???တိမ်ပင်လယ်ပေါ်က အေးမြတဲ့ တောင်ပေါ်မြို့လေးသံတောင်ဆီ?

Mon LayDecember 27, 201619min1662

“တိမ်တွေနေတဲ့အရပ်ဆီကိုနင်နဲ့ငါ “

???“လေတွေတိုက်တုန်းသွားမယ်ကွာဖက်ထားပါ “???

???“တုန်ရီနေတဲ့ငါ့လက်ကလေးကိုနင်ကိုင်ထားပါ”???

???“ရင်ခုန်လွန်းလို့ပါ “??

ဒီသီချင်းကိုအစတုန်းကတော့လုပ်ဆိုတယ်ပဲထင်တာ.. ခုတော့တကယ်အပြင်မှာပါ တိမ်တွေနေတဲ့ဆီ၊

တိမ်တွေနဲ ့သွားမိတ်ဆက်လို့ရတဲ့သံတောင်စခန်းမြို  ့လေးကိုမွန်လေးအလည်အပတ်ရောက်ခဲ့ပါတယ်။

#သံတောင် (Thantaung) ⛰⛰

#နော်ဘူဘောဆုတောင်းပြည့်တောင် ⛪️

#မြတ်စောညီနောင်ဘုရား ( တောင်ငူ ) ??

#ပသီချောင်း??

#ရွှေဆံတော် ??

#ဦးဖိုးကျားဆင်စခန်း. ?

??ဘယ်လိုသွားကြလဲ

ရန်ကုန်ကနေခရီးသွားကားနဲ ့ညဘက်(၁၁)နာရီမှာထွက်လာခဲ့တယ်။ရန်ကုန်ကနေတောင်ငူ၊တောင်ငူမှသံတောင်ကြီး

(ေတာင်ငူကနေဆိုတော့35 မိုင်သာသွားရပါတယ်)၊ပြီးတော့သံတောင်စခန်းကိုဆက်သွားကြပါတယ်။မွန်လေးတို ့စီး

လာတဲ့ကားကနဂိုတည်းက၂၂ယောက်စီးဆိုတော့ကားချိန်းစရာမလိုဘဲတောင်ထိပ်ထိကားကတန်းရောက်ပါတယ်။တချို  ့က

ကားကြီးနဲ ့လာကြတော့တောင်ငူ ပသိချောင်း အထိ ကားကြီးများကို မောင်းနှင်ပြီး အဲ့နေမှတဆင့် အသင့်ခေါ်ယူသွားတဲ့ တဆင့်သွားကားများနဲ ့တောင်ပေါ်ကိုဆက်တက်ရပါတယ်။တောင်ပတ်လမ်းကတောက်လျှောက်တက်ရပြီး အကွေ ့အကောက် တော်တော်များလို ့ ကားမူးတက်သူများဆေးကြိုသောက်ထားပါ။တောင်ခြေ အောက်မှာတော့နေ

တောက်လျောက်ပူနေပြီးတစ်ဝက်လောက်အရောက်မှာအေးလာပါတယ်။ ဒေါ်ဖားခို (ခေါ်) ဘွယ်ဟီ ခိုတောင်ထွတ်က(ယနေ့အချိန်မှာ နော်ဘူဘော ဆုတောင်းတောင်အဖြစ်) ကရင်ပြည်နယ်ရဲ့မြောက်ပိုင်း

စွန်းအမြင့်ဆုံးတောင်တွေထဲမှာတစ်ခုအပါအဝင် ဖြစ်ပြီးဘွဲကရင်တိုင်းရင်းသားတွေနေထိုင်ရာဒေသတစ်ခုလည်း ဖြစ်ပါ

တယ်။တောင်ကလည်းပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ(၄၈၂၄)ပေရှိလို့မွန်လေးတို ့အသွားတစ်ကြောင်းထဲကို(၂)နာရီနီးပါးသွားခဲ့ရပါတယ်။

တချို ့ကလည်းအိမ်စီးကားရှိရင်ရန်ကုန်ကနေကားနဲ ့လာလို ့ရသလို၊ ရန်ကုန်-တောင်ငူကိုလိုင်းကားစီးပြီးတောင်ငူကနေတ

