Angkor Wat ၊ ကမော္ဘဒီးယား နိုင်ငံရဲ့ အမှတ်သင်္ကေတ ဘုရားကျောင်းများ အကြောင်း တစေ့တစ်စောင်း

Mon LayDecember 2, 20163min832

Angkor Wat ဆိုတာ ဘာလဲ။

Angkor Wat ကို – သက္ကရာဇ် (r 1112-52) မှာ ခမာဘုရင် Suryavarma II က တည်ဆောက်ခဲ့ပြီး ဟိန္ဒူဘုရားကျောင်း အဆောက်အအုံများကို နတ်ဘုရားတွေရဲ့ ဘုံဗိမာန်အဖြစ် ခမာအင်ပါယာကြီး ရဲ့ နန်းမြို့တော်အဖြစ် တည်ထားခဲ့တာပါ။ ကမော္ဘဒီးယား နိုင်ငံရဲ့ ရှေးခမာ ဘုရင် အဆက်ဆက် ဟာ ဘိုးဘေးတွေ ထက်ပိုပြီး ထုထည် ကြီးအောင် ဆက်ပြီး မွမ်းမံ ပြင်ဆင်ဆောက်လုပ်ထားခဲ့ ကြလို့ ဒီနေ့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဘာသာရေး အဆောက်အအုံကြီး တစ်ခုလည်းဖြစ်ပါတယ်။

ဒီ ဘုရားကျောင်းကြီး ဟာ ကမော္ဘဒီးယား နိုင်ငံရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကို မြင့်မားစေတဲ့ နိုင်ငံရဲ့ အသည်းနှလုံး ဖြစ်ပါတယ်။ တခြားသော Angkor အထိမ်းအမှတ် အဆောက်အအုံတွေနဲ့ မတူဘဲ ၎င်းဟာ ဘယ်သော အခါမှ စွန့်ပစ်ခြင်းမခံရဘဲ တည်ဆောက်စဉ်ကတည်းက ယနေ့တိုင် ဆက်တိုက် တန်ဖိုးထားခြင်းခံရပါတယ်။

အထူးဝိသေသလက္ခဏာများ

အနောက်ဘက် တည်နေရာ

သင်္ကေတအားဖြင့် အနောက်ဘက်အရပ်ဟာ သေခြင်းကို ညွှန်ပြ တဲ့ အတွက်ကြောင့် ပညာရှင်တော်တော်များများ ဟာ Angkor Wat ဟာ အရင်က သချိုင်းဂူနေရာ ဖြစ်ခဲ့တယ်လို့ ယူဆခဲ့ကြတယ်။ ရှေးခေတ် ဟိန္ဒူ အသုဘ ဓလေ့ထုံးတမ်း တွေမှာ တွေ့ရတဲ့ နာရီလက်တံနဲ့ ဆန့်ကျင်ဘက်အတိုင်း ကြည့်ရအောင်ပြုလုပ်ထားတဲ့ ဖောင်းကြွရုပ်လုံး ကျောက်ရုပ်တုတွေရှိနေခြင်းဟာ ဒီအယူအဆ ကို ထောက်ခံနေပါတယ်။ Vishnu ဟာ အနောက်ဘက်နဲ့ ဆက်စပ်နေလို့ ယခုအခါ မှာ Angkor Wat ဟာ ဘုရားကျောင်း အဖြစ်နဲ့ရော Suryavarman II ရဲ့ ဂူဗိမာန် အဖြစ်နဲ့ရော တည်ရှိတယ် လို့ အားလုံး လက်ခံနေကြပါပြီ။

angkor-wat-apsara-image
Apsara carvings, Angkor Wat © Christian Haugen / CC BY 2.0

