ဂွဇွတ်တောင်ပေါ်မှ မျှစ်ကြော်ပြုံး၏ စိန်ခေါ်သံ

မျှစ်ကြော် ဆယ်ကျော်သက်အရွယ်ကတည်းကနေ ဒီကနေ့ထိ  ကြွေခဲ့ရတဲ့  ကမာ္ဘကျော် အချစ်ကဗျာလေး တစ်ပုဒ်။ ရွာသူ ရွာသားတွေကိုလေ  အဲဒီကဗျာစာလုံးလေးတွေကို ဇွန်းလေးနဲ့ ခွံ့ခွံ့ ပြီး ကျွေးချင်တာရယ်။

ကဗျာကတော့ အားလုံး သိပြီးသားလို့ ထင်ပါတယ်။ How do I love you?  တဲ့။  ကဗျာဆရာမကလည်း အားလုံးသိထားပြီးသား။ Elizabeth Barrett Browning  ပါ။  အယ်လီဇဘက်သ်  ဟာ သူ့ခင်ပွန်း  ရောဘတ် ဘရောင်းနင်း ကို ဘယ်လောက်ချစ်တဲ့ အကြောင်း ဖွဲ့ဆိုထားတဲ့ ကဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ဝ ခန့်က စပ်ခဲ့တဲ့ ကဗျာ ဖြစ်လျက်နဲ့ ဒီကနေ့အထိ ခေတ်မတိမ်သေးတဲ့ ကမာ္ဘကျော်ကဗျာ။ ပြီးတော့ abstract  စစ်စစ်။ အင်္ဂလန်မှာကတော့  ဒီကဗျာကို ကျောင်းသုံးပြဌာန်းစာအုပ်ထဲ ထည့်တယ်။ မင်းသမီး ဒိုင်ယာနာ က ကျောင်းတစ်ကျောင်းကို အလည်သွားတဲ့အခါ ကလေးတွေက ဒီကဗျာလေးနဲ့ နှုတ်ဆက်တဲ့ အကြောင်းလည်း ဖတ်ခဲ့ဖူးတယ်။ ဒီတော့ နှယ်နှယ်ရရ မဟုတ်ဘူးလို့ ..

အလျင်းသင့်လို့  ကဗျာဆရာမအကြောင်း နည်းနည်းလေး ပြောပြပါရစေ။ အယ်လီဇဘက်သ် ဟာ သူ့အဖေကို အာခံပြီး  သူ့ထက် ခြောက်နှစ်ငယ်တဲ့  ရောဘတ် ဘရောင်းနင်း နဲ့ ချစ်ခဲ့ကြရာမှာ အပြန်အလှန်ရေးခဲ့တဲ့ စာပေါင်း ၅၇၄ စောင်ရှိခဲ့ပါတယ်။ ရောဘတ် ဘရောင်းနင်း ကလည်း သိတဲ့အတိုင်း နာမည်ကျော် ကဗျာဆရာ။ အယ်လီဇဘက်သ် အဖေက သဘောမတူတော့ ခိုးရာလိုက်ပြေးခဲ့ကြတယ်။ အယ်လီဇဘက်သ် ရဲ့ အဖေဟာ သေတဲ့အထိ သမီးကို စကားမပြောတော့ပါဘူး။ သိပ်ပြီး ရှေးရိုးဆန်တဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ အယ်လီဇဘက်သ် ဟာ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ရတု ကဗျာ စတာတွေထဲမှာ နစ်မြုပ်ခဲ့ပေမယ့် ဒီလောက် ခေတ်ရှေ့ပြေးတဲ့ ကဗျာကို စပ်နိုင်ခဲ့တယ်။

ကဗျာလေးကတော့ —

How do I love you? Let me count the ways.
I love you to the depth and breadth and height
My soul can reach, when feeling out of sight
For the ends of being and ideal grace.
I love you to the level of every day’s
Most quiet need, by sun and candle-light.
I love you freely, as men strive for right.
I love you purely, as they turn from praise.
I love you with the passion put to use
In my old griefs, and with my childhood’s faith.
I love you with a love I seemed to lose
With my lost saints. I love you with the breath,
Smiles, tears, of all my life; and, if God choose,
I shall but love you better after death.