ဆင့်သံတောင်ကိုကားထပ်စီးရပါမယ်။လိုင်းကားထွက်တဲ့အချိန်တွေကတော့ မနက်(၆ – ၆ခွဲ – ရ – ၈ – ၉ – ၉ခွဲ – ၁ဝ – ၁၁ ) နဲ ့

ညနေ (၁ – ၂ – ၃ – ၅ – ၆ – ရ – ၉ခွဲ)တွေပါ။ စေတမန် – ၅၅၀ဝ ကျပ်/ မိုးကောင်းကင် – ၁၃၃၀ဝ ကျပ်/ရွှေမန်းသူ – ၅၂၀ဝ ကျပ်တို ့ရှိပါတယ်။(မွန်လေးဆီမှာဝယ်လို့ရပါတယ်လို့ ??)

#မနက်စာ??

တောင်ငူမြို့ ကစားသောက်ဆိုင်လေးတစ်ဆိုင်မှာ မနက်စာ ကျွေးမွေးဧည့်ခံပါတယ် ဆိုင်လေးက မနက်စောစောဆိုတော့ ကိုယ်တွေပဲ ရှိပြီး စားစရာလဲ စုံပါတယ်။

#ကားကတောင်ခြေရင်းမှာရပ်ထားခဲ့ပြီးတော့လှေကားပေါင်း (၃၇၄)ထစ်ရှိသော၊အကျယ်(၆)ပေရှိတဲ့ဆုတောင်းပြည့်နော်ဘူ

ဘောတောင်ကိုတက်ကြတယ်။
လမ်းတစ်ဝက်လောက်မှာလည်း မောသမျှတွေပယ်ပျောက်ပြီး အလွန်တရာမှ လှပသောတောင်တန်းများ၊ မြူများ ၊တိမ်များနှင့် စီးဆင်းနေသောမြစ်များကိုသဘာဝအတိုင်းတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။

တောင်ပေါ်မှာဘာတွေရှိလည်းဆိုတော့ အရမ်းလှပတဲ့သင်္ဘောကြီးပေါ်မှာတည်ဆောက်ထားတဲ့ Church ကျောင်းကြီးရယ်၊

လက်ဝါးကပ်တိုုင်ကြီးရယ်၊ ရိုးစင်းသောအပြုံးများနဲ ဆော့ကစားနေတဲ့ ကရင်ကလေးလေးတွေရယ်ပြီးတော့ မွန်းကျပ်တဲ့ ရန်ကုန်မြို ့မှာမရနိုင်တဲ့အလွန်တရာမှ လတ်ဆတ်တဲ့လေများစွာရှိပါတယ်။တောင်ပေါ်ကိုတက်နေတဲ့အချိန်မှာလည်း ဘုရားဝင်ဝတ်ပြု လို့ရတဲ့ဘုရားဆောင်လေးတွေလည်းတော်တော်များများထားထားတာလည်းတွေ ့နိုင်ပါတယ်။(ခရစ်ယာန် လူမျိုးများအတွက်သာ)တောင်ပေါ်ရောက်တော့မြင်ရတဲ့ရူခင်းကဘာနဲ ့မှမလဲနိုင်ပါဘူး။ တောင်တွေဆိုတာတိမ်တွေနဲ ့ဝေနေတာ၊ပါးစပ်ထဲကနေတောင်တိမ်တွေမြုပ်ထုတ်လို့ရတဲ့အထိပါဖြစ်ခဲ့တယ်။အဲလောက်နီးနီးကပ်ကပ်လေးလို။

နော်ဘူဘောတောင်သမိုင်းကြောင်းကိုသိချင်တာနဲ ့ကားပေါ်မှာတည်းကအင်တာနက်ပေါ်ကနေရှာထားတဲ့သမိုင်းလေးကိုဖတ်ဖြစ်ခဲ့ပါတယ်။(ကိုယ်ကလည်းတစ်နေရာသွားရင်သမိုင်းကြောင်းသိမှသွားချင်တဲ့စိတ်ကတားမရဘူးလေ)?

