အပန်းဖြေသွားကြမယ်…ချောင်းသာဆီ

Mon LayDecember 13, 20168min1232

#Chaung_Thar

#ချောင်းသာ

ဒီခရီးစဉ်လေးကတော့မှတ်မှတ်ရရပိတ်ရက်တွေဆက်တိုက်ရတဲ့စ်တုန်းကသွားခဲ့တာလေးပါ။ အလုပ်တွေကိုတစ်နှစ်ပတ်

လုံးကြိုးကြိုးစားစားလုပ်ထားတော့တစ်နှစ်တစ်ခေါက်တော့ခရီးလေးထွက်ရင်ကောင်းမယ်ဆိုပြီးစိတ်ကူးရတာနဲ ့ပထမဦးဆုံး

ထွက်ဖြစ်ခဲ့တဲ့ခရီးစဉ်လေးပါ။ကမ်းခြေကိုရခိုင်ကမ်းခြေပြီးရင်ဒုတိယရောက်ခဲ့တဲ့ကမ်းခြေကတော့ဟောဒီ့ဒီချောင်းသာပေါ့။

ချောင်းသာ၊ ငွေဆောင် စတဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်နေတဲ့ ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်က အပန်းဖြေကမ်းခြေတွေဟာ ရန်ကုန်မြို့တော်ကနေ နာရီပိုင်းလောက်နဲ့ အရောက်သွားနိုင်ပြီး အပန်းဖြေနိုင်တာမို့ ခရီးသွားတွေနဲ့ အမြဲလိုလိုစည်ကားနေလေ့ရှိပါတယ်။

12038478_931732220232215_2771304276808144841_n img_1702 img_2907 img_2950

#ဘယ်အချိန်သွားရင်သင့်တော်လဲ။

ကမ်းခြေဒေသဆိုတော့မိုးတွင်းကုန်ဆောင်းဦးပဲဖြစ်ဖြစ်၊နွေရာသီပဲဖြစ်ဖြစ်သွားရင်အသင့်တော်ဆုံးပါပဲ။ဒါမှမုန်တိုင်းဒဏ်က

ဝေးပြီးကမ်းခြေမှာဘောကွင်းနဲ ့လှိုင်းစီးလို ့ကောင်းမှာပါ။အကောင်းဆုံးကတဲ့ကိုယ်အားတဲ့အချိန်သွားတာအကောင်းဆုံးပါပဲ။ 😛 မွန်လေးကတော့မေလမှာသွားခဲ့တာ။မွန်လေးတို ့သွားတဲ့နေ ့ကပိတ်ရက်တွေဆက်နေတော့ချောင်းသာကဟိုတယ်တွေရ ဲ ့

အခန်းတွေတောင်ရဖို ့မနည်းဖုန်းတွေနဲ ့ဆက်ခဲ့ရပါတယ်။

#လမ်းခရီး ?

ရန်ကုန်ကနေဆို3နာရီကျော်4နာရီသာသာသာသွားရတဲ့ခရီးလေးပါ။ပုသိမ်လမ်းမကြီးအတိုင်းလာပြီးလမ်းခွဲရောက်ရင်

ချောင်းသာသို ့၊ငွေဆောင်သို ့လို ့ရေးထားပါတယ်။ ချောင်းသာသွားမယ့်သူတွေကချောင်းသာလမ်းဘက်ကိုကွေ ့ပြီးငွေ

ဆောင်သွားမယ့်သူတွေကငွေဆောင်လမ်းဘက်ကိုကွေ ့ပြီးသွားရမှာဖြစ်ပါတယ်။ချောင်းသာသွားရင်တော့ဥတိုတံတားတို

လေးကိုရင်သပ်ရှုမောစွာဖြတ်သန်းသွားရပါမယ်။

#ဘယ်တွေလည်လို့ရလဲ

ချောင်းသာကမ်းခြေ၊ ကျောက်မောင်နှမကမ်းခြေ၊ ဖိုးကုလားကျွှန်း(ခ)အောင်မင်္ဂလာကျွှန်းနဲ ့သဲဖြူကျွန်းတို ့ပါ။

#ချောင်းသာကမ်းခြေ

သူကတော့ကားကြီးဝင်း၊ဟိုတယ်တွေ၊စားသောက်တန်းတွေ၊ဝယ်စရာ၊ခြမ်းစရာတွေရှိတဲ့ကမ်းခြေပါ။ကျောက်ပုထိုးစေတီ

လေးကလည်းသပ္ပါယ်စွာတည်ရှိနေပါတယ်။

လမ်းကြုံလို့ပြောချင်တာကတော့ အရင်တုန်းကနဲ ့မတူချောင်းသာကမ်းခြေဟာလူတွေရဲ  ့မဆင်မခြင်အမှိုက်တွေပစ်ချမှု

ကြောင့်အကျည်းတန်ဆန်နေရပါတယ်။ဒါလေးကိုအထူးဂရုပြုပြီးအမှိုက်ကလေးတွေမချကြဖို ့မေတ္တာရပ်ခံအပ်ပါတယ်နော်။

11150529_845564902182281_2418527629771903128_n    12004973_931732196898884_6043995279706083353_n  20883_849052981833473_6747550379695317449_n

 img_1670img_1695img_2912img_2914img_2943img_2980img_2981

#ကျောက်မောင်နှမကမ်းခြေ

သူကတော့ဆိုင်ကယ်ကယ်ရီနဲ ့ချောင်းသာကမ်းခြေကနေနာရီဝက်စီးရင်ရောက်တဲ့ကမ်းခြေလေးပါ။ဂျက်မရုပ်ရှင်ကားရိုက်ခဲ့

တဲ့နေရာလေးလည်းဖြစ်ပါတယ်။ချစ်သူရည်းစားတွေသွားရင်ဆုတောင်းပြည့်တယ်…တဲ့။  <3 သဲတွေကလည်းဖြူလွှအိပြီးရွှံ လုံးဝမရှိပါ။ သူ့မှာလည်းတည်းခိုဖို ့Coral Hotel ဆိုတာလေးရှိပါသေးတယ်။ချောင်းသာ ကမ်းခြေထက် ရေပိုကြည်ပြီး သီးခြား ကမ်းခြေနေရာလေးတစ်ခုလိုဖြစ်နေလို ့နောက်တစ်ခေါက်ရောက်ရင်အဲ့မှာသွားတည်းဖို ့စိတ်ကူးထားပါတယ်။

နေရာလေးကတော့ချောင်းသာ ကမ်းခြေကနေ မြောက်ဖက် (၃) မိုင်အကွာမှာ တည်ရှိပြီး ကျောက်မောင်နှမဘုရားရဲ့ အကျော်လေးမှာ ရှိတဲ့ အုန်းခြံဝင်းကြီးထဲမှာ ရှိပါတယ်။အထူးဝန်ဆောင်မှုတွေလည်းရှိသေးတယ်လို့သိရပါတယ်။

“နှစ်ယောက်အိပ် Camp၊ မိသားစု Camp များ စီစဉ်ပေးခြင်း၊ ခန်းမဆောင်နဲ့ အသံချဲ့စက်များ အသုံးပြုနိုင်ခြင်း၊ ကာရာအိုကေ သီဆိုခြင်း၊ ကမ်းခြေ မီးပုံပွဲများကိုလည်းပြုလုပ်ပေးလျက်ရှိပါတယ်။ နိုင်ငံခြားသားများ အတွက် Mountain bike များယူဆောင် စီးနင်နိုင်တဲ့အပြင် Sea view မြင်ကွင်း၊ အထူး ဟင်းလျာများပါ စီစဉ်ပေးထားပါတယ်။ နေဝင်ချိန်ကို ကြည့်ရူရင်း Dinner စားရင် အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်”တဲ့။

11083927_361888520663870_2644712710969718616_n

12065949_1159258254102334_5419775568155427162_n

#ဖိုးကုလားကျွှန်း(ခ)အောင်မင်္ဂလာကျွှန်း

သူကလည်းချောင်းသာမွန်လေးတို ့ဟိုတယ်ကနေဆို(၁၇)မိနစ်ပဲရှိပါတယ်။ ချောင်းသာကမ်းခြေနဲ ့အနီးဆုံးကျွန်းပါ။သူ ့ဆီကိုမော်တော်ဘုတ်နဲ ့သွားလို ့ရသလို ရေကျနေတဲအချိန်ဆို ချောင်းသာကမ်းခြေကနေလမ်းလျှောက်သွားလို့တောင်ရပါတယ်။ အုန်းတောတွေနဲ ့သိပ်ကိုသာယာတဲ့ကျွန်းပါပဲ။

