နှစ်သစ်ခရီး:၂၀၁၆ကိုကုန်ဆုံးဖို့အတွက်အကောင်းဆုံးနေရာများ
၂၀၁၇ကိုရောက်ဖို့ သိပ်မလိုတော့ပါဘူး။ ပြီးတော့၂၀၁၆ ခုနှစ်ကုန်ဆုံးတော့မယ် ဆိုရင်ကောင်းတဲ့ အရာတွေကို ပြုလုပ်ရင်းကုန်ဆုံးတာ ပိုကောင်းပါတယ်။Christmasကို လပြည့်ညပါတီတွေ နဲ့နှင်းလျှောစီး အပန်းဖြေစခန်းတွေမှာပဲကုန်ဆုံးပြီး အားလပ်ရပ်တွေကို မဖြုန်းတီးပစ်ပါနဲ့။ နှစ်သစ်ကိုကြိုဆိုဖို့အတွက် လှပတဲ့နေရာအချို့ Asia မှာရှိပါတယ်။
- Great Wall of China, China
ရှေးဦးကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်ပြီး စံပြုလောက်တဲ့ အထင်ကရနေရာဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ Great Wall က လူသားတွေတည်ဆောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး တံတိုင်းကြီးဖြစ်ပါတယ်။ Jinshanling ကနေ Simatai ကို တစ်ရက်တာ ခြေလျင်သွားခြင်းနဲ့ Bedaling ၀န်းကျင်မှာလည်ပတ်ခြင်းက Beijing ခရီးစဉ်မှာ မပါမဖြစ်ပါပဲ။ တံတိုင်းရဲ့ ပိုပြီး တိတ်ဆိတ်တဲ့နေရာကိုသွားချင်တယ်ဆိုရင်တော့ Gubeikou ကနေ Jinshanling ကိုသွားတဲ့လမ်းကြောင်းကို ရွေးချယ်ပါ။ မဟာတံတိုင်းကြီးက နှစ်သစ်ကိုကြိုဆိုဖို့ အကောင်းဆုံး အတွေ့အကြုံတွေသစ် တွေပေးပါလိမ့်မယ်။
- Mount Bromo, Indonesia
ကမ္ဘာပေါ်က ပေါက်ကွဲမှုအများဆုံးမီးတောင်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ Mount Bromo ရဲ့ အစိတ်အပိုင်းအချို့ကို လာရောက်သူတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ပိတ်ထားခဲ့ပါတယ်။ဒါပေမယ့် မီတာ(၂၃၂၉)ရှိတဲ့တောင်ထိပ်ပေါ်က ရှုခင်းကခမ်းနားလွန်းတဲ့ အတွက်သွားဖို့ကြောက်ရွံ့ မနေပါနဲ့။ ကျော်ကြားတဲ့သူရဲကောင်းအချို့ကMountBromoက Java ဒေသ အရှေ့ပိုင်းမှာနေ ထိုင်တဲ့Tenggerလူမျိုးတွေ အတွက်အမှတ်တရနေရာ တစ်ခုဖြစ်တယ်လို့ပြောလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့သတ္တိရှိတဲ့ မင်းသားကမိသားစုအတွက် ဒီတောင်ပေါ်မှာ အသက်စွန့်သွားတယ်လို့ ယုံကြည်ကြလို့ပါ။အလှအပနဲ့ အန္တရာယ်တွေပေါင်းစုထားတဲ့ ဒီမီးတောင်ရှင်က စိတ်တထင့်ထင့်နဲ့ထိတ်လန့်စရာကောင်းပေမယ့် လှပလွန်းပါတယ်။
- Shinkyo Bridge, Japan
Nikko,Japanမှာရှိတဲ့ အလေးအမြတ်ထားရာ Shinkyo တံတားကို သွားရောက် လည်ပတ်ပြီး နှစ်သစ်ကူးခြင်းဖြင့် ဘာသာတရားကိုင်းရှိုင်းလိုက်ပါ။ UNESCO အသိအမှတ်ပြု နေရာတစ်ခုဖြစ်တဲ့ မူလတံတားကို Nara ခေတ်မှာ ဘုရားရှင်ဖန်တီးပေးတယ်လို့ယုံကြည်ကြပြီး ဒီတံတားက Futaarasanဘုရားဆီ ဦးတည်ထားတဲ့ တံတားဖြစ်ပါတယ်။ တောင်ခြေမှာရှိတဲ့ Daiya မြစ် ကိုဖြတ်ပြီးNikkoရဲ့ ဗိသုကာလက်ရာ အမွေအနှစ်တွေနဲ့ ပုထိုးတော်တွေဆီ ဦးတည်ထားတဲ့ အတွက် မေ့မရနိုင်ဘဲအမြဲအမှတ်တရဖြစ်စေမယ့် မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
