New York, Central Park ရဲ့လျှို့ဝှက်ချက် (၁၂) ခု

Mon LayNovember 16, 20165min1715

NewYork မြို့မှာ (၈၄၃) ဧက ကျယ်ဝန်းတဲ့ Central Park လောက် လှပတဲ့ နောက်ထပ် သဘာဝ   နေရာမရှိပါဘူး။ ရောင်စုံ ပန်းချီကားတစ်ချပ်သဖွယ် သက်ဝင်လှုပ်ရှားနေကြောင်းကို Columbia University professor, Elizabeth Blackmar က သူ့ရဲ့စာအုပ် ‘The Park and the People: A History of Central Park’ မှာဖော်ပြခဲ့သလို Walt Whitman, J.D.Salinger စတဲ့ နာမည်ကျော် စာရေးဆရာတွေကလည်း သူတို့ရဲ့ “Walk Street”, “When Harry Met Sally” စတဲ့စာအုပ်တွေမှာ ထည့်သွင်းဖော်ကြူးခဲ့ပါတယ်။

ယနေ့ ခေတ်မှာတော့ Central Park ကိုလာရောက်ပြီး သူ့ရဲ့လှပတဲ့ မြက်ခင်းပြင်တွေ၊ ရေကန်တွေနဲ့ အံ့ဖွယ် ဥယျာဉ်တွေ ကို လေ့လာ ကြည့်ရှု ကြသူတွေက တစ်နှစ် ကို ၄၂ သန်းလောက်ရှိပါတယ်။ Seth Kamil ဆိုသူရဲ့ Big Onion company က Central Park နဲ့ New York ရဲ့အခြားအထင်ကရနေရာတွေဆီပို့ဆောင်ပေးတဲ့ ခရီးသွားလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေတာ အတော်ကြာပါပြီ။ ဒါ့အပြင် သူကသူ့ရဲ့ဇနီးကိုတောင် ခရီးစဉ်တစ်ခု ကိုဦးဆောင်လိုက်ပါရင်းနဲ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုတယ်။သူက ၁၉ရာစုရဲ့ သမိုင်းဝင် အထင်ကရနေရာတစ်ခုဖြစ်တဲ့ Central Park နဲ့ပတ်သတ်ပြီး အချက်အလက်တစ်ချို့ကို ပြောပြခဲ့ပါတယ်။

 

ဒီဥယျာဉ်ကြီးကိုဖွင့်လှစ်ခဲ့တာက အနီးအနားမှာရှိတဲ့ ဒေသခံတွေရဲ့အိုးအိမ်စည်းစိမ်တွေ တိုးပွားလာစေဖို့ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောပါတယ်။

Central-park-New-York-US-2

၁၈၅၃ ခုနှစ်မှာ New York ဥပဒေပြုအဖွဲ့က Manhattan ရဲ့ ဧက (၇၅၀) ကို အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး public park အဖြစ်ဖွင့်လှစ် မယ်လို့ အတည်ပြုခဲ့ ကြတယ်။ New York မှာ ကမ္ဘာ့အဆင့်မီ အထင်ကရနေရာ တစ်ခုပေါ်ပေါက် လာဖို့ ဒီလိုလုပ် တာဆိုပေမယ့် ကျွန်မအနေနဲ့ သိပ်တော့သဘောမတွေ့ခဲ့ဘူး လို့ Kamil  က ဆိုပါတယ်။ ဥယျာဉ်အနေနဲ့ သတ်မှတ်လိုက်တဲ့ မြေဧကတွေက (၁၉) ရာစုမှာ ဘာမှ အသုံးမဝင်တဲ့မြေတွေလို့ပြောလို့ရတယ်။ ဒါ့ကြောင့် အဲ့ဒီ့နေရာကို ဥယျာဉ်အဖြစ်ဖွင့်လှစ် လိုက်တာဟာ ဥယျာဉ်ရဲ့ဘေးပတ်ဝန်းကျင်က အိမ်၊ ခြံ၊ မြေ ဈေးတွေ တက်လာစေဖို့ အတွက်ဖြစ်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ Central Park ရဲ့ ကျောက်သားထူထပ် ပြီး ကြမ်းတမ်းတဲ့မြေသားတွေက ဖောက်ခွဲဖျက်ဆီးဖို့လည်း မလွယ်ကူပါဘူး။ ပတ်ဝန်းကျင် ကဒေသခံတွေ ကလည်း မြေကွက်လပ်ကြီးအတိုင်း ထားထားတာကို သိပ်သဘောမကျကြဘူးလေ။ အခုတော့ ဒီနေရာလေးက ဥရောပရဲ့မြို့တွေလို စည်ကား သွားတဲ့အတွက် ဒေသခံတွေဝမ်းသာရတာပေါ့။ တကယ်တော့ New York မှာရှိတဲ့ တော်တော် များများက သူတို့အကျိုးအမြတ်အတွက် လုပ်ကြတာချည်းပါဘဲ…… လို့ သူကရှင်းပြခဲ့ပါတယ်။

