အက ျဉ်းသား Theory စဉ်းစား ဘယ်လိုချီ

မြန်တြံ့နိုင်ငံရေး အကြောင်းကို ကဗာကေ ျာ် Game သီအိုရီထဲက Prisoner’s dilemma ဥပမာနဲ့ မြင်ယောင်မိယ်။ ရာဇဝတ်သား ၂ဦး ရဲဖမ်းမိတော့ လုံ
လောက်တဲ့ အထောက်အထား မရှိ၊ ဝန်ခံမှ စီရင်ချက် ချနုိုင်မယ်။ သူတို့ကို သီးခြားထားပြီး ဖြောင့်ချက်တောင်းတယ်။ ဒီဥပမာမှာ ၂ယောက်စလုံးသည် လုံလောက်တဲ့ ဆင်ခြင်တွေးခေါ်စွမ်း ရှိမယ်၊ အမှုစီရင်ချက် နောက်ပိုင်း လက်တုံ့ပြန်မှု၊ နာမည်ပ ျက်မှု စတာတွေ ထည့်မစဉ်းစားရင် ၄မ ျ ိုး ဖြစ်နိုင်တယ်။

၁။ တယောက်နဲ့ယောက် သစ်စာဖေါက်၊ ရလဒ် ထောင်ဒဏ် ၈နှစ်စီ

၂။ ပထမလူဖေါ်ဘူး၊ ဒုတိယလူ ကိုယ်လွတ်ရုန်း။ ရလဒ် မဖေါ်သူ အနှစ်၂၀၊ ဖေါ်သူ ကွင်းလုံးကျွတ်လွတ်

၃။ ဒုတိယလူဖေါ်ဘူး၊ ပထမလူ ကိုယ်လွတ်ရုန်း။ ရလဒ် မဖေါ်သူ အနှစ်၂၀၊ ဖေါ်သူ ကွင်းလုံးကျွတ်လွတ်

၄။ ၂ယောက်စလုံး မဖေါ်၊ အခြင်းခြင်းကာကွယ်။ ရလဒ် ၆လ အသေးစားပြစ်ဒဏ်

ဖြေကြိုသိရင် ၂ဦးစလုံး ဘူးခံငြင်းမယ်၊ တဦးအပေါ်တဦး ကာကွယ်မယ်။ ၆လနဲ့လွတ်လမ်းရွေးပါမယ်။ ပေးထားချက် ဆင်ခြင်တုံစွမ်း ရှိသူချည်းမို့ မခိုင်လုံလ ျင် အပြစ်မကြီးတာ သိထားမှာ။ အယင်က မဖေါ်ကြေး ကတိ ပြု ထားလိမ့်မယ်။ လက်တွေ့ စမ်းသပ်တော့ ကိုယ့်အတ်တ အခြေခံ ကွဲကုန်ပါရော။

သာမန်တွေးရင် အခြင်းခြင်း မယုံသင်္ကာစိတ်နဲ့ ဖေါ်မိတယ်။ ပိုလေးနက်တဲ့ တွေ့ရှိချက်မှာ ညီလို့ ထောင်၆လထက် ကိုယ်လွတ်ရုန်းတာ အက ျ ိုးပိုရှိတယ်၂ဦးစလုံး ၆လသာ ခံရမည့် ဖြစ်ရပ် (၄) ကို လက်လွတ်ခံပြီး တဦးနဲ့တဦး ဖေါ်ရင်း ဖြစ်ရပ်(၁) ရှစ်နှစ်စီ ပြစ်ဒဏ် ရွေးကြပါတယ်။ သင်ခန်းစာက ပဋိပခဖြစ်ရင် ပူးပေါင်းလုပ်တာထက် တဦးအပေါ်တဦး အမြတ်ထုတ်တာ က ျ ိုးကြောင်းဆီလေ ျာ်၊ လက်တွေ့ဆန်တယ်။ ပြောဆိုရင်း ညှိနှိုင်းရင်း အဲဒီ မ ျှခြေကို ရွေ့တာပဲ။

အကျဉ်းသား မစဉ်းစား ငမြင်းနွား တယှဉ်းပွား

 

