Norway နိုင်ငံ၏ ရင်သပ်ရှုမောဖွယ်အကောင်းဆုံး လည်ပတ်စရာများ

Mon LayDecember 1, 20165min702

ကမ္ဘာ့မြောက်ဖက်ခြမ်းက အလင်းရောင်တွေနဲ့ သန်းခေါင်ချိန်မှာ နေကိုမြင်နိုင်တဲ့ဒေသ၊ အံ့ဩဖွယ်ရေလက်ကြား၊ ရေခဲမြစ်တွေနဲ့ ချစ်စဖွယ် ကမ်းရိုးတန်း ရွာလေးတွေ၊ ခမ်းနားတဲ့ မြို့ပြတွေကြောင့် Norway နိုင်ငံဟာ ကမ္ဘာ့မြေပုံပေါ်မှာ ထူးခြားတောက်ပနေပါတယ်။

Norway နိုင်ငံကတော့ ဥရောပတိုက်ရဲ့ရင်သပ်ရှုမောဖွယ်အကောင်းဆုံး လည်စရာ နိုင်ငံလေးတစ်ခုပါ။ ဥရောပတိုက်မြောက်ဖက်စွန်းက ရှည်လျားကျဉ်းမြောင်းတဲ့ နိုင်ငံလေးဖြစ်ပါတယ်။အမြဲတမ်းအံ့ဩထူးဆန်းဖွယ်ရာတွေရှိနေတတ်ပါတယ်။ပင်လယ်ဓါးပြတွေရှိခဲ့တဲ့ နိုင်ငံလည်းဖြစ်လို့ဒဏ္ဏာရီဆန်ဆန်သူရဲကောင်းပုံပြင် တွေရှိတဲ့ နိုင်ငံဖြစ်သလိုကမ္ဘာ့အထူးခြားဆုံး မြေမျက်နှာသွင်ပြင်ကိုပိုင်ဆိုင်ထားရာ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။

ဒီလို ရေလက်ကြားတွေအများကြီးရှိတဲ့ နိုင်ငံမျိုး ဘယ်နေရာမှာမှ မရှိပါဘူး။ Norway ကမ်းရိုးတန်းဆိုတာလည်း ရှည်လျားပြီးတော့ နက်ရှိုင်းတဲ့ပင်လယ်အော်တွေ၊ကျွန်းတွေနဲ့ မြစ်လက်တက်တွေနဲ့ဖွဲ့စည်းထားပါတယ်။ကုန်းပေါ်မှာဆိုရင်လည်းဥရောပတိုက်ရဲ့အမြင့်ဆုံး တောင်တန်းကြီးတွေ၊အကြီးမားဆုံးရေခဲမြစ်တွေ၊အနိမ့်ဆုံးတောင်ကြားတွေနဲ့အနက်ဆုံးတောအုပ်ကြီးတွေကို တွေ့မြင်နိုင်ပါတယ်။ မြောက်အမေရိက သမင်ကြီးတွေ၊ မြေခွေးတွေနဲ့ မျောက်ဝံကြီးတွေ ကျက်စားရာဒေသဆိုလည်း မမှားပါဘူး။ Norway မြောက်ဖျား အာတိတ်ဒေသမှာဆိုရင်ဦးချိုအကြီးကြီးတွေနဲ့ ရေခဲပြင်သမင်တွေရှိပါတယ်။ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ထဲမှာတော့ ဝေလငါးတွေနဲ့ ဖျံတွေကိုတွေ့ရပါတယ်။

အံ့ဖွယ်သမိုင်းတွေနဲ့ သဘာဝရှုခင်းတွေက သွားလည်ဖို့အကြောင်းပြချက်အနေနဲ့ မလုံလောက်သေးဘူးဆိုရင် Norway ရဲ့မြို့တွေရှိပါသေးတယ်။ Trondheim နဲ့ Bergen လိုနေရာတွေ၊ Olso နဲ့ Alesund လိုနေရာတွေက သူတို့ရဲ့ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေ၊ လမ်းတွေ၊ ကမ္ဘာ့အဆင့်မီဈေးဝယ်စင်တာ တွေနဲ့ ဆွဲဆောင်နေပါလိမ့်မယ်။

Norway မှာရှိတဲ့အရာတိုင်းက မိတ်ဆွေတို့အတွက် အမှတ်တရခရီးလေးဖြစ်အောင် ဖန်တီးပေးမှာပါ။ အခုဖော်ပြပေးမယ့် Norway နိုင်ငံရဲ့ ပုံတွေကိုကြည့်ပြီးတော့လည်း ကျေနပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