 

“ဘွယ်ဟီခိုတောင်နဲ့
ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကို ကီးကူလူမျိုးဘုရင် သမိအိက အုပ်ချုပ် ပြီး သူ့မှာ စွမ်းအားပြည့်တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သားတော် စစ်သူကြီး စောသာဂေါ်ခွား ရှိပါတယ်။စစ်ပွဲမှန်သမျှအနိုင်ရခဲ့တဲ့သားတော် အရွယ် ရောက်နေပြီဖြစ်တာမို့ လက်ထပ်ထိမ်းမြားပေးဖို့ ဘုရင် သမိအိဟာသားတော်နဲ့ အတူ အခြွေအရံတွေ ခြံရံပြီး ချွေးမရှာထွက်ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ တန်ခိုးအင်မတန်ကြီးတဲ့ ပင်လယ်ဘုရင် သာကအူမှာ အိပ်ပျော်နေရင်းရောင်ခြည်အလင်းတန်းတွေ ထွက်တတ်တဲ့ အချောမောအလှပဆုံး သမီးတော် နော်ဘူဘောကလည်း သီးခြားတိုင်းပြည်တစ်ခုမှာ နာမည် ကျော်နေသူပါ။

တစ်နေ့မှာ စစ်သူကြီး စောသာဂေါ်ခွားနဲ့မင်းသမီး နော်ဘူဘောတို့ တွေ့ဆုံ မိကြရာက ချစ်ကြိုက်ပြီး ခုနစ်ရက်အကြာမှာ လက်ထပ်ခဲ့ကြပြီးရိုးရာအစဉ်အလာအတိုင်း ခင်ပွန်းသည် နေထိုင်ရာဘွယ်ဟီခိုတောင်ပေါ်ဒေသကိုနော်ဘူ ဘောက

အခြွေအရံတွေနဲ့အတူ ပျော်ရွှင်စွာ လိုက်ပါခဲ့ပါတော့တယ်။မျက်စိအောက်ကအပျောက်မခံ ချစ်ခဲ့ရတဲ့ တစ်ဦးတည်းသော

သမီး နော်ဘူဘောကိုနယ်မြေခြားထည့်လိုက်ရမှာဖြစ်တဲ့အတွက် ဖခင် ဘုရင်သာကအူ က စောသာဂေါ်ခွားတို့ကို
သမီးအန္တရာယ်မရှိစေဖို့ ကတိအထပ်ထပ်တောင်းခဲ့ ကြပါတယ်။နော်ဘူဘောရဲ့ မိခင်ဖြစ်သူကတော့ သမီးအတွက် စပါးအပြည့် ဖြည့်ထားတဲ့ ဘူးသီးခြောက်တစ်ခုနဲ့ မှော်ရွှေဘီးတစ်ချောင်းလက်ဆောင်ပေးခဲ့ ပါတယ်။

ခရီးသွားရင်း လမ်းတစ်ထောက်အနား ဗိုက်ဆာချိန်မှာ နော်ဘူဘောကမိခင်ထည့်ပေးလိုက်တဲ့ ဘူးသီးခြောက်ထဲက စပါးတစ်စေ့ကို ထုတ်၊ အခွံနွှာ၊ ထက်ပိုင်းချိုးပြီးအနီးနားက ကြက်ဥခွံလေးထဲ ထည့်ချက်ပါတယ်တဲ့။ကြက်ဥ ခွံအပြည့်ဖြစ်လာတဲ့ ထမင်းက လိုက်ပါသူတွေအတွက် ခရီးတစ်လျှောက်လုံး ဗိုက်ပြည့်တဲ့အထိ အာဟာရပြည့်စေခဲ့ပါတယ်။

ဘွယ်ဟီခို နန်းတော်ရောက်ရှိချိန်မှာတော့ ညဘက်အိပ်ချိန်ထွက်တတ်တဲ့ မင်းသမီးနော်ဘူဘောရဲ့ ရောင်ခြည်တွေကြောင့် အန္တရာယ်ရှိသူ စုန်းမအဖြစ်ဝိုင်းသတ်မှတ်ခဲ့ကြပြီး မကြာခင်ရက်ပိုင်းမှာ စောသာဂေါ်ခွားဟာ ရန်သူတွေနဲ့ တိုက်ခိုက်ဖို့စစ်

