GSM နှင့် CDMA ဖုန်းလိုင်းများတွင် အင်တာနက်သုံးစွဲနိုင်တော့မည်

etoneAugust 31, 20101min21912

ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းများတွင် ဒေတာဖြတ်သန်းစီးဆင်းပြီး အင်တာနက်သုံးစွဲနိုင်ရန် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စမ်းသပ်လျက်ရှိရာ စမ်းသပ်မှုအောင်မြင်ပါက အများပြည်သူသို့ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ “ငါးသိန်းတန်ဖုန်းလိုင်း၊ ၁၅ သိန်းတန်ဖုန်းလိုင်းရယ်လို့ မဟုတ်ဘူး။ စမ်းသပ်မှုအခြေအနေ ကောင်းမွန်တဲ့လိုင်းကို အရင်ပေးသုံးသွားမှာပါ။ ဂျီအက်စ်အမ်လိုင်းတွေရော၊ စီဒီအမ်အေလိုင်းတွေရောပါတယ်။ Data ဖြတ်သန်းနိုင်မှုကို စမ်းသုံးနေတယ်။ ဘယ်ဖုန်းလိုင်းမှာရမယ်၊ ဘယ်တော့လောက်ရမယ်ဆိုတာတော့ မသိသေးဘူး” ဟု၎င်းကပြောသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်သုံးစွဲခြင်းကို EVDO နည်းပညာအပေါ်အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အသံနှင့် ဒေတာ နှစ်မျိုးလုံးကို ဖုန်းလိုင်းပေါ်မှတဆင့် သယ်ဆောင်အသုံးပြုခွင့် ပေးခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါဝန်ဆောင်မှုကိုရရှိရန် မည်ကဲ့သို့လျှောက်ထားရမည်နှင့် မည်မျှကုန်ကျမည်ဆိုသည့် အချက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မိုဘိုင်းဖုန်းများတွင် အင်တာနက်သုံးစွဲခြင်းနှင့်ပတ်သက်၍ လူကြီးမင်းဖုန်းဆိုင်မန်နေဂျာ ဦးကိုကိုအောင်က “အခု မိုဘိုင်းဖုန်းတွေမှာ အင်တာနက်သုံးနိုင်တယ်ဆိုတာက ဖုန်းလိုင်းပေါ်ကနေ မဟုတ်ပါဘူး။ ဝိုင်ဖိုင်သုံးတဲ့နေရာမျိုးတွေမှာ ဝိုင်ဖိုင်ဖမ်းယူနိုင်တဲ့ လက်ကိုင်ဖုန်းတွေကတဆင့် အသုံးပြုနေကြတဲ့သဘောပါ။ ဒါပေမယ့်လည်း ကွန်နက်ရှင်က အရမ်းနှေးပါတယ်” ဟုပြောသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းပေါ်မှတဆင့် အင်တာနက်သုံးစွဲနိုင်ပါက e-Commerce စနစ် ပေါ်ပေါက်လာမှုအတွက် ကောင်းမွန်သော အဆင့်တစ်ခုဖြစ်ပေါ်လာနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်းအသုံးပြု၍ အွန်လိုင်းမှတဆင့် ကုန်သွယ်မှုများကို ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်

12 comments

  • winne

    August 31, 2010 at 6:33 am

    အဲလို ဖုန်းမျိုးရရင်တော့ သိပ်ကောင်းမှာဘဲ တကယ်လို့ရရင်တော့ ဝယ်သုံးအုန်းမယ် သတင်းထူးလေး ရှိရင် ထပ်ပေးပါအုန်း စိတ်ဝင်စားလို့

  • winkyawaung

    August 31, 2010 at 6:35 am

    အင်တာနက်ကို နေရာတိုင်းမှာ သုံးရတော့မယ်ဆိုရင် ကောင်းပါတယ်။ အန္ဒိယပြည်မှာတော့ GSM ဖုန်းနဲ့ သုံးရလို့ ကျွန်တော်သုံးခဲ့ရပါတယ်။

  • ghost

    August 31, 2010 at 8:42 am

    handphone ကနေ internet ချိတ်တာ က နိုင်ငံတကာမှာ တောင် ဈေးနှန်းနဲ speed မတန်သလိုဘဲ

    • winne

      August 31, 2010 at 11:21 am

      ဘာလို့လဲဟင်

  • sususan

    August 31, 2010 at 1:13 pm

    လိုင်းတွေမကောင်းမှာမြင်ယောင်သေးတယ်..

  • sele

    August 31, 2010 at 3:33 pm

    if we can use internet on mobile ph whether GSM or CDMA it is good news to all people in Myanmar…..

  • kopauk mandalay

    August 31, 2010 at 3:52 pm

    လိုင်းမကောင်းမှာကတော့ သေချာပါတယ်။
    ခုတောင် ဂျီတွေက မမြည်ချင်ဘူးလေဗျာ။

  • Shwemannmay

    September 2, 2010 at 4:22 am

    အင်း လူကြီးမင်းတော့ အင်တာနက်ပေါ်ကနေ ဆင်းရမှာကိုမပာုတ်တော့ဘူး ပာိပာိ

    နက်ပေါ်ကျ လူကြီးမင်း က နာမည်အသစ်နဲ့ နေမှာပေါ့နော

  • lovesickkalay

    September 2, 2010 at 5:51 am

    ဘာပဲပြောပြော ခုလိုတိုးတက်လာတဲ့အတွက် အရမ်းကိုကောင်းပါတယ်..

  • လင်းဝေကျော်

    September 2, 2010 at 7:02 am

    လာ..လာချည်သေးတယ်
    ဘာဂွင်မြင်လို့ သာဒင်တို့ ထွင်ပြန်ပြီတုန်း
    ထွင်ပြီး မကောင်းတာဆိုးနေတာ။
    ထွင်ပြီးကောင်းမယ် အားလုံးအတွက်သက်သာစွာလုပ်ပေးမယ်ဆိုလို့ကတော့
    ကိုသာဒင်တို့ကို ကျေးဇူးတင်လိုက်မယ်။

  • hoe

    September 2, 2010 at 7:58 am

    ဖုန်းလိုင်းတွေ အရင်ကောင်းအောင်လုပ်သင့်တယ်လို့ ထင်တယ်… အဲဒါတွေ အဆင် ပြေမှ တဆင့်တက်သင့်တယ်ဗျ….. မဟုတ်လို ့ကတော ့အောက်ခြေမှ မခိုင်တာ အဆင့် ဘယ်လို မြှင့်မတုန်းဗျ……

  • leohero

    September 25, 2010 at 6:43 am

    လုပ်ပါသေးနဲ့ ….. ဖုန်းလိုင်းကိုသာအရင်ကောင်းအောင်လုပ်ပါအုံးကွယ် …… တော်ကြာဟိုမရောက်ဒီမရောက်ဖြစ်နေမှာဆိုးလို့ပါ …..

Leave a Reply