 

Central Park ဖွင့်လှစ်ခြင်းကို ပထမဆုံးတောင်းဆိုခဲ့သူက သတင်းစာအယ်ဒီတာ တစ်ယောက်ဖြစ်ပါတယ်။

william-cullen-bryant
William Cullen Bryant

Central Park ဖွင့်လှစ်မယ့် အဆိုကိုတင်သွင်းကြသူတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် Kamil နဲ့ Blackmar တို့ပြောပုံအရ ဆိုရင်တော့ ပထမဆုံး အဆိုတင် သွင်းခဲ့သူက ကဗျာဆရာ လည်းဖြစ် New York Evening Post ရဲ့ အယ်ဒီ တာလည်း ဖြစ်တဲ့ William Cullen Bryant ပဲဖြစ်ပါတယ်။ Brooklyn Bridge ကိုထောက်ခံ ကာကွယ်ပေးခဲ့သူ Brooklyn Daily Eagle အယ်ဒီတာ ကလည်း ၁၈၄၄ ခုနှစ်က ဥယျာဉ် အသစ်တစ်ခု ဖွင့်လှစ်ဖို့ ပြောခဲ့တယ်လို့ သူကပြန်လည်ပြောပြခဲ့တယ်။ Central Park ဖွင့်လှစ်ခြင်းက ကျန်းမာရေး အတွက်ရော၊ မြို့တော်အတွက် ပါကောင်းရုံမက အရာအားလုံးအတွက် ကောင်းပါလိမ့်မယ်လို့ပြောကြားခဲ့တယ်ဆိုပြီး Kamilကပြောပြပါတယ်။

 

Central Park ရဲ့ ဒီဇိုင်းအတွက် ပြည်သူတွေကိုဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပါတယ်။

Central Park And City

Frederick  Law Olmsted နဲ့ Calvert Vaux က ယှဉ်ပြိုင်သူ (၃၂) ဦးကို အနိုင်ရကာ Central Park ကို ဒီဇိုင်းဆင်ခွင့်ရခဲ့ပါတယ်။ ပြိုင်ပွဲက အရမ်းကို အသေးစိတ်ကျပါတယ်။ ဥယျာဉ်ထဲမှာ ကွင်းပြင်ကျယ်တစ်ခု၊ ရေပန်းတစ်ခု၊ မျှော်စင်တစ်ခု၊ စကိတ် ကွင်းတစ်ခု၊ လမ်းလေး ခွဆုံနေရာ တစ်ခုနဲ့ ပြပွဲတွေ ဂီတပြဇာတ်တွေလုပ်နိုင်မယ့် hall တစ်ခု ပါဝင်ရမယ်လို့ စည်းကမ်း သတ်မှတ်ထားပါတယ်။ Olmsted နဲ့ Vaux က ဒီသတ်မှတ် ချက်တွေအားလုံး ပါဝင်ပြီး သဘာဝ ဆန်တဲ့ဒီဇိုင်းကိုဖန်တီးခဲ့ကြပါတယ်။ ဥယျာဉ်ထဲမှာ သိုးတွေ မြက်စားရာ မြက်ခင်းပြင်၊ Bethesda ရေပန်း၊ Belvedere Tower ၊ ရေကန် နဲ့ ဥယျာဉ်ရဲ့အလယ်မှာ လမ်းလေးခွ ဆုံတဲ့နေရာလည်း ပါဝင်ပါတယ်။