မြစ်စောင့် နတ်သမီး

Angkor Wat ဟာ နံရံတွေမှာ ထွင်းထုထားတဲ့ မြစ်စောင့် နတ်သမီး ( Apsaras )  ပန်းပု ရုပ်ထုပေါင်း ၃၀၀ဝ ကျော်ရှိတဲ့ အတွက်ကြောင့် လည်း ကျော်ကြားပါတယ်။ ဒီပန်းပုရုပ် တစ်ရုပ်ချင်း စီဟာ ထူးခြားပြီး ကွဲပြားတဲ့ ဆံပင်ပုံစံပေါင်း ၃ရ မျိုးရှိပါတယ်။ မြစ်စောင့် နတ်သမီး ( Apsaras ) ပန်းပု ရုပ်ထု တော်တော်များများ ဟာ ၁၉၈ဝ ခုနှစ်က ဘုရားကျောင်း ကို ဓာတု ပစ္စည်းတွေနဲ့ ဆေးကြောခဲ့ရာမှ ပျက်စီးသွားခဲ့ကြပြီး ဂျာမာန် Apsara ထိန်းသိမ်းစောင့်ရှောက်ရေး ပရောဂျက် အဖွဲ့များဖြင့် ပြန်လည်ပြုပြင်မွမ်းမံခဲ့ရတယ်။ လင်းနို့တွေရဲ့ အညစ်အကြေးတွေ ကြောင့်လည်း ဒီပန်းပု လက်ရာတွေကို မွမ်းမံရာမှာ နှောင့်နှေးခဲ့ရတယ်။

အနုစိတ် အဆင့်

ရောက်လာတဲ့ ဧည့်သည်တိုင်းဟာ အရမ်းကို ရင်သပ်ရှုမောလောက်တဲ့ ကြီးကျယ်ခမ်းနားမှု ရဲ့ နီးနီးကကပ်ကပ် ဖမ်းစားခြင်းကို ခံစားရမှာ အသေအချာပါ။ရှင်သန်တက်ကြွတဲ့တန်ဆာဆင်မှုတွေက ဆွဲဆောင်မှာ ဖြစ်သလို အလယ်ဗဟို ဘုရားကျောင်းရဲ့ အပြင်ပတ်ပတ်လည်က အလျားလိုက်ဆန့်ကြည့်ရင်မီတာ၈၀ဝ လောက်ကျယ်ဝန်းမယ့်အကွေ့အကောက်တွေနံရံတွေမှာဒဏ္ဍာရီထဲကသမိုင်းဖြစ်ရပ်တွေ၊ပုံပြင်တွေကိုအနုစိတ်သရုပ်ဖော်ရေးဆွဲထားတဲ့အံ့အားသင့်စရာပန်းပုရုပ်တုတွေ၊ ကျောက်ဖောင်းကြွရုပ်လုံးတွေကလည်းအရမ်းကိုစွဲဆောင်ထားပါလိမ့်မယ်။

angkor-wat-bas-relief
Detail of the Heaven & Hell bas-relief, Angkor Wat © Photo Dharma / CC BY 2.0

