၂၀၁၆ ခုနှစ်မှာ လည်ပတ်သင့်တဲ့ အာရှက အလှဆုံး ကျွန်း ၁၅ ခု

Mon LayDecember 1, 20164min872

ကြည်လဲ့လဲ့ရေ၊ ဖြူလွလွသဲသောင်ပြင်၊ အုန်းပင်နဲ ့တောင်ကုန်းစိမ်းတွေ၊ ရေလှိုင်းစီးတဲ့နေရာတွေနဲ ့အံ့ဩဖို ့ကောင်းတဲ့ ရေအောက်ကမာ္ဘတွေရှိနေတဲ့ အာရှတိုက်က လှပတဲ့ကျွန်းတွေကို နတ်ပြည်နဲ ့တောင် တင်စားနိုင်ပါတယ်။ အနားယူဖို ့နဲ ့မြို ့ပြရဲ ့ရှုပ်ထွေးမှုတွေက ရုန်းထွက်ချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အာရှတိုက်က အလှဆုံး ကျွန်း ၁၅ ကျွန်းကို သွားဖို ့တိုုက်တွန်းချင်ပါတယ်။

ဆီမီလန် ကျွန်း၊ ထိုင်းနိုင်ငံ (Similan Islands, Thailand)

ကျွန်းစု ၉ ခုနဲ ့ဖွဲ ့စည်းထားတဲ့ ထိုင်းနိုင်ငံ အနောက်ဘက်ကမ်းက အန်ဒမန် ပင်လယ်ထဲမှာရှိတဲ့ သာယာလှပတဲ့ ဆီမီလန်ကျွန်းကို ထိုင်းအစိုးရက ကာကွယ်စောင့်ရှောက်ထားပါတယ်။ ကြည်လင်နေတဲ့ ရေကတော့ ရေငုပ်သမားတွေနဲ ့ရေအောက်ရှုခင်းကြည့်သူတွေရဲ ့အကြိုက်ဖြစ်စေမှာပါ။ ရေအောက်မှာ မီတာ ၂ဝ ကနေ မီတာ ၃ဝ ထိ ပြတ်ပြတ်သားသားမြင်နိုင်ပြီး ပူနွေးတဲ့ ရာသီဥတုကလည်း ရေအောက်က သနာ္တကျောက်တန်းတွေနဲ ့ကျောက်တုံးတွေ၊ အပူပို်င်းဒေသငါးတွေကို စိတ်ကြိုက်ကြည့်ရှုနိုင်အောင် ဖန်တီးထားသလို ပါပဲ။

ပုံပုံကျွန်း၊ မလေးရှားနိုင်ငံ (Pom Pom Island, Malaysia)

မလေးရှားနိုင်ငံ အရှေ့ဘက်ကမ်း ဆမ်ပေါ်နာကျွန်းစုမှာတည်ရှိတဲ့ ပုံပုံကျွန်းက သေးငယ်ပြီး ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားပါတယ်။ သဲဖြူဖြူကမ်းခြေမှာ ညစ်ညမ်းမှုဆိုတာ မရှိသလောက်ကို နည်းပါးပြီး ငါးဖမ်းတံငါသည်ကလည်း အနည်းငယ်ပဲရှိပါတယ်။ ဒါ့အပြင် တည်းခိုဆောင်တွေကလွဲရင် ကျွန်းပေါ်မှာ ရွာလည်းတစ်ရွာမှ မရှိပါဘူး။ စိမ်းပြာပြာရေ ပတ်လည်ဝိုင်းနေတဲ့ ကျွန်းပတ်ဝန်းကျင်မှာတော့ အလွန်လှပတဲ့ သနာ္တကျောက်တန်းတွေနဲ ့ငါးမျိုးစိတ်အများအပြားတွေ ့နိုင်ပါတယ်။ ပင်လယ်လိပ်အကြီးကြီးတွေ ကျွန်းပေါ်မှာတွေ ့ရတာကလည်း အံ့ဩစရာမဟုတ်ပါဘူး။ ဘာလို ့လဲဆိုတော့ သူတို ့က ကျွန်းကို သားဖောက်ဖို ့အတွက် လာတတ်ကြလို ့ပါ။

