မကျွေးနိုင်ရင်မမွေးကြပါနဲ့

အာဂAugust 30, 20101min692
ကျွန်တော့် ဒီစာစုရဲ့ခေါင်းစဉ်ကအနည်းအကျဉ်းရင့်သီးကောင်းရင့်သီးနေမှန်း၊ ကျွန်တော်ကိုယ်တိုင် သတိထားမိ ပါတယ်။ဒါပေမယ့်ဒီစာကိုစမရေးခင်ကတည်းက ဒီခေါင်းစဉ်လေးကို နှုတ်ကတဖွဖွနဲ့ အလိုလိုရွတ်ပြီးသားဖြစ်နေ တာရယ်၊ ဒီခေါင်းစဉ်ထက်ပိုထိရောက်မယ့်စကားမရှိနိုင်တော့ဘူးလို့ထင်နေတာရယ်ကြောင့် ဒီခေါင်းစဉ်လေးကို ဒီစာစုမှာပေးမိသွားတာပါ။  စာဖတ်သူအနေနဲ့လည်း အထက်ပါခေါင်းစဉ်လေးကို ဖတ်ပြီး ဘယ်သူတွေကိုပစ်မှတ် ထားရေးသားထားသလဲ ဆိုတာမေးဖို့တောင်မလိုတော့ဘူးလို့ထင်ပါတယ်။ `မိဘ´ ဟုတ်ပါတယ်။ ဒါပေမယ့်တာဝန် မသိတဲ့မိဘတွေ၊မိဘလို့အမည်ခံပြီး၊မိဘမပီသတဲ့လူတွေကိုအဓိကထားဆိုလိုတာပါ။

ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တွေမှာနေထိုင်ပြီးကြုံရာကျပန်းလုပ်ကိုင်စားသောက်ကျတဲ့လူတန်းစားတစ်ရပ် ရှိတယ်ဆိုတာရန်ကုန်မြို့မှာနေထိုင်ကျတဲ့လူတွေအားလုံးသိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့စီးမယ့်ဘတ်(စ်)စကားဂိတ်တွေမှာ၊ကျွန်တော်တို့လက်ဖက်ရည်ဆိုင်ထိုင်နေကျတဲ့အချိန်တွေမှာ သူတို့လေးတွေဟာသူတို့ရဲ့တစ်oမ်းတစ်ခါးအတွက်လုပ်ကိုင်ဆောင်ရွက်နေကျတာကိုသတိထားကြည့်မိရင်သိသာနိုင်ပါတယ်။ သူတို့လေးတွေဆိုတာအခြားကိုဆိုလိုတာမဟုတ်ပါဘူး၊ပုံစံအမျိုးမျိုးနဲ့လုပ်ကိုင်စားသောက်နေကျရတဲ့ကလေးငယ်တွေကိုုဆိုလိုတာပါ။တစ်ချို့ကရေခဲရေရောင်းနေကြတယ်။တစ်ချို့ကကွမ်းယာရောင်းနေကျတယ်။တစ်ချို့ တောင်းရမ်းစားသောက်နေကြတဲ့စသည်ဖြင့်အလုပ်မျိုးစုံနဲ့သူတို့ဝမ်းရေးအတွက်သူတို့ဖြည့် ဆည်းလုပ်ကိုင်နေကြတာကိုသတိ ထားမိရင်တွေမိကြမှာပါ။ဒါများ အထူးအဆန်း လုပ်လို့ကွာ၊ငါ့တို့နေ့တိုင်းတွေ့နေရတာပဲ။ဘာများထူးဆန်းလို့လဲလို့ကျွန်တော့်ကိုမေးကောင်းမေးကြပါလိမ့်မယ်။ ဟုတ်ပါတယ်တစ်ချို့သော လူတွေအတွက် သိပ်မထူးဆန်းပေမယ့်။ မာသာထရီဇာတို့လိုပုဂ္ဂိုလ်မျိုးရဲ့ခြေတစ်မှုန်စာလောက်စာနာမှု၊ဂရုဏာသက်ဝင်မှုစိတ်ရှိ်တဲ့လူတစ်ယောက်အတွက် ဆိုရင်တော့ အထူးအဆန်းမဟုတ်တောင်မှရံဖန်ရံခါအဖြစ်အပျက်လေး တွေဟာနုလုံးသား အဟာရစာစုလေးတွေဖတ် ရသလိုခံစား ထိရှနိုင်စေမှာအမှန်ပါပဲလို့ကျွန်တော် ထင်မိတယ်။ အဲဒီအထဲကမှ အချို့အဖြစ်အပျက် လေးတွေကို ပြောပြရမယ် ဆိုရင်…………………………

