သေးတာက တခါတလေ ကြီးတာထက် အများကြီးပိုကောင်းတယ်ဆိုတာ သက်သေပြနိုင်တဲ့ အိမ်သေးသေးလေးတွေ

Mon LayNovember 22, 20162min1505

နေရာတိုင်းမှာ ရှိနေပြီဖြစ်တဲ့ အိမ်သေးသေးလေး လှုပ်ရှားမှု တွေက လွန်ခဲ့တဲ့နှစ်အနည်းငယ် က စပြီး နိုင်ငံအနှံ့အပြား က ဟိုတယ် လုပ်ငန်း တစ်ခု လုံးကို လှုပ်ခတ်စေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း Oregon ပြည်နယ်၊ Colorado ပြည်နယ် စတဲ့ နေရာတော်တော်များများ မှာ ပတ်ဝန်းကျင်အကျိုးပြုနိုင်ပြီး ရိုးရှင်းတဲ့ သဘာဝအလှအပ ကို ခံစားစေနိုင်မယ့်  အိမ်သေးသေးလေး ဟိုတယ်တွေနေရာ အနှံ့ထွက်ပေါ် ထွက်လာတာပေါ့။

လုပ်ရဲကိုင်ရဲတဲ့ ဟိုတယ်ပိုင်ရှင်တွေ၊ စွန့်ဦးတီထွင် သူတွေနဲ့  ကျောင်းသားတွေ ဆောက်လုပ်ခဲ့တဲ့ ဒီဟိုတယ်လေးတွေဟာ အိမ်သေးသေးလေး မှာတည်းခိုခြင်း ဖြင့် ဇိမ်ခံအနားယူနိုင်တဲ့ အတွေ့အကြုံမရစေဘူး ဆိုတဲ့အချက်ဟာ မမှန်ကန်ကြောင်း သက်သေပြ နိုင်ခဲ့ပါတယ်။

Oregon ပြည်နယ် Portland မြို့ က Caravan အိမ်သေးသေးလေး ဟိုတယ်

ပထမဆုံး ဟိုတယ် သေးသေးလေးတွေ အကြောင်းကို နိုင်ငံပိုင်သတင်းစာတွေ ထဲမှာ ခေါင်းစည်း အဖြစ် ဖော်ပြခဲ့ပြီးတဲ့နောက်မှာ Portland မြို့က Caravan အိမ်သေးသေးလေး ဟိုတယ် ဟာ Portlandia ရုပ်တုကြီး ကို သွားလည်ဖို့ ဟိုတယ်ကြီးတွေအပြင် အခြား တည်းခိုစရာ နည်းလမ်းတစ်ခု အဖြစ် နာမည်ကြီး လူသုံးများလာပါတယ်။ စတုရန်းပေ ၁၂ဝကနေ ၁၇ဝအထိသာ ကျယ်ဝန်းတဲ့ အိမ်သေးသေးလေး ၆ခုဟာ တည်းခိုတဲ့ဧည့်သည်တွေကို အိမ်အပြင်ဘက်မှာ ထိုင်ဖို့နေရာတွေနဲ့ မီးပုံပွဲလုပ်ဖို့နေရာ တွေကို မျှဝေသုံးစွဲစေခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးကျွမ်းဝင်စေပါတယ်။ တည်းခိုခတစ်ညကို၁၄၅ ဒေါ်လာ ကစပြီးဈေးနှုန်း အမျိုးမျိုးရှိပါတယ်။

Massachusetts ပြည်နယ်၊ Boston မြို့တော် နားက Getaway အိမ်သေးသေးလေးတွေ

getaway-tiny-houses

Harvard Innovation Lab and Millennial Housing Lab နဲ့ ပူးပေါင်း တည်ထောင်ခဲ့တဲ့ Getaway အိမ်သေးသေးလေး ဟာ Boston မြို့ကနေ နာရီအနည်းငယ် သွားရုံနဲ့ ရောက်နိုင်မယ့် သစ်တောတွေထဲမှာ ရှိပါတယ်။သဘာဝကို ချစ်မြတ်နိုးသူတွေ အတွက် တည်းခိုခန်းသဘောမျိုး စတုန်းရန်း ပေ၁၆ဝကျယ်တဲ့ သစ်သားအိမ်သေးသေးလေး ၃လုံးဆောက်ထားပါတယ်။ဒီ အိမ်သေးသေးလေးတွေဟာ သမားရိုးကျသာမာန် သစ်သားအိမ်လေးတွေတော့ မဟုတ်ပါဘူး။ အိမ်တစ်အိမ်ချင်းစီဟာ နှစ်သက်စရာ အလွန်ကောင်းပြီး ခေတ်မှီလှပါတယ်။ နေရောင်ခြည်သုံး စွမ်းအင် (solar power) နဲ့ ရေနည်းနည်းပဲ သုံးတဲ့ စနစ် ရှိတဲ့ အိမ်သာ စတဲ့ ခေတ်မှီလှတဲ့ နည်းပညာတွေသုံးထားပါတယ်။ သတင်းကောင်းကတော့ ၂၀၁၆ နွေရာသီမှာ NewYork မြို့မှာ လုပ်ငန်းချဲ့ထွင် ခဲ့ပါတယ်။ တည်းခိုခ တစ်ညကို ၉၉ ဒေါ်လာကစပြီး  ဈေးနှုန်းအမျိုးမျိုး ရှိပါတယ်။ အိမ်သေးသေးလေး အများစုဟာ တည်းခိုဖို့ လပေါင်းများစွာ ကြိုတင်ဘိုကင်တင် စာရင်းပေးထားရပါတယ်။

