ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ တွေ့ကြုံခံစားနိုင်မယ့် အကောင်းဆုံး အရာ (၆) ခု

Mon LayNovember 18, 20164min1191
  1. ထိုင်းနိုင်ငံရဲ့အစွန်အဖျားကိုသွားလည်ပြီး ရွှေတြိဂံနယ်မြေကို သွားရောက်လေ့လာနိုင်ပါတယ်။

image-credit-nathan-hughes-hamilton

Image credit: Nathan Hughes Hamilton

ယနေ့ခေတ်မှာတည်ခဲ့တဲ့ ဘုရားတွေကို သွားရောက်ဖူးမြော်ပြီးပြီဆိုရင်တော့ သမိုင်းကြောင်းတွေကိုလေ့လာဖို့အချိန်ရောက်ပါပြီ။ Mae Sai ဒါမှမဟုတ် Chiang Sen ကနေ အပြာရောင် songthaew ကားလေးတွေကိုစီးပြီး ရွှေတြိဂံဒေသကိုသွားလို့ရသလို Chaing Rai bus ကားဂိတ်ကနေ minibus လေးတွေစီးပြီးလည်း သွားနိုင်ပါတယ်။ ရွှေတြိဂံနယ်မြေ ဆိုတာကတော့ လာအို၊မြန်မာနဲ့ ထိုင်း နိုင်ငံသုံးခု ထိစပ်ရာဒေသကို Mekong မြစ်နဲ့ Ruak မြစ်နှစ်ခု ပေါင်းစုံပြီး နိုင်ငံနယ်နိမိတ်ပိုင်းခြားပေးထားရာဒေသပဲဖြစ်ပါတယ်။ လာအိုနိုင်ငံကို visa မလိုဘဲ လှေစီးပြီး သွားနိုင်ပါတယ်။

ပိုပြီးပြည့်ပြည့်စုံစုံ သိချင်တယ်ဆိုရင်တော့ ရွှေတြိဂံဒေသရဲ့သမိုင်းကြောင်းကို “The House of Opium” ပြတိုက်မှာ လေ့လာနိုင်ပါတယ်။ အန္တရာယ်မရှိတဲ့ မြစ်ကမ်းက ဘိန်းစိုက်ပျိုးရေးနဲ့ ရောင်းဝယ်ရေး အတွက် နေရာကောင်း တစ်ခုဖြစ်ခဲ့တယ်။“TheHouseof Opium” ပြတိုက်ဟာလည်း အံ့ဩဖွယ်ကောင်းစွာ ထိုင်းနိုင်ငံရဲ့အကောင်းဆုံးပြတိုက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ပြတိုက်ထဲမှာ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေ ၊ CIA နဲ့ အလဲအလှယ်လုပ်ခဲ့တဲ့ မှတ်တမ်းတွေအပြင် ပြတိုက်ထဲမှာ စိုက်ပျိုးထားတဲ့ အသေးစား ဘိန်းစိုက်ခင်းကိုလည်း တွေ့မြင်နိုင်ပါတယ်။ ပြတိုက်ဝင်ကြေး ကတော့ ဘတ်၁၅၀-၂၀ဝ အတွင်းရှိပြီး ဝင်ကြေးငွေတွေ အားလုံးက လူမှုရေးအသင်းအဖွဲ့တွေမှာ လှူဒါန်းဖို့အတွက်ဖြစ်တယ် လို့သိရပါတယ်။

 

  1. Doi Tung တောင်ထိပ်က သပ္ပာယ်လှတဲ့ ပုံစံတူစေတီနှစ်ဆူကို သွားရောက်ဖူးမြှော်နိုင်ပါတယ်။

59056_700x

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၁၃၀၀) မြင့်တဲ့ Doi Tung တောင်ထိပ်ပေါ်ကို တက်သွားလိုက်ပါ။ တောင်ထိပ်မှာ အေဒီ-၉၁၁ က တည်ထားပြီး WatPhraThatDoiTungဘွဲ့အမည်ရတဲ့ ပုံစံတူ စေတီတော်နှစ်ဆူကို ဖူးမြင်နိုင်ပါတယ် ။ စေတီတော်တွေက ရွှေရောက် တဖိတ်ဖိတ်နဲ့ နေရောင်အောက်မှာ တောက်ပနေပါတယ်။ အဲ့ဒီ့ပုံစံတူ  စေတီနှစ်ဆူရဲ့အလယ်မှာ မြတ်စွာ ဘုရားရဲ့ဘယ်ဘက် ရင်ဘတ်ညှပ်ရိုးကို ဌာပနာထား တယ်လို့ ဆိုကြပါတယ်။ အဲ့ဒီစကားက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ စေတီတော်ရဲ့ သမိုင်းဝင် တန်ဖိုးကတော့ ကြည်ညိုဖွယ်ကောင်းခြင်းပါပဲ။