တိုက်ထွက်ရပါတော့တယ်။စစ်တိုက်မထွက်ခင်မှာ နော်ဘူ ဘောက တန်ခိုးရှိတဲ့ မှော်ရွှေဘီးကို ခင်ပွန်းသည်ကို အဆောင်

အဖြစ်ထည့်ပေး လိုက်ပါတယ်။စစ်တိုက်ရာမှာ မှော်ရွှေဘီးကို ခြေနဲ့နင်းထားတာကြောင့် စစ်သူကြီးစောသာဂေါ်ခွားကို ရန်သူတွေ မမြင်နိုင်ခဲ့ဘဲ အသာစီးနဲ့ ချေမှုန်းနိုင်ခဲ့ပေမယ့် မသေသေးတဲ့ရန်သူတစ်ယောက်က နောက်ဆုံစောသာဂေါ်ခွား

ရွှေဘီးကို ခေါင်းပေါ်ပြန်တင်ချိန်မှာ တွေ့ရှိခဲ့ပါတယ်။ဒါကြောင့် အဆိပ်လူးမြှားနဲ့ ပစ်လိုက်ပြီး စောသာဂေါ်ခွားလည်း တိုက်ပွဲမှာ ကျဆုံးခဲ့ရပါတော့တယ်။စစ်ပွဲတိုင်းအနိုင်ရတဲ့ စောသာဂေါ်ခွား စစ်ပွဲမှာကျဆုံးခဲ့တဲ့ တရားခံအဖြစ် မှော်ဘီးပိုင်ရှင်

နော်ဘူဘောကို သံသယနဲ့ ဝိုင်းစွပ်စွဲကြပြီး နောက်ဆုံးတရားစီရင်မယ့် ဒေဖာဟိုခိုတောင်စွန်းထိပ်မှာကြိုးနဲ့ချည်ထားခဲ့ပါ

တယ်။အဲဒီတောင်ထွတ်နေရာဟာ အရင်က စုန်း၊ ကဝေ၊ မှော်ပညာရှင်တွေနေထိုင် တဲ့နေရာအဖြစ် နာမည်ကြီးခဲ့ပြီး အဲဒီနေရာမှာပဲ မင်းသမီးလေးကို သတ်လိုက် ကြပါတော့တယ်။မင်းသမီးလေး အသတ်ခံရတဲ့သတင်းကို ဖခင် ပင်လယ်ဘုရင် သာကအူ ကြားရပြီးဒေါသကြီးမားတဲ့ ဘုရင်ကြီးဟာ စစ်သည်များစွာနဲ့ ဘွယ်ဟီခို အရပ်ကို စစ်တိုက်ထွက်

ခဲ့ကြပြီးနောက်ဆုံး ဒေသတစ်ခုလုံး ပျက်စီးပြီး မှော်တန်ခိုးတွေကြောင့် ကျောက်ရုပ်များအဖြစ်ပြောင်းလဲသွားကြရင်း လွမ်းမော စရာ ဒဏ္ဍာရီလေးက အဆုံးသတ်သွားခဲ့ပါတယ်။

၁၉၉၅ ခုနှစ်မှာတော့ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ဥက္ကဋ္ဌ၊ ဆရာတော် ဒေါက်တာ စောနေဘလု က နော်ဘူဘောဆုတောင်းတောင် ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့ကာ ဒဏ္ဍာရီထဲက မင်းသမီး နော်ဘူဘောအသတ်ခံရတယ်လို့ ယူဆတဲ့ တောင်ထွတ်နေရာမှာ လက်ဝါးကပ်တိုင် စိုက်ထူရင်းဆုတောင်းတောင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။”တဲ့

ခုဆိုရင်ေချာမောလှပ အပြစ်ကင်းပြီး မွေးရာပါစွမ်းအင်တွေပိုင်ဆိုင်ကြတဲ့ နော်ဘူဘောနဲ့ခင်ပွန်းသည်စစ်သူကြီးစောသာဂေါ်
ခွားတို့ရဲ့လွမ်းမောစရာ၊ အံ့ဩစရာ ဒဏ္ဍာရီတစ်ပုဒ်ကို အဲဒီရာဇဝင်ထဲကတောင်တန်းတွေရှိတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သာမကဘဲ နိုင်ငံအနှံ့အပြားက ကရင်တိုင်းရင်းသားတွေရဲ့ အိပ်ရာဝင်ပုံပြင်အဖြစ် လက်ခံနေဆဲပဲဖြစ်

