ဟိုချီမင်းမြို ့မှာ လည်ပတ်သင့်တဲ့နေရာ ၁ဝ ခု

Mon LayNovember 9, 20163min951

ဟိုချီမင်းမြို ့(ဆိုင်ဂုံ) ရဲ ့ဆွဲဆောင်မှုအကောင်းဆုံးနေရာ အများစုက ၂ဝ ရာစုပတ်ဝန်းကျင်ကဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေနဲ ့ဆက်နွယ်တဲ့ နေရာတွေဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့နေရာတွေဆိုပေမယ့် တချို ့နေရာတွေကတော့ အသက်အရွယ်အပိုင်းအခြားအားလုံးအတွက် သင့်လျော်တဲ့ သမိုင်းကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေကို လေ့လာဖို ့စိတ်ဝင်စားစရာနေရာတွေဖြစ်ပါတယ်။ ဟိုချီမင်းမြို ့ထဲ လျှောက်သွားရတာ ပြင်သစ်ဗိသုကာပညာက အစ ထိန်းသိမ်းပြုပြင်ထားတဲ့ အမေရိကန်စစ်လေယာဉ်တွေအဆုံး အတိတ်က ကျော်ကြားခဲ့တဲ့နေရာတွေက တစ်မြို ့လုံး ပြန် ့ကျဲနေပြီး အသက်ဝင်လာသလိုပါပဲ။ ကာလရွေ ့လျားလာတာနဲ ့အမျှ အခုအချိန်မှာ ဟိုချီမင်းမြို ့က ဗီယက်နမ်နိုင်ငံရဲ ့အကြီးဆုံးမြို ့နဲ ့အဓိကစီးပွားရေးမြို ့တော်ဖြစ်လာပြီး ကောင်းကင်ထိထိုးထိုးထောင်ထောင်ထွက်နေတဲ့ မိုးမျှော်တိုက်ကြီးတွေနဲ ့ အဆောက်အအုံဟောင်းတွေကို ဗီယက်နမ်တွေရဲ ့ ပြိုင်စံရှားတဲ့ပုံစံတစ်မျိုးနဲ ့အတူတကွရောယှက် တွေ ့မြင်ရမှာဖြစ်ပါတယ်။

ကျွန်ုပ်တို ့ရဲ ့ဟိုချီမင်းမြို ့ရဲ ့ဆွဲဆောင်မှုအရှိဆုံးနေရာ ထိပ်ဆုံး ၁ဝ နေရာလမ်းညွှန်ချက်မှာ  ဟိုချီမင်းမြို ့ရဲ ့လက်လွတ်မခံသင့်တဲ့ အရာတွေ အကြောင်း အချက်အလက်တွေကို ဖော်ပြထားပါတယ်။

စစ်သမိုင်းပြတိုက်

war-remnants-museum at ho chi min city

စစ်သမိုင်းပစ္စည်းပြတိုက်က ဝမ်းနည်းစရာကောင်းသလို မမေ့နိုင်လောက်တဲ့ပြတိုက်တစ်ခုဖြစ်ပြီး ဒီပြတိုက်မှာ နှစ်ပေါင်း ၃ဝကြာဖြစ်ပွားခဲ့တဲ့ အမေရိကန်နိုင်ငံနဲ ့ဗီယက်နမ်နိုင်ငံ စစ်ပွဲရဲ ့အကြွင်းအကျန်တွေကို အသေးစိတ်ပြသထားပါတယ်။ အစွန်းအထင်းမရှိထိန်းသိမ်းထားတဲ့ တင့်ကားတွေ၊ လေယာဉ်တွေအပြင် အခြား စစ်လက်နက်ကြီးတွေကိုလည်း ပြသထားပြီး အတွင်းပိုင်းမှာတော့ အလွန်ရှားပါးတဲ့အချက်အလက်တွေကို တွေ ့မြင်နိုင်ပါတယ်။ ဓါတ်ပုံတွေ၊ ပြခန်းတွေနဲ ့လက်ရေးစာတမ်းအချက်အလက်တွေက အမေရိကန်စစ်တပ်တွေ ဗီယက်နမ်မြောက်ပိုင်းစစ်တပ်တွေကို အနိုင်တိုက်ဖို ့ဘယ်လောက်တောင် အနစ်နာခံခဲ့ရလဲဆိ်ုတာတွေကို ပြသလျက်ရှိပါတယ်။

  • ပြတိုက်ဖွင့်ချိန်: နေ ့စဉ် မနက် ၇:၃ဝ – ၁၂:၀၀၊ ၁၃:၃ဝ – ၁၇:၀၀
  • လိပ်စာ: ၂၈ ဗိုဗန်တန်၊ ခရိုင် ၃၊ ဟိုချီမင်းမြို ့

 ကူချီလိုဏ်ခေါင်းများ

chu-chi-tunnel-in Ho chi Minh

chu-chi-tunnel-road                          chu-chi-tunnel-road

ဒီကမာ္ဘလှည့်ခရီးသည်စိတ်ကြိုက်နေရာကတော့ ဧည့်သည်တွေကို ဗီယက်နမ်စစ်သားတွေ ရန်သူတွေမသိအောင် လျို ့ဝှက်လိုဏ်ခေါင်းကွန်ရက်တွေကနေ ဘယ်လိုသွားလာခဲ့ကြလဲဆိုတာကို ကိုယ်တိုင် တွေ ့ကြုံခံစားစေမှာဖြစ်ပါတယ်။ လိုဏ်ခေါင်းတွေအကြောင်း ရုပ်ရှင်ရိုက်ကူးထားတာကိုလည်း ကြည့်ရှုနိုင်ပြီး ဗီယက်ကွန် စစ်သားတစ်ယောက် တောထဲတောင်ထဲမှာ နေ ့စဉ် ပုန်းကွယ်နေထိုင်ခဲ့ရလဲ ဆိုတာတွေကိုပါ ကိုယ်တိုင်တွေ ့ကြုံ လေ့လာနိုင်မယ့် ခရီးစဉ်တွေလည်းရှိပါတယ်။ မီးလောင်ထားတဲ့တင့်ကားတွေကတော့ ဓါတ်ပုံရိုက်ဖို ့ကောင်းတဲ့နေရာတွေဖြစ်ပြီးတော့ ချဲ ့ထွင်ပြီး ကွန်ကရစ်နဲ ့ပြန်ပြုပြင်ထားတဲ့ လိုဏ်ခေါင်းတွေထဲကိုလည်း တွားသွားဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

  • ဖွင့်ချိန်: နေ ့စဉ်
  • တည်နေရာ: ဟိုချီမင်းမြို ့မှ အနောက်မြောက်ဘက် ၇ဝ မီတာ

ကောင်းဒိုင်းဘုရားကျောင်း

cao-dai Temple in ho chi minh

 

ကောင်းဒိုင်း ဘုရားကျောင်းကတော့ ကောင်းဒိုင်းဘာသာ ကိုးကွယ်သူတွေရဲ ့အဓိကနေရာဖြစ်ပါတယ်။ ကောင်းဒိုင်း ဘာသာမှာ ဗုဒ္ဓ္ဓ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ တာအိုဘာသာ နဲ ့ကွန်ဖြူးရှပ်ဝါဒတို ့အနည်းငယ်စီ ပေါင်းစပ်ပါဝင်နေတာဖြစ်ပါတယ်။ ခရီးသွားတွေ ဒီဘုရားကျောင်းကို လာလည်နိုင်ပြီး သမာဓိအားကောင်းတဲ့ လူနည်းစုကျင့်သုံးတဲ့ ဒီယုံကြည်ချက်အကြောင်းကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ကောင်းဒိုင်းဘာသာဝင်တွေက ဝတ်ဖြူစင်ကြယ်တွေ ဝတ်ဆင်ကြပြီး ဘုရားကျောင်းထဲဝင်တဲ့အခါ အရင်က မိမိကိုးကွယ်ခဲ့တဲ့ ဘာသာကို ဖော်ပြတဲ့ ခါးစည်းအပိုကိုပါ စည်းသွားရပါတယ်။ ဘုရားကျောင်းကြီးက အရောင်အသွေးတောက်ပစုံလင်ပြီး လှေကားလက်ရန်းတွေပေါ်မှာ အပေါ်ကိုပျံတက်နေတဲ့ ပုံစံနဲ ့နဂါးရုပ်တွေ အပြင် မျက်နှာကြက်မှာလည်း တိမ်လွှာပုံနဲ ့အလှဆင်ထားပါတယ်။

