ကဘားဒီးယားသို ့အလည်တစ်ခေါက် အပိုင်း(၂)

Mon LayNovember 19, 201626min1331

#Phnom Bakheng hill (နေဝင်ချိန်ကို ကြည့်ရန် တောင်တန်း)

Siem Reap ရဲ ့ညနေဆည်းဆာအလှကိုခံစားချင်ရင်တော့ ဒီTemple ကိုတက်မှရပါလိမ့်မယ်။ မွန်လေးတို ့ပုဂံကရွှေဆံတော်ဘုရားပေါ်
တက်ကြည့်သလိုပေါ့။သူကတော့တက်ရတာအဆင်ပြေတယ်လှေကားထစ်
တွေနဲ ့။ ဒီPhnom Bakheng ကတော့လှေကားတွေတော့ရှိပါရဲ ့ မက်လိုက်တာအနောက်ကိုပြန်မကြည့်ရဲ လောက်ပဲ အပေါ်ကိုလေးဖက်ထောက်ပြီးတစ်ခါကုန်းပြီးတစ်ခါတက်တော့မှ ဒီကြားထဲဘုရားစာကလည်းရွတ်ဖတ်ပြီးတက်ရပါသေးတယ်။အပေါ်လည်း
ရောက်ရော..ခုနကကြောက်စိတ်တွေပျောက်ပြီးပတ်ဝန်းကျင်ဆိုတာသစ်ပင်
ကြီးကြီးမားမားကြီးတွေအုံ့ဆိုင်းနေတာ လေအေးကလည်းတစ်ချက်ဝေ့တိုက်သွားတော့အမောပါ

 

phnom_bakheng_sunset_people phnom-bakheng

img_0787 img_0795 img_0797 img_0799 img_0801 img_0803 img_0805 img_0806

#Angkor Thom

Angkor Thom(12th century) သစ်ပင်ကြီးများနဲ ့အရမ်းလှတဲ့ရုပ်တုကြီးများနဲ ့ကျောင်းတော်ကြီးဖြစ်ပြီး  ရှေးခေတ်ခမာအင်ပါယာ၏နောက်ဆုံးမြို  ့တော်

လည်းဖြစ်ခဲ့တယ်လို့ဂိုက်ကရှင်းပြပြီးကားပေါ်ကနေဆင်းပြီး ဓါတ်ပုံတွေရိုက်ကြတော့တာပေါ့။ Angkor Thom ထဲကိုဝင်ဖို ့

South Gate ကိုအရင်ဖြတ်ရပါတယ်။ မွန်လေးတို့ ဆိုကဲချက်က ၉ အဲ့South Gate ပေါ်ကနေလည်းဓါတ်ပုံတွေတက်ရိုက်

ကြပါသေးတယ်။South Gate ကိုလည်းအရမ်းလှတဲ့ရေကန်စိ်မ်းစိမ်းလေးရယ်…ထိုင်နေတဲ့အရုပ်ကြီးတွေကလည်းတစ်ဖက်

တစ်ချပ်စီစီတန်းပြီးတော့အလှဆင်ထားပါသေးတယ်။

dfsdfsdf img_1255 img_1256 img_1260 img_1264 img_1268 img_1271

#Bayon Temple

South Gate ကိုကျော်ပြီးတာနဲ ့ဗေယွန်ဝတ်ကျောင်းတော် ရောက်ပါတယ်။ တည်ဆောက်ပုံ အထိုက်အလျောက် ကွဲပြားပေမယ့် အဆင့်မြင့်ကျောက်ဆစ်လက်ရာများကတူညီမှုရှိပါတယ်။Angkor Thom ကျောင်းတော်ကြီးမှာ တည်ရှိပြီးခမာဘုရင်တွေမျက်နှာနဲ ့ကျောက်ရုပ်ကြီးကိုလုပ်ထားများအရမ်းအသက်ဝင်ပါတယ်။အရပ်လေးမျက်နှာကိုမျက်နှာမူနေတဲ့ မျက်နှာတွေပဲဖြစ်ပြီးအံ့ဩဖွယ်ကျောက်တုံးမျက်နှာကြီးများရှိတဲ့အံ့မခန်းကျောက်ဆစ်လက်ရာများထဲမှ တစ်ခု အပါအဝင် ဖြစ်တဲ့ “တောအုပ်ထဲကအန်ကာ၏ အပြုံးပိုင်ရှင်”လို့တောင်နာမည်ကျော်ကြားတဲ့ကမာ္ဘကျော်ကျောက်ဆစ်ရုပ် ၊စုလစ်မွန်းချွန်ပေါင်း ၅၄ခု နဲ ့ ‘အဝလောကီဆွေစွာရာ’လို ့ ကမော္ဘဒီးယား နိုင်ငံသားများက ခေါ်ဆိုကြပါတဲ့။ ပြီးတော့မွန်လေး