 

  1. Wat Umong ဘုရားတွင် ရှေးဟောင်းအမွေအနှစ်များကို လေ့လာနိုင်ပါတယ်။

59051_700x

Image credit: Piyapong Sayduang

Watဘုရားတွေကို သွားရောက်ဖူးမြော်ဖို့အတွက် အချိန်ကျလို့လာပါပြီ။ ထိုင်းနိုင်ငံက ရှေးဟောင်း နာမည်ကြီးဘုရား အများစုက မြောက်ပိုင်းမှာရှိတာပါ။ ချင်းမိုင်မြို့နဲ့အနီးဆုံး Wat Umong ဘုရားကို ပထမဆုံးသွားရောက်ပါ။ ဒီဘုရားကို (၁၅) ရာစုမှာ စတင်တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဘုရားရဲ့ပုံစံကတော့ အခန်းတွေကို ဥမင်တွေနဲ့ဆက်ပြီး တည်ဆောက်ထားပါတယ်။ ဘုရားမှာ သီတင်းသုံးတဲ့ ဘုန်းတော်ကြီးတွေ လည်းရှိတဲ့အတွက် သူတို့နေ့စဉ် ဘယ်လိုတရားအား ထုတ်ကျင့်ကြံနေကြ သလဲ ဆိုတာလည်း တွေ့မြင်ရမှာပါ။ ဒါ့အပြင် ဘုန်းတော်ကြီးတွေ ဦးစီးဖွင့်လှစ်တဲ့ တရားစခန်းတွေမှာလည်း စာရင်းပေးဝင်ရောက် တရားအားထုတ်နိုင်ပါတယ်။ တခါတရံ ဘုရားပရဝုဏ်အတွင်း သမင်လေးတွေသွားလာနေတာကိုတွေ့နိုင်ပြီး လိပ် တွေနဲ့ ငါးတွေကို အစာကျွေးနိုင်တဲ့ လိပ်ကန်၊ ငါးကန်လေးတွေလည်း ရှိပါတယ်။

 

  1. ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ Doi Inthanon တောင်ပေါ်ကိုခြေလျင် တက်နိုင်ပါတယ်။

59030_700x

Image credit: Lester Mathias Andersson

တစ်နေကုန် ဘုရားတွေဖူးပြီးသွားပြီဆိုရင်တော့ လှုပ်လှုပ်ရှားရှားသွေးပူလေ့ကျင့်ခန်းတွေလုပ်ဖို့အချိန်ရောက်ပါပြီ။ “Roof of Thailand” လို့တင်စားခေါ်ဝေါ်တဲ့ Doi Inthanon တောင်ကိုတက်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၂၅၆၅) မီတာမြင့်တဲ့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်ပေါ် ကိုရောက်အောင်သွားပါ။ ရှုခင်းတွေက စိမ်းလန်းနေပြီး လေ ကလည်း အေးမြနေပါတယ်။ တောင်ထိပ်ပေါ်က ညာဘက်အခြမ်းမှာတော့ ဘုရားဓါတ်တော်မွေတော်တွေ ဌာပနာထားတဲ့ စေတီနှစ်ဆူရှိပါတယ်။ လမ်း(၄)ခုရှိတဲ့အတွက် ကြိုက်တဲ့လမ်း ကတက်နိုင်ပြီး မနက်စောစော စတက်ပါ။ တောင်ထိပ် ကိုမြန်မြန်ရောက် ချင်တယ်ဆိုရင် ကား/ဆိုင်ကယ်တွေနဲ့လည်း တက်လို့ရပါတယ်။ အတက်လမ်းတစ်လျှောက်လုံးက ရှုခင်းတွေလှပတဲ့ အပြင် တောင်ထိပ်ရောက် ရင်မြင်ရမယ့် မြင်ကွင်းကျယ်ကြီးကလည်း အမောတွေပြေ သွားစေမှာပါ။ ၃၆ဝဒီဂရီ ပတ်ပတ်လည် ရှုခင်းတွေကို ဓါတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ မှတ်တမ်းတင်ခဲ့ဖို့တော့ မမေ့နဲ့နော်။