ကဗျာလေးကို အထပ်ထပ် ဖတ်ကြည့်ရင် အဓိပ်ပါယ် ပေါ်လာမှာပါ။ ဒါပေမယ့်လည်း ဘာသာပြန်
မပေးရကောင်းလားလို့  ရစ်ကြမှာသိလို့ တတ်သလောက် ပြောပြပါမယ်။ ကဗျာကို ဘာလို့ 
ဘာသာမပြန်သလဲဆိုတော့ ဘယ်လိုပဲ ပြန်ပြန် မူရင်းကဗျာကို ထိခိုက်မှာ သေချာလို့ မပြန်သင့်
တာပါ။ လွယ်သလို ပြောသွားပါမယ်။ 

- မင်းကို ငါချစ်တဲ့နည်းလမ်းတွေကို ရေတွက်ပြပါရစေတဲ့။ မြန်မာလိုဆိုရင် ၅၂၈ တွေ ၁၅၀၀
 တွေကို  ပြောတာလား မသိဘူး။ ငါ့ရဲ့ ဝိဉာဉ် ခြေဆန့်နိုင်သမျှ အလျား အနံ အနက်  အဲဒီ 
ထုထည်လောက်ကို ချစ်ပါသတဲ့။ အဲဒီတော့ ကုန်ပြီပေါ့နော်။ ဘယ်သူမှ လိုက်လို့ မမီတော့ဘူး။
- နောက်တစ်ခု နည်းနည်း ရှုပ်နိုင်တာက feeling out of sight ဆိုတဲ့ စကားလုံး။ 
ရုတ်တရက်ဆို မမြင်ကွယ်ရာလို့ ထင်မိတတ်တယ်။ တကယ်က feeling incredible 
ဆိုတဲ့သဘောပါ။ အံ့ဘနန်းခံစားချက် က ဘယ်လိုလဲဆိုတော့ သေခါနီး ခံစားချက်လိုမျိုးတဲ့။
 ပြီးတော့ ideal grace ဆိုတာ မယ်တော်မာရီကို ပြောတာပါ။ ဘုရားကိုတွေ့ရတဲ့ 
ခံစားချက်မျိုး။ သိပ်ပြီး ကြည်ညိုသက်ဝင်နေတာရယ်။ 

- ငါမင်းကို ဘယ်လောက်ထိချစ်သလဲဆိုရင် to the level of every day’s 
Most quiet need, ဆိုတာ လူသားရဲ့ နေ့စဉ်လိုအပ်ချက်ဖြစ်တဲ့ ထမင်းတို့ ရေတို့ အစစ 
အကုန်လုံးပေါ့။ အနားယူမှုတွေ အိပ်စက်မှုတွေ ရှူလိုက်တဲ့လေတွေ အကုန်ပါတယ်။ အဲဒီ 
လယ်ဗယ်အတိုင်း ချစ်တာတဲ့။ တွေးကြည့်လေ။ by sun and candle-light 
 ဆိုတာကတော့ လူတိုင်းသိပါတယ်။ နေထွက်ကနေ နေဝင်ထိလို့ ပြောတာပါ။ 

- I love you freely, as men strive for right.
မင်းကို ဘယ်လောက်ထိ လွတ်လပ်စွာ ချစ်သလဲဆိုရင် လူသားတွေ လူ့အခွင့်အရေးအတွက်
 တိုက်ပွဲဝင်သလို ချစ်ပါသတဲ့။  ကဗျာဆရာမ ခေတ်မီပုံ ပြောပါတယ်။ 

- I love you purely, as they turn from praise.အဲဒါတော့ မျှစ်ကြော် 
သိပ်နားမလည်ဘူး။ တိုက်ပွဲဝင်တဲ့လူတွေဟာ အချီးကျူး မခံချင်ကြဘူး။ အဲလိုသန့်စင်တယ် 
လို့ ပြောတာထင်တာပဲ။

-  with the passion put to use
In my old griefs, and with my childhood’s faith.
ဒါကတော့ ကဗျာဆရာမ ကြံကြံဖန်ဖန်တွေးတတ်ပုံ လို့ ထင်မိတာပါပဲ။ ပြီးတော့ လှနေပြန်ရော။ 
ကလေးဘဝကဆိုရင် ဘာလေးဖြစ်ဖြစ် သိပ်ပြီး ခံစားချက် ပြင်းထန်တတ်တာ။ ဘာမဟုတ်
တာလေးကိုလည်း အပြင်းအထန် ခံစားခဲ့တာ passion လို့ သုံးထားတာနော်။  ကလေး
တစ်ယောက်ရဲ့ ယုံကြည်ချက် ဆိုတာ ဘယ်လိုပြောရမယ်မှန်းတောင် မသိ။ ကြည့်ကြက်သာ
 တွေးလိုက်ပါတော့နော်။ 