စစ်တပ်နဲ့ ဒီမို အားပြိုင်နေတာ လူတိုင်းသိတဲ့ လ ျှို့ဝှက်ချက်။ ပြန်လည်သင့်မြတ်ရေး ကြွေးကြော ်ပေမဲ့ တဦးနဲ့တဦး ချောင်းနေတယ်။ စစ်တပ်က အရပ်သားအုပ်ချုပ်ရေး ဖရိုဖရဲဖြစ်ရင် အာဏာပြန်သိမ်း (သို့) ဘွားဒေါ်အလွန် ကွဲပြဲမည့် နိုင်ငံရေးလောကကို စောင့်တယ်။ ဒီမိုကလည်း အာဏာရှင်ဟောင်း ဦးသန်းရွှေအလွန် တပ်သဘောထား၊ ဒါမှမဟုတ် တိုင်းပြည်ချမ်းသာလာပြီး စစ်တပ်ဩဇာ လေ ျာ့လာဖို့ မေ ျှာ်တယ် ၂ဖက်ညီရင် ပိုကောင်းတဲ့အဖြေ ရမှန်း သိသော ်ငြား လက်တွေ့မဆန်၊ ကိုယ်စီ အက ျ ိုးစီးပွား ခံယူချက်ကြောင့် ကြောင်းက ျ ိုး မဆီလေ ျာ်ဘူး။ တဦးနောက်ကြော ဓါးနဲ့ထိုးမှ နေသာထိုင်သာရှိ၊ အလုပ်ဖြစ်မယ်။

ဘာသာရေးနွယ်ရင်တော့ သည်းခံ၊ ခွင့်လွှတ်၊ အတ်တကိုယ်စီ လေ ျှာ့တာဖြေပဲ။ အခြား ဘာသာ အသာထား ဗုဒ်ဓ တရားတော်မှာလည်း ခေတ်အဆက်ဆက် ဖြေရှင်းနိုင်တဲ့ ပြသနာကို စွန့်လွှတ်ခြင်းတရားနဲ့ ရှင်းတယ်။ ခက်တာ ဒီခေတ်မှာ ဘာသာဂိုဏ်းဂဏကိုယ်တိုင် ရှုပ်ထွေးနေ၊ သူ့တောင် လောကီပညာရှင်တွေ ဖြောင်းဖြနေရတော့ သိပ်မနိပ်ပေဘူး။ ဒါကြောင့် ကိုယ်ခြင်းကိုယ်ခြင်း ပြန်လှည့်ရအောင်။

ဒေါ်စုသွားတဲ့ သင်ပုန်းချေရေး၊ ပြန်လည်သင့်မြတ်ရေး အာင်မြင်မှာလား။ ရှေ့မှာ တောင်အာဖရိက၊ အာဆီယံမှာ စစ်အုပ်ချုပ်ရေးမှ အသွင်ပြောင်း အင်ဒိုနီးရှား ရှိလို့ အားတက်စရာ။ မတူတာ မြန်တြံ့စစ်တပ် မရင့်က ျက်၊ အရှုံး မခံစားတတ်သေးဘူး၊ ကိုယ့်ကိုယ်ကို အလုံပိတ် သီးခြားနေတယ်။ အရပ်သားစနစ်ကို က ျားသနားလို့ နွားချမ်းသာတဲ့ အမြင်မျိုး ရှိတယ်။ လုံလောက်တဲ့ အခြေခံဥပဒေ ပြဌာန်းချက် ဆုပ်ကိုင်ထားတယ်။ ဘွားဒေါ် ဘယ်လိုပြောပြော စစ်တပ်ကို ချော့နေရတယ်၊ ပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက် စစ်အုပ်ချုပ်မှုကာလအတွင်း နစ်နာသူ များအတွက် လုံလောက်တဲ့ နှစ်သိမ့် ဆောင်ရွက်မှု မရှိ။ ဆန်ရင်းနာနာဖွပ် တိုင်းပြည်အတွက် စံပြဖြစ်ဖို့ ကိုယ့်လူကိုယ် ထောင်းတာတွေ့တယ်။ အာဏာရ ဒီချုပ်ပါတီဝင်များ လက်ခံနိုင်ပမဲ့ ဒိုးတူဘောင်ဖက် အနစ်နာခံလာသူ အခြားလှုပ်ရှားသူများ မကြေနပ်စရာ ဖြစ်လို့နေပြီ။ တဖက်ကို မနိုင်လို့ က ျန်တဖက် ဖိရင် စစ်မှန်သော နှစ်ဖက် ပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်။ စစ်တပ်နဲ့ ဒီချုပ် ၂ဖွဲ့ပဲ ရှိရင် တမ ျိုးပါ..။