အကြိုက်ဆုံးTemple တစ်ခုပါပဲ။အတိုကောက်အနေနဲ ့မျက်နှာတွေ အများကြီးရှိတဲ့ ဘုုရားကျောင်းလိုု့ပဲမှတ်လိုုက်တယ်။ သူရဲ့မျက်နှာတွေကြောင့် ထင်ရှားကြတယ်။ တော်တော်များများကဒီရောက်ရင် အဲဒီမျက်နှာကြီးကိုု မျက်နှာမူနေတဲ့ အကြည့်ချင်းဆုုံတဲ့ ပုုံတွေ ရိုုက်ကြတယ်လေ။ ကိုယ်ကတော့ကစ်စ်ပေးနေတာ 😛

 

14355670_1349259921758739_8279576584425782054_n fsdfasdf4561 img_1278 img_1280 img_1282 img_1291  img_1294 img_1297 img_1307

#Baphuon Temple

Baphuon temple လည်းသွားလည်သင့်တဲ့နေရာတစ်ခုထဲမှအပါအဝင်ဖြစ်ပါတယ်။ Bayon ရဲ  ့အနောက်မြောက်ဘက်မှာရှိ

ပြီး အထပ်၃ထပ်ရှိတဲ့ Templeဖြစ်ပါတယ်။ သူများတွေတော့တက်နေကြတာတွေ ့ခဲ့ပါတယ်။မွန်လေးတို့တော့မတက်တော့

ဘဲဘေးကနေပတ်သွားခဲ့ကြပါတယ်။

img_1311 img_1313 img_1315 img_1316 img_1317 img_1325

#Grand Circuit : Preah Khan, Neak Pean, Ta Som, Ta Prohm

ကားပေါ်ကနေဆင်းလိုက်၊ဘုရားကျောင်းတွေထဲသွားပြီးလျှောက်လည်လိုက်၊ ပြီးကားပေါ်ပြန်တက်လိုက်နဲ ့တကယ့်Grand

Circuit ကြီးကိုဓါတ်ပုံထဲပြန်ကြည့်တော့မှပဲသိရပါတော့တယ်။အဲ့Temple ၄ခုကိုတခါတည်းလမ်းလျှောက်သွားကြနဲ ့တစ်ခု

နဲ ့တစ်ခုကလည်းသိပ်မကွာပါဘူး။ကောျက်တွေတစ်ခုနဲ ့တစ်ခုကိုကြားကနေဘိလပ်မြေတို ့ဘာမှမခံဘဲအဆင့်ဆင့်ထပ်ထား

တဲ့သူတို ့ရဲ  ့temple တွေကပုဂံထက်တောင်ထူးခြားတယ်လို ့ဆိုရမလိုလို။အရင်ခေတ်တုန်းကဆိုအရမ်းကိုသားနားမယ့်

temple တွေကအခုခေတ်ရောက်တော့ပြိုလဲတာတွေကလဲ၊ပျက်စီးတာတွေကပျက်စီးနဲ ့၊ပျက်စီးယိုယွင်းနေပေမဲ့အဲ့ပျက်စီးတာ

တွေကိုပဲမပြုမပြင်ဘဲဒီအတိုင်းထားတာကိုကကမ္ဘာလှည့်ခရီးသွားတွေကိုစွဲဆောင်မှုတစ်ခုလုပ်နိုင်တာကလည်းဂုဏ်ယူနိုင်