ဒါဟာ ဘာကို ဆိုလိုပါသလဲ

စာရေးဆရာမ Eleanor Mannikka က သူမရဲ့ စာအုပ်ထဲမှာ Angkor Wat အကြောင်းကို ဒီလိုရေးထားပါတယ်။ ရှေးဟောင်း ဟိန္ဒူစာပေတွေထဲက Yuga လို့ခေါ်တဲ့ စကြဝဠာ ရဲ့ သက်တမ်း ၄ ရပ်ကို ပိုင်းခြားထားတဲ့ အတိုင်းအတာဟာ Angkor Wat ရဲ့ ကြီးမားတဲ့ ထုထည်ပမာဏနဲ့အပြိုင်ဖြစ်တယ်။သင်ဟာAngkorWatရဲ့အဓိကဝင်ပေါက်ကြီးကိုတာရိုးလမ်းအတိုင်းတံတိုင်းတွေ၊ဝင်းတွေကို ဖြတ်ပြီး လျှောက်သွားနိုင်ပါတယ်။ နောက်ဆုံးVishnuနတ်ဘုရားရုပ်တုရှိတဲ့main မျှော်စင်ကြီး အထိပေါ့။ ဒီလိုလျှောက်သွားခြင်းဟာ စကြဝဠာ ကြီး စတင်ပေါ်ပေါက်လာတဲ့ ပထမဆုံးအချိန်သက်တမ်းကို ပြန်ရောက်သွားသလို တင်စားသုံးနှုန်းနိုင်ပါတယ်တဲ့။ Angkor Wat ဟာ စကြဝဠာ အသေးစား ပုံစံငယ် မိတ္တူလည်း ဖြစ်တယ်တဲ့။ Central Tower Mt Meru ကို တောင်ထွဋ္ဋ် တွေ အများကြီး ဝန်းရံထားသလိုမျိုး ဘုရားကျောင်းတွေတည်ဆောက်ပြီး ကမ္ဘာ့တိုက်ကြီး တွေနဲ့ ဝန်းရံထားသလို Angkor Wat မှာ ဝင်း၊ တံတိုင်းတွေကာရံပြီး ၊ သမုဒ္ဒရာ ကိုယ်စားပြု ကျုံးတွေလည်း တည်ထားပါတယ်။ ခေါင်းရခေါင်းပါတဲ့ နဂါးကြီးကတော့ လူ့ပြည်ကနေ နတ်ဘုရားတွေဆီကို အလည်သွားတဲ့ သက်တန့်ပေါင်းကူး တံတား အမှတ်အသား အထိမ်းအမှတ်ဘဲ ဖြစ်ပါတယ်။ Angkor Wat ကို စတင်တည်ဆောက်ခဲ့တဲ့ ဘုရင် Suryavarma II ဟာ Angkor Wat ကို သူ့ရဲ့ ဂူဗိမာန် အဖြစ် စီမံပြင်ဆင်ခဲ့ပေမယ့် ခမာ-ဗီယက်နမ် စစ်ပွမြှာ သေဆုံးသွားတဲ့ အတွက် ဒီဂူဗိမာန်မှာ လုံးဝမြှုပ်နှံခြင်းမခံခဲ့ရပါဘူး။

angkor-wat-entrance-sunrise
Entrance to Angkor Wat at sunrise © treisdorfphoto / Shutterstock

Angkor Wat ကို ဘယ်လိုတည်ဆောက်ခဲ့ပါသလဲ။

Angkor Wat ဘုရားကျောင်းကြီးရဲ့ ကီလိုမီတာ ၅ဝ အကွာမှာရှိတဲ့ Phnom Kulen ကျောက်တောင် တစ်ခုလုံးက ကျောက်တွေကို တူးပြီး SiemReap မြစ်ထဲကနေ ဖောင်နဲ့သယ်ပြီး ဆောက်လုပ်ခဲ့ပါတယ်။လူထောင်ပေါင်းများစွာကိုယ်ရောစိတ်ပါပင်ပန်းစွာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကျောက်စာတွေမှာ ရေးသားထားချက်အရ လူပေါင်း ၃ သိန်းနဲ့ ဆင် ၆၀၀ဝ သုံးစွဲခဲ့တာတောင် ယနေ့ထိ အပြီးမသတ်ခဲ့ပါဘူး။

 

အရှေ့ဖက် မျက်နှာမူခြင်း

ကျုံး    

Angkor Wat ကို ၁၉ဝ မီတာကျယ်ဝန်းပြီး အလျား ၁.၅ကီလိုမီတာ အနံ ၁.၃ ကီလိုမီတာ ရှိတဲ့ လေးထောင့်စပ်စပ် ကျုံါ် က ပတ်လည်ဝန်းရံ ထားပါတယ်။ အနောက်ဖက်ကနေ သဲကျောက်တွေခင်းထားတဲ့ တာရိုး လမ်းအတိုင်း ကျုံးကို ဖြတ်သွားနိုင်ပါတယ်။