ကျောက်စိမ်းအင်ပါယာ ဘုရား

jade-emperor-pagoda-inside

ကျောက်စိမ်းအင်ပါယာ ဘုရားက ဟိုချီမင်းမြို ့တစ်မြို ့လုံးမှာ လူအများယုံကြည်ကိုးကွယ်တဲ့ ဘုရားတွေထဲက တစ်ဆူ ဖြစ်ပါတယ်။ ၁၉၀၉ ခုနှစ်မှာ နိုင်ငံကူးလာတဲ့တရုတ်လူမျိုးတွေက တည်ထားခဲ့တာဖြစ်ပြီး အဆိုပါ တာအိုဘာသာဗိဗ္မာန်မှာ ယခုအခါ ဗုဒ္ဓ္ဓ္ဓဘာသာဝင်တွေပါ ဝတ်ပြုနိုင်ပြီဖြစ်ပါတယ်။ ဗိဗ္မာန်ပတ်ဝန်းကျင်မှာတော့ အမွှေးတိုင်မီးခိုးငွေ ့တွေ ထူပိန်းနေအောင် တွေ ့မြင်ရမှာဖြစ်ပါတယ်။ ဆန်းပြားတဲ့ဗိသုကာပညာ၊ အလိမ်အကောက်တွေနဲ ့နတ်ဘုရားတွေ နတ်ဘုရားမတွေရဲ ့ရုပ်တုတွေ တရုတ်ပြည်ကထင်ရှားတဲ့ ဇာတ်ကောင်ရုပ်တုတွေက ထူးခြားပြီး အချိန်ကန် ့သတ်ချက်မဲ့တဲ့ နေရာတစ်ခုလိုဖြစ်နေစေပါတယ်။

  • ဖွင့်ချိန်: ၈:၀ဝ – ၁၇:၀၀
  • လိပ်စာ: ၇၃ မိုင်သီလူး၊ ခရိုင် ၃
  • နှုန်း: ဝင်ကြေးကောက်ခံခြင်းမရှိသော်လည်း လည်ပတ်သူများအနေနဲ ့လှူဒါန်းနိုင်ပါတယ်

ဘီတက်စ်ကို မျှော်စင်နဲ Sky Deck

alto-rooftop-bar.

ဘီတတ်စ်ကို မျှော်စင်က ဟိုချီမင်းမြို ့ရဲ ့ရုံးခန်းတွေနဲ ့ဖွဲ ့စည်းထားတဲ့ ခေတ်သစ် မဟာမျှော်စင်တစ်ခုဖြစ်ပါတယ်။ ဒီမျှော်စင်မှာ ဘဲဥပုံစံ အဆက်တစ်ခုထည့်သွင်းတည်ဆောက်ထားပြီး ရဟတ်ယာဉ်တွေ ဆင်းသက်နိုင်မှာဖြစ်ပါတယ်။ ၂၆၂ မီတာအမြင့်ရှိတဲ့ ဒီအဆောက်အအုံမှာ အထပ်ပေါင်း ၆၈ ထပ်ပါဝင်ပြီး ဗီယက်နမ်နိုင်ငံရဲ ့အမြင့်ဆုံးအဆောက်အအုံတစ်ခုဖြစ်ပါတယ်။ မျှော်စင်ရဲ ့ထိပ်ပိုင်း Sky Deck မှာ တစ်မြို ့လုံးနဲ ့မြို ့ပတ်ဝန်းကျင်ကို ၃၆ဝ ဒီဂရီတွေ ့မြင်နိုင်မှာဖြစ်ပြီးတော့ အယ်လ်တို လို ့ခေါ်တဲ့ ဘားတစ်ခုလည်းထားရှိပေးထားတဲ့အတွက် ဟိုချီမင်းမြို ့ရဲ ့မြင်ကွင်းကိုကြည့်ရှုရင်း တာပါစ်စတိုင် နိုင်ငံတကာဟင်းလျာတွေအပြင် ကော့တေးလ်ပါ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ နေဝင်ဆည်းဆာကိုခံစားနိုင်မှာဖြစ်ပြီးတော့ ကင်မရာယူလာဖို ့မမေ့ဖို ့လည်း သတိပေးချင်ပါတယ်။