ကျွန်တော်မြို့ထဲကနေအိမ်ပြန်ဖို့ ၁၀၅ ဒိုင်နာ(သိရီမင်္ဂလာဈေးကား)  ပေါ်ပန်းဆိုးတန်း မှတ်တိုင်ကနေတက်လိုက် တဲ့အချိန်မှာညဉ့်နက် ၁၂းဝဝနာရီကျော် နေပြီဖြစ်သည့်အလျှောက် ကား ပေါ်မှာ လူကတော့သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ကားပေါ်တက်တက်ခြင်းစပယ်ရာရဲ့အပြော ကြောင့်ကားပေါ်ကလူတစ်သိုက်ကို သတိထားပြီးတော့ကြည့်မိလိုက်ပါတယ်။

သူတို့ကအသက်(၄၀)ကျော်အမျိုးသမီးကြီးကနှစ်ယောက်၊အသက်(၂၅)နှစ်ဝန်းကျင်ရင်ဝယ် ပိုက်သားသည်မိခင်တစ်ယောက်၊အသက်၄၊၅နှစ်အရွယ်ကလေးကလေးယောက်၊အသက်၈၊၉နှစ်အရွယ် ကလေးမလေးတစ်ယောက်တို့ရယ်ပါ။သူတို့တစ်တွေ့ကျွန်တော်စီးနေတဲ့ကားပေါ်မှာထိုင်နေပုံက လည်းခပ်ဆန်းဆန်းရယ်၊ အမျိုးသမီးကြီးနှစ်ယောက်က ယာဉ်မောင်းနောက်ကျောမှာထိုင်နေပြီး၊ နောက်ထပ် ၂၅နှစ် အရွယ်ရင်ခွင်ပိုက်ကလေးမိခင်က အခြားတစ်ဖက်ကယာဉ်မောင်းနောက် ကျောခုံမှာထိုင်နေပါတယ်။ အဲဒီအမျိုးသမီးရဲ့ဘေးမှာ သူရဲ့သားလတ်ဖြစ်ဟန်တူတဲ့(၄)နှစ် အရွယ်ကလေးတစ်ယောက်ထိုင်နေပြီး၊ အဲဒီကလေးရဲ့ဘေးမှာတော့၊ အသက်၈နှစ်၊၉နှစ်အရွယ်ကလေးမလေးကရေခဲရေရောင်းတဲ့ ပုံးခွံကိုကိုင်ပြီးထိုင်နေကြပါတယ်။ နောက်ကလေးလေး၃ယောက်ကတော့ယဉ်မောင်းနောက်ကျောက စီအင်ဂျီ ဓာတ်ငွေ့အိုးတွေရဲ့အောက်ခြေ၊ ခြေနင်းဖက်မှာစီစီရီရီထိုင်နေကျတာကိုတွေ့ရပါတယ်။ ဘေးတန်းခုံလွတ်တွေကလည်းအများကြီးပဲကျန်ပါသေးတယ် ထိုင်မယ်ဆိုရင်လည်း ဟိုကလေးသုံးယောက်ထိုင်လို့ရပါသေးတယ်။ ဒါပေမဲ့ကားခပိုပေးရမှာကြောင့် ဒီလိုထိုင်နေတာကိုလည်းကျွန်တော်ရိပ်စားမိ ပါတယ်။ဒါမျိုးကလည်းမြင်နေရဖန်များလာတော့ သိပ်မထူဆန်းတော့ပါဘူး။ဒါပေမဲ့ ကလေးအားလုံးဟာတစ်နေ့လုံး အလုပ်တွေလုပ်ထားပုံရတယ်ဆိုတာ ခြေနင်းဖက်မှာစီစီရီရီနဲ့ခေါင်းချင်းဆိုင် အိပ်ငိုက်ပြီးသက်သေပြနေကျတာကိုတော့ဂရုဏာသက်စွာမြင်တွေ့လိုက်ရတာပဲ။ကျွန်တော်ပြောပြချင်တဲ့အဖြစ်ကလည်း အဲဒီလို အိပ်ငိုက်နေတာကစတာပါပဲ၊ စောစောကျွန်တော်ပြောခဲ့တဲ့ ရေခဲရေပုံးကိုမနိုင်တနိုင်ကိုင် ထား တဲ့ကောင်မလေးက အိပ်ငိုက်ရင်းငိုက်ရင်းနဲ့သူရဲ့ဘေးကသူလိုပဲ အိပ်ငိုက်နေတဲ့ (၄)နှစ်သားကောင်လေး(သူရဲ့မောင်လေးဖြစ်ပုံရပါတယ်)ရဲ့ခေါင်းကိုသွားဆောင့်မိပါတယ်။ အဲဒီမှာဘေးနားကကောင်ကလေးကလည်းကျွတ်ကျွတ်ညံအောင်အော်ငိုပြလိုက်ပါတယ်။