အပြင်ဖက်နံရံ

လေးထောင့်ကျကျ အပြင်ဖက်နံရံတွေက အလျား ၁၀၂၅ မီတာ နဲ့ အနံ ၈၀ဝ မီတာ ကျယ်ဝန်းပါတယ်။ မျက်နှာစာ တိုင်းမှာ ဂိတ်ဝတွေရှိပြီး AngkorWatရဲ့အနောက်မျက်နှာစာပင်မဝင်ပေါက်ကြီးမှာ၁၂၅မီတာကျယ်ဝန်းပြီးရုပ်တု တွေ ဖောင်းကြွရုပ်လုံးတွေနဲ့အဆန်းတကြယ်တန်ဆာဆင်ထားတဲ့ ဆင်ဝင်ရှိပါတယ်။ လက်ယာဖက်မှာ ရှိတဲ့ မျှော်စင်မှာတော့ သဲ ကျောက်တုံးကြီး ကို လှီးဖြတ်ထွင်းထုထားတဲ့ ၃.၂၅ မီတာ အမြင့်ရှိတဲ့ Vishnu နတ်ဘုရားရုပ်တုရှိပါတယ်။ Vishnu ရဲ့ လက်ရှစ်ဖက်မှာ ကျိုင်း၊ လှံတံ၊ ချပ်ကာ၊ ခရုသင်း နဲ့ အခြားပစ္စည်းတွေ ကိုင်စွဲထားပါတယ်။ ဒီနတ်ဘုရား ရဲ့ ဆံပင်တွေမှာ တော့ ငယ်ပေါင်းများစွာကို သင်တွေ့မြင်နိုင်ပါတယ်။ ဒါကတော့ ငယ်ရွယ်စုံတွဲတွေ အတွက် ဖူးစာဆုံ ဖို့ နဲ့ အခြားဘုရားဖူးတွေ အတွက်တော့ ကံကောင်းဖို့ ဆုတောင်းကြတဲ့ အထိမ်းအမှတ်ပါ။

angkor-wat-outer-wall
A section of the outer wall at Angkor Wat © Tushar Dayal / CC BY 2.0

ရိပ်သာ

ပင်မဝင်ပေါက်ကနေ ဗဟို ဘုရားကျောင်းဆီ ဦးတည်သွားတဲ့ နေရာ မှာ နဂါးပွတ်လုံး လက်ရန်းတွေတပ်ဆင်ထားတဲ့ ၄၇၅ မီတာ ရှည်လျားပြီး၉.၅မီတာကျယ်ဝန်းတဲ့ရိပ်သာရှိပါတယ်။တင့်တယ်လှပတဲ့စာကြည့်တိုက်၂ခုနဲ့ ရေကန်၂ကန်ကိုလည်းဖြတ်ကျော်သွားရမှာပါ။ မြောက်ဖက်မှာ ကျော်ကြားလှတဲ့ နေထွက်ချိန် ကြည့်ရှုတဲ့ နေရာတစ်နေရာလည်းရှိပါတယ်။

ဗဟိုဘုရားကျောင်းဆောင်ကြီး

ဗဟိုဘုရားကျောင်းဆောင်ကြီးဟာအထပ်၃ထပ်ရှိပြီး အထပ်တိုင်းကို Laterite ကျောက်နဲ့ လုပ်ထားပြီး သီးသန့် အခန်းကျဉ်းများစွာတွေကို ရှုပ်ရှုပ်ထွေးထွေး ပေါင်းကူးဆက်သွယ်ထားတဲ့ လေးထောင့်ကျကျ စင်္ကြန်နဲ့ကာရံထားပါတယ်။ ဒီသီးသန့် အခန်းတွေမှာ စစ်မဖြစ်ခင်က ဗုဒ္ဓရုပ်ပွားတော် ထောင်ပေါင်းများစွာရှိပြီး ဘုရားခန်းရာနဲ့ ချီရှိပါတယ်။ ဒီနေ့ အချိန်မှာတော့ ဗုဒ္ဓရုပ်ပွားတော် အတော်များများဟာ အခိုးခံရ၊ ဖျက်ဆီးခံရလို့ အနည်းငယ်ဘဲ တွေ့မြင်ရတော့ပါတယ်။

အထပ်များ

ဒုတိယထပ်နဲ့တတိယထပ်ရဲ့ ထောင့်တွေကို မျှော်စင်တွေလုပ်ထားပြီး မျှော်စင်တိုင်းကိုကြာဖူးပုံနဲ့မိန်းမောဖွယ်ကောင်းအောင် ဆောက်လုပ်ထားပါတယ်။ တတိယထပ်ကနေ အမြင့် ၃၁ မီတာ၊ မြေညီကနေ အမြင့် ၅၅ မီတာမှာတော့ central tower ရှိပြီး Angkor Wat တစ်ခုလုံးရဲ့ အမြင့်မြတ်ဆုံး၊ အံ့ဩတုန်လှုပ်ဖွယ် တည်ရှိမှုကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။