main

မက်ကလီယော့ဒ်ကျွန်း၊ မြန်မာနိုင်ငံ

မြန်မာ့ကမ်းရိုးတန်းအလွန် မာဂူအီကျွန်းစုမှာတည်ရှိနေတဲ့ မက်ကလီယော့ဒ်ကျွန်းကတော့ သဘာဝအတိုင်း ရိုးရိုးရှင်းရှင်းလှပပြီး ဆိတ်ငြိမ်တဲ့ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ကျွန်းပေါ်မှာတော့ တည်းခိုဖို ့နေရာ မြန်မာအန်ဒမန်တည်းခိုစခန်း တစ်ခုပဲရှိပြီး ရိုးရိုးရှင်းရှင်းနဲ ့ကျေးလက်ဆန်ဆန် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းအောင် တည်ဆောက်ထားတာကိုတွေ ့နိုင်ပါတယ်။ မက်ကလီယော့ဒ်ကျွန်းကတော့ သဘာဝအတိုင်း တည်ငြိမ်မှုကို လိုလားတဲ့လူတွေနဲ ့သင့်လျော်ပါတယ်။ လူအရောက်အပေါက်နည်းတဲ့ ဒီကျွန်းမှာတော့ သက်တမ်းရင့် ကမ်းခြေနဲ ့အံအားသင့်စရာ ရေငုပ်ဖို ့နေရာတွေ၊ မူလအတိုင်းမပျက်မစီးရှိနေတဲ့ သဘာဝပတ်ဝန်းကျင်တွေက အသင့်စောင့်ကြိုနေပါတယ်။

macleod+island+beach+in+Myanmar

ခိုရွန်ကျွန်း၊ ကမော္ဘဒီးယားနိုင်ငံ (Koh Rong, Cambodia)

ဖွံဖြိုးမှု နည်းပါးပေမယ့် မပျက်စီးသေးတဲ့ သဘာဝပတ်ဝန်းကျင်၊ ကျေးလက် တည်းခိုစခန်းတွေ အပြင် သောင်ဖြူဖြူ ကမ်းခြေ ၂၃ ခု နဲ ့စုဖွဲ ့ထားတဲ့ ခိုရွန်ကျွန်းက အာရှတိုက်ရဲ ့အလှဆုံးကျွန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကမော္ဘဒီးယားနိုင်ငံ ဆီဟန်နော့ဗီးလ်ကနေ တစ်နာရီပဲ ဝေးတဲ ့ခိုရွန်ကျွန်းပေါ်မှာတော့ ကားလမ်းတွေမရှိတဲ့အပြင် ညဘက်တွေမှာလည်း လျှပ်စစ်မီးကို အကန် ့အသတ်နဲ ့ပဲရနိုင်ပါတယ်။ ကြယ်ရောင်နဲ ့တောက်ပနေတဲ့ ကောင်းကင်အောက်က ပင်လယ်ပြင်မှာ တခါတလေ မီးစုန်းဓါတ်ကြောင့် အလင်းလွှတ်ပေးတဲ့ ရေသတ္တဝါလေးတွေကိုလည်း တွေ ့နိုင်မှာဖြစ်ပါတယ်။ အသက်ရှူမှားလောက်အောင်လှတဲ့ သနာ္တကျောက်တန်းတွေနဲ ့ထူးဆန်းတဲ့ ငါးမျိုးစိတ်တွေကလည်း ကျွန်းတစ်ဝိုက်မှာ ရှိနေတတ်ပါတယ်။

Beautiful Cambodia - Islands - Koh Rong 2

ကတ်ဘ ကျွန်း၊ ဗီယက်နမ်နိုင်ငံ (Cat Ba Island, Vietnam)

ဗီယက်နမ်နိုင်ငံမြောက်ဘက်ပိုင်းမှာ ရှိတဲ့ ကတ်ဘ အမျိုးသားဥယျာဉ်ကတော့ ယူနက်စကို ကမာ္ဘ ့အမွေအနှစ်တစ်ခုဖြစ်တဲ့ ဟာလွန်ပင်လယ်အော်တည်ရှိရာ နေရာဖြစ်ပါတယ်။ ဥယျာဉ်ထဲမှာတော့ ကတ်ဘ ကျွန်းက အကြီးဆုံးဖြစ်ပြီး မြို ့ပေါ်မှာလည်း ကာရာအိုကေဘားဆိုင်တွေ ရှိလို ့အားလပ်ရက်အပြင်ထွက်တဲ့ ဗီယက်နမ်လူမျိုးတွေနဲ ့စည်ကားနေတတ်ပါတယ်။

