ကမ္ဘာ့နိုင်ငံများ၏ ထူးခြားမှုများ᠌᠌᠌ =====================

Mon LayDecember 12, 20161min1177

အမေရိကန် ***********

ကမ္ဘာ့အရှည်ဆုံး Highways လမ်းမ Pan American ရှိသော နိုင်ငံဖြစ်သည်။လမ်းမအရှည်မှာ မိုင်ပေါင်း (၂၀၀၀၀)ကျော် ရှည်လျားသည်။ အကျဉ်းသားများ (၂.၂) သန်းကျော်ရှိသော ကမ္ဘာ့ အကျဉ်းသား အများဆုံးရှိသော နိုင်ငံဖြစ်သည်။

ဘီနင် ******

ကမ္ဘာ့အမြွှာအများဆုံး နိုင်ငံဖြစ်သည်။လူဦးရေ (၁၀၀၀)တွင် အမွှာ (၂၈)ယောက်ရှိကြသည်။

ကနေဒါ ********

ကမ္ဘာ့ပေါ်ရှိ ရေကန်ပေါင်း၏ (၆၀%) တည်ရှိသော ကမ္ဘာ့ရေကန် အများဆုံး နိုင်ငံဖြစ်သည်။

ကော်စတာရီကာ ***************

ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်ကျောင်းရှိပြီး၊ အမြဲတမ်းစစ်တပ် မရှိသော နိုင်ငံဖြစ်သည်။

ဖင်လန် *******

ကျွန်းပေါင်း (၁၈၀၀၀၀)ဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့ကျွန်းအများဆုံး နိုင်ငံဖြစ်သည်။

ဖောက်ကလန်ကျွန်းနိုင်ငံ **********************

နိုင်ငံလူဦးရေထက် သိုးကောင်ရေများက အဆ(၂၀၀)ပိုများသော Sheep City ကမ္ဘာ့သိုးကောင်ရေ အများဆုံးရှိသော နိုင်ငံဖြစ်သည်။

ဂရိ ***

အပိုင်းပေါင်း (၁၅၈)ပိုဒ် ပါဝင်သည့် ကမ္ဘာ့အရှည်ဆုံး နိုင်ငံတော်သီချင်းမှာ ဂရိနိုင်ငံ၏ နိုင်ငံတော်သီချင်းဖြစ်သည်။

ဟာဝိုင်ယီ *********

နိုင်ငံ၏ ဘာသာစကားမှာ စာလုံးပေါင်း (၁၃)ခုသာ ပါဝင်သော ကမ္ဘာ့စာလုံးရေ အနည်းဆုံးသာရှိသော နိုင်ငံဖြစ်သည်။

လစ်ဗျား ********

နိုင်ငံဧရိယာ၏ (၉၉%)ခန့်အား သဲကန္တာရက ဖုံးလွှမ်းထားသော ကမ္ဘာ့သဲနိုင်ငံတစ်ခု ဖြစ်သည်။

မော်လ်ဒိုက် **********

နောင်တစ်ချိန်တွင် ပင်လယ်၊သမုဒ္ဒရာရေအောက်သို့ ရောက်ရှိသွားမည့် ကမ္ဘာ့မြေမျက်နှာပြင်အနိမ့်ဆုံး နိုင်ငံဖြစ်သည်။

နော်ဝေး ******* နိုင်ငံ၏ လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ် (Hydro Power) မှ (၉၉%) သုံးစွဲသော နိုင်ငံဖြစ်သည်။  ပူအာနယူးဂီနီ ************

ဘာသာစကားပေါင်း (၈၂၀) ရှိသော ကမ္ဘာ့ဘာသာစကား အများဆုံးရှိသော နိုင်ငံဖြစ်သည်။

ဆော်ဒီအာရေဗီးယား *******************

နိုင်ငံဧရိယာအတွင်း မြစ်လုံးဝမရှိသော (No River Country) ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

တာခ်မင်နစ္စတန် **************

မီတာ(၇၀)ကျယ်ဝန်းပြီး နှစ်ပေါင်း(၄၀)ကျော်အကြာထိ လောင်ကျွမ်းနေသော မီးတွင်းကြီးရှိသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

မြန်မာ ****** ကမ္ဘာ့သက်တမ်းအရှည်ဆုံးသော ပြည်တွင်းစစ်ဖြစ်ပွားနေသော နိုင်ငံဖြစ်သည်။ အကြီးဆုံး ဒုတိယကမ္ဘာစစ် စစ်သင်္ချိုင်းရှိသောနိုင်ငံ(၃)နိုင်ငံထဲတွင် တစ်ခုပါဝင်သော နိုင်ငံဖြစ်သည်။ သနပ်ခါးပင်အား မျက်နှာအလှအပ (Make Up) အဖြစ် အသုံးပြုသော ကမ္ဘာ့ပေါ်တွင် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

#credit

7 comments

  • kai

    December 12, 2016 at 4:20 pm

    America အမေရိကားကို.. အမေရိကန်လို့ရေးတာလည်းမှားတယ်..။
    Pan-American ကို.. အဓိပ္ပါယ်ယူပုံလည်း မှားပါတယ်..။

    Pan-American – Wikipedia
    https://en.wikipedia.org/wiki/Pan-American
    Pan-American, Pan American, Panamerican, Pan-America, Pan America or Panamerica may refer to: Collectively, the Americas: North America, Central America, South America and the Caribbean. Something of, from, or related to the Americas. Pan-Americanism, an integrationist movement among the nations of the Americas.

  • သျှားသက်မာန်

    December 13, 2016 at 4:13 pm

    ဟုတ်ကဲ့မှတ်ထားလိုက်ပါမယ်

  • Thint Aye Yeik

    December 13, 2016 at 4:51 pm

    ဒို့နိုင်ငံက အဆန်းကြယ်ဆုံးပဲ။
    သနပ်ခါးရနံ့
    နန်းမြို့ရိုး
    ဧရာဝတီ. . .
    ရတု ကဗျာတွေ ရှိတယ်
    ပြီးတော့ အဲ့ဒီသင်္ကေတတွေနဲ့ လုံးဝ မလိုက်ဖက်သော မငြိမ်းချမ်းသော ပြည်တွင်းစစ်တွေ ရှိတယ်။

    • kai

      December 14, 2016 at 7:08 pm

      အီဂျစ်ဆိုရင်လည်း..
      ပရုပ်ရနံ့
      ပစ်ရမစ်
      နိုင်းမြစ်
      အိုမာခမ်ရဲ့ ကဗျာတွေရှိတယ်..။
      တကယ်တော့.. နိုင်ငံတိုင်း အလှကိုယ်စီရှိကြပါတယ်.။

      အဲဒီအလှတရားတွေကိုဖျက်တာ.. ပြည်တွင်းစစ်…ဆိုတာထက်.. စစ်ကိုဖြစ်စေတဲ့အကြောင်းတရားတခု..။
      ဘာသာရေး..။ :k:

      • ကထူးဆန်း

        December 15, 2016 at 11:42 am

        ဘာသာရေး ကို ဆိုဆုံးမ မှု အတိုင်း မလိုက် နာ သူတိုကြောင့် ဆို ပိုမှန်လေမလား …….

        • kai

          December 16, 2016 at 9:28 am

          အင်း…
          ကမ္ဘာစစ်ပွဲများအားလုံး.. လိုလို.. ဘာသာရေးကြောင့်..။

  • သျှားသက်မာန်

    December 14, 2016 at 10:06 am

    ဟုတ်ပါ့ပြည်တွင်းစစ်တွေကပြီးကိုမပြီးနို်င်တော့ဘူး

Leave a Reply