ပထမဆုံး ရည်းစားကောင်လေးမှာ ရှိသင့်တဲ့အချက် (၆) ချက်

Mon LayDecember 15, 20162min1457

ကိုယ်က လက်ထပ်ဖို့ရွေးချယ်တာမဟုတ်သေးဘဲ ရည်းစားကောင်လေးအဖြစ် လက်ခံမှာဖြစ်ပါတယ်။

ကောင်လေးတစ်ယောက်ကို လက်တွဲဖော်အဖြစ် လေးလေးနက်နက်မတွဲမီ သူ့မှာဒီအချက်လေးတွေရှိလား ကြည့်သင့်ပါတယ်။ ဘယ်လို အသိုင်းအဝိုင်း၊ ဘယ်လိုအလုပ်၊ ငွေကြေးဘယ်လောက်ဝင်လဲဆိုတာတွေ မကြည့်သင့်သေးပါဘူး။ ကိုယ်က လက်ထပ်ဖို့ရွေးချယ်တာမဟုတ်သေးဘဲ ရည်းစားကောင်လေးအဖြစ် လက်ခံမှာဖြစ်ပါတယ်။

၁ – စိတ်ရှည်ရမယ်

ပထမဆုံးကောင်လေးဟာ စိတ်ရှည်ရပါမယ်။ တစ်ချိန်လုံး သင့်ကိုစိတ်တိုနေတယ့်လူ မဖြစ်သင့်ပါဘူး။

၂ – ဟာသ

ပထမဆုံးကောင်လေးဟာ တစ်ချိန်လုံး လေးလေးနက်နက်ကြီးနေနေတဲ့လူထက် ဟာသရှိတဲ့လူ ဖြစ်သင့်ပါတယ်။

၃ – လေးစားမှု

သူငယ်ချင်း၊မိဘ၊ဆရာ၊လုပ်ဖော်ကိုင်ဖက်စတဲ့လူတွေအပေါ် သူ့ဘက်က အလွန်အကျွံမလေးမစား အပြုအမူတွေရှိတယ်ဆို မကောင်းပါဘူး။ သင့်ကို မလေးစားတဲ့တစ်နေ့ရောက်လာမှာပါ။

 

 

၄ – အကောင်းမြင်စိတ်ဓာတ်

သင်နဲ့အချိန်တော်တော်များများ ရှိတဲ့လူဖြစ်တာမို့ အကောင်းမြင်စိတ်ဓာတ်ရှိသင့်ပါတယ်။ အရာရာကို အဆိုးမြင်တတ်တဲ့စိတ်ဟာ အနေနီးတဲ့လူကို ကူးစက်ပါတယ်။

၅ – ယုံကြည်မှု

သင့်ကို တစ်ချိန်လုံး သံသယတွေများပြီး မယုံမကြည်ဖြစ်မနေသင့်ပါဘူး။

 

၆ – ကျေနပ်မှု

ပထမဆုံးကောင်လေးဟာ သူ့ဘဝသူကျေနပ်ပြီး ရောင့်ရဲတဲ့လူဖြစ်သင့်ပါတယ်။

**ပထမဆုံးတွဲတဲ့လူဟာ လက်ထပ်မယ့်လူ မဟုတ်သေးပါဘူး။ ဒီအချက်ကို သဘောပေါက်သင့်ပါတယ်။

PS : အဲလိုကောင်လေးတွေ ့ရင်ယူပါယူလိုက်တော့။

 #credit

7 comments

  • ကထူးဆန်း

    December 15, 2016 at 11:36 am

    တော်ပါသေးရဲ့ .. ဒီပိုစ် မဖတ် ဘဲ လက်ခံလိုက်လို့ … 🙂 🙂

  • သျှားသက်မာန်

    December 15, 2016 at 11:56 am

    ဟမ်……………… ဘိုကြီးလဲ။

  • Thint Aye Yeik

    December 15, 2016 at 5:08 pm

    ပထမဆုံး ရည်းစားအဖြစ်ထားသင့်တဲ့ ကောင်မလေးတွေကိုရော… ဘယ်အချက်တွေ ရှိသင့်မှ ယူရမလဲငင်
    :k:

  • ဝင့်ပြုံးမြင့်

    December 16, 2016 at 12:29 am

    တစ်ခါတလေ အဲလိုလေးလည်း လုပ်စမ်းပါဦး။ လူကို တချိန်လုံး ခရီးချည်း ထွက်ခိုင်းနေတယ်။ ဘယ်မှာလဲ ပိုက်ပိုက်။

  • သျှားသက်မာန်

    December 16, 2016 at 1:37 pm

    ဟဟ…ဒေါ်ပြုံးမြင့်လား…ဦးပြုုံမြင့်လားတော့မသိ…..သိနေတယ်လေ..ဒီလိုလေးတွေ လည်းဖတ်ချင်မယ်ဆိုတာ

    • CharTooLan

      December 26, 2016 at 11:19 am

      ဦးလဲမှုတ်ဘူး ဒေါ်လဲမှုတ်ဘူး မျှစ်ပါ မျှစ်ပြုံးမြင့်လို့ခေါ်လို့ရဘာဒယ် ခိခိ
      ချစ်လို့စတာညော် အံတီပြုံး :*

  • ဦးကြောင်ကြီး

    December 19, 2016 at 5:38 am

    အဝှာပါဖို့ နံပါတ်တစ်လေ.. သ ျှားကလည်း အဓိက က အဓိက

Leave a Reply