ပျောက်ဆုံးသွားသော ကမာ္ဘ့မြို့ကြီး ၉ မြို့

Mon LayDecember 20, 20164min1283

၁- ထရွိုင်း

ဤဒဏ္ဍာရီဆန်လှသော မြို့လေး၏ အကြွင်းအကျန်များကို ၁၉ ရာစုအတွင်း တူရကီနိုင်ငံ အနာတိုလီယာဒေသတွင် ရှာဖွေတွေ့ရှိ ခဲ့သည်။ဒဏ္ဍာရီတို့အရ ဂရိတို့သည် အဆိုပါမြို့အား ပြာပုံအတိဖြစ်အောင်မီးရှို့ပစ်ခဲ့ကြသည်ဟုဆိုသည်။ ရှေးဟောင်းသုတေသန ပညာရှင်များသည် ၆.၁မီတာမြင့်သော နံရံကြီး ကို ဟာဆာလစ်တွင် တွေ့ရှိခဲ့သည်။ ယင်းနေရာတွင်တစ်ချိန်က မြို့ကြီးကိုးမြို့ တည်ရှိခဲ့ပြီး ယင်းတို့ထဲမှ တစ်မြို့သည် ထရွိုင်မြို့ ဖြစ်သည်ဟု ဆိုသည်..

 
၂-ဘေဘီလုံ

ဘေဘီလုံမြို့၏ တွဲလောင်းကျနေသော ဥယာဉ်များသည် ဘေဘီလုံမြို့အနေဖြင့် အလွန်ထွန်းကားသော နိုင်ငံဖြစ်ခဲ့ကြောင်း သက်သေပြသည့် ကမ္ဘာကျော် သင်္ကေတများပင် ဖြစ်ပေတော့သည်။ ဘေဘီလုံမြို့၏ခမ်းနားကြီးကျယ်မှု့ကို သက်သေထင်ရှား မြင်တွေ့ခဲ့ခြင်း မရှိသော်လည်း ကျော်ကြားလှသော သမိုင်းပညာရှင် ဟီရိုဒေါက်တက်စ်က ဘေဘီလုံ၏ သမိုင်းကြောင်းများကို ရေးသားခဲ့သည်။ ဘေဘီလုံမြို့တော်၏ အုတ်ခဲနံရံများကို ၁၉ ရာစုတွင် ရှာဖွေ တွေ့ရှိခဲ့သည်။သို့သော်မြောက်ဘက်နန်းတော်၏ အပျက်အစီးမျှသာဖြစ်သည်။ ဘေဘီလုံမြို့တော် အစ်ရှ်တာဂိတ်ဝကြီးမှ အတုံးအခဲများကို ဘာလင်မြို့ရှိ ပါဂါမွန်ပြတိုက်တွင်စုဆောင်းပြသထားသည်။

 
၃-အက်ခရိုတီရီ

ဘီစီ ၁၅၀ဝ တစ်ဝိုက်က မီးတောင်ပေါက်ကွဲမှု့ကြောင့် နစ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိမီ ကြေးခေတ်၏ မီနိုအန်ယဉ်ကျေးမှု့ ထွန်းကားရာနေရာ ဖြစ်ခဲ့သည်။ အကောင်းအတိုင်းကျန်ရစ်နေသော လှေကားများ ၊ အကောင်းဆုံး နံရံပန်းချီများနှင့်ကြွေထည် လက်ရာများကို ဂရိနိုင်ငံ ဆန်တိုရီနီ ကျွန်းပေါ်တွင် တွေ့ရှိခဲ့ရသည်။ ပြင်းထန်သော မီးတောင်ပေါက်ကွဲမှု့က အဆိုပါကျွန်း၏ ကြီးမားလှသော အစိတ်အပိုင်းကို ပင်လယ်ရေ အောက်သို့ နစ်မြုပ်စေခဲ့ခြင်းဖြစ်သည်။ အဆိုပါမြို့ကို ဒဏ္ဍာရီလာ အတ္တလန်တစ ်မြို့တော် ဟု ယူဆကြသူများရှိသည်။

 
၄-မာချူးပစ်ချူး

၁၅၃ဝ ပြည့်လွန်နှစ်များအတွင်း ထင်ရှားခဲ့သည့် အင်ကာအင်ပါယာ၏ အပျက်အစီးများနှင့်အတူ တွေ့ရှိရ သည်။မာချူးပစ်ချူးသည် လူတို့၏ အမှတ်သညာထဲမှ လုံးလုံးလျားလျား ပျောက်ကွယ်နေခဲ့သည်။ သို့သော် ၁၉၁၁ခုနှစ်တွင် အမေရိကန် လေ့လာစူးစမ်းရေး သမား ဟီရမ်ဘင်ဂမ်သည် အင်ကာတို့၏ပျောက်ဆုံးနေ သောမြို့တော်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းနောက် အဆိုပါ မြို့တော်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်စား လာကြသည်။ ယခုအခါရှု့မငြီးဖွယ်လှပသည့် လှေကားထစ်များသည် ကမ္ဘာတစ်ဝန်းလုံးမှ ကမ္ဘာလှည့်ခရီးသည်များ လာရောက်ကြည့်ရှု့ရာ နေရာဖြစ်လာသည်။