  • ဖွင့်ချိန်: Sky Deck အတွက် နေ ့စဉ် ၉:၃၀-၂၁:၃၀
  • လိပ်စာ: ၃၆ ဟိုတွန်မောလမ်း၊ ခရိုင် ၁

 

မာရီယာမန် ဟိန္ဒူဘုရားကျောင်း

mariamman

မာရီယာမန် ဟိန္ဒူဘုရားကျောင်းက ဟိန္ဒူဘာသာဝင်တွေ ဝတ်ပြုတဲ့နေရာတွေရဲ ့ ပြောင်မြောက်တဲ့ဗိသုကာလက်ရာတွေနဲ ့လှပနေတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။ ဟိုချီမင်းမြို ့ရဲ ့တစ်ခုတည်းသော နိုးကြားတဲ့ ဟိန္ဒူဘုရားကြောင်းဖြစ်ပြီး မြို ့ထဲမှာနေထိုင်ကြတဲ့ ဟိန္ဒူဘာသာဝင်တွေအတွက် လူမှုရေးအသင်းတိုက်တစ်ခုအဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။ နေ ့စဉ် မနက် ရ နာရီမှ ညနေ ရ နာရီထိ ဖွင့်လှစ်ပေးထားပြီး ဟိန္ဒူမဟုတ်သူများလည်း လည်ပတ်နိုင်ပါတယ်။ အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်လာဖို ့နဲ ့ဘုရားကျောင်းအတွင်းပိုင်းဝင်ရောက်ရင် ဖိနပ်တွေချွတ်ထားခဲဖို ့ကိုတော့ သတိထားရမှာဖြစ်ပါတယ်။

ပေါင်းစည်းရေးနန်းတော်

reunification-palace

 

မဟာမိတ်တပ်တွေရဲ ့ဗဟိုနေရာတစ်ခုဖြစ်ခဲ့ပြီး မြောက်ပိုင်းဗီယက်နမ်တပ်တွေအမေရိကန်စစ်ပွဲမှာ အောင်ပွဲခံခဲ့တဲ့နေရာလည်းဖြစ်တဲ့ ပေါင်းစည်းရေးနန်းတော်ဟာ သမိုင်းရဲ ့အရေးပါတဲ့အပိုင်းကဏ္ဍတွေမှာ ပါဝင်ခဲ့ပါတယ်။ သက်တမ်းရင့်နေပြီဖြစ်တဲ့ ဒီနန်းတော်ဟာ ၁၉၇၅ ခုနှစ်အတွင်း ဗီယက်နမ် မြောက်ပိုင်းစစ်တပ် တင့်ကားတစ်စီးက နန်းတော်ရဲ ့တံခါးမကြီးတွေကို ဖျက်စီးပြီးကတည်းက ပြန်လည်တည်ဆောက်ထားခြင်းမရှိဘဲ မူလပုံစံအတိုင်းဆက်လက်ထားရှိဆဲဖြစ်ပါတယ်။ လည်ပတ်သူတွေအနေနဲ ့လျို ့ဝှက်အခန်းတွေ၊ ခမ်းနားနဲ ့ ခန်းမကျယ်ကြီးတွေနဲ ့ဗိုလ်ချုပ်ဂိုဒင်ဒီရမ် စစ်ဗျူဟာတွေချမှတ်ခဲ့တဲ့ ကတုတ်ကျင်းကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

 

ဘင်တေးဈေး

binh-tay-market

၁၈၈ဝ ပြည့်နှစ်တွေက ပြင်သစ်တွေတည်ဆောက်ခဲ့တဲ့ ဘင်တေးဈေးကတော့ ဗီယက်နမ်နိုင်ငံရဲ ့အကြီးဆုံး တရုတ်တန်းရပ်ကွက်မှာတည်ရှိပါတယ်။ ခရိုင် ၁ မှာရှိတဲ့ ဘန်တန်ဈေးနဲ ့မတူတဲ့အချက်ကတော့ ဒီဈေးမှာ မြို ့ခံတွေအတွက် ဗီယက်နမ်တစ်နိုင်ငံလုံးက လတ်ဆတ်တဲ့ သစ်သီးနဲ ့ဟင်းသီးဟင်းရွက်တွေ၊ ဥအမျိုးမျိုး၊ အသားနဲ ့ပင်လယ်စာတွေရနိုင်လို ့ပဲဖြစ်ပါတယ်