သဘောကတော့သူ့အစ်မကသူကိုအသားလွတ်လာပြီးတော့လုပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့နဲ့ပေါ့ဗျာ။အဲဒီအချိန်မှာပဲ
ကောင်မလေးဘေးက ရင်ခွင်ပိုက်သားသည်မိခင်ကလည်း ကလေးငိုသံကြောင့်လန့်နိုးသွားကာ မျက်ထောင့်နီနီနဲ့ကောင်မလေးကိုတစ်ချက် စိုက်ကြည့်လိုက်ပြီး။ ဘာအစစ်အဆေးအမေး အမြန်းမရှိပဲ ကောင်မလေးကိုဗျာသူ့ရဲ့လူကြီးအားနဲ့ နဘန်တစ်ချက်ဖြတ်ရိုက်လိုက်တာများ ကားပေါ်ကလူတွေအကုန်ကြားရတယ်။ပထမတော့ အရိုက်ခံရတဲ့ ကလေးမလေးလည်း ကြောင်သွားပုံရပါတယ်။နောက်မှ သူကသူ့အမေကိုသူဘာမှမလုပ်ခဲ့ကြောင်း
ရှင်းပြဖို့`သမီး..လည်းဘာမှမလုပ်ရ´ပဲရှိသေးတယ်။ နောက်ထပ် လက်သီးဆုပ်နဲ့ခေါင်း ကိုတစ်ချက်၊နဘန်နှစ်ချက်လောက်ဆင့်ပြီးကျင်းလိုက်­­­­ပါရောဗျာ။ ပြီးတော့ သူ့အမေကရိုက်ယုံတင်အားမရသေးဘူး ဆဲလိုက်ဆိုလိုက်၊
ခြိမ်းခြောက်လိုက်တာကလည်းပါသေးတယ်။အဲဒီကောင်မလေးရဲ့မိခင်နဲ့အတူတူပါလာတဲ့ အမျိုးသမီးနှစ်ဦးထဲကတစ်ဦးကတော့ကောင်မလေးဘက်ကဝင်ပြောရှာပါတယ်။ `အေးခင်ရယ်ကလေးကိုအဲဒီလောက်မရိုက်ပါ
နဲ့ဟယ်..သူ့ခမျာ တစ်နေ့လုံးတစ်ညလုံးအလုပ်ထားရတာပင်ပန်းနေရတဲ့အထဲ၊ ကလေးခမြာသနားပါတယ်´တဲ့။ ဒီအဖြစ်အပျက်မြင်ကွင်းကိုဘေးနားကြည့်နေပြီးကလေးမလေးကိုအလိုလိုသနားမိတဲ့ကျွန်တော်။ ဟိုအမျိုးသမီးကြီးပြောလိုက်တဲ့စကားကြောင့်ကလေးမလေးကို ပိုလို့တောင်သနားမိသွားပါသေးတယ်။ဒါပေမဲ့ မအေလုပ်တဲ့လူကတော့  တပြားသားမှမရှော့တဲ့အပြင်`ဒီကောင်မကိုက ဒီကနေ့ဂြိုဟ်ကြွနေတာ။အချိုးကိုမပြေဘူး။
ကလေးကိုသူ သွားသွားစ.နေတာကျွန်မသိတယ်´တဲ့ အမှန်ကတော့အဲဒီကလေးအမေဘာမှ မသိပါဘူး။သူ့ရဲ့အထင်နဲ့သူဖာသာသူ ရမ်းတုတ်နေတာပေါ့ဗျာ။ အဲဒီအချိန်မှာကလေးမလေးက ဝမ်းနည်းတာရော၊နာကြင်တာရောပေါင်းပြီးရှိုက်တငင်ငင်နဲ့တရှုံ့ရှုံ့ငိုနေပါရော။ ဒီလိုငိုနေလို့သူ့အမေကသနားပြီးတော့ချော့မယ်များထင်နေရင်မှား လိ်မ့်မယ်မချော့ မယ့်အပြင် အဲဒီမိခင်က`ဟဲကောင်မ တိတ်စမ်း ကြတ်သရေကိုမရှိဘူး။ဟဲ့ ငါတိတ်
လို့ပြောနေတာမကြားဘူးလား´ဆိုပြီးနောက်တစ်ချက်ထပ်ခြလိုက်တဲ့အပြင်`နင့်ပါးစပ်ကိုပိတ်တော့ ငါပါးဆွဲ ရိုက်မိတော့မယ်´ဆိုတာက လည်းပါသေးတယ်။နောက် ကျိန်းလိုက်ဝါး လိုက်တာကလည်း`ကားပေါ်ကဆင်းရင်နင်တော့သေဖို့သာပြင်ထားတို့၊ဘာတို့ကလည်းပါသေးတယ်ဗျ။ ဘေးကကြည့်နေတဲ့ကျွန်တော်ကတော့ ကလေမလေးရဲ့အဖြစ်အပျက်အကုန်လုံးသိနေတော့ ကလေးမကိုသနားလိုက်တာဗျာ။ နောက်ကျွန်တော့်အနေနဲ့လည်းဘာမှ ဝင်ရောက်စွက်ဖက်ပြီး ကူညီလို့မှမရတဲ့ကိစ္စလည်းဖြစ်နေတော့ကျွန်တော့်ကတော့ အဲဒီသားအမိထံမှမျက်လုံး လွဲထားပြီ နေလိုက်တာအကောင်းဆုံးမို့မျက်လုံးလွဲပြီတော့သာနေလိုက်မိတယ်။ဒါပေမဲ့အတွေးတွေထဲမှာတော့ဖြင့် တစ်နေကုန်တစ်နေခမ်း မိသားစုစား ဖို့အတွက်ပိုက်ဆံရှာပေးနေတဲ့သားသမီးကိုမှမိ
ဘမေတ္တာခေါင်းပါးစွာပြုမှုနေတဲ့မိခင်ကိုလည်းဒေါသတွေ ကြိတ်ကြိတ်ပြီး ဒေါသဖြစ်နေမိတာကတော့ကျွန်တော့်စိတ်ထဲမှာလျော့မသွားခဲ့ပါဘူး။
ကျွန်တော်ဖြင့်ကလေးမလေးရဲ့မိခင်ကိုမေးချင်မိတာကဒါမိခင်မေတ္တာလားလို့။ဒီလောက်အ ထိကိုယ်ထိလက်ရောက်ဆုံးမရမယ့်အပြစ်မျိုးကျူးလွန်ခဲ့တာမျိုးလည်းမဟုတ်ပဲနဲ့ဗျာ။ဒီပုံအတိုင်းသာဆက်
သွားနေရင်ကလေးတစ်ယောက်အတွက်မလိုလားအပ်တဲ့စိတ်ခံစားမှုတွေဖြစ်လာပြီးကလေးရဲ့ဘဝရှေ့ရေး
ပျက်စီးသွားစေမှာဆိုတာကိုလည်းစိတ်မချမ်းမသာတွက်ဆမိလိုက်ပါသေးတယ်။နောက်ကားရဲ့ခြေနင်းဖက်မှာ
ငုတ်တုတ်ထိုင်ရင်းအိပ်ပျော်နေကျတဲ့ ကလေးတွေလည်း၊ဒီကောင်မလေးလိုပဲအရွယ်မတို်င်ခင် အိမ်အတွက်အလုပ်တွေလုပ်ပေးကြရဦးမယ့်ပုံလေးတွေပါပဲ။ကိုယ့်ကမကျွေးနိုင်ပဲဘာကြောင့် ကလေးတွေကိုအဲဒီလောက်မွေးထားရတာလဲ။သားဆက်ခြားအသိပညာပဲမရှိလို့လား။ လူတန်းစေ့မပြောနဲ့သေစာရှင်စာဖတ်တတ်အောင်ပင်ကိုယ့်ကလေးတွေကိုမသင်ပေးနိုင်ယုံမကမြေကြီးပေါ်လမ်းလျောက်တတ် တာနဲ့ကလေးတွေရဲ့ပုခုံးထက်မှာအလုပ်တွေချည်းဖိခိုင်း နေရတာလဲ။တစ်ချို့တွေက ရှိသေးတယ်တောင်းစားဖို့ အတွက်၊ခိုင်းစားဖို့အတွက်ကလေးတွေကိုမွေးချင်တိုင်း မွေးနေကြတာတွေကိုလည်းမမြင်ချင်မကြားချင်မှအဆုံးပါပဲ။အစကတည်းက ဒီလိုမွေးရင်ဒီလိုဘဝမျိုးရောက်မယ်ဆိုတာကြိုသိသင့်သလောက်သိနေရက်သားနဲ့ဗျာ။မိဘဆိုတဲ့ မေတ္တာတရားလေးကိုလက်ကိုင်ပြုပြီးကိုယ့်ရဲ့အဆင်မပြေတဲ့လောကထဲကိုဘာကြောင့်ဆွဲမခေါ်နိုင်ရတာလဲစသဖြင့်မေးခွန်းတွေမေးခွန်းတွေနဲ့
ရှုပ်ယှက်ခပ်လို့နေရင်းတာဝန်ယူမှုဆိုတာလူ့တန်ဖိုးဖြစ်ပြီး၊တာဝန်ယူမှုမရှိတဲ့လူဆိုတာတန်ဖိုးမရှိတဲ့လူဆိုတဲ့ ဆရာအောင်သင်းရဲ့စကားလေးကိုတွေးမိနေပါတော့တယ်။
အငွေ့
ကျွန်တော့်ဘလော့က စာမူလေးကို ပြန်လည်ကူးယူဖော်ပြပေးထားတာပါ.။

