Hot ဖြစ်နေတဲ ့ဗီယက်နမ် နိုင်ငံ

Mon LayNovember 21, 20161min821

ဗီယက်နမ် (English:Vietnam အသံထွက် /ˌviːɛtˈnɑːm/; Vietnamese: Việt Nam) သို့ တရားဝင်အမည်အားဖြင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ (Vietnamese: Cộng hòa xã hội chủ nghĩa Việt Nam; /koŋ˨ hʊa˨˩ sa˧˨˧ hoi˨ tɕu˧˩˧ ŋiə˧˨˧ vɪət˨ nam/) သည် အရှေ့တောင်အာရှတွင် ရှိပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့ဖက်စွန်းတွင် တည်ရှိသည်။ မြောက်ဖက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ အနောက်မြောက်ဖက်တွင် လာအိုနိုင်ငံ ၊ အနောက်တောင်ဘက်တွင် ကမော္ဘဒီယားနိုင်ငံနှင့် အရှေ့ဖက်တွင် တောင်တရုတ်ပင်လယ်တို့က ဝိုင်းရံထားသည်။ လူဦးရေ ၈၆ သန်းရှိပြီး ကမာ္ဘပေါ်တွင် ၁၃ နိုင်ငံမြောက် လူဦးရေအများဆုံး နိုင်ငံဖြစ်သည်။

ဗီယက်နမ်သည် ၁ဝရာစုနှစ် နိုင်ငံအဖြစ်သို့ မရောက်မီ တရုတ်တို့၏ အုပ်ချုပ်မှု အောက်တွင် နှစ်ပေါင်းထောင်ကျော် မျှနေခဲ့ရသည်။ အဆက်ဆက်သော မင်းဆက်တို့သည် အရှေ့တောင်အာရှ အတွင်းပိုင်းအထိ ပထဝီအနေအထား နှင့် နိုင်ငံရေးဆိုင်ရာ ဖြန့်ကျက်မှု တို့ဖြင့် ကြွယ်ဝချမ်းသာခဲ့ကြသည်မှာ ၁၉ရာစုအလယ်ပိုင်း ပြင်သစ်တို့၏ ကိုလိုနီအဖြစ် သိမ်းပိုက်ခြင်း မခံရမီ အချိန်အထိပင်ဖြစ်သည်။ ပြင်သစ်တို့ကို ခုခံတွန်းလှန်ရန် ကြိုးးစားအားထုတ်မှုများကြောင့် ပြင်သစ်တို့ကို ၂ဝရာစုအလယ်ပိုင်းတွင် မောင်းထုတ်နိုင်ခဲ့သော်လည်း နိုင်ငံကို နိုင်ငံရေးအားဖြင့် နှစ်ခြမ်းကွဲ စေခဲ့သည်။ ဗီယက်နမ်စစ်ပွဲအတွင် တစ်ဖက်နှင့် တစ်ဖက် အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး ကွန်မြူနစ်တို့၏ အောင်ပွဲအဖြစ် ၁၉၇၅ တွင် အဆုံးသတ်ခဲ့သည်။

ရှည်လျား၍ ခါးသီးသော စစ်ပွဲကို လွန်မြောက်ပြီးနောက် စစ်ဒဏ်ခံခဲ့ရသော ဗီယက်နမ်မှာ နိုင်ငံရေးအားဖြင့် အထီးကျန်ဖြစ်ခဲ့သည်။ အစိုးရ၏ ဗဟိုမှချုပ်ကိုင်သော စီးပွားရေးဆုံးဖြတ်ချက်များသည် စစ်အပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အဟန့်အတား ဖြစ်စေခဲ့ပြီး စစ်ရှုံးနိမ့်သော ဖက်သို့ ဆက်ဆံရေးများမှာ ပြန်လည်သွေးစည်းရေးထက် ဒေါသဖြစ်မှုကို ပို၍ ဖြစ်စေခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို စတင်ခဲ့ပြီး နိုင်ငံတကာနှင့် ပြန်လည်ပေါင်းစပ်ရေးသို့ ဦးတည်ခဲ့သည်။ ၂၀၀ဝ ခုနှစ်တွင် နိုင်ငံအများစုနှင့် သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သော ဆယ်စုနှစ် အတွင်းက ဗီယက်နမ်သည် ကမာ္ဘတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံများတွင် ပါဝင်ခဲ့သည်။ ထိုသို့သော ကြိုးပမ်းအားထုတ်မှုများကြောင့် ဗီယက်နမ်သည် ၂၀၀ရ ခုနှစ်တွင် ကမာ့္ဘကုန်သွယ်ရေး အဖွဲ့အစည်း (World Trade Organization) သို့ ဝင်ရောက်နိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကုလသမဂ္ဂ လုြံခုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။
မကြာမှီ စတ္တုထမြောက် ဆက်သွယ်ရေး မိုဘိုင်းဖုန်း အတွက်မြန်မာနိုင်ငံသား လုပ်ငန်းရှင်းများ နှင့် ပူးပေါင်းဆောင်ရွက် ရန်ရှိပါသည်။ MY TEL ဟုအကြမ်းဖျင်းနာမည် ရာထားပါသည်။

#credit

One comment

  • Thint Aye Yeik

    November 25, 2016 at 12:33 pm

    ခရက်ဒစ် ပေးထားတာတွေ့တယ်။
    ကိုယ်တိုင် ရေးတာ မဟုတ်ဘူးလား။
    ဘယ်သူ ရေးတာလဲဟင်။
    သိချင်ရုံပါ။
    😀

Leave a Reply