 

သိုးတွေမြက်စားတဲ့မြက်ခင်းပြင်မှာ ယခင်က သိုးတွေတကယ်ရှိခဲ့ပါတယ်

New York Central Parksheep_meadow

ဥယျာဉ်ရဲ့အလှပဆုံးနေရာ တစ်ခုဖြစ်တဲ့ သိုးတွေမြက်စား ရာမြက်ခင်းပြင်က သိုးတွေကြောင့်ပဲ နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်ခဲ့တာပါ။ Olmsted ရဲ့ ဆန္ဒက အစိမ်းရောင် မြက်ခင်းပြင်နဲ့ လိုက်ဖက်ဖို့ အဖြူရောင်၊ မီးခိုးရောင်ရှိတဲ့သိုးတွေကို လွှတ်ထားပြီး ပန်းချီကား ဆန်ဆန်     မြင်ကွင်းဖြစ်အောင် ဖန်တီးချင်တာလို့ Kamil က ဆိုပါတယ်။ သိုးတွေကို နို့ထွက်ပစ္စည်းတွေပြုလုပ်တဲ့နေရာရဲ့ဘေးက Tavern on the Green ဆိုတဲ့နေရာမှာ ထားရှိပြီး မြက်စားဖို့အတွက် တစ်နေ့ကိုနှစ်ကြိမ်လွှတ်ပေးပါ တယ်။

 

Central Park ကို New York မြို့အသေးစားတစ်ခုသဖွယ် ဖန်တီးထားပါတယ်။

central

Central Park ရဲ့တောင်ဘက်ပိုင်းက ကျေးလက်ဆန်ဆန် နေရာလေးက New York မြို့နဲ့ သူ့ရဲ့အနီး အနားက ချမ်းသာ တဲ့ ရပ်ကွက်ေ လး တွေကို ကိုယ်စားပြုပါတယ်။ မြောက်ဘက်ကို ဆက်သွားကြည့်ရင်တော့ တောင်ကုန်းတွေ၊ သစ်တောတွေ၊ ရှုခင်းကြည့်ဖို့ အဆောင် ငယ်လေးတွေ နဲ့ သစ်သားခုံ တန်းရှည်လေးတွေကို တွေ့မြင်ရမှာ ဖြစ်တဲ့ အတွက် New York မြောက်ပိုင်းက Catskills နဲ့ Adirondacks တောင်တွေကို သတိရစေမှာပါလို့ Kamil က ပြောပြန်တယ်။

 

Casino ကတော့ တားမြစ်နေတဲ့အချိန်အတွင်း နာမည်ကြီးခဲ့တဲ့နေရာတစ်ခုပါ။

New York. Tearing Down the Central Park Casino, 1936

New York. Tearing Down the Central Park Casino, 1936

New York. Tearing Down the Central Park Casino, 1936New York. Tearing Down the Central Park Casino, 1936