  • ဖွင့်ချိန်: နေ ့စဉ် ၈:၀ဝ – ၁၇:၀၀
  • လိပ်စာ: ၅ရအေ သပ်မိုဝီ၊ ခရိုင် ၆၊ ဟိုချီမင်းမြို

ဟိုချီမင်းဗဟိုစာတိုက်

entral-post-office

ဟိုချီမင်းမြို ့ရဲ ့ဗဟိုစာတိုက်က ပြင်သစ်ကိုလိုနစ်ခေတ်ရဲ ့ခမ်းနားနဲ့ ဗိသုကာပညာကိုထင်ဟပ်နေပြီး ၁၈၉၁ ခုနှစ် စဖွင့်ခဲ့ချိန်ကစပြီး ကောင်းမွန်စွာ ထိန်းသိမ်းပြုပြင်ထားတဲ့အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ဒီအဆောက်အအုံဟာ မြို ့ရဲ ့အဓိကစာတိုက်အဖြစ်ဆက်လက်တည်ရှိနေပြီး မိမိအိမ်ကို ပို ့စ်ကတ် ဒါမှမဟုတ် စာတစ်စောင်လောက်ပို ့ပြီး တည်ရှိဆဲသမိုင်းတစ်ခုရဲ ့ အရသာကို ခံစားနိုင်ပါတယ်။ ဘယ်ရှုထောင့်ကမဆို လှပနေတဲ့ ဒီအဆောက်အအုံကို ပြင်သစ်က အိုင်ဖယ်မျှော်စင်ရဲ ့ ဒီဇိုင်းဆွဲပေးသူ ဂူစတာဗီ အိုင်ဖယ် ကိုယ်တိုင် ဒီဇိုင်းဆွဲပေးခဲ့တာဖြစ်ပါတယ်။

  • ဖွင့်ချိန်: မနက် ရ နာရီ မှ ည ၈ နာရီထိ
  • လိပ်စာ: ၂ ကွန်ရှ ပဲရစ်၊ ခရိုင် ၁

 

နိုတာဒိန်းဘုရားရှိခိုးကျောင်း

 notre-dame-cathedral-saigon

ဆိုင်ဂုံ နိုတာဒိန်းဘုရားရှိခိုးကျောင်းကို ၁၈၈ဝ နှောင်းပိုင်းက ပြင်သစ်ကိုလိုနီတွေဆောက်လုပ်ခဲ့ပြီး ဗုဒ္ဓ္ဓ္ဓဘာသာဝင်တွေ ပေါများတဲ့ ဗီယက်နမ်နိုင်ငံမှာ ကတ်သလစ်ဘာသာဝင်အနည်းစုရဲ ့ ကိုးကွယ်နေရာရာတစ်ခုအဖြစ်တည်ရှိနေပါတယ်။ ပြင်သစ်ရင်ပြင်မှာတည်ရှိပြီး နိုတာဒိန်းဆိုတဲ့ နာမည်ကိုတော့ ၁၉၅၉ခုနှစ်မှာ “ငြိမ်းချမ်းသောနိုတာဒိန်း” အမည်ရတဲ့ ရုပ်တုတည်ဆောက်ပြီးချိန်က စပြီး အမည်ပေးခဲ့ပါတယ်။

  • တည်နေရာ: ပြင်သစ်ရင်ပြင်၊ ခရိုင် ၁

#credit

PS : မကြာခင်မှာလည်းသွားရောက်လည်ပတ်တော့မှာဖြစ်ပါတယ် ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။

 

 

One comment

  • Shar Thet Man

    October 27, 2017 at 10:35 am

    မွန်လေးရောက်ခဲ့တာတော့ ဘင်တေးဈေးပဲ ဟီး

Leave a Reply