ပါတယ်။

#ဘယ်သူတွေသွားသင့်လဲ

အရမ်းကိုအလုပ်ထဲနှစ်ပြီးကြိုးစားလုပ်ကိုင်နေတဲ့သူတွေ၊မြို  ့ကြီးပြကြီးတွေထဲကနေတစ်ခါမှအပြင်မထွက်ကြတဲ့သူတွေ၊

တကယ်သဘာဝအရသာကိုုခံစားရတာကြိုက်တဲ့သူတွေသွားသင့်တဲ့ ဒေသလေးပါပဲ။

#ဘယ်လိုဒေသလဲ

သံတောင်ကြီးကလက်ဖက်စို်က်ခင်းတွေအင်မတန်ပေါတဲ့ဒေသလေးပါ။ကော်ဖီတို့၊ကွမ်းသီးတို ့၊အနီရောင်ငှက်ပျော(ရွှေငှက်

ပျော)တို ့လည်းထွက်တဲ့ချစ်စဖွယ်နေရာလေးပါ။အရင်တုုန်းကတော့ တကယ့်နာမည်ကြီးစစ်ပွဲတွေဖြစ်ခဲ့တဲ့နေရာတွေပေါ့။

#တည်းမယ်ဆိုရင်ဖြင့်??

သံတောင်ကြီးမှာ Hotel ရယ်လို့မရှိပါဘူး, တရားဝင်ခွင့်ပြုထားတဲ့ Bed&Breakfast ၆ခု ရှိပါတယ်.
Iwish, Star from the east, Peace house,Grace for Grace, Home sweet Home,Khaing’s Villa

အဲထဲမှာ Iwish တခုပဲသံတောင်စခန်းမြို  ့လေးမှာလှမ်းတွေ ့လိုက်ပါတယ်။(ကျန်တာလေးတွေကိုမွန်လေးအိပ်ငို်က်သွားလို ့

မမြင်မိတာဖြစ်ပါမယ်?)Iwishလေးကချစ်စရာလေးရယ်လမ်းကြားထဲဝင်သွားရပြီးသူကခြံလေးနဲ့သီးသန့်ဆိုတော့

ဈေးကလည်း ၂ယောက်ခန်းတစ်ခန်းကို -၂၅၀၀ဝကျပ်(မနက်စာပါပါတယ်)

#နေ ့လည်စာ?♨️

တောင်ငူကန်တော်ကြီးအရှေ့မှာရှိတဲ့  မြန်မာထမင်းဆိုင်မှာအဝစားနဲ ့ စားခဲ့ပါတယ်။

#ပသီချောင်း

???ကမ္ဘာကျော်တေးရေးဆရာတွေရဲ့သံစဉ်တွေရှုံးလောက်တဲ့သဘာဝတောင်ကျချောင်းလေးဖြစ်တဲ့ပသီချောင်းလေးမှာ

ရေတော့ဆင်းမချိုးခဲ့ပေမယ့်ဆော့တော့ဆော့ခဲ့ပါတယ်။သူလည်းတမျိုးတဖုံလှနေပြန်ရော။ဟိုဘက်ဒီဘက်ကူးလို့ရတဲ့

ဝါးတံတားလေးကလည်းမိုက်။

#မြတ်စောညီနောင်ဘုရား ( တောင်ငူ )

တောင်ငူမြို့ ရဲ  ့အေ့ရှတောင်ဘက် ရ မိုင်ခွဲခန့်အကွာ ဒိုးသောင်ရွာအနီး၊ ပြုံချောင်းအနီးမှာတည်ထားတဲ့ဘုရားဖြစ်ပါတယ်။
“ရှေးနှစ်ပေါင်း ၂၂၀ဝ ကျော်ကတည်းကတည်ခဲ့သော ရှေးဟောင်းသမိုင်းဝင်စေတီဖြစ်သည်။နောင်တော်ကြီးစေတီနှင့် ညီတော်စေတီဟူ၍ စေတီနှစ်ဆူ တည်ထားသည်။မြတ်စွာဘုရားရှင် နုစဉ်အခါ ရှေးအတိတ်ဘဝတစ်ခု၌ ဤနောင်တော်စေ