တဦးနဲ့တဦး ဆော်တဲ့လမ်း ဖြစ်လာမှာ။ ဘွားဒေါ် ဘယ်လောက်ပဲ သစ်စာရှိ နှုတ်ပိတ်နေတဲ့လမ်း ရွေးပါစေ၊ မြေပြင် အခြေအနေမှာ (သီအိုရီကလည်း ရှိထားသမို့) ပြောင်းပြန်ဖြစ်မှာပဲ။ တရားခံ စစ်တပ်နဲ့ဒီမိုအကြား တရုပ်နဲ့အနောက်နိုင်ငံများ ရဲလုပ်စားပေါ့။ လူဆိုး၂ဦးလိုပဲ သိသိကြီးနဲ့ ပိုဆိုးတဲ့လမ်း ရွေးပါဦးမယ်။ က ျ ခြင်းက ျ ခွေးက ျ က ျတာထက် ကြောင်က ျ က ျနိုင်ဖို့ အရေးကြီးတာပေါ့နော ်။

သာကီဝံ မြန်တြံ့လူမျိုးကလဲ ခေါင်းမာတယ်။ ရာစုနှစ်ဝက်ကေ ျာ် နိုင်ငံရေးပဋိပခမှာ စစ်တပ် ဘယ်သူခွဲခွဲ ဒို့မခွဲ အမြဲခဲထားသလို အတိုက်အခံက  လဲတာတောင် လေမလေ ျှာ့၊ ထုသားပေသားက ျ နေပြီ။ တနိုင်ငံထဲ အစိုးရနှစ်ခု စနစ်၂မျိုးသွားနေလို့ နိုင်ငံအတွင်း နိုင်ငံလေးတည်..။ ပြောကြေးဆို ဝဒေသကိုယ်ပိုင်အုပ်ချုပ်ရေး မြို့ြပနိုင်ငံပါ ထပ်တိုးရမယ်။ ဘွားဒေါ်ဦးဆောင်သော အရပ်သားအစိုးရ ဘဏ္ဍာရေး ခြိုးခြံခြွေတာ၊အသုံးအစွဲ အတောင်းအရမ်း ပွင့်လင်းမြင်သာ၊ အက ျင့်ပ ျက်ခြစားမှု တိုက်ဖျက်သော်ငြား စစ်တပ်က ထိုးစစ်အသစ်များဆင်၊ စစ်လက်နက်များ ဝယ်တယ်။ သူတို့တင်သည့် ကာကွယ်ရေးဘတ်ဂ ျက် မစစ်ဆေးနိုင်၊ အလိုက ျ ခွင့်ပြုရသည့် အနေအထား..။ အိတ်ပေါက်နှင့်ဖါးကောက်လို့ မရ…။ ပြု ပြင်ပြောင်းလဲတဲ့ နိုင်ငံများလို လုံးလုံးလ ျားလ ျား ပြောင်းလဲခြင်း မဟုတ်။ ပြောင်းလဲဖို့ကို ပြောင်းနေရင်းနဲ့ စစ်တပ် သေနတ်ပြောင်း ပြန်လှည့်လာကိန်း မြင်တယ်။

အခွင့်ရှိလ ျက် ပိုဆိုးတဲ့လမ်း ရွေးသည့် ဂိမ်းသီအိုရီ ပုံစံခွက်ထဲမှ ဘယ်လို ရုန်းထွက်မည်နည်း.. ရှိရော ရှိပါ၏လော…။ မသေချာ.. ကိုယ့်ဖက်မှာ အချိန် နဲနေပြီ။