16

#သဲဖြူကျွန်း

ချောင်းသာကနေဖိုးကုလားကျွန်းကိုဖြတ်ပြီးမိနစ်(၂၀)လောက်သွားရတဲ့ကျွန်းလေးပါ။ဟိုတယ်ခရီးကပြေးဆွဲတဲ့သစ်သားစက်လှေနဲ ့လူတစ်ဦးအသွားအပြန် (တစ်ထောင်ကျပ်)ရှိပါတယ်။ waiting list နဲ ့တန်းစီစောင့်ရတာပေါ့။ ဓါတ်ပုံရိုက်ဖို ့အလှဆုံးကျွန်းပါ။Speed Boat နဲ ့လည်းသွားလို ့ရပါတယ်။(၁)ဦး သွားပြန် (၆၀၀၀)ကျပ်နဲ ့အမြန်
ဆုံးရောက်နိုင်ပါတယ်။
ကျွန်းလေးကနာမည်နဲ ့လိုက်အောင်သဲဖြူ လေးတွေနဲ ့လှနေတာဖြစ်ပါတယ်။ ကျွန်းပေါ်မှာလည်းဘုရားတစ်ဆူတည်ထားပါသေးတယ်။ လှိုင်းတွေဆိုတာမွန်လေးတို ့သွားတုန်းကကြောက်ခမန်း၊

လန် ့ခမန်းလာလာရိုက်တာ။ကျွန်းပေါ်မှာလျှောက်သွားရင်းခြေချော်လဲနိုင်တာမို ့ဖိနပ်ချွတ်ပြီးသွားတာအကောင်းဆုံးပါ။သဲဖြူကျွန်းပေါ်မှာစားသောက်ဆိုင်တော့မရှိပါ။ပုံလေးတွေကြည့်ရင်သိနိုင်ပါတယ်။

1911696_223043947889603_2039398126_n 12191788_949184555153648_6345463742494575490_n  img_1727 img_1778 img_3020 img_3035 img_3042 img_3050 img_3073

#ဘာနဲ ့သွားလို ့ရလဲ

ချောင်းသာကားတွေကတော့အမျုိုးကိုစုံနေတာပါပဲ။အဲထဲကမှမွန်လေးrecommend ပေးချင်တာကတော့

အာရှနဂါး (၁၅၀၀ဝ ကျပ်)၊ Golden Star (၁၅၀၀ဝ ကျပ်)၊ ရွှေထိပ်တန်း (၁၅၀၀ဝ ကျပ်)တို ့ပါ။ ကျန်တဲ့တခြားကားတွေလည်း

ကောင်းပါတယ်လို့ 😛

မွန်လေးသိသလောက်မှတ်သလောက်လေးတွေကိုဖော်ပြပေးထားပါတယ်။နောက်ထပ်သိတဲ့သူများရှိရင်လည်းမန် ့ပေးသွား

ကြပါဦးနော်။

#ချောင်းသာကားတွေကများသောအားဖြင့်ညဘက်(၉)နာရီထွက်ကြတာများတော့မွန်လေးတို ့လည်းညအိပ်ကားပဲစီးပြီးသွားခဲ့လိုက်ပါတယ်။ကားကိုစစီးကတည်းကဟိုရောက်ရင်ဘယ်မှာတည်းမယ်ဆိုတာကားသမားကိုကြိုပြောရင်သူတို ့ဟို

တယ်ရှေ  ့မှာရပ်ပေးပါတယ်။ဟိုကိုမနက်အစောကြီး(၂)နာရီလောက်ရောက်သွားတော့ check-inဝင်လို ့ရပါ့မလားလို့

တွေးပူနေတာတော်သေးတယ်။ကိုယ်တွေအခန်းကမနေ ့ကလူဝင်တဲ့သူမရှိတော့အခန်းကြိုရပြီးပြန်အိပ်လို့ရသွားတာပေါ့။