 

  1. Mae Taeng မြစ်ထဲမှာ ဖောင်စီးနိုင်ပါတယ်။

59037_700x

Image credit: Make Lemons

ရေထဲမှာကစားရတဲ့ အားကစားတွေ ကိုနှစ်သက်တယ် ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ ရေစီးသန် တဲ့မြစ်တွေဆီကနေ အခွင့်ကောင်း ယူလိုက်ပါ။ ဖောင်စီးဖို့အတွက်အကောင်းဆုံးလမ်းကြောင်းကတော့ Mae Taeng မြစ်ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမြစ်ကြောင်းက ချင်းမိုင်မြို့ရဲ့လှပတဲ့ ရှုခင်းတချို့ကိုဖြတ်စီးသွားလို့ပါပဲ။ တစ်ခါစီးရင် (၂) နာရီလောက်ကြာပါတယ်။ ခရီးစဉ်မှာ လိုက်ပါပေးတဲ့ မြစ်ကြောင်း ကျွမ်းကျင်သူတွေက ဗဟုသုတပြည့်ဝပြီး မြစ်ကြောင်း တစ်လျှောက်တွေ့ရမယ့် ပန်းတွေနဲ့ အပင်တွေရဲ့ အကြောင်းကိုလည်း ရှင်းပြပေးသွားမှာပါ။ ClassIIနဲ့ ClassIV ဆိုတဲ့စိတ်လှုပ်ရှားစရာ ရေစီးမြန်တဲ့စောင်းလျှောအဆင်းနေရာတွေရှိပြီး မုတ်သုံတောတွေ ကိုဖြတ်တဲ့ အခါမှာလည်း တည်ငြိမ်အေးချမ်းတဲ့ခံစားမှုကိုခံစားရမှာပါ။

 

  1. Pai မြို့က သဘာဝရေပူစမ်းတွေမှာ ရေစိမ်ကြမယ်။59049_700x

Paiမြို့ကရေပူစမ်းမှာကြက်ဥပြုတ်နေပုံ Image credit: Patty Ho

Pai မြို့ဟာ ရေပူစမ်းတွေအများအပြားရှိတဲ့အတွက် နာမည်ကျော်ပါတယ်။ အေးစိမ့်နေတဲ့ ရေတံခွန်တွေမှာ သွားရောက်ပျော်ပါးမယ့်အစား ပူနွေးနေတဲ့ ရေပူစမ်းထဲမှာ ရေစိမ်ချင်တယ်ဆိုရင်တော့ ThaPai ရေပူစမ်းကိုသာ ဦးတည်လိုက်ပါ။ ဒီရေပူစမ်း ကတော့ အေးမြတဲ့ သဘာဝ တွင်းရေတွေက ပွက်ပွက်ဆူနေတဲ့ သဘာဝကျောက်တုုံးတွေ နဲ့ထိပြီးအံ့ဖွယ် သဘာဝရေပူ ကန်တွေ ဖြစ် သွားတာပါ။ ရေကန်ထဲမှာ ခန္ဓာကိုယ်ကိုမြှုပ်ထားပြီး (၈၀)ဒီဂရီ အပူချိန်ကို ခန္ဓာကိုယ်ထဲက အရိုးတွေထိစိမ့်ဝင် သွားအောင် စိမ်နေပါ။ ရေပူစမ်းကို အရိပ်ရအပင်ကြီးတွေက ဝန်းရံထားပြီး ကံကောင်းရင်ရောင်စုံ ငှက်လေးတွေ ကိုပါတွေ့နိုင်မှာပါ။ အနီးအနား မှာလည်း ဒီရေပူတွေကိုအသုံးပြုတဲ့ spa တွေရှိပြီး ဝင်ကြေးကတော့ ပိုသက်သာပါတယ်။ ဘတ် (၁၀၀) ဝန်းကျင်လောက်ပါပဲ။

Reference : www.tripzilla.com

One comment

  • Shar Thet Man

    May 29, 2017 at 1:58 pm

    တစ်နေ့ရောက်အောင်တော့သွားဦးမယ်

Leave a Reply