အပေါ်ထပ်

အပေါ်ထပ် ကို တက်တဲ့ လှေခါးဟာ အတော့်ကို မတ်လှပါတယ်။ ဘာ့ကြောင့်လဲဆိုရင် နတ်ဘုရားများရဲ့ ဘုရင်ဖြစ်ဖို့ လွယ်ကူတဲ့ကိစ္စ မဟုတ်လို့ပါဘဲ။ ထင်ရှားကျော်ကြားလှတဲ့ Angkor Wat ရဲ့ အပေါ်ထပ် ကို ဝင်ရောက် ဖို့ လူဦးရေ ကန့်သတ်ထားပြီး တန်းစီစနစ် နဲ့ ဝင်ခွင့် လက်မှတ်ယူရပ်တယ်။

angkor-wat-towers
Towers of Angkor Wat © Jason Eppink / CC BY 2.0

ဘုရားကျောင်းရဲ့ ကျင့်ဝတ်ထုံးတမ်းစဉ်လာ

AngkorWat ဘုရားကျောင်းများဟာ ခမာလူမျိုးများရဲ့ ဘာသာရေးဆိုင်ရာ အလေးအမြတ်ထားတဲ့နေရာ ဖြစ်တဲ့ အတွက် ခရီးသွားများဟာ သင့်တင့်လျောက်ပတ်စွာ ဝတ်စားရပါတယ်။AngkorWat ရဲ့ အမြင့်ဆုံးအထပ်ကို အကျီလက်ရှည် နဲ့ ဒူးထိ ရှည်တဲ့ ဘောင်းဘီ မဝတ်ဘဲနဲ့ တက်ဖို့ မဖြစ်နိုင်ပါဘူး။

ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များဟာ မကြာသေးခင်ကဘဲ ဧည့်သည်တွေလိုက်နာရမယ့် လမ်းညွှန်ချက်တွေကို လျော့ပေါ့ပေးခဲ့ပါတယ်။ ဧည့်သည်များ သင့်တင့်လျောက်ပတ်တဲ့ ဝတ်စုံဝတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အလားတူ ရှေးဟောင်း အဆောက်အဦတွေကို မထိတွေ့ မကိုင်တွယ်ဖို့နဲ့ တက်မထိုင်ဖို့ရယ်၊ ကန့်သတ်ဧရိယာတွေကို မဝင်ရောက်ဖို့ နဲ့ ရဟန်းတွေကို အရိုအသေပေးဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

သင့်ခရီးစဉ် စီစဉ်ခြင်း

Angkor Wat ကို သွားဖို့ အကောင်းဆုံး အချိန်

Angkor Wat ကို သွားဖို့ အကောင်းဆုံး အချိန် က ရာသီဥတု အေးမြခြောက်သွေ့တဲ့ နိုဝင်ဘာလကနေ ဖေဖော်ဝါရီ လ အထိပါဘဲ။ လည်ပတ်လို့ အကောင်းဆုံး တစ်နေ့တာ အချိန်ကတော့ အေးမြတဲ့ မနက်စောစော အချိန် (လူနည်းနည်းကြပ်တတ်ပါတယ်) ဒါမှမဟုတ် ခရီးသွားတွေ မြို့ထဲမှာ နေ့လည်စာထွက်စားတတ်တဲ့ နေ့လည်ခင်းအချိန် (လူချောင်တတ်ပါတယ်) တွေမှာ သွားသင့်ပါတယ်။

သင့်အတွက် အချိန်ဘယ်လောက် လိုမလဲ

နေရာ အနှံ့ လည်ပတ်ဖို့ အနည်းဆုံး ၃ နာရီဆိုလုံလောက်ပါတယ်။ ချောင်ကြိုချောင်ကြား နှံ့နှံ့စပ်စပ်ကြည့်ရှုချင်ရင်တော့ နေ့ဝက်လောက် အချိန်ပေးလိုက်ပါ။

