လွမ်းရိပ်ညို

ေမာင္ရိုးNovember 11, 20161min2377

img_20161110_114846_hdr** ဟိုတောင်ထိတ်က လွမ်းရိပ်ညို  **

 

>> ဟိုး .. တောင်ထိပ်မှာ

မှိုင်းအုံ့ရွာပြီ

သက်ညှာမှုကင်း

နင်းဖျက်ခြေမွ

သောကမြစ်လျှံ

လွမ်း ဒဏ်ရာဖြစ်

ချွေရစ်လေတော့

ကြွေလေတော့နော် …. ။

 

>> မှန်းမျှော်အတိတ်

ညအိုရိပ်မှာ

စိုးထိတ်ရင်ခုန်

ချစ်ပုံပြင်များ

မှုန်ဝါးလေလွင့်

ရော်ဝါရင့်ကြွေ

မြေခ စေပေါ့

ရှိစေတော့နော် …. ။

 

>> ဒီလိုပဲလေ

ပျိုရွယ်နေစ

ကာလများစွာ

ဝေးကွာမှိန်ဖျော့

မေ့လျော့စေချင်

ရင်မှာစူးနစ်

ဒဏ်ရာဖြစ်တည်

ဝတ်မှုန်လည်းကျွမ်း

ပန်းလည်းနွမ်းပေါ့

သွားတော့.. အတိတ်

ဟိုးးး .. တောင်ထိတ်မှာ

မိုးရိပ်တွေလည်း ပြိုပြီလေ …. ။

 

7 comments

  • ဝင့်ပြုံးမြင့်

    November 11, 2016 at 8:32 pm

    ကာရံ နည်းနည်းလျှော့ပေးလိုက်ရင် ဒီ့ထက်ပိုကောင်းမှာရယ်။

    • ဖိုးသာထူး

      November 11, 2016 at 8:46 pm

      အမှန်တော့
      နားမလည်လို့ ဘာမှမလုပ်တတ် . .
      ရမ်းသမ်းရေးတာ ဟားဟား

    • ဖိုးသာထူး

      November 16, 2016 at 1:15 pm

      မောင်စိန်ဝင်းလက်ရာမျိုးဆိုတာထက်. . .
      မောင်စိန်ဝင်းရဲ့ စကားလုံးတွေပါနေတယ်ဆိုရင်ပိုမှန်ပါတယ် ။
      ငယ်စဉ်က အတော်လေးလွှမ်းမိုးခံခဲ့ရတာကိုးးး . . . 🙂

    • ဖိုးသာထူး

      November 16, 2016 at 8:54 pm

      ကဗျာမဟုတ်ဘူးးးး
      ကာရံတွေကိုအတင်းလိုက်ညှိထားတဲ့
      ” ကာရံအမှိုက်ပုံး ” :mrgreenn:

Leave a Reply