Fifth Avenue နဲ့ 72nd St အနီး အရှေ့ဘက်ခြမ်းမှာ Casino အဆောက် အဦငယ်လေး တစ်ခုရှိပါတယ်။  မူလက အဲ့ဒီ့အဆောက်အဦကို Ladies’ Refreshment Salon ဆိုပြီး အမျိုးသမီးတွေ တစ်ယောက်တည်း အန္တရာယ် ကင်းကင်း သွားနိုင်တဲ့ Salon အနေနဲ့ Olmsted က ထည့်သွင်း ဖွင့်လှစ်စေခဲ့တာပါ။ ၁၉ ရာစုနှစ်အတွင်း အမျိုးသမီးတစ်ဦးတည်း ပန်းခြံထဲမှာ လမ်းလျှောက်နေပြီ ဆိုရင် ပြည့်တန်ဆာ လို့အ ထင်ခံရပါတယ်။ ဘယ် အမျိုးသမီးမှ သိက္ခာရှိရှိ တစ်ယောက်တည်း မသွားရဲပါဘူး။ ဒီ Salon ကတော့ လှပစွာဝတ်စားထားတဲ့ အမျိုးသမီး    တွေစုဝေးနေတဲ့ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ရာစုနှစ်တစ်ဝက်လောက်ရောက်တဲ့အခါ Casino အဖြစ် ပြောင်း သွားခဲ့ပါတယ်။ ငွေကြေး ကျပ်တည်း နေတဲ့ New York မြို့တော်ဝန် Jimmy Walker က ၂ဝပြည့်နှစ် ဥပဒေတွေကို ဂရုမစိုက်ဘဲ ကန့်ကွက်နေကြတဲ့အချိန်မှာ နာမည်ကြီးနေရာဖြစ်အောင်ပြောင်းလဲခဲ့ပါတယ်။ဘယ်လိုပြောင်းလဲခဲ့လဲဆိုတော့ မကောင်းတဲ့မိန်းကလေးတွေကို သူတို့ရဲ့ဖျော်ဖြေပွဲတွေ ပြီးသွားတဲ့အခါ ရဲအစောင့်အရှောက်တွေနဲ့ casino ကို လာစေခဲ့တာပါ လို့ Kamil က ပြောပါတယ်။

Central Park ရဲ့ ကုန်ကျစရိတ်က Alaska ပြည်နယ်တစ်ခုလုံးစာထက် ပိုများပါတယ်။

central-park-new-york

ဥယျာဉ်အတွက် မြေ (၈၄၃) ဧက ကိုဝယ်တဲ့အခါ New York ဥပဒေအကြံပြုအဖွဲ့က ဒေါ်လာ ၇.၄ သန်း ကုန်ကျခဲ့တယ်လို့ Kamil က ဆိုပါ တယ်။ နှိုင်းယှဉ်ပြီးပြော ရရင် ၁၈၆ရ ခုနှစ်က စတုရန်း   မိုင်ပေါင်း (၆၀၀၀၀၀) ကျယ်ဝန်းတဲ့ Alaska ပြည်နယ်ကို Russia ထံမှ ဝယ်ယူစဉ် ကတောင် ဒေါ်လာ ၇.၂ သန်းပဲကုန်ကျခဲ့ပါတယ်။

 

ဥယျာဉ်စီမံကိန်းကြောင့် New York မြို့က လူမည်းတွေပိုင်ဆိုင်တဲ့ မြေ ၂ဝ ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့ရပါတယ်။

New York Central Park

ဥယျာဉ်ရဲ့အနောက်ဘက်အခြမ်း (၈၀) ရာနှုန်းလောက်က ယခင်က African-American အနွယ်ဝင် လူ(၂၅၀)လောက်နေထိုင်ပြီး အိမ်တွေ ၊ဥယျာဉ်ခြံမြေတွေ နဲ့ ဘုရားကျောင်း (၃) ကျောင်း၊ ကျောင်း (၁) ကျောင်းရှိတဲ့ Seneca village ပါ။ အဲ့ဒီ့အချိန်တုန်းက ဆန္ဒမဲပေးချင် ရင် ပိုင်ဆိုင်မှုပြရပါတယ်။ US အစိုးရက သူ့ရဲ့ဥပဒေအရ ဒေသခံတွေပိုင်ဆိုင်တဲ့မြေကို အများပိုင်နေရာ အဖြစ်ပြောင်း လဲလိုက်ပြီး အဲ့ဒီ့ဒေသခံတွေ ကို တခြားမြေတွေအလျော်ပြန်ပေးခဲ့တဲ့အတွက် ဒေသခံတွေမကျေနပ်ကြပါဘူးလို့ Kamil ကပြောပြန်တယ်။