Colorado ပြည်နယ်၊ Lyons မြို့ က WeeCasa အိမ်သေးသေးလေး ဟိုတယ်

weecasa-tiny-homes-lyons-colorado-1280x640

အကယ်၍ သင်ကြိုက်နှစ်သက်ရာ အိမ်ပုံစံရွေးချယ် ချင်ရင်တော့ အိမ်သေးသေးလေးတွေရှိတဲ့ WeeCasaဟိုတယ်က အကောင်း ဆုံးပါဘဲ။နိုင်ငံရဲ့နေရာအနှံ့က မတူညီတဲ့ အဖွဲ့အစည်းရခုက ဒီဇိုင်းဆွဲထားတဲ့ ကွဲပြားတဲ့အိမ်ပုံစံ ၂၁ခုရှိတာကြောင့် သင်ကြိုက်နှစ်သက်ရာ အိမ် ပုံစံ ရွေးချယ် တည်းခို နိုင်ပါတယ်။ အိမ်သေးသေးလေးတွေ ဟာ အကျယ်အဝန်းရော ပုံစံရော အမျိုးမျိုးကွဲပြားကြပါတယ်။ အိမ်လေးတွေမှာ တီဗွီ မရှိတာကြောင့် အီလက်ထရောနစ် ဖျော်ဖြေမှုတွေကနေ ရုန်းထွက်နိုင်ပြီး ဘေးပတ်ဝန်းကျင် ကကျောက်တောင်တွေကို ကြည့်ရှုပြီး သဘာဝအလှကို ခံစားနိုင်မယ့် အခွင့်အရေးကောင်း တစ်ခုလည်းဖြစ်ပါတယ်။ တစ်ညကို တည်းခိုခ ၁၃၉ ဒေါ်လာ က စပြီး ဈေးနှုန်း အမျိုးမျိုးရှိပါတယ်။

West Virginia ပြည်နယ်၊ Thomas မြို့ က Understory အိမ်သေးသေးလေး တည်းခိုခန်း

understorythomas

သင် စောင့်နိုင်တယ်ဆိုရင်တော့ WestVirginia ပြည်နယ်က စွန်းမိုက်တဲ့ သစ်တောထူထူ ပတ်ဝန်းကျင် မှာ ကျေးလက်ဒေသရဲ့ သဘာဝအလှအပကို ခံစားနိုင်မယ့် Understory အိမ်သေးသေးလေး တည်းခိုခန်းက ဒီနှစ်ကုန်လောက်မှာ စဖွင့်မှာ ဖြစ်ပါတယ်။ ဒီ အိမ်သေးသေးလေးမှာ တည်းခိုရင်းမြို့ပြရဲ့ မွန်းကျပ်မှု ကနေ ရုန်းထွက်နိုင်မယ့် အခွင့်အရေးမျိုး ရရှိမှာပါ။   အစီအစဉ်အတိုင်း ဖြစ်မယ်ဆိုရင် ခရီးသွားဧည့်သည်တွေဟာ လူ ၄ ယောက်ကျယ်ကျယ်ပြန့်ပြန့် နေနိုင်တဲ့ အိမ်သေးသေးလေး ၆လုံးထဲက တစ်လုံးမှာ တည်းခိုနိုင်ပါတယ်။ သစ်ပင် အိမ်လေး နဲ့ အဝတ်ပုခက်ရှိတဲ့ အများသုံး နားနေဆောင်လေး တစ်ခု လည်း ရှိပါသေးတယ်။ တည်းခိုခ ဈေးနှုန်း တွေကတော့ မသိရသေးပါဘူး။

Reference : www.travelandleisure.com
Image Credit : www.travelandleisure.com

ခုမွန်လေးတို ့နိုင်ငံမှာလည်းခြံဝန်းထဲမှာကိုသီးသန် ့နေလို ့ရတဲ့ဘန်ဂလိုလို ပုံစံမျိုးလေးတွေဘားအံဘက်မှာပေါ်နေပါပြီ။ ဒီလိုနေရာလေး ဒါမျိုးချစ်စရာ အိမ်ကလေးနဲ့အတူအိမ်လေးနဲ့ အေးဆေးအနားယူ တည်ခိုလို့ရနေပီးနော်။

12650990_1163068613711313_8571665087717759750_n 14681807_211501849262898_9067941823659814819_n 14962762_135854093557268_3839664844920945858_n 15027772_211576695935120_6008412681527282859_n 15085513_211576802601776_3687305880347204526_n

5 comments

  • Thint Aye Yeik

    November 23, 2016 at 6:27 pm

    .နေချင်စရာလေးတွေ
    (ဖွေးဖွေးနှင့်အတူ)

    အယူအဆတစ်ခု ကြားဖူးတယ်။
    .”သေးခြင်းဟာ ကြီးခြင်းရဲ့ မိဘ”တဲ့။
    အသေးလေးတွေကို လျှော့တွက်လို့ မရဘူး။
    :k:

  • သျှားသက်မာန်

    November 28, 2016 at 1:34 pm

    ဟုတ်တယ်မှန်တယ်

  • kai

    November 29, 2016 at 10:17 am

    မြန်မာတွေ.. သစ်ပေါတုံးက.. သစ်အလုံးလိုက်အစား. အဲလိုအိမ်လေးတွေ လုပ်ရောင်းရင်.. တော်တော်ကောင်းမှာလို့.. တွေးခဲ့ဖူးတယ်..။ :k:

  • သျှားသက်မာန်

    November 30, 2016 at 2:54 pm

    ရက်စ်

Leave a Reply