ဒီပို့စ်ကို ဒီနေ့ ဩဂုတ် ၃၀ မှာ etone တင်တဲ့ လူမိုက်ကြီး ၁၀ ယောက် ကိုဖတ်ပြီး ရုတ်တရက် စိတ်ကူးပေါက်လာ လို့ တင်လိုက်တာပါ။ ပို့တင်သူ etone ကို ကျေးဇူး အထူး တင်ရှိပါတယ်။

၁ က ရွေးကောက်ပွဲ ဝင်ကြမဲ့ ပုဂ္ဂိုလ်များ (တပ်ပြုတ်ကြီး ရဲ့ အချစ်ကို များ ရ မလား လို့ ကြိုးစား နေလို့)

၂ က စစ်တပ်က ပြောင်းတော့ မှာပါ လို့ ပြောနေကြ တဲ့ မသူတော်များ (အမှတ် သညာ မရှိလို့)

၃ က နအဖ နဲ့ပေါင်းတဲ့ အပစ် ရပ် သူပုန်များ (ကိုယ့် သေတွင်း ကိုယ် တူးလို့)

၎ က စစ် အစိုးရ ပြုတ်တော့မှာ ဆိုပြီး ထိုင်စောင့်နေ တဲ့ လှုပ်ရှားသူများ (နှစ် ၅၀လုံး ဒါပဲ ပြောနေလို့)

၅ က စစ်တပ် အင်အား ရှိမှ တိုင်းပြည် အင်အား ရှိမယ် ဆိုတဲ့ စစ်ကျွန်များ (ဒါဆို ဒါပဲ သိလို့)

၆ နဲ့ ၇ က ဒီမိုကရေစီ မရသေးဘူး အာဏာလု နေသူများ (ကိုယ်နဲ့ တန်မတန် မသိလို့)

၈ က ဟုတ်ဟုတ် မဟုတ်ဟုတ် တင်သမျှ ပို့စ် တွေကို ပွိုင့်ပေးပြီး လက်ခံတဲ့ မန္တလေး ဂေဇက် (ပိုက်ဆံ ပေးနိုင်လို့)

၉ က အရည်မရ အဖတ်မရ လို့ ပြောထားတာ တောင် အရေး လုပ်ပြီး နောက်တွဲပို့စ်တင်တဲ့ ငါ (ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ အချိန် ဖြုန်းလို့)

၁၀ က ပေါက်တတ်ကရ စာကို မဟုတ်တရုတ် ပြန်ရေးတဲ့ ပို့စ်ကို ဖတ်တဲ့ ခင်ဗျားတို့ (နှစ်ခါပြန်မိုက်လို့)

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး