ကမ္ဘာ့အပျော်ရွှင်ဆုံး လူသားတွေကို ပိုင်ဆိုင်ထားတဲ့ Switzerland နိုင်ငံ

Mon LayNovember 17, 20161min981

 

switzerland-1-2

ခိုင်မာတဲ့ ဘဝမျှော်လင့်ချက်ရှိခြင်း၊ လူမှုဆက်သွယ်ရေး ကျယ်ပြန့်ခြင်း၊ ပုဂ္ဂိုလ်ရေးအရ လွတ်လပ်စွာဆောင်ရွက်နိုင်ခြင်း နဲ့ စီးပွားရေး   ကောင်းမွန်ခြင်း စတဲ့ အချက်တွေအားလုံးက နိုင်ငံသူ၊ နိုင်ငံသားတွေကို ပျော်ရွှင်စေတဲ့ အကြောင်း အရင်းတွေပဲဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်အသစ် တစ်ခုအရ ကမ္ဘာပေါ်က အပျော်ရွှင်ဆုံး လူသားတွေဟာ Switzerland နိုင်ငံမှာ နေထိုင်ကြတယ်လို့ သိရှိရပါတယ်။

fete-de-la-musique-geneva

တတိယအကြိမ် World Happiness Report ကို ကုလသမဂ္ဂ ခိုင်မာသောဖြေရှင်း ချက်များဖွံ့ဖြိုးရေး ကွန်ယက်က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ှချက်အရ ၂၀၁၂မှ၂၀၁၅အတွင်း ကမ္ဘာ့နိုင်ငံပေါင်း (၁၅၈)နိုင်ငံမှာ Gallupစစ်တမ်းများကောက်ယူခဲ့ပြီး ဘယ်လိုအချက်တွေက ပြည်သူတွေပျော်ရွှင်စေဖို့ အဓိကပါဝင်နေလဲဆိုတာကို သုတေသနပြုခဲ့ကြတယ်လို့ သိရပါတယ်။

Switzerland, Iceland, Denmark, Norway နဲ့ Canada နိုင်ငံတွေက ပြည်သူတွေ အပျော်ဆုံးနိုင်ငံ (၅) နိုင်ငံဖြစ်ပြီးတော့ အနောက် အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Togo နိုင်ငံကတော့ ပျော်စရာမကောင်းဆုံး နိုင်ငံဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မူဝါဒချမှတ် သူတွေကို ပြည်သူတွေပျော်ရွှင်စေဖို့ ဘယ်လိုမူဝါဒတွေ ထည့်သွင်း ရမလဲဆိုတာ ထောက်ပြဖို့ ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ် ။နိုင်ငံရဲ့ဝင်ငွေက လည်း ပြည်သူတွေပျော် ရွှင်စေဖို့ စွမ်းဆောင်နိုင်တဲ့ အဓိက အချက် တစ်ခုပါပဲ။ ကမ္ဘာ့အပျော်ရွှင်ဆုံး  ပြည်သူတွေရှိတဲ့ နိုင်ငံ(၁၀) နိုင်ငံရဲ့ GDPက ပျော်စရာ မကောင်းဆုံး နိုင်ငံ (၁၀) နိုင်ငံရဲ့ GDPထက် ပျမ်းမျှအားဖြင့် ၂၅ဆ မြင့်တက်နေတာတွေ့ရပါတယ်။ ဒါကသိသာထင်ရှားတဲ့ ကွာခြားမှုတစ်ခုပါပဲ။ ဒါ့အပြင် ခိုင်မာတဲ့ ဘဝမျှော်လင့်ချက်၊ လူမှုဆက်သွယ်ရေးကျယ်ပြန့်မှု၊ ပုဂ္ဂိုလ်ရေးအရ လွတ်လပ်စွာဆောင် ရွက်နိုင်မှု၊ ပြည်သူများအချင်းချင်း အာဃာတမရှိခြင်း နှင့် အကျင့်ပျက်မှု အခြေအနေ စတဲ့အချက်တွေကလည်း ပျော်ရွှင်မှုအဆင့်ကို သတ်မှတ်ပေးကြောင်း ထုတ်ပြန်ချက် အရသိရပါတယ်။

