ဖိတ်ခေါ်စမ်းပါရစေ

aye.kkNovember 12, 20161min1628

အေးချမ်းစိမ်းစိုပြီး၊သာယာလှပနေတဲ့သျှမ်းတောင်တန်းတွေနဲ ့

ရှမ်း(အရှေ့)၊တာချီလိတ်မှာရှိတဲ့၊

မောတို့ဌာနေတရားဓမ္မစခန်းက၊သာယာနာပျော်ဘွယ်ရာကောင်းလှတဲ့

ဓမ္မတေးသံတွေ၊ရင်ထဲထိအောင်သိမ့်သိမ့်တုန်ခါစေပါတယ်။

အနယ်နယ်အရပ်ရပ်ကအားထုတ်လိုသူယောဂီများအတွက်

အချိန်မရွေးအားထုတ်ဖို ့ကောင်းလှတဲ့ရိပ်သာတခုပါဘဲ။

dsc_0076
ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်-တာချီလိတ်။
dsc_0075
သာယာလှပ။
31012010014
အင်ကြင်း
dsc_0094
၉-၁၁-၂၀၁၆ရက်နေ ့၊အမှတ်တရ(မိသားစု ကထိန်သင်္ကန်းကပ်လှူရင်း) (လျပ်တပျက်ရိုက်ချက်လေးမိသွားတာပါ)။

ကိုယ့်ကိုယ်ကိုတိုင်ကလည်း၊ဒီနေရာဒီရိပ်သာ မှာအားထုတ်ခဲ့ဘူးတာမို ့

ဖိတ်ခေါ်ပါရစေ။

ဒီနေရာရိပ်သာမှာ၊အားထုတ်လိုသူ၊ယောဂီများအတွက်တော့၊သာသနာ့အာဇာနည်

ဆရာတော်ဘုရားကြီးကိုယ်တိုင်၊ဝိပဿနာဉာဏ်စစ်စစ်ရဘို့၊တရားစစ်ဆေးပေးလျက်ရှိနေပါတယ်။

အားထုတ်နေတဲ့၊ယောဂီများအတွက်၊တမဂ်,တဖိုလ်ရဘို့အတွက်မခဲယဉ်းလှတာ၊သေချာလှပါတယ်။

အစစအရာရာအဘက်ဘက်ကပြည့်စုံတဲ့၊ကမ္မဌာန်းကျောင်းတိုက်ပါ။

ဒီရိပ်သာရဲ ့ထူးခြားလှတဲ့အချက်တွေကတော့၊အများကြီးပါဘဲ။

ဒီရိပ်သာမှာ၊အချိန်အခါမဟုတ်ဘဲနဲ ့၊တစ်နှစ်ပတ်လုံးကံကော်ပန်းတွေအမြဲပွင့်နေတာပါ။

ဘုရားပွင့်ရာ၊ရပ်ဒေသမှလုမ္မနီအင်ကြင်းပန်းတွေတဝေဝေနဲ ့လှပနေပါတယ်။

စကားဝါပွင့်ချိန်ဆိုရင်လည်း၊စကားဝါပန်းရနံ ့တွေမွှေးကြိုင်လန်းဆန်းလို့နေတာပါ။

ကမ္ဘောဒီးယားလို့အမည်ပေးထားတဲ့တောင်၊ဧရာကျောက်သားတွေကနေ၊ဘုရားဆင်းတုတွေ

ထွက်ခဲ့ပါတယ်။ဘုရားကို ဖူးမျှော်ကြည်ညိုရင်း တမဂ်တဖိုလ်ရနိုင်ဘို့အတွက်လည်း

ဆရာတော်ဘုရားနဲ ့ဒကာများကမဟာစည်တော် ဆော်ယွန်းတီးကာနေပါကြောင်း

ပြောပြလိုက်ပါရစေ။။။

 

8 comments

  • ဝင့်ပြုံးမြင့်

    November 16, 2016 at 2:33 pm

    ပုံလေးတွေ ကြည့်ရတာ စိတ်ချမ်းသာစရာရယ်နော်။

  • Thint Aye Yeik

    November 16, 2016 at 8:10 pm

    အန်တီအေးလို အပူအပင်နည်းပါးစွာ အေးချမ်းတဲ့လမ်းကို လျှောက်ချင်သား။
    အခုက ကိုယ့်မှာက နောက်ဆံတင်းစရာတွေနဲ့

  • aye.kk

    November 16, 2016 at 9:24 pm

    ဟုတ်ပါတယ်မျစ်
    အေးချမ်းလှတဲ့ရိပ်သာပါ။

    တူမောင်ရယ်
    အားလုံးက အပူတွေနဲ ့ပါဘဲ
    ခဏကွာနိုင်ရင် တသက်လုံးအေးနိုင်တာပါ။
    ကိုယ့်အပေါ်မှာဘဲ မူတည်ပါတယ်။။

  • uncle gyi

    November 18, 2016 at 8:29 am

    တကယ်အေးချမ်းတဲ့နေရာလေးပဲ
    တရားကျင့်ရင်ပတ်ဝန်းကျင်အေးချမ်းမှုကအဓိကပဲလေ

  • Ma Ei

    November 18, 2016 at 9:13 am

    တကယ်ကို သာယာလှပတဲ့နေရာလေးပါ အေးချမ်းနေတဲ့နေရာလေးမှာစိတ်အေးချမ်းမှုကိုရှာချင်မိပါတယ် တနေ့နေ့တချိန်ချိန်လို့လဲပြောမရတာမို့ မှန်းလို့သာ အေးချမ်းရပါတော့မယ် သတိပေးလို့ ဖိတ်ခေါ်တာကျေးဇူးပါ အမအေး

  • aye.kk

    November 20, 2016 at 2:14 pm

    uncle gyi
    တရားကျင့်ရင်-
    ဝိပဿနာဉာဏ်စစ်စစ်ရအောင်လုပ်ပေးနိုင်တဲ့
    ပဋိပတ်,ပဋိယတ်(တရားဟော,တရားပြသပေးမှု)ကောင်းမွန်ပြည့်စုံမှုရှိတဲ့ကျောင်းဖြစ်ရပါမယ်။
    စားသောက်စရာပြည့်စုံတာထက်,မပြည့်စုံ(ရှားပါး)ရင်လည်းသီးခံနိုင်မှုရှိဘို့လည်းလိုအပ်ပါတယ်။
    တရားဟော,တရားပြသပေးနိုင်တဲ့ကမ္မဌာန်းဆရာကိုရွေးချယ်တတ်မှုကအဓိကကျပါတယ်။
    ဝိပဿနာဉာဏ်စစ်စစ်ရအောင်တရားပြသမှုပြုလုပ်ပေးနိုင်ပြီးစားသောက်စရာလည်းပြည့်စုံနေတဲ့
    ငွေတောင်ဦးကမ္မဌာန်းကျောင်း-တာချီလိတ်(ရိပ်သာ)က၊အနယ်နယ်အရပ်ရပ်က
    ယောဂီတွေအတွက်သင့်မြတ်လျော်ကန်လှပါကြောင်း ပြောပြပါရစေ။။

  • aye.kk

    November 22, 2016 at 1:11 pm

    Ma Ei
    အေးချမ်းရာနယ်မြေ
    လှမ်းခဲ့ဘို့အချိန်အခါမရွေးဖိတ်ခေါ်ပါတယ် ။

  • Shar Thet Man

    May 8, 2018 at 3:54 pm

    တော်တော်လေးတော့အေးချမ်းမယ့်ပုံလေးပါပဲ…

Leave a Reply