 

Olmsted က ကစားကွင်းတွေကိုသဘောမကျတဲ့ပုံပါပဲ။

adventures-by-disney-north-america-new-york-city-long-weekend-day-02-top-central-park-alice-in-wonderland-statue

Central Park ကို လမ်းလျှောက်ဖို့နဲ့ အပန်းဖြေဖို့အတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းဆွဲခဲ့ပါတယ်။ ကလေးေ တွပြေး လွှား ဆော့ ကစားဖို့မ ရည်ရွယ်ပါဘူး။ အစောပိုင်းနှစ် တွေအထိ Olmsted က ကလေးတွေမြက်ခင်းပေါ်မှာပြေးလွှားကစားတာမျိုးကို ခွင့်မပြုစေခဲ့ဘူးလို့ Kamil ကပြောပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ ကလေးတွေအတွက် ကစားကွင်းသဖွယ်ဖြစ်နေပါပြီ။ Olmsted ကတော့ ကျေနပ်မှာမဟုတ်ပါဘူး။

 

သူက Vanderbilt Garden တွေကိုလည်းသဘောမကျပါဘူး။

1

Kamil က Central Park နဲ့ပတ်သက်ပြီး အနှစ်သက်ဆုံးနေရာတွေထဲမှာ Vaderbilt Garden လို့ခေါ်တဲ့ အပင်ငယ်လေးတွေကို မှန်လုံအိမ်တွေထဲမှာ စိုက်ပျိုးထားတဲ့ ဥယျာဉ်တွေလဲပါဝင်တယ်လို့ပြောပါတယ်။ 104th St နဲ့ 105th St ကြားက Fifth Avenue မှာရှိတဲ့ Vanderbilt Gate နားမှာ အဲ့လိုဥယျာဉ်(၃)ခုရှိတယ်လို့ပြောပါတယ်။ အဲ့ဒီဥယျာဉ်တွေက လှပပေမယ့် ပုဂ္ဂလိကပိုင်ဖြစ်နေတာကြောင့် Olmsted ကတော့ သဘောမကျဘူးလို့ဆိုပါတယ်။

 

Bow Bridge ရဲ့အောက်ခြေမှာ အမြောက်ဆန်တွေမရှိပါဘူး။

Bow Bridge

Romantic အဆန်ဆုံးနေရာတစ်ခုဖြစ်တဲ့ သံကြွပ်နဲ့တည်ဆောက်ထားတဲ့ Bow Bridge ရဲ့ အောက်ခြေမှာ ကြီးမားတဲ့ အမြောက် ဆန်တွေ ပါဝင် လိမ့်မယ်လို့ နှစ်ပေါင်းများစွာကြာ တဲ့အထိ အပြောများခဲ့ကြတယ်။ ဒါကလည်း New York မှာနေထိုင်သူတွေရဲ့ မှားယွင်းတဲ့ အယူအဆ တစ်ခုပါလို့ Kamil ကပြောပါတယ်။ (၁၉၇၄) ခုနှစ်အထိ ထွက်ရှိခဲ့တဲ့ စာအုပ်တိုင်းမှာ အဲ့ဒီ့အယူအဆကို အမှန်အနေနဲ့ လက်ခံထားပေမယ့် တံတားကို ပြန်လည် မွမ်းမံချိန်မှာတော့ အမြှောက်ဆံ တစ်ခုမှ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။

 

လမ်းတွေကို မြင်းပြိုင်ပွဲတွေ မြင်းရထားပြိုင်ပွဲတွေမယှဉ်ပြိုင်နိုင်အောင် ကွေ့ကောက်ပြီး ဖောက်လုပ်ထားပါတယ်။

mcgowns-pass-l478900839

(၁၈၅၀) ခုနှစ်ဝန်းကျင်မှာ ဥယျာဉ်ထဲက လမ်းတွေကို မြင်းနဲ့မြင်းရထားပြိုင်ပွဲတွေ မကျင်းပနိုင် အောင်ကွေ့ကာက်ပြီးဖောက်လုပ်ခဲ့တယ်လို့ Kamil က ပြောပါတယ်။ ယမန်နှစ် “The New York Times’’ သတင်းစာမှာ ပန်းခြံထဲစက်ဘီးစီးပြိုင်တဲ့လူတွေနဲ့ ထိခိုက် ဒဏ်ရာရ သူတွေအကြောင်း ဆောင်းပါး တစ်ပုဒ်ပါဝင်လာခဲ့ပါတယ်။ လမ်းရဲ့ကွေ့ကြောတွေမှာ စက်ဘီး သမားတွေက အရှိန်မထိန်းနိုင်ပါဘူး။ တချို့က တစ်နာရီ (၆) မိုင်နှုန်းလောက် နင်းရတဲ့ကွေ့မှာ (၃၂) မိုင်နှုန်းလောက် နင်းပြီး ပြိုင်ကြတယ်လေ။ Olmsted နဲ့ Vaux က သူတို့ရဲ့ဥယျာဉ်ထဲမှာ မောင်းမယ့် ယာဉ်တွေကို အရှိန်မြှင့်ပေးနိုင်ဖို့ မှန်းဆပြီး ဒီဇိုင်းဆွဲခဲ့ပေမယ့် ဒီလို စက်ဘီးပြိုင်စီးသူတွေရှိလာလိမ့်မယ် ဆိုတာကိုတော့ မမှန်းဆနိုင်ခဲ့ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိခဲ့ပေမယ့် ပြောင်းလဲသွားတာတော့မရှိခဲ့ပါဘူးလို့ Kamil က ပြောခဲ့ပါတယ်။

Refrence : www.travelandleisure.com

 

5 comments

  • uncle gyi

    November 18, 2016 at 8:21 am

    မြန်မာမှာတော့အိမ်တွေတိုက်တွေပဲလုပ်ပြီးအများအတွက်ပန်းခြံလုပ်ဖို့အရင်အစိုးရတွေစိတ်မကုူးခဲ့ဖူးဘူး
    ရှိတဲ့ပန်းခြံတွေတောင်ပျောက်ကုန်အောင်လုပ်ပလိုက်တာ
    တော်လိုက်တဲ့လူကြီးတွေ

  • သျှားသက်မာန်

    November 18, 2016 at 11:50 am

    ဟုတ်ပါ့ ခုဆိုကလေးကစားကွင်းတွေလည်းအကုန်ပျောက် မြန်မာနိုင်ငံကြီးလည်းပျက်စီးနေပါပြီ

  • kai

    November 19, 2016 at 6:05 pm

    ဆန်ဖရမ်စစ္စကိုမြို့မှာလည်း… မြို့လည် ဒေါင်းတောင်းထဲ အဲလိုဥယဉ်ကြီး(တွေ)ရှိတယ်..။
    မြန်မာပြည်မယ်.. ကန်တော်ကြီးနဲ့.. အင်လျှားကို သေသေချာချာစီစဉ်လိုက်ရင်ဖြစ်မယ်ထင်ပါတယ်..။ :k:

  • Thint Aye Yeik

    November 19, 2016 at 11:26 pm

    အတော် အချက်အလက်စုံစုံ စုဆောင်းတင်ပြပေးထားတာပဲ။
    ဗဟုသုတရလို့ ကျေးဇူးပါဗျား

  • သျှားသက်မာန်

    November 23, 2016 at 3:50 pm

    စာတွေဖတ်တယ်လေ…ကွယ်

Leave a Reply