Japan နိုင်ငံမှာရှိတဲ့ Zero-Emissions Bar

Mon LayDecember 2, 20161min1592

Japan နိုင်ငံမှာရှိတဲ့ Zero-Emissions Bar က စွန့်ပစ်ပစ္စည်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။

ကမ္ဘာကြီးထဲမှာ ဖြုန်းတီးတဲ့လုပ်ရပ်တွေကို ရပ်တန့်သင့်ပါပြီ။ အဲ့လိုမှမဟုတ်ရင်တော့ လူသားတွေဟာ သိပ်မဝေးတော့တဲ့အနာဂတ်မှာ အန္တရာယ်ရှိတဲ့ပြဿနာတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။Japan နိုင်ငံ Kamikatsu မြို့မှာရှိတဲ့ Kamikatz Public House က စွန့်ပစ် ပစ္စည်းတွေ ကိုအသုံးပြုပြီး တည်ဆောက်ထားတာပါ။

အဲ့ဒီ့barနဲ့ သူတည်ရှိတဲ့ ဂျပန်မြို့လေးကနောင် အနာဂတ်မှာ သဘာဝပတ်ဝန်းကျင် လှပစွာဆက်လက်တည်ရှိနေဖို့ တစ်ဖက်တစ်လမ်းက ကူညီ လုပ်ဆောင်ပေးနေတာပါ။ Kamikatsuမြို့က လက်ရှိအချိန်ထိတစ်မြို့လုံးက စွန့်ပစ်အမှိုက်(၈၀%)က ပြန်လည်အသုံးချပြီးပါပြီ ။နောက်နှစ် အနည်းငယ် အတွင်းမှာစွန့်ပစ်ပစ္စည်း(၁၀၀%)  အပြည့်ပြန်လည် အသုံးချဖို့လည်း စီစဉ်ထားပါတယ်။

ဒီအဖျော်ယမကာကြိုက်သူတွေရဲ့ခိုလှုံရာအဖြစ် မွမ်းမံထားတဲ့ နောက်ကွယ်က ဗိသုကာပညာရှင်တွေဖြစ်တဲ့ Hiroshi Nakamura နဲ့ NAP က (၂၀၁၆) ခုနှစ်အတွက် ပတ်ဝန်းကျင်ကိုအန္တရာယ်မဖြစ်စေတဲ့ အဆောက်အဦများဆိုင်ရာ ဆုတံဆိပ် WAN Sustainable Buildings Award 2016 ကို ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီ zero-emissions အဆောက်အဦရဲ့ ဆန်းသစ်တဲ့ပုံစံနဲ့ အမှိုက်ဖြစ်မယ့် ပစ္စည်းတွေ ကိုပြန်လည်အသုံးပြုထားတဲ့ဆိုတဲ့အချက်ကို စဉ်းစားကြည့်ရင်ပဲ ဒီဆုနဲ့ထိုက်တန်နေပါပြီ။

zero-waste-bar-recycling-kamikatz-public-house-japan

Image Credit : Wan Awards

အနာဂတ်အတွက် သင့်လျော်တဲ့ ဒီအဆောက်အဦက barနဲbeer ချက်စက်ရုံဖြစ်သလိုသဘာဝရှုခင်းတွေ၊သစ်ပင်တွေနဲ့စိမ်းလန်းနေတဲ့ ပတ်ဝန်းကျင် ကျယ်ကြီးလည်း ရှိပါတယ်။

zero-waste-bar-recycling-kamikatz-public-house-japan

Image Credit : Wan Awards

Barရဲ့အတွင်းပိုင်းကို ပြန်လည် ပြုပြင်ထားတဲ့ အသုံးအဆာင်၊ ပစ္စည်းတွေနဲ့ပဲ ဖွဲ့စည်းထားပါတယ်။ဥပမာ-ပုလင်းဟောင်းတွေပြန် လည်ပြင် ဆင်ထားတဲ့ကြမ်းခင်း ကျောက်ပြားတွေနဲ့ ဖန်တီးထားတဲ့ မီးဆိုင်းတွေပဲဖြစ်ပါတယ်။

zero-waste-bar-recycling-kamikatz-public-house-japan

Image Credit : Wan Awards

ပတ်ဝန်းကျင်ကို အန္တရာယ်မပြုတဲ့ အဆောက်အဦတွေ ကိုဆောက်တဲ့ အခါသေသပ်ပြီး ခေတ်မီစတိုင်ကျ လှပမှုမရှိမှာကို စိုးရိမ်စရာမလို ဘူးဆိုတဲ့ အကြောင်းဒီဆိုင်လေးက သက်သေပြလိုက်ပါပြီ။

zero-waste-bar-recycling-kamikatz-public-house-japan

Image Credit : Wan Awards

Reference : www.earthables.com

2 comments

  • kai

    December 3, 2016 at 8:11 am

    သူတို့အပင်တွေကို လုံးဝမထိတဲ့ဂျပန်ပြည်က… မြန်မာပြည်က.. သစ်တွေကျ.. ဝယ်တယ်.။
    တကမ္ဘာလုံးလည်း လှည့်ရှာဝယ်တယ်..။
    ကြည့်ပါဦး.. ဓာတ်ပုံထဲမယ်..။ တောအုပ်ကြီးတွေ..စိမ်းလို့..။

    တကယ်ရီဆိုင်ကယ်ကိုလုပ်ချင်.. ကမ္ဘာကိုချစ်ရင်.. မြန်မာပြည်ကို ကားဟောင်းတွေ….လျှပ်စစ်ပစ္စည်းအမှိုက်တွေမရောင်းနဲ့..။
    မြန်မာပြည်က… သစ်တွေမဝယ်နဲ့.. လို့ပြောလိုမိ…။

  • Thint Aye Yeik

    December 5, 2016 at 4:16 pm

    မျှော်မြင်စွမ်းအား ကြီးသော ပညာရှင်တွေ ရှိလေတော့လည်း… ကိုယ်တွေ နိုင်ငံနဲ့ မတူ…ကွဲပြား ခြားနားသော ကောင်းမွန်မှုတွေ… မြေကြီးထဲကနေ ပေါက် နေကြရော…

Leave a Reply