ရွေးကောက်ပွဲကတိ အခြေခံဥပဒေ ပြင်မည့်အနေအထား မတွေ့သေး။ တိုက်တွန်းဖိအားပေးမည့် အခြားအတိုက်အခံများ အားမကောင်း။ ပြောလဲ ပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက် ထိုးချတယ်၊ ဘယ်တွင်ဆုံးမည် မသိသော ပင်လုံညီလာခံ လက်ညှိုးထိုးမယ်။ နိုင်ငံရေးကစားသော ဘွားဒေါ်အား နားလည်ပါတယ်။ ပြန်လွတ်လာအပြီး လွှတ်တော် စဝင်ထဲက နိုင်ငံရေးလုပ်မည် ကြေငြာထားပြီးသားပဲ။ စိုးရိမ်တာ အလုပ်မဖြစ်တဲ့ နည်းဗျူ ဟာ။ ခေတ်စနစ် ပြောင်းရေးထက် အစိုးရပြောင်းရေး ဖြစ်မှန်းမသိ ဖြစ်မှာစိုးတယ်။ စစ်တပ် ချုပ်ကိုင်မှုဟာ အာဏာရပါတီရဲ့ ကစားကွက် အသုံးချကွက် ဖြစ်လို့လာတယ်။ တိုင်းပြည်အတွက်မို့ အနာခံပါ ပြောရင်း  မိမိကို ကာကွယ်ဖို့ အသုံးချမိတတ်တယ်။ ဒုတိယကဗာစစ်အတွင်း ရုရှားခေါင်းဆောင် စတာလင် သူ့စစ်သေနာပတိ မာရှယ်ဇူးကော့ဗ ်လူကြိုက်များတာကို ရိုက်ချိုးဖို့ တိုင်းပြည်အတွက် အကြောင်းပြချက်နှင့် မြို့နှင့်ဝေးရာ ရှေ့တန်းစစ်မြေပြင်ပို့ အဆက်ဖြတ်လိုက်တယ်။ သိသော်လည်း တိုင်းပြည်ကာကွယ်ရေး ခေါင်းစဉ်အောက် မလှုပ်သာဘဲ စတေးခံရတယ်။ မသွားဘူး ငြင်းလ ျျင်၊ ခင်များသွားပါလား ပြန်ပက်လ ျင် အာဏာဖီဆန်မှု စစ်ခုံရုံးအတင်ခံရမယ်၊ နိုင်ငံရေးလည်း သေမယ်။ ဒီလို အမြတ်ထုတ် လုပ်ကြံမှုများ သမိုင်းတွင် နိုင်ငံတိုင်းမှာရှိတယ်။ ခုလည်း ဒီချုပ်အစိုးရကို ဝေဖန်ထောက်ပြလ ျင် တာတေကြီးလာမည် ချောက်ခါ တန်ဖိုးရှိသည့် အကြံညဏ်၊ ဆော ်ဩမှုများ သင်းအသတ် ခံရကိန်း စိုက်ကုန်မယ်။ အက ျဉ်းသား ဥပမာလို တဦးနှင့်တဦး နားလည်မှု မလွဲအောင် စစ်တပ်နဲ့ ပွင့်လင်းမြင်သာ ကြိုးစားတယ်ဆိုလဲ လက်တွေ့ ဖြစ်တန်စွမ်း ဘယ်လောက်လဲ။ သမိုင်းမှာ ဖြစ်မည်ဆိုသောအရာ ဖြစ်စမြဲမို့ သူဖြစ်လ ျင်ကိုယ် ဖြစ်လိမ့်မည်သာတည်း။

ငါကွ…..

မြန်တြံ့နိုင်ငံရေး အတတ်ဟော သုခမိန် ပညာရှိ ကြောင်ကြီး

5 comments

  • kai

    December 19, 2016 at 11:29 am

    ဒီချုပ်ဖက်က..လူထုလည်းရှိတယ်..။ ကမ္ဘာကလည်းသူ့ဖက်ရပ်နေတယ်..။
    အခုဆို.. တပ်ကလည်း.. တော်တော်များများ သူ့ဖက်မှာရပ်နေတယ်..။
    လွှတ်တော်.. ၂ရပ်..။ သမ္မတ..။ တရားရေး အကုန်လုံးလည်း.. စူပါမဂျော်ရတီ..။

    ဆိုတော့..
    ဒါတောင်… တပ်နဲ့အားပြိုင်နေရသေးတယ်ဆိုရင်တော့.. ထွက်ဟေ့..။
    တော်တော်ကို ေ-ာက်သုံးမကျ..

    • ဦးကြောင်ကြီး

      December 19, 2016 at 12:01 pm

      သူများပို့စ်မှာ မိုက်မြိုင်းဖို့ ပထမစုန်းနက် နောက်စုန်း သတိပေးပါရစေ မာမူခိုင်မ်။

  • CharTooLan

    December 19, 2016 at 3:31 pm

    စိုးရိမ်ရင်ပြန်လာခဲ့လေ 😛

  • Thint Aye Yeik

    December 22, 2016 at 10:06 am

    .ကြောင်ကျလေး ကျနိုင်အောင်
    တစ်ဖက်တလမ်းက ကျပြ သင်ကြားပေးပါ ဦးကြောင်

  • Ko chogyi

    January 21, 2017 at 5:25 pm

    ကြားခံဖို့ ကြောင်လိုတယ်
    ကြောင်ဇိုးရီးပြန်လာမှ
    ကြားခံရမယ် (ကြားကခံဖို့ပြောတာပါ)

Leave a Reply