switzerlandView of mountains and lakeside village, Switzerland

ဥပမာအနေနဲ့ American နိုင်ငံက ပျော်စရာ အကောင်းဆုံးနိုင်ငံ (၁၅) ခုမြောက်အဖြစ် သတ်မှတ်ခံရပြီး၊ Mexico နိုင်ငံရဲ့အောက် တစ်ဆင့်မှာရှိပြီး၊ American နိုင်ငံ GDP တန်ဖိုးရဲ့ ပျမ်းမျှ ၅ပုံ၁ပုံ သာရှိတဲ့ Costa Rica နိုင်ငံ ရဲ့ အောက်သုံးဆင့်မှာရှိပါတယ်။

“ဒီထုတ်ပြန်ချက်က အသိုက်အဝန်းတစ်ခုကောင်းမွန်စေဖို့ ဘယ်လိုဆောက်ရွက်ရမလဲ ဆိုတဲ့အချက်ကို ပေးစွမ်းပါတယ်” လို့ Columbia University ၊ ကမ္ဘာမြေဖွံ့ဖြိုးရေးဌာနရဲ့ ညွှန်ကြားရေးမှူး Jeffrey Sachs က ဆိုပါတယ်။ သူက ဝင်ငွေတစ်ခုတည်းသာမက တရားမှုတမှု၊ ရိုးသားမှု၊ ယုံကြည်မှု နဲ့ ကျန်းမာရေးကောင်းမွန်ခြင်း စတဲ့အချက်တွေ ကလည်း ပြည်သူတွေပျော်ရွှင်အောင် လုပ်ပေးနိုင် ပါတယ်လို့ပြောကြား ခဲ့ပါတယ်။

သို့သော် လျင်မြန်တဲ့ စီးပွားရေးပြောင်းလဲမှုတွေက ပြည်သူတွေရဲ့ပျော်ရွှင်မှုကို အဓိက သက်ရောက်နိုင်တယ်လို့ ထုတ်ပြန်ထားပြန်တယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် စီးပွားရေးအခြေအနေများ ကြာရှည်စွာရှုပ်ထွေးခဲ့ရတဲ့ ဂရိနိုင်ငံဟာ ၂၀၀၅ ခုနှစ်ကစပြီး ၂၀၀ရ ခုနှစ်အထိ အခြားနိုင်ငံ (၁၂၅) နိုင်ငံနဲ့စာရင် သိသိသာသာ ပျော်ရွှင်မှုအဆင့် ကျဆင်းခဲ့တာကိုတွေ့ရပါတယ်။

ဤသို့ဖြစ်နေသည့်တိုင် နိုင်ငံရဲ့ဝင်ငွေတိုးတက်ရေးကို အလွန်အကျွန် အာရုံမစိုက်ဖို့ မူဝါဒချမှတ် သူတွေအား ထုတ်ပြန်ချက်က သတိပေးထားပါတယ်။

“ နိုင်ငံတွေက GDP တိုးတက်ရေးကိုသာ အလေးပေးဆောင်ရွက်ပြီး လူမှုရေး နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ရည်ရွယ်ချက်တွေကို မေ့လျော့နေ မယ်ဆိုရင် ရလဒ်တွေက ဆိုးရွားသွားနိုင်ပါတယ်” လို့ ထုတ်ပြန်ချက်မှာထည့်သွင်းပြောကြားထားပါတယ်။ ဆက်လက်ပြီး “နို်င်ငံတော်တော် များများက မကြာသေးမီနှစ်များအတွင်း စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဝင်ငွေတွေသိသိ သာသာ တိုးတက်ခဲ့ပေမယ့် သဘာဝ ပတ်ဝန်းကျင်ကတော့ ကြောက်မက်ဖွယ် ပျက်စီးဆုံးရှုံးခဲ့ရတယ်” လို့ ပြောကြားထားပြန်တယ်။

Reference : www.time.com
Image Credit : Google

One comment

  • Shar Thet Man

    June 1, 2017 at 4:55 pm

    ဥရောပကိုသွားလည်ရင် သွားမယ့်နေရာတွေထဲကတစ်နိုင်ငံ

Leave a Reply