အပျော်

ko sixDecember 11, 20161min2366

လေဆာနဲ့ထိုးလိုက်တဲ့ အသစ်လွင်ဆုံးမြစ်ပါ။
လက်ခံရရှိကြောင်း လက်မှတ်ရေးခြစ်လိုက်ပါတယ်။
အပျော်နဲ့ အပျော်ကို ထွန်းရင်း
အလင်းနဲ့
ရင်ဘတ်အချင်းချင်း တီးခတ်ကြရအောင်
ဟော
ခြေမကြားမှာ သီးနေတဲ့မျက်ရည်တွေ
တကယ်တော့
ငိုခြင်းလို့ အဓိပ္ပာယ်မဆောင်ပါဘူး။
အပျော်ဆိုတာ
အဲလိုလေး ညှိရလွယ်ပါတယ်။
ကိုစစ်
12.11.2016

6 comments

  • manawphyulay

    December 12, 2016 at 4:31 pm

    ဘဝဆိုတာ
    အပြောလွယ်သလောက်
    နေရခက်တဲ့ ဘဝကြီးပါ
    အမှားအမှန် ဒွန်တွဲ
    အကောင်းအဆိုး ယှဉ်တွဲ
    ချစ်ခြင်း မုန်းခြင်း မခိုင်မြဲ
    မတည်မြဲတဲ့ လောက
    ဖြစ်တည်ပျက် ကာလသုံးပါး
    မမြဲခြင်းတရား လက်ကိုင်ထား
    အတ္တထောင်လွှား
    မာန်မာန ဖောက်ပြား
    ကိုယ်ထင် ကုတင်ရွှေနန်း
    မောဟဖုံးလွှမ်းနေတဲ့
    ဒီလူ့ဘောင်လောကကြီးမှာ
    အရာအားလုံးဟာ
    တရားသဘောနဲ့ ဆင်ခြင်
    အရာအားလုံးဟာ
    အနစ္စတွေပါတကား….
    ခင်မင်စွာဖြင့်
    မနောဖြူလေး

    • ko six

      December 13, 2016 at 6:27 pm

      အစ်​မကို ​တွေ့စကတည်​းက ​လေးစားတန်​ဖိုးထားမိခဲ့တာပါ။
      အစ်​မစကားအတိုင်​း​နေထိုင်​သွားပါ့မယ်​။

  • Thint Aye Yeik

    December 13, 2016 at 4:48 pm

    ဆရာစစ်ရဲ့ စာပေလက်ရာ ကဗျာတွေကို ရွာထဲမှာ အဆက်မပြတ် ဖတ်ရှုခံစားခွင့် ရချင်ပါတယ်

    • ko six

      December 13, 2016 at 6:20 pm

      ဟုတ်​ကဲ့ပါ ကိုသူရ​ရေ…
      အရင်​ ဝင်​မြလို့ပါ။
      ဒီက​ေ​ရှ့ မျက်​စိမ​နောက်​ပါ​စေနဲ့။
      အဟဲ

    • ko six

      January 2, 2017 at 12:21 am

      ဘာဂျီး​တွေလဲ ဟင်​

Leave a Reply