2 comments

  • etone

    September 1, 2010 at 9:27 am

    ဟုတ်တယ် အဲ့ဒီလိုမိဘတွေ ဒုနဲ့ ဒေးရှိပါတယ် ။ ပြောရမယ်ဆိုရင် အသိတရားခေါင်းပါးပြီး လူစိတ်မရှိတဲ့မိဘမျိုးလို့ပဲ ခေါင်းစဉ်တပ်ရမလားပဲ ။ နေချင်သလိုနေပြီးရလာတဲ့ကိုယ်ဝန်ကိုဖြစ်သလို ပဲမွေးခဲ့ကြပါတယ် ။ တစ်ချို့ဆိုစွန့်ပစ်တယ် ။ တစ်ချို့ကတော့ ဉာဏ်ကွန့်ပြီး မွေးကြတယ် ပြုစုတယ် တောင်းစားခိုင်းတယ် ။ နောက်ပြီးရှိသေးတယ်နော် … မွေးပြီး တောင်းစားတဲ့မိန်းမတွေကို့ အခကြေးငွေနဲ့ ငှားစားတာလည်းရှိသေးတယ် ။ မိဘကျေးဇူးမြင့်မိုရ်ဦးတွေဘာတွေ ဆိုတာ အဲ့ဒီလိုဟာမျိုးတွေနဲ့ တော့မတန်ပါဘူး ။

  • nwl

    September 10, 2010 at 4:57 am

    အင်း ဖတ်လိုက်တာနဲ့ ရင်ထဲကို စိတ်မကောင်းခြင်းတွေက တန်းပြီးဝင်လာတော့တာပဲ ။ ဒီလို မိဘမျိုးတွေလဲ ရှိတက်ပါတယ် ။

Leave a Reply