မြို ့ထဲကနေအပြင်ဘက်နည်းနည်းထွက်လိုက်မယ်ဆိုရင်ပဲ ရွှေရောင်ကမ်းခြေတွေ အပျော်စီးလှေတွေ ထူထပ်တဲ့တောအုပ်တွေ နဲ ့စိမ်းလန်းတဲ့တောင်တွေကို တွေ ့နိုင်မှာဖြစ်ပြီးတော့ ကတ်ဘ အမျိုးသားဥယျာဉ်ကို လာလည်တဲ့ ဧည့်သည်တွေအနေနဲ ့ ရှုခင်းကောင်းတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

Cat-ba-island-vietnam-travel

ကိုမိုဒိုကျွန်း၊ အင်ဒိုနီးရှားနိုင်ငံ (Komodo, Indonesia)

နဂါးတွေအပြင်မှာမရှိဘူးလို ့ထင်ပါသလား။ ဒါဆိုရင်တော့ ပြန်စဉ်းစားဖို ့လိုပါပြီ။ ကိုဒိုမို အမျိုးသားဥယျာဉ်ထဲမှာ ရှားပါးမျိုးစိတ်ဖြစ်တဲ့ ကိုဒိုမိုနဂါးတွေကို တွေ ့နိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်က ဖလောရက်စ်ကျွန်းနဲ ့ဆမ်ဘာဝကျွန်းကြားမှာရှိနေတဲ့ ကိုမိုဒိုကျွန်းကတော့ တိတ်ဆိတ်ပြီး ဂျူရပ်ဆစ်ပတ်ခ် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေပုံစံ သဘာဝအတိုင်းရှိတဲ့ အမျိုးသားဥယျာဉ်ပဲဖြစ်ပါတယ်။ ဒီကျွန်းကို ကိုမိုဒို ဧရာမပုတ်သင်ကြီးတွေ တင်မကပဲ  သဘာဝကို ချစ်မြတ်နိုးတတ်သူတွေအတွက် တောင်တက်ဖို ့တောင်တွေ၊ သနာ္တကျောက်တန်းတွေနဲ ့ရေငုပ်ဖို ့နေရာတွေကြောင့်လည်း လူသိများပါတယ်။

indonesia-komodo_886

ပါလာဝမ်ကျွန်း၊ ဖိလစ်ပိုင်နိုင်ငံ (Palawan, The Philippines)

ဖိလစ်ပိုင်နိုင်ငံက ပါလာဝမ်ကျွန်းကတော့ ရဲရင့်တဲ့ခရီးသွားတွေနဲ ့သဘာဝကိုချစ်မြတ်နိုးသူတွေကို စိမ်းလန်းတဲ့သစ်တောနဲ ့သက်တမ်းရင့်ကမ်းခြေတွေ၊ အယ်လ်နီဒိုနဲ ့ကိုရွန် တို ့နဲ ့ဆွဲဆောင်နေပါတယ်။ အယ်လ်နီဒိုကတော့ တစ်ကမာ္ဘလုံးမှာ အလှဆုံးစာရင်းဝင်တဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး ရေငုပ်သူတွေ ရေအောက်ရှုခင်း ကြည့်သူတွေအကြိုက် ကြည်လဲ့တဲ့ရေပြင်နဲ ့ သောင်ပြင်ဖြူဖြူကမ်းခြေတွေ ထုံးကျောက်တွေ ကြောင့် နာမည်ကြီးပါတယ်။ ကိုရွန်ကတော့ ရေငုပ်ပြီး သဘောင်္ပျက်တွေထဲ ဝင်ရောက်လေ့လာနိုင်တဲ့အတွက် နာမည်ကြီးပါတယ်။ တစ်ချိန်က ဂျပန်ရေတပ်ပိုင် သဘောင်္တွေ ဒီကျွန်းနားမှာ အများအပြား နစ်မြုပ်ခဲ့ဖူးပါတယ်။

Palawan-Island-Philippines-Pictures

ပါဟန်တီယန်ကျွန်း၊ မလေးရှားနိုင်ငံ (Perhentian Islands, Malaysia)

မလေးရှားအရှေ့ဘက်ကမ်းရိုးတန်းအလွန်မှာရှိတဲ့ ပါဟန်တီယန်ကျွန်းကတော့ အေးအေးလူလူရှိတဲ့ ကျွန်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒီကျွန်းကတော့ ခြေဗလာနဲ ့အနားယူရင်း ရှိရှားသောက်ဖို ့အကောင်းဆုံးနေရာတစ်ခုပါ။ တစ်ဖက်မှာလည်း သီချင်းဖွင့်ထားပြီး ကော့တေးလ်တစ်ခွက်နဲ ့နေဝင်ဆည်းဆာကို ကြည့်ရှုခံစားနိုင်ပါသေးတယ်။ ဒီကျွန်းမှာ အငူတွေ၊ လှပပြီးသဲထူထပ်တဲ့ ကမ်းခြေတွေအပြင် ရေငုပ်ပြီး ရေအောက်ရှုခင်းကြည့်နိုင်ဖို ့ရေကြည်ကြည်လည်း ရှိနေပါတယ်။