#ဘယ်မှာတည်း

ချောင်းသာကHotel Ayarwaddyမှာပဲတည်းခဲ့ကြပါတယ်။ဒါတောင်အဲ့ဟိုတယ်ရတာကံကောင်းတာပါ။ (တိုးအေဂျင့်တွေနဲ ့

ချိတ်သွားရင်သက်သာတတ်ပါတယ်။)သူကကားလမ်းမဘေးပေါ့နော်။ကမ်းခြေဘက်ခြမ်းမဟုတ်ပေမဲ့ဘန်ဂလိုအတွဲလေးတွေသန် ့ရှင်းတယ်။မနက်စာလည်းပါတယ်။wifiနဲ ့ဆိုတော့ပုံတွေကို update တင်လို့ရတာပေါ့။ခုဆိုရေကူးကန်တောင်

ဆောက်လို့ပြီးသွားပြီလို့သတင်းရပါတယ်။

ကမ်းခြေဘက်မှာဟိုတယ်တွေဆိုတာသူ ့ထက်ငါအပြိုင်အဆိုင်။ကားလမ်းမဘေးကဟိုတယ်တွေထက်ပိုကောင်းပါတယ်။ဘာကောင်းလဲဆိုရင်ရေဆော့ပြီးလို့ပြန်တက်လာရင်ဟိုတယ်အခန်းထဲကိုတိုက်ရိုက်ရောက်တာဖြစ်လို့ပါ။ပြီးတော့ကိုယ့်အ

ခန်းထဲကနေပင်လယ်ကြီးကိုလည်းကောင်းကောင်းကြည့်ရှုခံစားနိုင်လို့ပါပဲ။အဲ့ဘက်ခြမ်းဟိုတယ်တွေမှာတည်းချင်ရင်တော့လူများတဲ့ရက်(အစိုးရရုံးပိတ်ရက်)သွားမယ်ဆို(၁)လလောက်ကြိုဘွတ်ကင်တင်ပါ။လူမများတဲ့ရက်ကြားရက်ဆိုရင်တော့(၂)

ပတ်လောက်ကြိုဘွတ်ကင်တင်ရင်ရပါပြီ။

#ဘာတွေလုပ်လု ့ိရလဲ

#လှိုင်းစီး

ကမ်းခြေဆိုတော့(၁၀၀၀)တန်ဘောကွင်းနဲ ့လှိုင်းစီးလို့သိပ်ကောင်းသလားမမေးနဲ ့။တခါမှလှိုင်းမစီးဖူးလို့သယ်ရင်းကစီး

နည်းပြလိုက်တာ အရမ်းကိုပျော်သွားပြီးရင်ခေါင်းလောက်ရှိတဲ့နေရာအထိတောင်သွားပြီးလှိုင်းစီးကြမ်းခဲ့ပါတယ်။(သတ်မှတ်ထားတဲ့နေရာ

တော့ကျော်မသွားပါဘူး 😛 )။ လှိုင်းတွေတစ်လုံးပြီးတစ်လုံးတက်လာလေလေဘောကွင်းပေါ်မှာဇိမ်နဲ ့အငြိမ့်သားလေး

ကမ်းစပ်နားထိရောက်အောင်စီးသွားလေလေပါပဲ။

#စက်ဘီးစီး

တချို  ့ကတော့အတွဲလိုက်ရှေ  ့တစ်ယောက်၊နောက်တစ်ယောက်စီးလို့ရတဲ့စက်ဘီးလေးတွေ၊တစ်ယောက်ချင်းစီးလို့ရတဲ့

တစ်ယောက်စီးစက်ဘီးလေးနဲ ့၊နှစ်ယောက်လေးချင်းယှက်လျက်ပြီးစီးလို့ရတဲ့အမိုးပါပါတဲ့စက်ဘီးလေးတွေလည်းငှားစီးလို့

ရပါတယ်။

10945762_803143003091138_1218597916189794953_n chaungthar-beach4

#မြင်းလှည်းစီး

မြင်းလှည်းလည်းကမ်းခြေမှာဟိုဘက်ဒီဘက်စီးလို့ရပါသေးတယ်။

#စွန်လွှတ်

စွန်လည်းအပျင်းပြေလွှတ်လို့ရပါသေးတယ်။

#ချောင်းသာကမ်းခြေရဲ  ့ထူးခြားချက်

ချောင်းသာကမ်းခြေရဲ  ့ နံနက်ခင်းနေထွက်ချိန်ကိုကြည့်ချင်ရင်တော့ ချောင်းသာနဲ ့ကန်ကြီးရွာကိုကူးတဲ့ ကူးတို့ဆိပ်အနီးမှာ

