ကြိုးစားနေသော လူငယ်များအတွက် မနက်ဖြန်အတွက် လမ်းညွှန်များ

Mon LayDecember 20, 20161min1082

၁။ နေ့စဉ် လူသုံးဦး ကို ချီးကျူးစကားပြောပါ။

၂။ အနည်းဆုံး တစ်နှစ် တစ်ခါ နေထွက်တာကို ကြည့်ပါ။

၃။ ရတာထက် ပိုမသုံးနဲ့။

၄။ တွေ့တဲ့ လူတိုင်းကို ကိုယ့်ကို ဆက်ဆံ စေချင်သလို ဆက်ဆံပါ။

၅။ မိတ်ဆွေသစ် ဖွဲ့ပါ။ မိတ်ဆွေဟောင်းကိုလည်း ချစ်မြတ်နိုးပါ။

၆။ လျှိ့ဝှက်ချက် ကို ထိန်းသိမ်းပါ။

၇။ ကျေးဇူးတင်ကြောင်းစာကို ချက်ချင်းရေးပါ။

၈။အမှားကို ဝန်ခံပါ။

၉။ရဲရင့်ပါ။ မရဲသော် ရဲယောင်ဆောင်ပါ။ ဘယ်သူမှ ခွဲခွဲခြားခြား မသိပါ။

၁၀။ ဘယ်တော့မှ လိမ်လည်လှည့်ဖျားမှု မလုပ်ပါနဲ့။

၁၁။ နားထောင်တတ်ပါစေ။ အခွင့်အလမ်းဟာ တခါတရံမှာတံခါးကို အင်မတန် ညင်သာစွာ ခေါက်တာပါ။

၁၂။ တခြားလူတွေရဲ့ မျှော်လင့်ချက်တွေကို မပိတ်ပင်ပါနှင့်။ သူတို့မှာ အဲဒါပဲရှိတာ ဖြစ်နိုင်ပါတယ်။

၁၃။အသိပညာ နဲ့ သတိ ရှိဖို့ပဲ ဆုတောင်းပါ။

၁၄။ အချိန်မှန်ပါ။ သူများကိုလည်း အချိန်မှန်ဖို့ တိုက်တွန်းပါ။

၁၅။ အတင်းမပြောပါနှင့်။

၁၆။ ဘာမှ ဆုံးရူံးစရာ မရှိသူကို သတိထားပါ။

၁၇။ခွင့်လွှတ်ခြင်းရဲ့ စွမ်းအားကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။

၁၈။ လူရှေ့ ၊ သူရှေ့ ချီးကျူးပါ။

၁၉။ နှစ်ယောက်ခြင်း ဝေဖန်ပါ။

၂၀။ အပေါင်းအဖော်တွေကို မေ့ထားလိုက်ပါ။ မြင့်မြတ်တဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ စိတ်ကူးတွေဟာ တစ်ယောက်တည်း စဉ်းစားဉာဏ်ကွန့်မြူးခြင်းကနေ ရောက်ရှိလာတာဖြစ်ပါတယ်

၂၁။ အချိန်မဆွဲပါနှင့်။ လုပ်ဖို့လိုအပ်တဲ့ အချိန်မှာ လုပ်ရမှာကို လုပ်ပါ။

၂၂။မသိဘူးလို့ ပြောရမှာ မကြောက်ပါနှင့်။

၂၃။ တောင်းပန်ပါတယ်လို့ ပြောဖို့ မကြောက်ပါနှင့်။

၂၄။ မသေခင်တွေ့ကြုံခံစား ချင်တဲ့အရာ နှစ်ဆယ့်ငါးခုကို စာရင်းလုပ် ၊ ပိုက်ဆံအိတ်ထဲမှာ ဆောင်ထား။ မကြာခဏ ကြည့်ပေးပါ။

— နောက်ဆုံးအချက်ကိုမွန်လေးအကြိုက်ဆုံးပဲ….စာဖတ်သူတွေကော???

2 comments

  • Thint Aye Yeik

    December 22, 2016 at 10:38 am

    စာဖတ်သူတွေရော???? လို့ မေးထားတယ်နော်။
    ပြန်ဖြေမယ်။ ကျနော့်အဖြေက ၂၂
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    တနည်းအားဖြင့်
    မသိဘူး။ ဘယ်အချက်ကို အကြိုက်ဆုံးလဲဆိုတာကိုမသိဘူး။
    .
    .
    .
    မသိဘူးလို့ ပြောရမှာကို မကြောက်ဘူးကွ
    ငါကွ ဟာဟ
    :k:

  • သျှားသက်မာန်

    December 23, 2016 at 12:22 pm

    ဟဟဟဟဟ

Leave a Reply