- Sapa, Vietnam
ဗီယက်နမ်မြောက်ပိုင်းတရုတ်နယ်စပ်ဒေသမှာရှိတဲ့ချစ်စရာကောင်းတဲ့ တောင်ပေါ်မြို့လေးတစ်ခုဖြစ်တဲ့ Sapa က မတူညီတဲ့ တောင်ပေါ်ဒေသ လူမျိုးစုတွေ နဲ့ယဉ်ကျေးမှုထွန်းကားရာဒေသဖြစ်ပြီး လှပစိမ်းလန်း တဲ့တောင်တန်းတွေ၊ စပါးခင်းတွေနဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေရှိရာ ဒေသလည်းဖြစ်ပါတယ်။ ကျေးလက်နေ လူမှုဘ၀နဲ့ တောင်ပေါ်သားတွေရဲ့ဖော်ရွေ ပျူငှာမှုကို တွေ့ကြုံခံစားရင်း ပေါ့ပါးစွာခရီးသွားလိုက်ပါ။ စပါးခင်းတွေကိုကြည့်ရင် ၂၀၁၇ ကို ဘယ်အရာတွေ သယ်ဆောင်သွားပြီး ဘယ်လိုအရာတွေကို ၂၀၁၆မှာ ထားခဲ့မလဲဆိုတာ မိမိကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။
- Bagan, Myanmar
နှစ်သစ်ကို မိုးပေါ်မှာပျံသန်းနေရင်း ကူးပြောင်းမယ်ဆိုရင်ရော ဘယ်လိုလဲ။မီးပုံးပျံစီးတာက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းပြီးfacebook ပေါ်မှာ#newyearseve ဆိုပြီးတင်ဖို့ အတွက် လည်းကောင်းပါတယ်။ မြန်မာနိုင်ငံက မှိုလိုပေါက်နေတဲ့ စပါးခင်းတွေနဲ့ ဘုရားပုထိုးတွေ အပေါ်ကနေ မီးပုံပျံစီးပြီး ပုဂံဒေသရဲ့နေ၀င်ချိန်ရှုခင်းကို စောင့်ကြည့်ရတာ အကောင်းဆုံးပါ။
Reference : www.destinasian.com
Image Credits : www.destinasian.com
မဟာတံတိုင်းပေါ်ကိုတော့ တကယ် ရောက်ဖူးချင်တယ်။
ဒီနှစ်ကူး နှစ်ဦးအစမှာတော့

ချစ်သော အဖေ အမေ ညီ အစ်ကို ညီမတွေနဲ့ မိသားစု စုံညီ. . .
ကျိုက်ထီးရိုး သွားမယ်လို့ တွေးထားတယ်
Was this answer helpful?
LikeDislikeဟုတ်ကဲ့လက်မှတ်ကိုလည်းမွန်လေးဆီကအားပေးဖို့ ပြောချင်ပါတယ်။
Was this answer helpful?
LikeDislikeပုဂံမှာ မီးပုံပျံ စီးလို့ ရတော့ ဘူး မဟုတ်လား ပိတ်လိုက်ပြီ မဟုတ်လား …
နောက် တစ်ခု ….. ပုဂံဝန်းကျင် စပါး ခင်း ရှားသလားလို့ . ထန်းတော နဲ့ ယာခင်းတွေ တော့ ပေါပါရုဲ့
Was this answer helpful?
LikeDislikeစီးလို့ရလို့ ပဲမွန်လေးဧည့်သည်တွေတောင်စီးနေကြရော…ကော….
Was this answer helpful?
LikeDislikeMy apology . You are right . မပျံ ရတော့ ဆိုတဲ့ အမိန့်ထွက်တယ် ဆိုပြီး ခု မတ်လ အထိ ပျံ သန်းခွင့် ပေးထားတယ် ပြောပါတယ် ..ဆိုတော့ ပုဂံ မှာ စီးဖူး ချင် သူများ မစီးလိုက် မဖြစ်ရအောင် အမြန် သွားစီးကြပါ .. နောင်ဆို ပျံ သန်းခွင့် မပေးဘဲ တစ်နေရာထဲ ကနေဘဲ အမြင့်တက် ကြည့်တာဘဲခွင့်ပြု တော့မယ် လို့ ကြားသိကြောင်းပါ .
Was this answer helpful?
LikeDislike