71

စီဘူးကျွန်း၊ ဖိလစ်ပိုင်နိုင်ငံ (Cebu Island, The Philippines)

ဖိလစ်ပိုင်နိုင်ငံ ဗီဆာရာဒေသမှာရှိတဲ့ စီဘူးကျွန်းက ကျဉ်းမြောင်းပြီးသွယ်တန်းတဲ ့ကျွန်းတစ်ခုဖြစ်ပြီး ကုန်းမြင့်တွေပေါ်ကနေ ကျွန်းပေါ်မှာရှိတဲ့ တောင်တန်းတွေ၊ ပင်လယ်တွေအပြင် ကျွန်းကိုဝန်းရံနေတဲ့ ကျွန်းငယ်လေး ၁၆ရ ခုကိုပါ မြင်နိုင်မှာဖြစ်ပါတယ်။ မာလာပါစကူရာ၊ ဘာဒီယန်နဲ ့ကာမိုတက်စ်တို ့လို ဧည့်သည်များတဲ့နေရာတွေမှာ အပျံစား အပန်းဖြေစခန်းတွေရှိသလို မိုအယ်လ်ဘယ် လို မြောက်ဘက်နဲ ့တောင်ဘက်က တံငါရွာလေးတွေမှာတော့ စွန် ့စားချင်တဲ့လူတွေ သဘာဝကို ခံစားချင်တဲ့ လူတွေအတွက် သာမန် တည်းခိုစခန်းတွေရှိပါတယ်။

129108-Cebu

ဟက်ဗ်လော့ခ်ကျွန်း၊ အန်ဒမန်ကျွန်းစု၊ အိနိ္ဒယနိုင်ငံ (Havelock Island, Andaman Islands, India)

ဟက်ဗ်လော့ခ်ကျွန်းက နာမည်သိပ်မကြီးပေမယ့် အိနိ္ဒယနိုင်ငံ အန်ဒမန်ကျွန်းတွေထဲမှာတော့ လှပတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းက ဆွဲဆောင်မှုရှိပြီး ကျေးလက်အတွေ ့ကြုံနဲ ့အေးအေးချမ်းချမ်းအနားယူချင်တဲ့ ခရီးသွားတွေအတွက် နေရာကောင်းတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဒီကျွန်းပေါ်မှာ တည်းခိုစခန်းတွေမျာများပြားပြားမရှိတဲ့အပြင် သယ်ယူပို ့ဆောင်ရေးစနစ်ကလည်း သွားလာလို ့ရတဲ့အဆင့်ပဲရှိပါတယ်။ ဒါပေမယ့် ကျွန်းပေါ်မှာ အတွေ ့အကြုံကောင်းတွေနဲ ့လှပတဲ့ရှုခင်းတွေ တွေ ့ဖို ့ကိုတော့ အာမခံထားပါတယ်။havelock-island_05

အာခါဂျီမာကျွန်း၊ ဂျပန်နိုင်ငံ (Akajima, Japan)

အာခါဂျီမာ ဒါမှမဟုတ် အာခါကျွန်းက ဂျပန်နိုင်ငံ အိုကီနာဝါမြို ့မှာရှိတဲ့ ခီရာမာကျွန်းတွေထဲက ကျွန်းငယ်လေးတစ်ခုဖြစ်ပါတယ်။ နွေရာသီရောက်ရင် ဂျပန်နိုင်ငံသား ခရီးသွားတွေကြားမှာ ရေပန်းစားလေ့ရှိပြီး နိုင်ငံခြားသားခရီးသွားတွေထဲမှာတော့ ဒီကျွန်းအကြောင်းသိတဲ့လူ နည်းပါတယ်။ ခရီးသွားများတဲ့ရာသီတွေမှာတောင်မှ အာခါဂျီမာကျွန်းက သန် ့ရှင်းတဲ့ကမ်းခြေတွေ၊ ရေလှိုင်းစီးသူတွေ၊ ဖော်ရွေတဲ့ ဒေသခံတွေ နဲ ့ဆွဲဆောင်မှုကို ထိန်းထားနိုင်ပါတယ်။ ကမ်းအဝေးမှာတော့ ကယပ် လှေလှော်တာပဲဖြစ်ဖြစ် ရေအောက်ရှုခင်းကြည့်တာပဲဖြစ်ဖြစ် အပူပိုင်းရေသတ္တဝါတွေကိုလေ့လာဖို ့ရေငုပ်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ကုန်းပေါ်မှာတော့ ရူခုယွမ် အမွေအနှစ် အိမ်တော်ကို သွားရောက်လေ့လာနီုင်ပါတယ်။

