Eataly ဈေးဝယ်စင်တာရဲ့ ဒေါ်လာ သန်းပေါင်း (၁၀၆) သန်းတန် ပန်းခြံထဲတွင်…….

Mon LayDecember 14, 20161min650

ပန်းခြံအတွင်းမှာလာရောက်လည်ပတ်သူတွေ ရွေးချယ်စားသောက်နိုင်ဖို့စားသောက်ဆိုင်ပေါင်း (၂၅)ခုနဲ့အစားအသောက်ကောင်တာ များစွာရှိပါတယ်။

ကမ္ဘာ့နာမည်ကျော် အီတလီဈေးဝယ် စင်တာတစ်ခုဖြစ်တဲ့ Eataly ဈေးဝယ်စင်တာက ၎င်းရဲ့ကြီးမားတဲ့ စီမံကိန်းတစ်ခုကို ချပြလိုက်ပါပြီ။ အဲ့ဒါကတော့ ၂၆ဧကကျယ်ဝန်းတဲ့ “FICO Eataly World” ဖြစ်ပါတယ်။

blog_eataly

“Fabbrica Italiana Contadina” အမည်ရ FICO (သို့မဟုတ်) အီတလီ စိုက်ပျိုးရေးနဲ့တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းက ပန်းခြံမှာ နေရာယူထားပြီး ထုတ်လုပ်ရေး၊ ပညာပေးလုပ်ငန်းနဲ့ များများထုတ်လုပ်၊များများသုံးစွဲမှုတွေကိုပြုလုပ်နိုင်တဲ့ Bologna,Italy မှာတည်ရှိပြီး စတုရန်းမိုင်(၈၀၀၀၀) ကျယ်ဝန်းတဲ့ ပန်းခြံထဲက အချက်အခြာနေရာတစ်ခုပါပဲ။ ဒီပန်းခြံဟာ သူ့ရဲ့ရည်မှန်းချက်အတိုင်း ခြံထွက်ပစ္စည်းတွေအပြင် တန်ဖိုးရှိတဲ့အရာတွေကို ထုတ်လုပ် တဲ့နေရာတစ်ခုဖြစ်ပြီး အီတလီဟင်းလျာတွေကို ကုန်ကြမ်းကနေစလို့ စားသုံးနိုင်တဲ့ အဆင့်ရောက်သည်အထိ ထုတ်လုပ်ပေးပါတယ်။

em-europr

ပန်းခြံထဲကို လာရောက်လည်ပတ် သူတွေကစတုရန်းမီတာ(၉၀၀၀) ကျယ်ဝန်းတဲ့နေရာမှာ စားသောက်ဆိုင်ပေါင်း (၂၅)ဆိုင်နဲ့အစားအသောက်ကောင်တာ များစွာကို ရွေးချယ်အားပေး သုံးဆောင်နိုင်ပြီး (၁၀၀၀၀)စတုရန်းမီတာရှိတဲ့ စားကျက်မြေတွေ၊ဥယျာဉ်တွေနဲ့ သစ်ခွခြံတွေ ရဲ့စိုက်ပျိုးတိုးတက်မှု အနေအထားကိုလည်း လေ့လာနိုင်ပါတယ်။

gallery-hbz-eataly-amusement-park

စီးပွားရေးမျှော် မှန်းချက်တွေအပြင် Eataly Worldက အစားအသောက်နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးနေရာ အဖြစ်လည်းကောင်း၊ ကမ္ဘာအရပ်ရပ်က ကလေးတွေနဲ့လူငယ်တွေ အီတလီနိုင်ငံရဲ့ကြွယ်ဝတဲ့အမွေအနှစ်တွေကို လေ့လာနိုင်မယ့် နေရာအဖြစ်လည်းကောင်း စီမံထားပါတယ်။ အဲ့ဒီအသိပညာပေး လုပ်ငန်းတွေကို မတူညီတဲ့လုပ်ငန်းခွင်ဆွေးနွေးပွဲ (၄၀)လောက်ပြုလုပ်ပြီး အဆင့်မြှင့်တင်ထားပါတယ်။အဲ့ဒီဆွေးနွေးပွဲတွေမှာ ဧည့်သည်တွေက အီတလီ ဟင်းလျာတွေဖြစ်တဲ့pastaလုပ်နည်း၊cheeseထုတ်လုပ်နည်းတွေကို လက်တွေ့လေ့လာ နိုင်မှာဖြစ်ပါတယ်။