- I seemed to lose With my lost saints  ဆိုတာမှာ ပြဿနာ စကားလုံးက 
lost saint အဲဒါက ကက်သလစ်ကျောင်းမှာ ပျောက်သွားတဲ့ ရုပ်တုတွေကို ပြောတာ မဟုတ်။
 ငါယုံကြည်လေ့ ရှိခဲ့တဲ့ သူရဲကောင်းတွေဟာ နောက်ဆုံးတော့ လူသာမန်ပါပဲလို့ ။ 
ယုံကြည်ချက်ကို ပြဆိုချင်တာပါ။ ပိုသိတဲ့ လူတွေ ဖြေပေးစေလိုပါတယ်။ 

- I love you with the breath, Smiles, tears, of all my life;
ဆိုတာကတော့ ရှင်းပါတယ်။ တစ်ဘဝလုံးရဲ့ အရယ်အပြုံးတွေ အငိုအယိုတွေနဲ့ကို ချစ်သတဲ့။ 

- if God choose, I shall but love you better after death.
ဒါကလည်း ရှင်းပါတယ်။ ဘုရားရဲ့အလိုတော်အတိုင်း သေသွားရင် ပိုတောင်ချစ်ဦးမှာတဲ့။
---
မူရင်း အင်္ဂလိပ်ကဗျာလေးကို ထပ်ကြော့ပြီး ဖတ်ကြည့်ပါနော်။ အသံဘယ်လောက်သာသလဲ
 တွေ့ပါလိမ့်မယ်။ ကာရံယူပုံကလည်း ဆန်းတယ်။ နောက်ဆုံးအကြောင်းမှာ ကြည့်။

-------------------------------------------
မျှစ်ကြော်ရဲ့ ပထမလက်သီး လာပြီ။ မော်ဒန်ကဗျာဆရာတွေဟာ ကာရံမလိုဘူးလို့ စွဲကိုင်ပြောမယ်ဆိုရင်၊ အတွေးအမြင်
သာ အဓိကလို့ ပြောမယ်ဆိုရင် ကဗျာကို ဘယ်လိုပဲ ဘာသာပြန်ပြန် မူရင်းလို မကောင်းတာရယ်
မူရင်းရဲ့ အဆင့်အတန်းကို မရောက်တာရယ်ကို ဘာပြောမလဲ။ ကာရံမလိုဘူး၊ အတွေးအမြင် သို့မဟုတ် ရသသာ 
အဓိကဆိုရင် ဘာသာပြန်ကဗျာတိုင်းဟာ မူလကဗျာနဲ့ ထပ်တူထပ်မျှ ကျော်စောရမှာပေါ့။ မူလကဗျာ ကမာ္ဘကျော်ရင်
ဘာသာပြန်ကဗျာတိုင်း ကမာ္ဘကျော်ရမှာပေါ့။ ဘာသာစကားရဲ့ အသက် ကာရံ မလိုဘူးလေ။
---
 မျှစ်ကြော်ရဲ့ ဒုတိယလက်သီးလာပြီ။ မော်ဒန်သမားများအတွက်။ အထူးသဖြင့် ရွာ့ဂွစာ သူရအတွက်။ သူရက မအိရဲ့
အသံအက်သွားသော ခေါင်းလောင်းလေး ကဗျာ (အင်မတန် နာမည်ကြီးတဲ့ကဗျာ) ကို သူစိတ်မတွေ့ဘူး။ ဘာလို့လဲ
ဆိုတော့ မျက်ရည်ချူထားတာမို့တဲ့။ ရင်တွင်းအစစ်မဟုတ်ဘူးလို့ သူပြောချင်တာ။
ဒါဆို အခု ဒီကဗျာကကော။ ဒါလည်း abstract ပဲလေ။ တကယ်ရှိနေတာမှ မဟုတ်တာ။ ဘာလို့ ဒီကဗျာက အချိန်
တွေကို စားသုံးပစ်လိုက်နိုင်တာလဲ။
----
တတိယလက်သီးကတော့ ရှေးရိုးသမားတွေအတွက်။  ကဗျာဆိုတာ အသံသာမှ ဆိုပြီး မြန်မာကဗျာတွေလို ၄လုံးစပ်တို့ 
ရလုံးစပ်တို့  နဲ့ ကာရံတွေ အချိတ်အဆက်နဲ့ ထုံးမီစံကျ ဖြစ်မှ ကဗျာစစ်စစ် ဆိုတဲ့သူတွေကကော။ ဘာသာခြားနဲ့
 အင်္ဂလိပ်ကဗျာတွေမှာ ဒီလို ၄လုံးတွေ ရ လုံးတွေ မဟုတ်ဘဲ ဖြစ်နေတော့ ကဗျာ မဟုတ်တော့ဘူးလား။ ဒါကြောင့်
 ခေတ်ပေါ် ကဗျာတွေမှာ ထုံးမီစံကျ ကာရံကို မလိုက်ဘဲ ရစ်သမ် သဘောမျိုး အသံပိုလှတာကို ယူထားတာ ဘာလို့ 
လက်မခံနိုင်တာလဲ။ ထုံးမီစံကျမှ ဆိုရင် အင်္ဂလိပ်ကဗျာ တွေ အားလုံးဟာ ကဗျာ မဟုတ်တော့ဘူးပေါ့။ 
---
ပြီးပါပြီရှင့်။
မျှစ်ကြော် ရစ်လို့ ညစ်လို့ ဝပါပြီ။ 

