Man Made Attraction Place ဖြစ်ပြီး Flower Dome / Cloud Forest / Supertree Grove တို့မှာ ထင်ရှားပါသည်။

Flower Dome – ၂၀၁၅ ခုနှစ်Guinness World Records အဖြစ် စာရင်းသွင်းခံရပြီး အံ့မခန်း ဆန်းကြယ်လှပသော ကမာ္ဘ ့အကြီးဆုံးဖန်လုံအိမ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။မြေထဲပင်လယ်ဒေသနှင့် မိုးနည်းရေရှားဒေသမှ အပင်များနှင့် ပန်းပွင့် များဖြင့် အလှဆင်ထားပါသည်။

Cloud Forest -မိုးတိမ်သစ်တော ထဲဝင်လိုက်တာနှင့် ရေခိုးရေငွေ့များဖြင့် ဖုံးလွှမ်းနေသော လှျို့ဝှက်ဆန်းကြယ်သော သစ်တောထဲ ရောက်သွားသလို ခံစားရမှာဖြစ်ပါတယ်။ မတူကွဲပြားခြားနားသော အပင်များနှင့် ကျောက်မျက်ရတနာအလား ပုန်းကွယ်နေသော ရှားပါးပန်းပင်များ နှင့် အပင်များကို လေ့လာနိုင်ပေမည်။

Supertree Grove – 25 မီတာ နှင့် 50 မီတာရှည်လျားသော သစ်ပင်ပုံစံ ဒေါင်လိုက်ဥယျာဉ် နှင့်တူပေသည်။ နေ့အချိန်တွင် အရိပ်ပေးပြီး ညအချိန်တွင် အလင်းနှင့်အသံတို့ကိုရကာ အသက်ရှင်လျက်ကြီးမားလှသောသဘောကို  ဒီဇိုင်းရေးဆွဲထားပါသည်။

#credit