maxresdefault

ဂျယ်ဂျူ ကျွန်း၊ တောင်ကိုရီးယားနိုင်ငံ (Jeju Island, South Korea)

တောင်ကိုရီးယားနိုင်ငံက ဟာဝိုင်ယီကျွန်းလို ့တင်စားခံထားရတဲ့ ဂျယ်ဂျူကျွန်းကတော့ တောင်ကိုရီးယားခရီးသည်တွေနဲ ့ဟန်းနီးမွန်းထွက်တဲ့လူတွေရဲ ့အကြိုက်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ဂျယ်ဂျူဒေသမှာရှိတဲ့ အီဟိုကမ်းခြေ မှာတော့ မီးခိုးရောင်နဲ ့အဝါရောင်ရောနေတဲ့ သောင်ပြင်ကိုတွေ ့နိုင်ပါတယ်။ ကမ်းခြေမှာ ရေကလည်း တိမ်တဲ့အတွက် ရေကူးလို ့လည်း အဆင်ပြေပါတယ်။ ဂျယ်ဂျူမြို ့ထဲမှာတော့ လျှှောက်ကြည့်စရာတွေအများအပြားရှိပြီး ဘားဆိုင်တွေမှာလည်း ဘီယာသောက်နိုင်ပါတယ်။

jeju3

ရာဂျာအန်ပတ်ကျွန်း၊ အင်ဒိုနီးရှားနိုင်ငံ (Raja Ampat, Indonesia)

အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက် ပါပူးရားမှာရှိတဲ့ ရှင်ဘုရင်လေးပါးကျွန်း လို ့လည်း သိကြတဲ့ ရာဂျာအန်ပတ်မှာ မှင်သက်ဖို ့ကောင်းတဲ့ ကျွန်းပုံစံအမျိုးမျိုးတွေ ့နိုင်ပါတယ်။  ဒီကျွန်းတွေက ကမာ္ဘ ့အကောင်းဆုံး ရေငုပ်ဖို ့နေရာတွေထဲမှာလည်း ပါဝင်နေတဲ့အတွက် ရေငုပ်တဲ့သမားတွေအတွက်တော့ တကယ့်နတ်ပြည်ပါပဲ။ ဒါ့အပြင် ဒီကျွန်းတွေမှာ လူတွေသိတဲ့ သနာ္တကျောက်ခတ်မျိုးတွေထဲက ၇၅ ရာခိုင်နှုန်းကို တွေ ့နိုင်မှာဖြစ်ပြီး ငါးမျိုးစိတ်ပေါင်း ၁၃၀ဝ ကျော်ကိုလည်း တွေ ့နိုင်မှာဖြစ်ပါတယ်။ အတွေ ့အကြုံရင့် ရေငုပ်သမားတွေကတော့စိတ်လှုပ်ရှားဖို ့ကောင်းတဲ့ ရေစီးနဲ ့တူတူမျောပြီး ရေငုပ်တာတွေ ရေအောက်တံတိုင်းလေ့လာတွေ လုပ်နိုင်ပါတယ်။

raja4divers01

မန်တာဝေကျွန်းစု၊ အင်ဒိုနီးရှားနိုင်ငံ (Mentawai Islands, Indonesia)