  1. Lofoten ကျွန်းစုပေါ်က ရှုခင်းလှပတဲ့ရွာတွေထဲကတစ်ခုဖြစ်တဲ့ Reine ကျေးရွာ60086_700x
  2. အာတိတ်ဒေသက တစ်ခုတည်းသောအိမ်လေး60087_700x
  3. Norway အနောက်ပိုင်းက ရေစီးသန်တဲ့မြစ်Rapid-flowing river in Western Norway
  4. UNESCO က ကမ္ဘာ့အမွေအနှစ်တွေရှိတဲ့နေရာတစ်ခုအဖြစ် အသိအမှတ်ပြုထားတဲ့ Bergen မြို့က BryggenBryggen in Bergen is a UNESCO World Heritage Site
  5. အနောက်ဘက် Norway တောင်တန်းတွေပေါ်က သစ်သားအိမ်လေးတွေcabins-in-the-western-norwegian-mountains
  6. Lofotenကျွန်းစုပေါ်ကသဲဖြူကမ်းခြေ
    White beach on the Lofoten Islands
  7. Norway အာတိတ်ဒေသက အသေးစားငါးဖမ်းလုပ်ငန်းTiny fishing community in Arctic Norway
  8. Goat cheese ကြောင့်လူသိများလာတဲ့ Flam ရွာFlam is renowned for its goat cheese
  9. Hammerfest ဆိပ်ကမ်းမှာ ကမ်းကပ်တဲ့ Hurtigurten သင်္ဘောOne of the Hurtigruten ships docked in the harbour of Hammerfest
  10. ဓါတ်ပုံရိုက်လို့အလှဆုံး Lofoten ကျွန်းတွေကိုဆက်ထားတဲ့ တံတားများIconic and photogenic bridges connect the Lofoten Islands
  11. Trondheim မြို့က ပင်လယ်ဘက်ကိုမျက်နှာမူပြီး ဆောက်ထားတဲ့ ရောင်စုံသစ်သား အဆောက်အဦများBeautifully coloured wooden buildings line the waterfront in Trondheim
  12. Lofoten ကျွန်းစုပေါ်က နောက်ထပ်လှပတဲ့ရွာတစ်ရွာဖြစ်တဲ့ Hamnoy ကျေးရွာHamnoy is yet another gorgeous village on the Lofoten Islands
  13. Norway နိုင်ငံရဲ့ အကျော်ကြားဆုံး Geirangerfjord ပင်လယ်ရေလက်ကြားThe Geirangerfjord is arguably Norway’s most famous fjord
  14. Norway ရှေးဟောင်းဗိသုကာလက်ရာရဲ့ အကောင်းဆုံးဥပမာအဖြစ်ပြနိုင်တဲ့ Stave ဘုရားကျောင်းများstave-churches-are-fantastic-examples-of-ancient-norwegian-architecture
  15. Lofoten ကျွန်းပေါ်က Sakrisoy ကျေးရွာကိုဝိုင်းရံထားတဲ့ ကြည်လင်နေတဲ့ရေတွေcrystal-clear-waters-surround-the-village-of-sakrisoy-lofoten-islands
  16. Norway မြောက်ပိုင်းဒေသ နှင်းတွေကြားကနေ သန်းခေါင်ချိန်မှာမြင်ရတဲ့ နေရောင်The midnight sun brightens a snowy landscape in Northern Norway
  17. Solvaer က လှေတွေနဲ့ အိမ်တွေကို သေးငယ်သွားစေတဲ့ မတ်စောက်တဲ့ တောင်ကမ်းပါးရံတွေSheer cliffs dwarf the boat houses in Svolvaer
  18. Norway နိုင်ငံက ရင်သပ်ရှုမောဖွယ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ Trollstigen ခေါ် Troll’s LadderThe Trollstigen, or Troll’s Ladder, is one of the most breathtaking roads in Norway
  19. ဥရောပတိုက်ရဲ့ ကားသွားနိုင်တဲ့မြောက်ဘက်စွန်းနေရာဖြစ်တဲ့ မြောက်ပိုင်းအငူThe North Cape, Europe’s northernmost car-accessible point
  20. Svolvaer က ဓါတ်ပုံရိုက်လို့လှတဲ ဘုရားကျောင်းPhotogenic church in Svolvaer

 

Refrence : www.tripzilla.com
Image Credit : www.tripzilla.com

2 comments

  • Thint Aye Yeik

    December 7, 2016 at 3:31 pm

    အဲဒီ နိုင်ငံမှာ…
    ကျနော် ချစ်ခင်တွယ်တာမိတဲ့ မြန်မာ အနုပညာသမားတစ်ယောက် နေထိုင်လျက် ရှိတယ်။
    အဲဒီ အနုပညာရှင်ဟာ ပန်းချီ ပန်းပု ပြဇာတ် ကဗျာ ဝတ္ထု… စသည်ဖြင့် ဘက်စုံ ထူးချွန်တဲ့ ဖန်တီးနိုင်စွမ်း ကြီးသူလည်း ဖြစ်တယ်။
    သူဟာ… မြန်မာ့ဂဇက် ရွာသားတစ်ယောက်လည်း ဖြစ်နေသေးတယ်။
    သူ ဘယ်သူလဲ သိလား.. မွန်လေး

    ကျနော်သာ သွားဖြစ်ရင် သူ့ဆီ သွားလည်မှာပဲ။
    😆

Leave a Reply