ငါဟာငါမဟုတ်

Foolish GirlDecember 20, 20161min1024

သွက်လက်ချက်ချာတဲ့ ငယ်ငယ်တုန်းကငါ

အမြဲတတ်ကြွလန်းလန်းဆန်းဆန်းနေတတ်တဲ့ ငယ်ငယ်တုန်းကငါ

ကိုယ်ကိုတိုင်သာမက သူများတွေကိုပျော်ရွှင်မှုတွေပေးတတ်တဲ့ငါ

ဘာသာရေးလည်းမပျက်ကွက် မငြီးမငြူ လုပ်တတ်တဲ့ငါ

အဲဒီ ငါဟာ ခု

ဘယ်များရောက်သွားတာလဲ

ဘာတွေများလုပ်နေတာလဲ

ပြန်လာခဲ့ပါ

ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်မှ အဲဒီငါ ကို

အဝေးကိုရောက်စေမိတာလည်း

ငါပါပဲလား

ဩ ရိုးသားတဲ့ ချစ်စရာကောင်းတဲ့ ငါကို ကြောက်မတ်ဖွယ်အတ္တကြီးတဲ့ ငါလွမ်းမိုးခံရချိန်ကစပြီး ငါဟာ ငါမဟုတ်တော့ပါလား???????

ငါ့ဘဝကိုပြန်လိုချင်တယ် ငါဘာလုပ်ရမှာလဲ??????

တစ်ခါတစ်ခါ ထွက်ပြေးချင် လာတယ်

အဆင်ပြေသွားမှာပါလို့အားတင်းထားပေမယ့်

ငါနလန်မထူနိုင်ဘူး

ငါဟာငါမဟုတ်ဘူး ငါဟာငါမဟုတ်ဘူး

မုန်းတယ် ငါ့ကိုယ်ငါလည်းမချစ်တတ်တော့ဘူး မုန်းတယ် မုန်းတယ် အရာရာအားလုံးကိုမုန်းတယ် #######################

 

4 comments

  • သျှားသက်မာန်

    December 20, 2016 at 5:15 pm

    မိုက်တယ်

  • Thint Aye Yeik

    December 22, 2016 at 10:02 am

    ငါ ဆိုတာ မရှိဘူးတဲ့

    တရားသဘောအရတော့ အဲ့လို ဆိုတာပဲ
    :k:

    • Foolish Girl

      December 22, 2016 at 5:00 pm

      ငါဆိုတာမရှိဘူး ဆိုတဲ့ တရားသဘောတွေကိုရည်ညွှန်းလိုတာမျိုးမဟုတ်ဘဲနဲ့
      အချိန်တွေ ပတ်ဝန်းကျင်တွေ ကြုံတွေ့လာတဲ့ ဖြစ်ပျက်လာတဲ့အရာတွေကြောင့်ပြောင်းလဲမိလာတဲ့ အတ္တပိုကြီးလာတဲ့ကိုယ့်ကိုကိုယ်ပြန်မြင်လာတာ
      ကြောက်စရာကောင်းလောက်အောင်ပြောင်းလဲသွားတဲ့မိမိကိုယ်ကို အံ့ဩသွားတာ လန့်သွားတာမျိုးပါ

Leave a Reply