မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths XXII

KyaemonNovember 12, 20163min2921

wel22

Welcome!


၉၊ ၂၀၁၁ ဆရာဦးထွန်းလွင်မိန့်ခွန်းအရ” မြစ်ဆုံမှာ ငလျင် အများဆုံးနေရာ”လို့
ဆိုထားပါတယ်၊ဒါကြောင့်ရေကာတာ(များ) မလုပ်သင့်လို့ဆရာကြီးကပြောပါတယ်၊

ဒီလိုပြောတာက အကြီးအကျယ် လွဲမှားပါတယ်၊ ဘာကြောင့်လဲ?

https://myanmargazette.net/223760 မှာအသေးစိတ်ပါပါတယ်၊

ကောက်နှုတ်ချက်

“…..၇။ ၁၈၀ဝ ကနေ ၂၀၁၆ မေလ ၁၄ရက် အထိ
နှစ်ပေါင်း၂၁၆ အတွင်း မှာဆိုရင်၊မြစ်ဆုံနဲ့
မိုင် ၁၀ဝ ထက် ဝေးတဲ့ နှစ် နေရာမှာဘဲ
ရစ်တာ ၇.ဝ နဲ့ ၇.၆ ငလျင် လှုပ်ခဲ့တယ်၊
အနှစ် ၂၀ဝကျော်အတွင်း မိုင် ၁၀ဝ ကျော်မှာ
ရစ်တာ ၇.ဝ နဲ့ ၇.၆ ဝန်းကျင် ၂ ကြိမ်ဘဲဆိုရင်တော့
နောင်လဲ ရစ်တာ ၈ တို့ဖြစ်ဘို့အလားအလာ၊
အလွန်နဲ၊

(အောက်ကပုံတွေ ကြည့်ပါ)

USGS1800Z21USGS1800Y2USGS1800X2USGS1800Z22
္ပ္ပပဌမ ၃ ပုံ တွဲရဲ့ အကျယ်အဝန်း ထက် ဒုတိယ ၄ ပုံ တွဲရဲ့အကျယ်
အဝန်းက ကြီးမား
၁၈၀ဝ မှ ၂၀၁၆ မေလ ထိ နှစ်ပေါင်း နှစ်ရာကျော်အတွင်း ရစ်တာ ၇. ဝ နဲ့
အထက် ငလျင်ကြီး နှစ်ခုတွေ့၊
ရစ်တာ ၇.၆ တခု က ၂ တွဲစလုံးမှာပါ၊ ၁၉၃၁ က မိုးကောင်း ကာခိုင်း ငလျင်
ကျော အပိုင်းကလေး မှာ ဖြစ်ခဲ့ပြီး၊ မြစ်ဆုံနဲ့ မိုင် ၆၂ မှ ၁၃၄ ထိ ဝေးတယ်။

အကျယ်အဝန်းဘောင်ကိုတိုးလိုက်လို့နောက်ငလျင် တခုပေါ်လာတာ က
ရစ်တာ ၇. ဝ ၎င်းကအတော့ကိုဝေး
သွားပြီး အိန္ဒိယ နယ်စပ်နားမြောက်ဘက်မှာ…. “

 

 


 

ငလျင်အသေးစား နဲ့ အကြီးစား တို့ကွဲပြားပုံကိုမျက်ကွယ်ပြုလို့မရပါ၊မိုးနဲ့မြေလို
ကွာခြားပြီးအဆုံးအဖြတ်ကို တလွဲစီဖြစ်သွားနိုင်တယ်၊

 


မိမိကိုယုံကြည်အားကိုးတဲ့ပရိသတ် ပြည်သူကို ကိုယ့်ရဲ့ပေါ့လျော့မှုကြောင့် မရည်ရွယ်
မထင်မှတ်ဘဲနဲ့လိမ်ညာသလို ဖြစ် မ သွား အောင်အခါခါဆန်းစစ်ဘို့လိုပါတယ်၊


မှတ်ချက်၊အပြည်ပြည်ဆိုင်ရာ ရေကာတာအသင်းကြီး ရဲ့စံညွှန်း ရစ်တာစကေး ၉ နဲ့

တည်ဆောက်မှာဖြစ်လို့ အပေါ်က ရစ်တာ ရ ထက် အဆပေါင်း ၁၀ဝ ပြင်းထန်တဲ့
ငလျင်ဒဏ်ကိုခံနိုင်မှာဖြစ်ပါတယ်၊ မြန်မာ့ရာဇဝင်အရမြန်မာမှာရစ်တာ ၈ ဆိုတာ တခါမှ
မဖြစ်ဘူးပါ၊
ရစ်တာ ၈ ထက်ရစ်တာ ၉ က ၁ဝ ဆပြင်းတယ်၊ရစ်တာ ၉ နဲ့လုပ်တာဆို မ ဖြစ်စဘူး
ဖြစ်တဲ့ ရစ်တာ ၈ ထက် ၁ဝ ဆ ပိုခံ နိုင်အောင်စီစဉ်ထားတယ်၊


 

 

http://onlinelibrary.wiley.com/doi/10.1029/2010GL046099/full
Authors
Nobuo Hurukawa,
Phyo Maung Maung
First published: 14 January 2011 Full publication history

Out of 6 during 1936 to 1956, most of them are in central and lower Burma. Only one in Kachin  These are around M 7. 

လိုရင်းက

၁၉၃၆ မှ ၁၉၅၆ ထိ ငလျင် ၆ကြိမ်၊ ရစ်တာ ရ ဝန်းကျင်ရှိပြီး အလယ်ပိုင်းနဲ့အောက်ပိုင်းမြန်မာ
ကသာ ငလျင် အကြိမ်များတယ်၊ ကချင်မှာ တ ကြိမ်သာ၊ ရကာတာက ရစ်တာ ၉ (အဆတရာ)
ခံနိုင်ရည်ရှိတယ်၊

One comment

Leave a Reply