စရာပါပဲ။

 

grand-circuit img_1249 img_1305 img_1326 img_1339 img_1341 img_1342 img_1344 img_1345 img_1346 img_1348 neak_pean_2009_2 preah-khan ta-som

#Ta Prohm

သူကတော့ မသွားမဖြစ်ပါ။ ဒီနေရာမှာ ဓာတ်ပုုံရိုုက်လိုု့ တအားလှပါတယ်။အန်ဂျလီနာဂျိုလီပါဝင်တဲ့ Tomb Rider ရိုက်ကူးခဲ့တဲ့ နေရာပါ။  သစ်ပင်ကြီးတွေ က ဘုုရားကျေင်းကြိးကိုု ဝါးမျိုထားတာပါ။ အရမ်းမိုက်တယ်။ပိုပြီးထူးဆန်းဖို ့ကောင်း

တာကဘယ်လောက်ပဲပင်စည်ကြီးတွေဝါးမျိုထားထားဘုရားတစ်ဆူလေးကတော့မပျောက်ကွယ်သွားဘဲ မျက်နှာလေးပေါ်

နေဆဲဖြစ်ပါတယ် ပုံထဲမှာသေချာကြည့်လိုက်ပါနော်။

dsc04403 img_0813 img_1348 img_1349 img_1352 img_1361 img_1367 img_1368 img_1369 img_1372 img_1373 img_1375 img_1376  img_1385 img_1387 img_1392

#Tonle Sap Lake

အရှေ့တောင်အာရှမှာအကြီးဆုံးရေကန်ဖြစ်တဲ့ Tonle Sap Lake ကတော့Siem Reap ကနေကားတစ်တန်၊လှေတစ်တန်

နဲ ့သွားမှရောက်ပါတယ်။အဲ့ကန်ကြီးက မဲခေါင်မြစ်နှင့် ဆက်သွယ်မှုရှိကြောင်း၊ မိုးအခါ၌မဲခေါင်မြစ်ရေတိုး ပြီး ရေလျှံသည့်အခါ ချောင်းငယ်မြောင်းငယ်များမှ တစ်ဆင့် အိုင်ကြီးထဲသို့ ရေများစီးဝင်ကြောင်း၊ နွေအခါတွင် ထိုချောင်းငယ်မြောင်းငယ်များမှ တစ်ဆင့် မဲခေါင်မြစ်ထဲသို့ရေများ စီးထွက်ကြောင်း ဂိုက်ကရှင်းပြရင်း ခြေတံရှည်

အိမ်တွေကိုလည်းဖြတ်ကျော်လာရင်း(ရှည်ဆိုတော်တော့်ကိုရှည်တာ ဂိုက်ကရေတက်လာတဲ့အခါအဲအိမ်တွေထဲတွေပါ

ဝင်တတ်လို့တမင်ကိုမြင့်သထက်မြင့်အောင်ဆောက်ထားခြင်းဖြစ်ကြောင်း) ကန်ကြီးရ ဲ ့အလယ်ကိုရောက်လို့လာပါတယ်။

အလယ်ကိုရောက်လာတော့ ဟိုဘက်ကမ်းဒီဘက်ကမ်းကိုမမြင်ရတော့လောက်အောင် ပင်လယ်ကြီးထဲရောက်သွားတယ်

လို့ခံစားရလိုက်ပါတယ်။နေ ့လည်စာကိုအဲ့ကန်ထဲကစားသောက်ဆိုင်မှာပဲစားလိုက်ပါတယ်။ပြီးတော့အဲ့ဆိုင်ကမိကျောင်းလည်းမွေးထားတယ်ပြောတော့ကြောက်ကြောက်နဲ ့သွားကြည့်၊ ကန်ထဲမှာလည်းမိကျောင်းတွေရှိတတ်တယ်တဲ့ (မွန်လေးတို့ဖြတ်လာတုန်းကတော့မ

တွေ ့ခဲ့မိပါ၊ရေတွေကညိုတဲ့နေရာကညို၊စိမ်းတဲ့နေရာကစိမ်းနဲ ့မကြည်တာတော့အမှန်ပါ)

img_1399 img_1408 img_1409 img_1414 img_1416 img_1417 img_1427 img_1436 img_1437 img_1454 img_1455 img_1471 img_1480

