Venice မြို့ပေါ်က အလှဆုံး နေရာ (၆) ခု

Mon LayDecember 7, 20162min1062
  1. Mark’s Square

St.-Mark’s-Square
(Image Credit : magical-italy.com)

ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ဒီ plaza ကတော့ ဘေးပတ်ပတ်လည်မှာရှိတဲ့ တင့်တယ်လှတဲ့ဗိသုကာလက်ရာတွေနဲ့တည်ဆောက်ထားတဲ့ အဆောက် အဦတွေရဲ့ အရှိန် အဝါကြောင့် သီးသန့်ကမ္ဘာလေးတစ်ခုသဖွယ် ဖြစ်နေပါတယ်။ လူတွေက ဒီနေရာ ကို အေးအေးဆေးဆေး လမ်းလျှောက်ဖို့၊ မိတ်ဆွေတွေနဲ့စကားပြောဖို့၊ သူငယ်ချင်းအသစ်တွေရှာဖွေဖို့၊ coffee သောက်ဖို့၊ ပတ်ဝန်းကျင်မြင်ကွင်းတွေကိုခံစားရင်း အချိန်ဖြုန်းဖို့ စတဲ့အကြောင်းပြချက်တွေနဲ့ လာရောက်လေ့ရှိကြပါတယ်။

 

  1. Zattere

zattere

(Image Credit : magical-italy.com)

Dorsoduro နယ်မြေထဲမှာတည်ရှိတဲ့ ဒီပင်လယ်ကမ်းနဖူးပေါ်က လမ်းကျယ်လေးကတော့ ညနေခင်းလမ်းလျှောက် ထွက်ဖို့ နဲ့ ရေပြင်ကျယ်ကြီးရဲ့ အလှကိုခံစားရင်း ညစာ သုံးဆောင်ဖို့အတွက် အကောင်းဆုံးနေရာလေးတစ်ခုဖြစ်ပါတယ်။ မြို့ပြရဲ့ မွန်းကြပ် တဲ့နေ့စဉ်ဘဝကနေ ရုန်းထွက်နိုင်မယ့် အေးချမ်းတဲ့နေရာလေးတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်မှာလည်း ထင်ရှားတဲ့အ ထိမ်းအမှတ် အဆောက်အဦတွေကို တွေ့မြင်နိုင်ပါတယ်။

 

  1. Torcello Island

torcello-island

(Image Credit : magical-italy.com)

Venice မြို့ဆိုတာ (၇) ရာစုလောက်က ဒီကျွန်းလေးပေါ်ကနေ စတင်ခဲ့တာဖြစ်ပြီး ရာစုနှစ် (၅) ခုလောက်အကြာမှာတော့ စီးပွားရေးမြို့ တစ်မြို့အဖြစ် ဖွံ့ဖြိုးလာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီကျွန်းပေါ်မှာ Santa Maria Assunta ဘုရားကျောင်း  အပါအဝင် ဘုရားကျောင်းနှစ်ကျောင်း နဲ့ အိမ် အနည်းငယ်သာ ကျန်ရှိနေပါတော့တယ်။

 

  1. San Giorgio Maggiore

san-giorgio-maggiore

(Image Credit : magical-italy.com)

St Mark’s Square ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ဒီကျွန်းငယ်လေးကတော့ Andrea Palladio ဒီဇိုင်းဆွဲခဲ့တဲ့ (၁၆) ရာစုက နာမည်ကြီး ဘုရားကျောင်း တည်ရှိရာ ကျွန်းလေးဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့ အပြင်ပိုင်းသာမက အတွင်းပိုင်းကပါ လှပပြီး အပေါ်ဆုံး ထပ် ကနေကြည့် မယ်ဆိုရင် Venice တစ်မြို့လုံးရဲ့အလှကို မြင်တွေ့ခံစားရမှာပါ။

 

  1. Sant’ Andrea Island

sant-andrea
(Image Credit : magical-italy.com)

ဒီကျွန်းကတော့ Murano နဲ့ Torcello ကျွန်းတွေလောက်နာမည်မကြီးပေမယ့် သူ့သဘာဝနဲ့သူ လှပနေတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ အဲ့ဒီကျွန်းပေါ်မှာ ပျက်စီးနေပြီဖြစ်တဲ့ (၁၇) ရာစုက မြို့ခံတပ်ဟောင်းကြီးကို တွေ့မြင်ရပါလိမ့်မယ်။ ဒီကျွန်းလေးပေါ်ကနေ ပြိုင်ဘက် ကင်းစွာ လှပနေတဲ့ Venice မြို့နဲ့ ရေပြင်ကျယ်ကြီးရဲ့အလှတွေကို ရှုမြင်ခံစားနိုင် တဲ့အတွက် ပျော်ပွဲစား ထွက်ဖို့အကောင်းဆုံးနေရာ တစ်ခုဖြစ်ပါတယ်။

 

  1. Chioggia

chioggia
(Image Credit : magical-italy.com)

Venice မြို့ကိုသွားလည်ရင်း ခရီးသွားမများတဲ့နေရာမျိုးမှာ အပန်းဖြေချင်တယ်ဆိုရင်တော့ ဒီတံငါရွာလေးက မိတ်ဆွေတို့ရဲ့ အလိုကို ဖြည့် ဆည်းပေးပါလိမ့်မယ်။ သူ့ရဲ့အနီး အနားက ရွာတွေလောက် အနုပညာဆန်ဆန် မလှပပေမယ့် တူးမြောင်းကျဉ်းကျဉ်းလေးတွေ၊ မုဒ်ဝပါတဲ့ တံတားတွေနဲ့ အရသာရှိတဲ့ပင်လယ်စာတွေက ဒီရွာလေးရဲ့ဆွဲဆောင်မှု ပါပဲ။

Reference : magical-italy.com

2 comments

  • သျှားသက်မာန်

    December 8, 2016 at 12:28 pm

    ကမ္ဘာမှာအသွားချင်ဆုံးမြို ့လေးပါ

Leave a Reply