 
၅-ပီထရာ

နှင်းဆီသွေးရောင် ရှေးဟောင်းမြို့တော်သည် တောင်တန်းများအကြား နစ်မြုပ်နေခဲ့သည်။ ကမ္ဘာလှည့် ခရီးသည်များသည် အဆိုပါအံ့ဘနန်း နေရာသို့ ရောက်ရှိရန် အလွန်ကျဉ်းမြောင်းသော တောင်ကမ်းပါးလမ်း မှ ၁ ဒသမ ၆ ကီလိုမီတာခန့် လမ်းလျှောက်သွားရသည်။ အဆိုပါမြို့တော်တွင် သင်္ချိုင်းဂူပေါင်း ၁၀၀ဝ ၊ ယဇ်ပူဇော်ရာစင်မြင့်တစ်ခုနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတို့ရှိသည် ။ ၎င်းအပြင် စမ်းချောင်းငယ် ပေါင်းများစွာရှိသည်။ ဆွစ်လူမျိုး ခရီးသွားဂျိုဟမ်ဘာ့ခ်ဟက်ဒ်က ၁၈၁၂ ခုနှစ်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခြင်း မရှိခင် ၎င်းကို ဘီဒူအင်က သိခဲ့ကြသည်။

 
၆-အော်ရာဒါဆာဂလိန်း

အထက်တွင် ဖော်ပြခဲ့သော အခြားရှေးဟောင်းမြို့များနှင့်မတူဘဲ ပြင်သစ်မြို့တော်သည် မည်သည့်အခါကမှ လုံးလုံးပျောက်ဆုံးခြင်း မရှိခဲ့ပေ။ ဒုတိယကမ္ဘာစစ်အတွင်း ၎င်းဒေသတွင်နေထိုင်သူ ၆၂၄ ဦးကို နာဇီတပ် များက သတ်ဖြတ်ပစ်ခဲ့သည်။ ၁၉၄၄ ခုနှစ်ဇွန်လ ၁ဝ ရက်နေ့တွင် ၎င်းဒေသမှလူအားလုံးအသတ်ခံရခြင်း ဖြစ်ပြီး မည်သည့်သက်ရှိတစ်စုံတစ်ရာမှ ကျျန်ရစ်ခဲ့ခြင်းမရှိတော့ပေ။ ယင်းနောက် ယနေ့ခေတ်တွင် အဆိုပါမြို့တော်ကို သံဆူးကြိုးများထားရှိခဲ့သည်။ ရံဖန်ရံခါအဆိုပါနေရာတွင် အမှတ်တရပွဲတော်များ ကျင်းပခဲ့သည်။

 
၇-ကာသေ့ဂျ်

ရွံ့ဆေးဖြူများဖြင့် တည်ဆောက်ထားသော ရှေးဟောင်းဆိပ်ကမ်းမြို့ဖြစ်သည်။မြို့ တော်သည် စစ်ပွဲကြောင့် နှစ်ကြိမ်တိုင်တိုင် ပျျက်စီးခဲ့ရသည်။ ပထမအကြိမ်မှာ ဘီစီ ၁၄၆ က ပျူနစ်စစ်ပွဲအတွင်း ရိုမန်များ၏ တိုက်ခိုက်ဖျက်စီးမှု့ ခံခဲ့ရသည်။ ဘေဒီ ၆၉၈
တွင် နောက်ထပ်တစ်ကြိမ် အာရပ်တို့၏ တိုက်ခိုက်ဖက်စီးမှု့ကို ခံရပြန်သည်။မြို့တော်၏ အပျက်အစီးများသည် တူနီးရှားနိုင်ငံ ဘာဆာတောင်ကုန်းတစ်လျှောက် ပြန့်ကျဲကျျန်ရစ်ဆဲ ဖြစ်သည်။

 
၇-ကာသေ့ဂျ်

ရွံ့ဆေးဖြူများဖြင့် တည်ဆောက်ထားသော ရှေးဟောင်းဆိပ်ကမ်းမြို့ဖြစ်သည်။မြို့ တော်သည် စစ်ပွဲကြောင့် နှစ်ကြိမ်တိုင်တိုင် ပျျက်စီးခဲ့ရသည်။ ပထမအကြိမ်မှာ ဘီစီ ၁၄၆ က ပျူနစ်စစ်ပွဲအတွင်း ရိုမန်များ၏ တိုက်ခိုက်ဖျက်စီးမှု့ ခံခဲ့ရသည်။ ဘေဒီ ၆၉၈
တွင် နောက်ထပ်တစ်ကြိမ် အာရပ်တို့၏ တိုက်ခိုက်ဖက်စီးမှု့ကို ခံရပြန်သည်။မြို့တော်၏ အပျက်အစီးများသည် တူနီးရှားနိုင်ငံ ဘာဆာတောင်ကုန်းတစ်လျှောက် ပြန့်ကျဲကျျန်ရစ်ဆဲ ဖြစ်သည်။

 
၉-ကူးလပ်

ပီရူးနိုင်ငံ မြောက်ပိုင်းတောအုပ်ထဲ ပျောက်ကွယ်နေသောမြို့ဖြစ်သည်။ သူ၏ခံတပ် နံရံများသည် အင်ကာယဉ်ကျေးမှု့ထက် စောစွာတည်ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းမြို့တွင်နေထိုင်ခဲ့သူများမှာ ချာချာပိုယာလူမျိုး များ ဖြစ်ခဲ့သည်ဟု ဆိုသည်။ သူတို့သည် အိမ်များ ၊ကျောင်းတော်များနှင့် သင်္ချိုင်းဂူများကို တည်ဆောက်ခဲ့ ပြီး ပတ်ချာလည်တွင် ၁ဒသမ ၈မီတာအလျားရှိ ကျောက်တုံး နံရံရှိသည်။

 
#credit

3 comments

  • Thint Aye Yeik

    December 22, 2016 at 10:45 am

    ပြည် ဟိုဘက်က ကမ႓ာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းကျတော့ မပါဘူးနော်
    😆

  • သျှားသက်မာန်

    December 23, 2016 at 3:30 pm

    သူကပြန်တူးဖော်နေလို့ လေ

Leave a Reply