တီတည်ရာအရပ်တွင် ကြက်မင်းအဖြစ် စံပျော်ရာနေရာဖြစ်ပြီး ညီတော်စေတီတည်ရာ နေရာမှာအာနန္ဒာလောင်းလျာ ညီတော်ကြက်မင်းစံပျော်ခဲ့ရာ အရပ်ဖြစ်သည်။မြတ်စွာဘုရားရှင်၏ မေးရိုးတော်ဓာတ်နှင့်လက်ရုံးတော်ဓာတ်နှင့်

ကျောက်ကုန်းတော်ဓာတ်တော်အစစ်များ ဌာပနာထားသည်။ဤဒေသသို့ ဒေသစာရီကြွရောက်ခဲ့ရာတွင်ငှက်ငယ်ညီနောင်

သည်အတောင်ယှက်၍ဘုရားရှင်အား ရှိခိုးသည်၌ ဘုရားရှင် ပြုံးတော်မူရာ ညီတော်အာနန္ဒာမှ မေးမြန်းသောအခါ
ဤအရပ်၌ နောင်အခါ ညီနောင်နှစ်ပါးသည်ငါ၏ ဓာတ်တော်တို့ကို စေတီတည်၍လူအများ ကုသိုလ်ချမ်းသာရကြောင်း ဖြစ်ပေ
လိမ့်မည်ဟု ဗျာဒိတ်တော်ရှိလေသည်။သီရိဓမ္မာသောကမင်းကြီးသည် အတိုင်းတိုင်းအပြည်ပြည်သို့ ဓာတ်တော်

မွေတော်များ ဖြန့်ဝေသာသနာပြု ခဲ့ရာ ရဟန္တာနှစ်ပါးမှ ဤအရပ်ဒေသအနီးရှိမြတ်လှနှင့် စောလှ ညီအစ်ကိုတို့အားဓာတ်တော်

မွေတော်များ ပေးသနားခဲ့ရာမှ မြတ်စော ညီနောင်ဟု တွင်လေသည်။ထို့အပြင် သိကြားမင်းဆက်ကပ်သော ဘွဲ့တံဆိပ်တော်

ရှိသည့် စေတီလည်းဖြစ်ပြီးဗော ဓိ သေ ဌံ ဟု ခေါ်တွင်လေသည်။တောင်ငူမင်းအဆက်ဆက် ပြုပြင်မွန်းမံကိုးကွယ်ခဲ့ပြီး

စစ်ချီစစ်တတ်ခါနီးတွင် ဘုရားအနီးအောင်မြေအား လာရောက်နင်းလေ့ရှိကြသည်။ဘုရားဝန်းကျင်၌ နတ်ကြီးနတ်ရဲများ၊ မမြင်အပ်သောအစောင့်အရှောက်များ ပေါများသည်ဟုရှေးလူကြီးသူမတို့ စကားရှိခဲ့ကာ ဘုရားအနီးဝန်းကျင်ရှိ အချိ ု့ပန်းမန်သစ်ပွင့်များ ခူးခြင်းကို သတိပေးတားမြစ်ချက်များ ထုတ်ပြန်ထားလေသည်။ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်း လပြည့်နေ့တွင် ကျင်းပပြုလုပ်ပါသည်။တပေါင်းလပြည့်နေ့တွင် တောင်ငူမြို့ သမိုင်းဝင် မြတ်စောညီနောင်ဘုရားသို့ ဘုရားဖူး လာရောက်သူများဖြင့် စည်ကားတောင်ငူမြို့သမိုင်းဝင် မြတ်စောညီနောင် ဘုရားပွဲတော်သို့ တပေါင်းလပြည့်နေ့တွင် ဘုရားဖူး လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားခဲ့ပြီး သမိုင်းဝင် မြတ်စောညီနောင် ဘုရားပွဲတော်ကိုတပေါင်းလဆန်း