အင်ဒိုနီးရှားနိုင်ငံ အနောက် ဆူမားတြားမှာရှိတဲ့ မန်တာဝေကျွန်းစုကို ကျွန်းငယ်ပေါင်း ၇ဝ ကျော်နဲ ့ဖွဲ ့စည်းထားပြီး စီဘယ်ရုဒ်ကတော့ အကြီးဆုံးကျွန်းဖြစ်ပါတယ်။ ရေလှိုင်းစီးသူတွေ ကြားမှာတော့ ဒီကျွန်းတွေက တော်တေ်ာလေး နာမည်ကြီးပါတယ်။ ကျွန်းပေါ်မှာ ဒေသခံ မန်တာဝေလူမျိုးစုကိုလည်း တွေ ့နိုင်မှာဖြစ်ပြီး သူတို ့တွေရဲ ့ခြေတစ်လုံးအိမ်တိုင်ပုံစံ အမဲလိုက်မုဆိုး ဘဝနေထိုင်မှုတွေကို လေ့လာနိုင်ပါတယ်။ မန်တာဝေလူမျိုးတွေကို သူတို ့ရဲ ့ကိုယ်ခန္ဓာပေါ်ကဆေးရောင်စုံတွေ၊ ဝိဉာဉ်ပိုင်းဆိုင်ရာယုံကြည်မှုတွေနဲ ့ ကျွန်းကိုလာလည်တဲ့ ဧည့်သည်တွေကို ဖော်ဖော်ရွေရွေဆက်ဆံတာတွေကြောင့် လူသိများပါတယ်။

islandeye-9

ဘာရိုစ်ကျွန်း၊ မော်လဒိုက်နိုင်ငံ (Baros Island, Maldives)

ဘာရိုစ်ကျွန်းက မြို ့တော်မာလီရှိတဲ့ မာလီအတော်လ်မြောက်ပိုင်းမှာရှိပါတယ်။ နိဗ္ဗာန်နဲ ့တင်စားခံထားရတဲ့ ဘာရိုစ်ကျွန်းကတော့ နာမည်ကြီး ဘာရိုစ်ဇိမ်ခံဟိုတယ် ရှိတဲ့ အရပ်လည်းဖြစ်ပါတယ်။ အနီးတစ်ဝိုက်က တိတ်ဆိတ်ငြိမ်သက်ပြီး မှင်သက်စေလောက်အောင်လှတဲ့ ကမ်းခြေတွေကတော့ အနားယူဖို ့နဲ ့နေပူစာလှုံဖို ့အတွက် ပြီးပြည့်စုံတဲ့ နေရာပါပဲ။ ရေငုပ်ခြင်းနဲ ့ရေပေါ်အားကစား စင်တာ၊ ဟိုတယ်ရဲ ့ဖော်ရွေမှု စတဲ့ ဝန်ဆောင်မှုတွေကြောင့် ခရီးသွားဧည့်သည်တွေက ကျွန်းကိုဝန်းရံထားတဲ့ ကြည်လင်ပြီး ပူနွေးတဲ့ အိန္ဒိယသမုဒ္ဒရာရဲ ့အရသာကို အပြည့်အဝခံစားနိုင်ပါတယ်။ အကယ်၍ ဧည့်သည်တွေအနေနဲ ့လုံးဝ အနားယူချင်တယ်ဆိုရင် spa ကိုသွားနိုင်ပါတယ်။ မနက်ခင်း ယောဂအတန်းတွေကိုလည်း တက်နိုင်ပြီး ဟိုတယ်က ရေကူးကန်မှာလည်း ရေကူးနိုင်ပါသေးတယ်။

FD5_H6C71L00

Article Credit: theculturetrip.com

2 comments

  • Thint Aye Yeik

    December 7, 2016 at 3:28 pm

    ၂၀၁၆ ခုနှစ်မှာ လည်ပတ်သင့်တာ ဆိုတော့ ၂၀၁ရ မကူးခင် ….
    အဲဒီကျွန်း ၁၅ ခုကို (၂၀၁၆ ကုန်ဖို့ ၂၄ ရက်ပဲ လိုတော့တာမို့) ၂၄ ရက်ထဲနဲ့ နှံ့အောင် သွားလို့ ရမလား..သိချင်ပါတယ်။
    သွားလို့ ရတယ် အချိန်လောက်တယ် ဆိုရင်… သွားပြပါလားဟင်…
    :k:
    သွားပြီး ပြန်လာရင် ရွာထဲ ပုံတွေ တင်ပေးပေါ့။ ကြည့်ပြီး သွားရည်ယိုရတာပေါ့။
    :k:

  • သျှားသက်မာန်

    December 13, 2016 at 5:41 pm

    သွားလို့ရတာပေါ့ နို်င်ငံပေါင်း12နိုင်ငံကိုတောင်1ပတ်ခရီးနဲ ့သွားခဲ့တဲ့သူရှိတာမကြားမိဘူးလား…ခုတော့ပိုက်ပိုက်စုလိုက်ပါဦးမယ်
    ပြီးရင်သွားပါမယ်

Leave a Reply