သာရှင်းလင်းလှပစွာတွေ့မြင်နိုင်ပါတယ်တဲ့

#လက်ဆောင်ပစ္စည်းလေးတွေဝယ်ကြမယ်

ပင်လယ်ကနေရတဲ့ခရုလက်ကောက်လေးတွေ၊ကလစ်လေးတွေဆွဲကြိုးလေးကိုအမှတ်တရဝယ်မယ်ဆိုရင်တော့

“စံပါယ်ဖြူ” ခရုဆိုင် ချောင်းသာဈေးအနီး
Ph- 09 422459771
09 251122032
09 422503727 သို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

1925159_616060858522874_5972827369092048518_n

#ဈေးသင့်သောတည်းခိုခန်းများ
#OK-9 Guest House
Chaung Tha Beach Ph:09-43018521/09-258781358
Max Hotel နားတွင်ဆင်းပါရန်။အကျိုးဆောင်များလိုက်မပို.စေနှင့်
တည်းခိုခ-ကုတင်(၂)လုံး (၄)ဦးသင့်သလိုအိပ်ရန် 15000 Kyat.

#မေကိုဧည့်ရိပ်သာ Max Hotel နားတွင်ဆင်းပါရန်
May Ko (Guest House) 042-42262/42136 095201825 /09422467750
တည်းခိုခ-ကုတင်(၂)လုံး (၄)ဦးသင့်သလိုအိပ်ရန် 20000 Kyat.

#ဆည်းဆာနီတည်းခိုခန်း Max Hotel နားတွင်ဆင်းပါရန်
၂/၂၂-ကြံခိုင်ရေးလမ်း၊ ချောင်းသာ Phone: 0949720846 042-42314
တဦးတည်းခ 3000(သို.)5000 ကျပ်၊ဈေးနားရှိ၊ကမ်းခြေနှင့်ဝေး။

#နန်းထိုက်သူဧည့်ရိပ်သာ Max Hotel နားတွင်ဆင်းပါရန်
ဘောဂလမ်း၊ရပ်ကွက်(၂)၊ချောင်းသာကမ်းခြေ၊ရွှေသောင်ယံမြို.နယ်။
Phone: 04242261/0949735066 တဦး-3000 ကျပ်။

#အစားအသောက်

လာချက်ပေးတဲ့သူရှိတယ်မှာစားရင်တန်တယ်ဆိုလို ့မဝါဆီမှာမှာစားခဲ့ပါတယ်။မွန်လေးတို ့တည်းခိုရာေနရာကနေ ဖုန်းဆက်ပြီး မှာလိုက်ရုံပါပဲ။ တစ်နာရီအတွင်းအရောက်လာပို့ပေးပါတယ်။ ရောက်မယ့်အချိန်ကြိုဆက်ထားရင်တော့ ပိုအဆင်ပြေပါတာပေါ့။ကိုယ့်စားချင်တဲ့ဟင်းကိုကိုယ်ပေးနိုင်တဲ့ဈေးနဲ ့ချက်ခိုင်းလို့ရပါတယ်။ ခုတောင်ပြန်စားချင်လာပြီလို ့။ပင်

လယ်ကမ်းခြေမှာစားရတဲ့အသားတွေကလတ်ဆက်တော့ဘယ်နေရာနဲ ့မှမလဲနိုင်ပါဘူး။

ဒီအစားအစာတွေရပါတယ်လို့။
ပုစွန်ဟင်း
ဂဏာန်းဟင်း
ကင်းမွန်ဟင်း
အရသာရှိတဲ ့အရန်ဟင်းလျာများ
ပဲသီးကြော်
ကစွန်းရွက်ကြော်
အရသာရှိတဲ့ငပိနှင့် တို ့စရာ
ဟင်းချို

 