၁၁ ရက်မှ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ်လ ၂၄ ရက်အထိ ကျင်းပလျှက်ရှိရာဘုရားပွဲတော်သို့အနီးဝန်းကျင်

ကျေးရွာဒေသ ခံတောင်သူများမှ နွားလှည်းဖြင့် လည်းကောင်း၊ ခြေလျင်ဖြင့်လည်းကောင်း၊ အိုးခွက်၊ ပန်ကန်များ၊ အိပ်ရာလိပ်များ တင်ဆောင်ကာ ညအိပ်ညနေ လာရောက်ဖူးမျှော် လည်ပတ်ကြပြီး၊ မြတ်စောညီနောင်ဘုရား သည် တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ရေတာရှည်၊ သံတောင်ကြီးမြို့နယ် များအကြားတွင် တည်ရှိသည့် ထင်ရှားလှသော သမိုင်းဝင် တောင်ပေါ်စေတီ လည်း ဖြစ်သည်။” တဲ့

#ရွှေဆံတော်

မြို့ပေါ်ဘုရားဖြစ်တဲ့ ရွှေဆံတော် ဘုရားကိုသွားရောက်ဖူးမျှော်ခဲ့တယ် ???? တောင်ငူမြို့ရဲ့ ကျက်သရေဆောင်ဘုရား

တစ်ဆူလို့လည်းပြောရင်မမှားပါဘူး။

#ဦးဖိုးကျားဆင်စခန်း??

ပဲခူးရိုးမတောထဲရှိတဲ့ဦးဖိုးကျား ဆင်စခန်းကို သွားရောက်ပြီး ဆင်လေးတွေရဲ့ ဘဝကိုလေ့လာကာဆင်စီးရင်း ဆင်စာကျွေးပြီး ဆင်လိမ္မာလေးများ နဲ့ ဓာတ်ပုံရိုက်ကြပါတယ်။ဆင်စခန်းထဲမှာလည်းအနားယူတည်းခိုဖို ့

သစ်လုံးအိမ်လေးတွေ၁၄လုံးကလည်းအစီအရီရှိပါတယ်။ဆင်စီးလို ့လည်းရသလိုဆင်ရေချိုးပေးတာကိုလည်းကိုယ်တိုင်

ကိုယ်ကျလုပ်ပေးလို့ရတယ်ပြောပါတယ်။သူကတော့မနက်ပိုင်းပဲလုပ်ပေးတာဆိုတော့မွန်လေးတို ့မမှီခဲ့ပါဘူး။ပြီးတော့ဆင်ကိုကြည့်ရှုလို့ရမယ့်အချိန်ကလည်း မနက်ပိုင်း (၈)နာရီမှ (၁၁)နာရီထိ၊ ညနေဆို(၃)နာရီမှ (၅)နာရီထိပါတဲ့။အချိန်မှီလေး

တော့သွားလည်ကြပေါ့နော.။

 ဒီလိုနဲ ့ပဲပျော်ရွှင်စွာနဲ ့ပဲခရီးစဉ်လေးပြီးဆုံးခဲ့ပါတယ်။

#travelwithmonlay

PS: အဲ့လိုခရီးတွေကိုလိုက်ပါခံစားချင်ရင်တော့ …Just Follow me!! ….မွန်လေးနဲ ့လိုက်ခဲ့လို့ရပါတယ်…..Free & Easy tour ပဲစီစဉ်ပြီးစရိတ်သက်သက်သာသာနဲ့ ့ကမ္ဘာပတ်ကြမယ်…..0942104568

 

 

 

 

 

2 comments

  • Thint Aye Yeik

    December 28, 2016 at 9:46 am

    သွားဖန်များ ခရီးရောက်
    သံတောင် ပသီချောင်းနဲ့ နော်ဘူဘောတောင်ထိပ်ကိုတော့ ရောက်ဖူးပါရဲ့

  • သျှားသက်မာန်

    December 28, 2016 at 10:06 am

    အော်….ဒီနေ ့ညကဗျာလေးလိုလှတဲ့ကဗျာဝကမ်းခြေသွားပါမယ်

Leave a Reply