#Floating Village

Tonle Sap ကန်နားမှာရှိတဲ့အလာတုန်းကတွေ ့ခဲ့ရတဲ့ခြေတံရှည်အိမ်တွေရှိတဲ့ရွာလေးပေါ့။ကျောင်းလေးတစ်ကျောင်းရယ်၊

အိမ်ခြေလေးတွေအလုံး40နဲ ့ကိုးကွယ်ဖို ့ဘုရားလေးတစ်ဆူရယ်နဲ ့သိပ်ချစ်ဖု ့ိကောင်းတဲ့ရွာလေးပေါ့။ ပြေးလွှားဆော့ကစား

နေကြတဲ့ကလေးတွေရယ်၊ လောင်းကစားဆော့နေကြတဲ့လူကြီးတချို  ့ရယ်၊ ခရုတွေကိုဒီအတိုင်းစားလို့ရတယ်ဆိုပြီးရောင်း

နေတဲ့ဆိုင်လေးရယ်၊ မုန် ့မျို းစုံဝယ်လို့ရတဲ့အိမ်ဆိုင်လေးတွေနဲ ့ဘူးစုတ်၊အုန်းခွံအဟောင်းတွေကိုမလွှင့်ပစ်ဘဲ အပင်စိုက်ပျိုး

တဲ့နေရာမှာပြန်အသုံးချတတ်တဲ့အဲရွာလေးကတော့လှချင်တိုင်းလှပြီး တမူထူးနေတော့တာပေါ့။

img_1514 img_1525 img_1526 img_1527 img_1529 img_1536 img_1538 img_1539 untitled-1-copyfwefwefw

#Tonle Sap ကန်သွားရာလမ်းက စားသောက်ဆိုင်

သွားတဲ့လမ်းမှာရှိတဲ့ဆိုင်လေးပါ သူလည်းလှေကားနဲ ့အတော်ကိုတက်ရပြီးမှရောက်တာပါ။အပေါ်ရောက်တော့ သစ်ပင်တွေ

အုံ့ဆိုင်းနေတဲ့တံတားလေးကိုဖြတ်သွားရတာဘာနဲ ့မှကိုမလဲနိုင်ပါ။

img_1486 img_1487 img_1500 img_1508

#Dinner Show
Apsara Theatre မှာစားရတဲ့ဒင်နာရှိုးကလည်းတစ်မျို းတစ်ဖုံအရမ်းကိုစားလို့
ကောင်းခဲ့ရပါသေးတယ် မြန်မာမှာရာဇဝင်ရှိခဲ့တဲ့မယ်သီတာဇာတ်လမ်းကိုသ
ရုပ်ဖော်ပြီးကတဲ့ပြဇာတ်ရယ်၊နောက်တစ်ခုကသူတို ့ခမာအကပေါ့နော်။စားလည်းစား၊ကြည့်လည်းကြည့်ဆိုတော့ ဖီလင်ကမိုက်တာပေါ့။
img_0852 img_0853 img_0858 img_0859 img_1547 img_1549 img_1563

#အစားအသောက်

သူတို ့ရဲ ့အစားအစာက ဗီယက်နမ်အစားအစာနဲ ့ခပ်ဆင်ဆင်ရယ် ပူစီနံနဲ ့စပါးလင်ထည့်တတ်လို့ဟင်းဆိုတာမွှေးလို့တအားစားကောင်းတယ်။

#ဘယ်ချိန်လေယာဉ်လက်မှတ်ဝယ်ရမလဲ

အကောင်းဆုံးအဖြေကတော့2လကြိုဝယ်ပါ ဒီထက်ပိုစောလည်းကောင်းပါတယ်။ ဒါဆိုဈေးသက်သက်သာသာနဲ ့လေယာဉ်