17 comments

  • ဝင့်ပြုံးမြင့်

    November 29, 2016 at 3:02 pm

    ရန်ဖြစ်မယ် ပျော်လို့

  • Thint Aye Yeik

    November 29, 2016 at 4:48 pm

    ကဗျာလေးက ကောင်းလိုက်တာ
    မအားသေးလို့ ဒါလေးပဲ ပြောထားအုန်းမယ်နော့
    :k:

    • ဝင့်ပြုံးမြင့်

      November 29, 2016 at 11:40 pm

      စီဘီ ထဲမှာ ရန်ဖြစ်ရတာ မဝသေးဘူး။ ဒီထဲလည်း ရန်လာဖြစ်မယ်။ မြန်မြန် ပြန်လာ။

  • kai

    November 29, 2016 at 7:02 pm

    ကျုပ်မူလသဘောကတော့… ကဗျာ..
    ဖြစ်ချင်တာဖြစ်..
    ဖတ်ကောင်းရင်ပြီးတာပဲလို့.. ယူဆတယ်.. ထင်တယ်..။
    ဒါပေမယ့်…
    ကဗျာမှာ.. စည်းကမ်းလေးတွေထားတော့လည်း.. လိုက်နာတော့လည်း.. အလုပ်တခုဖြစ်တာပေါ့..။
    ခက်ခဲလေ.. စည်းကမ်းများလေ.. အလုပ်ပိုရှုပ်လေ.. တခုခုပိုကျန်ရစ်ဖြစ်လေ… မဟုတ်လား..။
    လူမျိုးခြားတွေက.. မြန်မာကဗျာတွေရဲ့.. သမိုင်း.. စည်းကမ်း.. ကာရံ.. နရီ စည်းချက်ညီ.. စတာတွေဖတ်ကြည့်ပြီး.. သိရင်.. အော်.. အင်း.. အို.. ဟယ်.. ဖြစ်ရတာပေါ့..။

    အလုပ်တခု.. ပညာရပ်တခု.. အပြစ်မရှိစကောင်း..။ :k:

    • ဝင့်ပြုံးမြင့်

      November 29, 2016 at 11:20 pm

      အနုပညာပစ္စည်း တစ်ခုရဲ့ တန်ဖိုးဟာ အချိန်သက်တမ်း ဘယ်လောက်ခံသလဲဆိုတဲ့ပေါ် မူတည်တာပါ။ timeless ပေါ့လေ။ အဲဒါဖြစ်ဖို့ မလွယ်ဘူး။ စာပဲဖြစ်ဖြစ် ကဗျာပဲ ဖြစ်ဖြစ် ။ အများကြီး ဖတ်လို့ကို မကုန်နိုင်ဘူး။ ဒါပေမယ့် တကယ်တမ်း timeless ဖြစ်တာကတော့ နည်းနည်းလေးရယ်။ အနုပညာဆိုတာ စုတုပြု မဟုတ်တော့ဘူး။ ဒါကြောင့် ကာရံတွေ လွှတ်သင့်တာ လွှတ်မှ နည်းလမ်းကျမယ်လို့ ထင်ပါတယ်။ ကောင်းတယ် မကောင်းဘူး ဆိုတာ ညာလို့ကို မရဘူး။ အထူးသဖြင့် ဒီခေတ်မှာ။

