ် ဟာ အာရှတိုက်က အလှပဆုံး သဘာဝ နေရာတွေထဲက တစ်ခုဖြစ်တယ်။ ဒီထင်ပေါ်ကျော်ကြားတဲ့ ပန်းခြံဟာ ပွင့်နေတဲ့ ချယ်ရီပန်းတွေ၊ ရေပူစမ်းတွေ၊ Taiwan ရဲ့ အမြင့်ဆုံး မီးတောင်သေ၊ ကြယ်ရ စင်းတောင် အပါအဝင် တောင်ကုန်းတွေကြောင့် ခရီးဝေးလမ်းလျှောက်ဖို့ တောလမ်းတွေ ကောင်းသတင်းပြန့်နှံ့ပြီး လူများ လာရောက် လည်ပတ်ကြပါတယ်။ ဒီပန်းခြံထဲက ဒေသပေါက်ပင်များနဲ့ တိရစာ္ဆန်များဟာ လည်း ပန်းခြံကို လာရောက်လည်ပတ်ရတဲ့ အကြောင်းအရင်းတစ်ခုပါဘဲ။ လက်ရှိပန်းခြံထဲမှာ အပင်မျိုးစိတ်ပေါင်း ၁၃၅၉ မျိုး ရှိပြီး ရေနေပင်တွေ နဲ့ ကုန်းမှာ ပေါက်တဲ့ အပင်တွေ မျိုးပွားရာ ရှင်သန်ကြီးထွားရာ နေရာလည်းဖြစ်ပါတယ်။ Yangmingshan အမျိုးသား ဥယျာဉ် ဟာ ကွဲပြားတဲ့ ငှက်မျိုးစိတ်ပေါင်း ၁၂၃ မျိုး တို့ရဲ့ အိမ်လည်းဖြစ်ပါတယ်။ ခရီးသွား အမျိုးအစားအားလုံးအတွက် တစ်ရက်နေ့ချင်းပြန် ခရီးလည်းဖြစ်ပါတယ်။

၉။ Maokong

Maokong-HillTaipei-by-Ken-Marshall-kenner116Flickr

Maokong တောင်ကုန်းဟာ Taipei မြစ်ဝှမ်း ရဲ့ အစွန်အဖျားမှာ တည်ရှိလို့Taipei မြို့ရဲ့ အကောင်းဆုံး ရှုခင်းကို တောင်ကုန်းပေါ်က နေ စီးပြီး ကြည့်နိုင်တဲ့ အကောင်းဆုံး မြင်ကွင်းကကို ပေးစွမ်းပါတယ်။ ဒီတောင်ကုန်းတွေဟာ လက်ဖက်အိမ်တွေ အများကြီး ကြောင့် နာမည်ကျော်ထင်ရှားပါတယ်။ အကြောင်းရင်းကတော့ Taipei ရဲ့ အကြီးဆုံး လက်ဖက် စိုက်ပျိုးတဲ့ ဒေသဖြစ်လို့ပါဘဲ။ သင် Taipei မြို့ကို လည်ပတ်ဖြစ်ခဲ့လျှင် Maokong bill ရဲ့တစ်မူထူးခြားတဲ့ ပြိုင်ဘက်ကင်းတဲ့ လက်ဖက် ယဉ်ကျေးမှု၊ အလွန်တရာ အရသာရှိတဲ့ ရိုးရာ အစားအစာတွေနဲ့ လှပတဲ့ ရူခင်းတွေကို မဖြစ်ဖြစ်အောင် ခံစားကြည့်ခဲ့ပါ။

Refrence : www.wowtravel.me