ဘုရားကျောင်းဖွင့်ချိန်

နေထွက်ချိန်ကို ကြည့်ချင်သူတွေအတွက် မနက် ၅ နာရီမှာ စတင်ဖွင့်လှစ်ပြီး Bakan Sancturay အပေါ်ထပ်ကို တက်ဖို့အတွက်တော့ မနက် ရနာရီခွဲ မှ ဖွင့်ပေးပါတယ်။ ဘုရားကျောင်းပိတ်ချိန် ဟာ ညနေ ၅နာရီခွဲဖြစ်ပါတယ်။

ကုန်ကျစရိတ်

တစ်ရက်အတွက် ဝင်ခွင့်လက်မှတ် တစ်စောင်ကို အမေရိကန် ဒေါ်လာ ၂ဝ ကျသင့်ပါတယ်။ တစ်ပတ်အတွင်း သုံးစွဲနိုင်တဲ့ သုံးရက်စာ ဝင်ကြေးလက်မှတ် တစ်စောင်ကို အမေရိကန် ဒေါ်လာ ၄ဝ နဲ့ တစ်လ အတွင်း သုံးစွဲနိုင်တဲ့ တစ်ပတ် စာ ဝင်ကြေးလက်မှတ်ကို တော့ အမေရိကန်ဒေါ်လာ ၆ဝ ကျသင့်ပါတယ်။

ဘယ်နေရာမှာ တည်းသင့်သလဲ

Siem Reap ဟာ ဘန်ကောက်ကနေ ရ ကီလိုမီတာ အကွာမှာသာရှိပြီး ဘုရားကျောင်းကို လည်ပတ်ဖို့ အကောင်းဆုံးနေရာ ဖြစ်တယ်။ ဒီမြို့မှာ ကိုယ်သုံးနိုင်သလောက်ပဲ တည်းနိုင်တဲ့ စရိတ်သက်သာတဲ့ ဟိုတယ်တွေကနေ စားသောက်ဆိုင်ကြီးတွေ၊ အရက်ဘားတွေနဲ့ ဆိုင်ငယ်လေးတွေ အစုံအလင်ပါဝင်တဲ့ အဆင့်မြင့် ဟိုတယ်ကြီးတွေ အများကြီးရှိပါတယ်။

ဘာနဲ့ လည်ပတ်မလဲ

လူ ၁ ယောက်ထဲအတွက် ဆို Motos လို့ခေါ်တဲ့ ဆိုင်ကယ်တက္ကဆီ၊ လူ ၂ ဦးဆိုရင် remark-motos လို့ခေါ်တဲ့ သုံးဘီး တက္ကဆီ၊ မိသားစု ဒါမှမဟုတ် အဖွဲ့သေးသေးလေးဆိုရင် အငှားကား တွေ၊ ဗင်ကားတွေရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ကို မထိခိုက်စေတဲ့ ခရီးသွား အစီအစဉ်အနေနဲ့ စက်ဘီးနဲ့ လျှပ်စစ်စက်ဘီး နဲ့ တောင်တက်လို့လည်းရပါသေးတယ်။ Siem Reap မြို့ထဲမှာ ရှိတဲ့ ခရီးသွားလမ်းညွှန်တွေလည်း ငှားနိုင်ပါသေးတယ်။

Refrence : www.lonelyplanet.com

 

 

2 comments

  • သျှားသက်မာန်

    December 6, 2016 at 3:11 pm

    သပ်တယ်…ကျေးဇူးအကြီးကြီးတင်ပါတယ်။ခရီးသွားချင်ရင်လည်းဆက်သွယ်နိုင်ပါတယ်ညော်။ facebookမှာလည်း Travel Emperorဆိုတဲ ့ပေ့ချ်ရှိပါတယ်ဝင်ရောက်ဖတ်ရှုပြီး like & share သွားနိုင်ပါတယ် ကျေးဇူးပါ

Leave a Reply