#စရိတ်

ကားခက အသွားအပြန်ဆိုတော့ ၁၅၀၀ဝ + ၁၅၀၀ဝ = ၃၀၀၀ဝ ကျပ်၊ အခန်းခက ၂ညနေတယ် တစ်ယောက်ကို ၇၀၀၀ဝ ကျပ်၊အစားအသောက်က တော့သိပ်မမှတ်မိတော့ဘူး။စားကောင်းတာမှန်သမျှအကုန်ဆွဲတာ3ရက်နေ ခဲ့တာဆိုတော့ ၁၀၀၀ဝလောက်တော့ရှိမှာပေါ့လေ။ စုစုပေါင်း ၁သိန်းကျော်လောက်ဆိုကောင်းကောင်းချည်းလောက်ပါတယ်လို့။

#ခရီးတစ်ခုသွားရင်ကြည့်တတ်တဲ့အကျင့်လေးကတော့ မြေပုံပါပဲ။ကိုယ်သွားတဲ့နေရာကနိုင်ငံရဲ  ့မြောက်ပို်င်း၊တောင်ပိုင်းခွဲ

ခြားလို ့ရအောင်အမြဲတမ်းမြေပုံကြည့်ပြီးသွားတတ်ပါတယ်။ခုလည်းချောင်းသာမြေပုံလေးကိုထည့်ပေးလိုက်ပါတယ်။အားလုံးလည်းရင်းနှီးပြီးသားဖြစ်မှာပါ။

7338_440202092840453_2391422937524185400_n

#travelwithmonlay

နောက်သွားမယ့်ခရီးစဉ်လေးတွေလည်းဆက်ရေးပေးပါဦးမယ်

PS: အဲ့လိုခရီးတွေကိုလိုက်ပါခံစားချင်ရင်တော့ …Just Follow me!! ….မွန်လေးနဲ ့လိုက်ခဲ့လို့ရပါတယ်…..Free & Easy tour ပဲစီစဉ်ပြီးစရိတ်သက်သက်သာသာနဲ့ ့ကမ္ဘာပတ်ကြမယ်…..0942104568

 

 

 

 

 

2 comments

  • Thint Aye Yeik

    December 14, 2016 at 2:59 pm

    တစ်သိန်းကျော် နှစ်သိန်း အကုန်ခံရတဲ့ ခရီးကို
    ကိုယ်ကတော့ စရိတ်သက်သာတယ်လို့ကို မထင်သေး။ ကိုယ့်ဝင်ငွေနဲ့ကိုယ့်အတွေးပေါ့လေ။
    ဝင်ငွေကောင်းတဲ့သူတွေများကျတော့လည်း တစ်သိန်းကျော် နှစ်သိန်းဆိုတာ ဘီယာတစ်ဝိုင်းစာ. . .
    KTVမှာ တစ်ည ကဲဖို့ရာလောက်သာ. . .

    :k:

    စရိတ်သက်သာတဲ့ တည်းခိုခန်း အချက်အလက်လေးတွေ ဖော်ပြပေးလို့ ကျေးဇူးပါ။
    တစ်စုံတစ်ယာက်ကို လိုက်ပို့ရဖို့ ရှိတာမို့. . အဲ့အချက်အလက်ကလေးတွေကို မှတ်ထားတယ်။
    😆

    ကိုယ်ကတော့ ချောင်းသာကို ၂ခေါက်
    ငွေဆောင်ကို ၂ခေါက် ရောက်ပြီးပြီ။
    ချောင်းသာထက် ငွေဆောင်ကို ပိုသဘောကျတယ်။

    ဒ့ါမယ့် ရခိုင်ပြည်ထဲက ပင်လယ်အလယ်ခေါင် သောင်ထွန်းတဲ့ ရေပတ်လည် ကျွန်းစုကြီးမှာ ငါးနှစ်မက နေခဲ့ရဖူးသူမို့ ချောင်းသာတွေ ငွေဆောင်တွေက ကိုယ့်အတွက်တော့ သိပ် မထူးဆန်းသလိုပါပဲ။

  • သျှားသက်မာန်

    December 14, 2016 at 3:29 pm

    ဟုတ်ပါတယ်..ငွေဆောင်လည်းသိပ်လှတဲ့အကြောင်းလေးရေးပေးပါဦးမယ်ညော်………………

Leave a Reply