ကျုံထော်ရေတံခွန်ပြန်ဖွင့်ပြီ

Mon LayNovember 21, 20161min2132

ကျုံထော်ရေတံခွန်ကို တန်ဆောင်မုန်းလပြည့်ကျော် ၁၁ရက်နေ့ 25-11-2016 သောကြာနေ့တွင်ဖွင့်လှစ်မည်။

ကျုံထော်ရေတံခွန်ကို မြိုင်ကြီးငူဆရာတော်ကြီး၏ အစီမံဖြင့် ဖွင့်လှစ်တော့မည်ဟု ကျုံထော်ရေတံခွန်ကို တာဝန်ယူပြုပြင်ပေးနေသော ဆရာတော်ဦးခေမိကထံမှ သိရှိရပါသည်။

ကျုံထော်ရေတံခွန် သာယာလှပရေးနှင့် အပန်းဖြေသူများအတွက် နားနေနိုင်ရန် ရွှေသံလွင်ကုမ္ပဏီမှ နားနေဆောင်များကို တာဝန်ယူ ဆောက်လုပ်ပေးသွားမည်ဟု ကျုံထော်ရေတံခွန်ကျောင်းဆရာတော်ထံမှ သိရှိရပါသည်။

ကျုံထော်ရေတံခွန်ဟာ သဘာဝအလှတရားများကို ဦးစားပေး ဖော်ဆောင်ထားတာကြောင့် အပန်းဖြေပြည်သူတွေကလည်း အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းဖြင့် ကူညီပေးပါရန်လည်း လိုအပ်ပါသည်။

ကျုံထော်ရေတံခွန်သို့ အပန်းဖြေရန် လာရောက်ကြမည့်သူများ မိမိတို့လာရာ ကတ္တရာလမ်းပေါ်တွင်သာ သွားလာကြပါရန်လည်း လိုအပ်ပါသည်။

ကျုံထော်ရေတံခွန်သို့ လာရောက်ကြမည့် မော်တော်ယာဉ်များကို စနစ်တကျ ထားရှိနိုင်ရေးအတွက် ရေတံခွန်မရောက်မီ ၂ဖာလုံခန့်အကွာ လမ်းမကြီးဘေးတွင် ယာဉ်ရပ်နားကွင်းလည်း ဖောက်လုပ်ပေးထားပါသည်။

14962762_135854093557268_3839664844920945858_n

credit

2 comments

  • Thint Aye Yeik

    November 23, 2016 at 6:29 pm

    .ရောက်ဖူးတယ်။
    .အရမ်း သာယာတယ်။
    .ထပ်သွားချင်သေးတယ်။

  • သျှားသက်မာန်

    November 30, 2016 at 3:37 pm

    ဟုတ်တယ်

Leave a Reply