တန်ဖိုးနည်းတဲ့ ကွန်ပြူတာပစ္စည်း တွေ ကို သတိထား……..။

ယနေ့ ကွန်ပြူတာခောတ် ထဲ စီး ပွား ရှာတဲ့နည်းစနစ် တွေ အများကြီး ပါဘဲတွေ့ခဲ့ရတဲ့ အထဲ မှာ စိတ် အဝင်စားစရာအကောင်းဆုံးနဲ့မယုံကြည်စရာတွေ ကလည်းဒုနဲ့ဒေးပါဘဲဗျာ..။လွန်ခဲ့တဲ့ နှစ်လ က ဗျာဆော့ဝဲ နှစ်ခု ဝယ်မိပါတယ်ပြသနာက စလာပါပြီ နောက် အလကားရ တဲ့ နွား သွားမဖြဲကြည့်နဲ့(စကားပုံအရပြောတာပါနော်)ဒုက္ခရောက် မယ်နော် မက်ကဖီး ဆိုတဲ့ အင်တာနက်လုံခြုံရေးဆော့ဝဲ ကို အွန် လိုင်းကအလကားရလို့ဒေါင်းလိုက်တယ် ပထမကအဆင်ပြေတယ် နောက် လုံခြုံရေးစနစ်က မကာကွယ်တော့တဲ့ အတွက် အက်ဝဲတွေ၊ ထရိုဂျန်တွေ ၊လာလည်ကြတော့တာပါဘဲနောက် ဗွီဒီယို အယ်ဒီတာနဲ့CAD (2D/3D)ဆိုတဲ့ပရိုဂရမ်ကိုဈေး ပေါပေါရလို့အင်စတောလုပ်လိုက်ပါတယ်။မက်ကဖီးက မျက်စိလည်သွားပုံရတယ်ထင်ပါရဲ့ အဲဒီပရိုဂရမိတွေက တကယ်တော့ အတ်ဝဲတွေ ဖြစ်နေပါတော့တယ်..ဘာကြောင့်လဲဆိုတော့ Norton ကိုပြောင်းသုံးလိုက်မှအဖြေပေါ်လာပါတယ်အဲဒီအတ်ဝဲတွေနဲ့ လေးလေး၊လေးလေး နဲ့ ဒီကွန်ပြူတာကြီးနဲ့သွားနေတာ၂လကြာသွားတယ်ကို စိတ်အထင် ပရိုဂရမ်တွေများနေလို့ ထင်ခဲ့တာပေါ့ မဟုတ်ဈေးဈေးပေါပေါနဲ့ရတဲ့ ဆော့ဝဲတွေကြောင့်ဆိုတာနောက်မှသိရတာ။ဒါတွေနဲ့နှစ်ပါးသွားနေတာ ကြောက်စရာကြီးနော်..။
ထားပါတော့ ပြီးခဲ့တဲ့၂ရက်က Photo Key Chain လေးဝယ်လိုက်တယ် နောက် သုံးကြည့်ဖို့ လုပ်တော့ ပရိုဂရမ်ကို ထည့်ရမှာဆိုတော့ ထည့်ဖို့ကျိုးစား တော့ ကွန်ပြူတာ လုံခြုံရေးက ဟောဒီလို ဆိုလာပါတော့တယ် တကယ်လိုဒီဆော့ဝဲကို ကွန်ပြူတာထဲထည့်မယ်ဆိုရင် ဟမ်းသွားလိမ့်မယ်နောက် ကွန်ပြူတာထဲကက သတင်း အချက်အလက်တွေ ခိုးခံရမယ်ဆိုပါတယ်ဒီ ပစ္စည်းတွေဟာ တရုတ်ပြည်ကလာတာပါဗျာ ဒီတော့ မိတ်ဆွေ တိုရဲ့ ဈေးနှုံးကြီးတဲ့ ကွန်ပြူတာတွေကိုဒီလိုမျိုးဈေးပေါပေါ တွေမသုံးကြဖို့အကြံပြုခြင်ပါတယ်အထူးသဖြင့်မြန်မာပြည်က လူတွေအတွက် သတိပိုရှိရင်အကောင်းဆုံးပါပြည်တွင်း မှာကွန်ပြုတာလူတိုင်းဝယ်ဖိုအခက် အခဲတွေကြားမှာ လုံခြုံရေးရရှိဖို့ ဒီဆောင်းပါးကို တင်ပြရပါတယ်……။