” ငါ့ ကြောင့် ငါ အခါခါသေရ၏ “

“ငါ့ ကြောင့် ငါ အခါ ခါ သေ ရ ၏”

img_20161125_191604

နေ့စဉ်နဲ့အမျှ

ဘဝမှာ

ကြုံဆုံ

ဖြစ်ပုံပျက်ပုံ

အလုံးစုံကို

ရှောင်လွှဲမရ

ဖြေရှင်းရသောအခါ

 

မနိုင်၍ သည်းခံရခြင်း

သည်းခံထိုက်၍ သည်းခံရခြင်း

ချစ်ခြင်း

မုန်းခြင်း

နာကျည်းခြင်း

မနာလိုခြင်း

အနိုင်ယူလိုခြင်း

ခြင်းပေါင်း

အကြောင်းများစွာတို့ကို

အခြေပြု၍

ဖြစ်တည်လာသော

 

ဒေါသ

လောဘ

မောဟ

သောက

ဗျာပါဒ

တို့ကြောင့်

ကိုယ့်ဘာသာကိုယ်လောင်မြိုက်

စိတ်လောင်တိုက်သွင်းမိခြင်းကြောင့်

ငါကြောင့်

ငါကိုယ်တိုင်

နေ့စဉ်နှင့်အမျှ

အကြိမ်ကြိမ်

အခါခါ

သေရလေတော့၏။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

၂၅၁၁၁၆

4 comments

  • aye.kk

    November 29, 2016 at 7:42 pm

    မှန်လိုက်တာ။
    ငါတွေကြားမှာ..
    ငါသာဗျာများရကာ
    အကြိမ်ကြိမ်အခါခါ(သေ၍မဆုံးနိုင်တော့သည်)

  • Thint Aye Yeik

    November 30, 2016 at 3:27 pm

    ဘာကြောင့်ပဲ သည်းခံရ သည်းခံရ
    သည်းခံခြင်းက အောင်မြင်ခြင်းတစ်ခု လို့ ကြားဖူးတာပဲ။
    ကိုယ်တိုင်ကတော့. . .
    အခက်အခဲ အကျပ်အတည်းတွေနဲ့ ကြုံရင် သည်းခံဖို့ထက် ရင်ဆိုင်ရမလား ရှောင်ထွက်ရမလားဆိုပြီး
    တွေဝေတတ်သေး. . .

    • kai

      November 30, 2016 at 5:32 pm

      ဂေါတမဗုဒ္ဓကတော့.. အောင်ခြင်းရှစ်ပါးထဲ..လိုအပ်တဲ့အတိုင်းအတာနဲ့.. ပြန်ပြီးတုံ့ပြန်သွားတာပဲ..။
      သည်းခံလိုက်တာ.. မရှိ..။ :k:

Leave a Reply