လက်မှတ်ရပြီး ကျန်တာကိုဟိုကျရင်ကြိုက်သလောက်သုံးလို့ရပါတယ်။

#ဘာတွေ သယ်သွားရမလဲ
ဘောင်းဘီရှည်တော့ သယ်ရမယ်။ ဘုုရားတွေက အရှည်မဟုုတ်ရင်ပေးမဝင်တာရှိတယ်။ ဘောင်းဘီရှည်ဆိုုလဲ  စပန့်သား ဘောင်းဘီသာသယ်ပါ။ ပြီးရင် ဦးထုုပ်၊ ပုုဝါ၊ ဖိနပ်အပါး သိုု့ ရှူးဖိနပ်စီးပါ။(မွန်လေးကတော့ယပ်တောင်ပါဆောင်သွားပါတယ်အိုက်တတ်လို့ပါ)

#ဘာနဲ့လည်မလဲ
တုုတ်တုတ်နဲ့လည်ကြတာများတယ်။  ဆိုုင်ကယ်တွေလည်းရှိတယ်ဒေါ်လာ ၁ဝ ယူတယ်ပြောတယ်။ နောက် ဒီမှာ ရဟတ်ယာဉ်စီးလိုု့ရသေးတယ်။ ရဟတ်ယာဉ်ပေါ်ကနေ အန်းကားဝတ်ကိုု ကြည့်လိုု့ရတယ်ပေါ့။ ဒေါ်လာ ၉ ဝ ကနေ စတယ်။  ဒေါ်လာ ၄၀ဝ အထိ ရှိတယ်။ အဲဒါဆိုု အခြားနေရာတွေကိုုပါ ပိုု့ပေးတယ်။ နာရီဝက်လောက် ကြာချိန်ရှိပါတယ်။

#Night Market

ကမ္ဘောဒီးယားရှိ အမှတ်တရ ရိုးရာပစ္စည်းများစွာ ဝယ်ယူရရှိနိုင်တဲ့နေရာလေးပါ..မသွားမဖြစ်ပေါ့။ အဲကိုသွားဖို ့ Pub street ကိုဖြတ်သွားရပါတယ်။အကင်တွေလည်းစားလို့ကောင်းမှကောင်း။ပစ္စည်းတွေလည်းဝယ်လို့ကောင်း။

#Night Life

Siem Reap မှာ night life ကိုခံစားချင်ရင်တော့ Pub Street မှာရှိတဲ့ ကြိုက်တဲ့ Club မှာသာ ဝင်ရောက်ဆင်နွှဲလိုက်ပါ။ ပင်ပန်းသမျှပြေပြီး ပျော်စေရပါ့မယ်။ တခြားနိုင်ငံတွေမှာရှိတဲ့ ကလပ်တွေနဲ့မတူတာကတော့ အခန်းတွေဘာတွေမရှိ၊ ဝင်ကြေးမရှိ၊ စားသောက်ဆိုင်မှာ ဝင်စားသလို ပေ့ါပေါ့ပါးပါး ဝင်စားလို့ရပါတယ်။

#ဇိမ်ခံချင်တဲ့သူတွေအတွက်

တစ်နေကုန်ဘုရားတွေဖူးပြီးလို့ညဘက်ဈေးဝယ်ထွက်တဲ့အခါ ပင်ပန်းမှုကိုဖြေပျောက်ချင်တော့ အရမ်းကောင်းတဲ ့Fish

massage ကိုညွှန်ပါရစေ။ ကလိကလိနဲ ့အစပိုင်းယားသလိုလိုဖြစ်ပြီးနောက်ပိုင်းတအားဇိမ်ခံလို့ကောင်းတဲ့ massage ပါ။

ဘန်ကောက်ထက်ပိုကောင်းပါတယ်။

#travelwith_monlay

PS: အဲ့လိုခရီးတွေကိုလိုက်ပါခံစားချင်ရင်တော့ …Just Follow me!! ….မွန်လေးနဲ ့လိုက်ခဲ့လို့ရပါတယ်…..Free & Easy tour ပဲစီစဉ်ပြီးစရိတ်သက်သက်သာသာနဲ့ ့ကမ္ဘာပတ်ကြမယ်…..09421045685

One comment

  • Shar Thet Man

    May 29, 2017 at 1:25 pm

    အရမ်းပျော်ဖို့ကောင်းခဲ့ပါတယ်

Leave a Reply