  • aye.kk

    November 29, 2016 at 8:07 pm

    အင်္ဂလိတ်ကဗျာတွေက
    စာလုံးတစ်လုံးရဲ ့အဓိပါယ်ဟာ-
    (ဂူတစ်လုံးဘုရားတစ်ဆူ)လို့
    တန်ဘိုးအနက်ဖွင့်ဆိုနိုင်ရလောက်အောင်
    ကျစ်လစ်ထိမိတဲ့စာသားလှလှတွေနဲ ့ဆင်နိုင်တာကိုဘဲ
    ကဗျာဆိုပြီးတန်းဝင်သွားတာများလား?
    ကိုယ့်အမြင်ပြောပြကြည့်တာပါ…..မျစ်။

    • ဝင့်ပြုံးမြင့်

      November 29, 2016 at 11:22 pm

      ရင်တွင်းခံစားချက် အဓိက လို့ ထင်မိတာပါပဲ အမရေ

    • ဝင့်ပြုံးမြင့်

      December 13, 2016 at 2:49 pm

      လေးပေါက် ကောင်းကောင်းသိပါတယ်

  • ဇီဇီ

    December 6, 2016 at 10:05 am

    ကဗျာ တို့ စကားပြေတို့ ဆောင်းပါးတို့ ဝတ္ထုတို့ စာစုတို့ ရင်တွင်းဖြစ်တို့ ဘာညာတို့ ဆိုတာ သတ်မှတ်ချက်တစ်ခုအနေနဲ့ ပဲ လို့မြင်တာပဲ။
    စိတ်ထဲရှိတာ ချရေးပြီး ဖတ်လို့ ကောင်းရင် ပြီးတာပဲလို့ သတ်မှတ်ထားသူမို့ ကျန်တာဘာမှ သိပ်မသိဘူးရယ်။

    :k:

    • ဝင့်ပြုံးမြင့်

      December 13, 2016 at 2:56 pm

      လူတိုင်းမှာ စကားလုံးတွေ ရှိနေတာပဲ။ လူတိုင်းရဲ့ စကားလုံးတွေဟာ ချရေးဖို့ အခွင့်အရေးရှိတာနဲ့ အနုပညာတန်ဖိုး ဖြစ်သွား တာ မဟုတ်ဘူးလေ။ ခံစားချက်ရယ် ပုံသဏ္ဍန်ဖွဲ့လိုက်မှုရယ် ထူးခြားတဲ့ ဦးနှောက်ရယ် ပေါင်းမှ တန်ဖိုးတစ်ခု ရှိသွားတာ ဆိုတော့လေ ။ကမာ္ဘကျော်ဖြစ်ဖို့ ဆိုတာ မတော်ဘဲနဲ့ ရကို မရဘူး။ ကွန်မင့်အတွက် ကျေးကျေးပါ ဇီဇီရေ

  • သျှားသက်မာန်

    December 6, 2016 at 3:55 pm

    ကောင်းချက်က 9 ရှိတယ်..နောက်လည်းအဲလိုတင်ပေးပါဦး။အင်္ဂလိပ်စာတိုးတက်တာပေါ့။

    • ဝင့်ပြုံးမြင့်

      December 13, 2016 at 3:11 pm

      ငါ့ညီမ ကြိုက်တယ်ဆိုလို့ ကျေးဇူး။ လမ်းတွေ့ရင် မွှေးမွှေးပေးပါမယ်။

    • ဝင့်ပြုံးမြင့်

      December 13, 2016 at 3:13 pm

      ဦးကြီးမိုက်ရေ သဘောကျတယ်ဆိုလို့ နောက်ထပ် ကမာ္ဘကျော် ကဗျာတွေ တင်ပေးပါဦးမယ်။

  • CharTooLan

    December 26, 2016 at 11:45 am

    I love you freely, as men strive for right.
    I love you purely, as they turn from praise.
    ကျနော်လဲ အဲ့ဒီလိုချစ်ပါတယ်

    • ဝင့်ပြုံးမြင့်

      December 26, 2016 at 12:21 pm

      တစ်ပုဒ်လုံး အလွတ်ကျက်နော် ညီမ။ ငပိရည်ထဲမှာပဲ ပျော်မနေနဲ့။ ကိုယ်မစားဘူးတဲ့ ကာဗီယာတွေ ဘာဘာညာညာ တွေ ရှိတယ်။ လူ့ဘဝ စိတ်ခံစားချက်ရဲ့ အမြင့်ဆုံး ဆိုတာကို သိလိုက် ခံစားဖူးလိုက်မှ လူဖြစ်ရကျိုး နပ်တာ။ ဘဝဆိုတာ ဒါပဲ မဟုတ်လား။

Leave a Reply