laboratorio

Eataly နာမည်နဲ့ ဂျပန်နိုင်ငံမှာ store(၁၃)ခု၊အီတလီမှာ(၁၀)ခု အပါအဝင် နယူးယောက်ခ်၊ ချီကာဂို၊ ဒူဘိုင်းစတဲ့နိုင်ငံတွေနဲ့ ကမ္ဘာတစ်ဝှမ်းမှာ store တွေအများအပြားဖွင့်ထားပေမယ့် FICO project ကတော့အခြားဆိုင်ခွဲတွေမှာမပါဝင်သေးပါဘူး။ ဒီပန်းခြံကို တစ်နှစ်အတွင်း နိုင်ငံတကာမှဧည့်သည် (၂သန်း) အပါအဝင် စုစုပေါင်း (၆သန်း)လောက် လာရောက်လည်ပတ်ဖို့ ခန့်မှန်းထားပါတယ်။

ကြီးမားတဲ့ စီမံကိန်းကြီးကို တည်ဆောက်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက် ကုမ္ပဏီကပန်းခြံ အတွင်းပိုင်းပြင်ဆင်ဖို့ အလုပ်နေရာ (၇၀၀) ခုအပါအဝင်၊ အလုပ်နေရာပေါင်း (၃၀၀၀) ကိုဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် စီမံကိန်းရဲ့နောက်ဆုံးအဆင့်မှာ FICO organic marketplace မှာ ကုန်ပစ္စည်းတွေရောင်းချတဲ့ ထုတ်လုပ်သူတွေအပါအဝင် ကုမ္ပဏီပေါင်း (၂၀၀၀) ကျော် ပါဝင်ခဲ့ပါတယ်။ကုမ္ပဏီရဲ့ပြောကြားချက်အရ “ကျွန်တော်တို့ထုတ်လုပ်မှုနဲ့ ကျွမ်းကျင်တဲ့ လက်မှုအနုပညာ လက်ရာတွေကို တက်တက်ကြွကြွ ပြသနိုင်တဲ့ အရည်အချင်း အနည်းအများရှိတဲ့ လုပ်ငန်းပေါင်း(၁၀၀)လောက်ကို လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ကျွန်တော်တို့က သူတို့ရဲ့လုပ်ငန်း၊လက်မှုပညာ၊ဝါသနာနဲ့တီထွင်ကြံဆမှုတွေရဲ့ ရလဒ်ပဲ့တင်ထပ်မှုပါပဲ” လို့ပြောကြားခဲ့ပါတယ်။

gallery-eataly-amusement-park

Eataly World ကို ၂၀၁၇၊ စက်တင်ဘာလမှာ ဖွင့်ဖို့စီစဉ်ထားပါတယ်။ ဖွင့်လှစ်ပြီးတဲ့အခါမှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အနေနဲ့ ဥရောပထုတ် solar panel ပေါင်း (၄၄၀၀၀) ခုနဲ့ စွမ်းအင်ပေးဖို့စီစဉ်ထားပါတယ်လို့ Bloomberg မီဒီယာရဲ့ ပြောကြားချက်အရသိရှိရပါတယ်။ ဒါ့အပြင် အခန်းပေါင်း(၂၀၀)ပါဝင်တဲ့ EatalyHotelကိုလည်း ပန်းခြံအတွင်းမှာ တည်ဆောက်မှာဖြစ်ပြီး အဲ့ဒီ့hotelကိုတော့ ၂၀၁၈ခုနှစ်မှာဖွင့်လှစ်မယ် လို့ခန့်မှန်းထားပါတယ်။ ဒါ့ကြောင့် ပန်းခြံကို လာရောက်လည်ပတ် သူတွေဟာအပျော်ခရီး ထွက်လို့ရသလို၊ သူတို့နှစ်သက်တဲ့ pasta အပါအဝင် အခြားအစားအစာတွေကိုလည်း စားသုံးနိုင်မှာဖြစ်ပါတယ်။

Reference : www.travelandleisure.com
Image Credits : www.travelandleisure.com , google