စက်ရုပ်ဆန်သောရှင်သန်ခြင်း

Foolish GirlDecember 20, 20161min944

စက်ရုပ်ဆန်တဲ့နေထိုင်မှုဘဝကိုမုန်းတီးတယ်

ဟုတ်လား

ဟား ဟား ဟား

လူဆိုတာစက်ရုပ်နဲ့ဘာများကွာသလဲ

စဉ်းစားတတ်တဲ့ဦးနှောက်ပါတာနဲ့မပါတာပဲကွာတယ်

ဒါတောင်အခန်းလွတ်နေတဲ့သူတွေကခပ်များများရယ်

လူတွေလုပ်နေတဲ့ကိစ္စအဝအဝတွေကလည်း သံပတ်ပေးထားတဲ့စက်ရုပ်လိုပဲ

တစ်နေ့တစ်နေ့ဒါတွေပဲလုပ်နေရတာပဲ

အသက်ရှင်နေသရွေ့ ဘယ်မှာနေနေ ဘယ်ကိုရောက်ရောက်

ဒီစက်ရုပ်လိုဖြစ်နေတဲ့ ဘဝထဲကနေရုန်းထွက်လို့ရမှာမဟုတ်ဘူးလေ

4 comments

  • Thint Aye Yeik

    December 21, 2016 at 5:51 pm

    တစ်ခါတစ်ခါ… လူသား ဆန်လွန်းပြီး လိုတိုးပိုလျှော့တွေနဲ့ ကစဉ်းကလျား ဖြစ်နေရတာထက်….
    စက်ရုပ်ဆန်ဆန်… နည်းစနစ်တကျ… ရှင်သန်တတ်ဖို့… လိုသေးသလားလို့….
    ခံစားလွယ်လွန်း.. ထိရှလွယ်လွန်းသူ အဖြစ်…နေရတာထက်… အေးစက်စက်နဲ့ ပြတ်ပြတ်သားသား သွေးအေးစွာ…
    လုပ်စရာ ရှိတာကို လုပ်ချလိုက်နိုင်တဲ့ တည်ငြိမ်မှုမျိုး… လိုတဲ့နေရာလည်း ရှိတယ်ဆိုပါတော့…

    • Foolish Girl

      December 22, 2016 at 5:01 pm

      ဟုတ်တာပေါ့
      ကိုယ့်အမြင်နဲ့ကိုယ်ပေါ့နော်

    • Foolish Girl

      December 26, 2016 at 3:17 pm

      အင်းပေါ့
      လူ့ဘဝ လှုပ်ရှားနေရတဲ့အရာမှန်သမျှက သံပတ်ပေးထားတဲ့စက်ရုပ်တစ်ရုပ်လို ပါပဲ
      တစ်ခုပဲကွာတာ ခံစားတတ်တာနဲ့ မခံစားတတ်တာ
      ဒီစာလေးဖြစ်တည်လာတာကိုပြောချင်တယ်ဗျာ
      တစ်ယောက်ကပြောတယ် နင်တို့ရန်ကုန်ကလူတွေက စက်ရုပ်တွေလိုပဲတဲ့
      မနက်ဆိုဒီမချိန်ဆိုထကြ ပြီးရင်ပြင်ဆင်ရုံးသွား နေ့လည်စာစားချိန်စားပြီးအလုပ်ဆက်လုပ်ညနေအိမ်ပြန်ရောက်ပြီးအိပ်ပေါ့
      ဒါတွေပဲလို့ပြောတယ် ဒါကိုသိပ်တော့ဘဝင်မကျဘူးရယ်
      နယ်မှာနေနေ ရန်ကုန်မှာနေနေ
      လူတွေအသက်ကြီးလာလို့တာဝန်တွေထမ်းလာရတဲ့အခါ
      ကလေးတွေလိုတော့ လုပ်ချင်မှလုပ်သွားချင်မှသွားစားချင်မှစားလုပ်လို့မရတော့ဘူး
      လုပ်ချင်ချင်မလုပ်ချင်ချင် လုပ်ကိုလုပ်ရမယ့်အရာတွေရှိတယ် လုပ်နေရတယ်
      ဒါကနေရာဒေသနဲ့မဆိုင်ဘူး
      လယ်သမားတွေ စပါးစိုက်ဖို့ဆိုပါတော့
      မိုးမကျခင်လယ်ထွန်ရတယ် မိုးကျရင်ပျိုးချတယ်
      စကားတွေမှဲ့ရင် ရိတ်ရတယ် စသဖြင့်ပေါ့ အဆင့်ဆင့်လုပ်ရတယ် တစ်ဆင့်မှနောက်ကျနေလို့မရဘူး
      ထမင်းဆိုင်ဆိုပါတော့
      ညကတည်းက မနက်ချက်ဖို့ အရွက်တွေသင်ထား ကြက်သွန်ဖြူနီဂျင်းအခွံခွါ ထောင်းသင့်တာထောင်းလှီးသင့်တာလှီးပြင်ဆင်ရတယ်
      ပြီးရင် မနက်ကျတော့လည်း အစောကြီးထပြီးချက်ပြုပ်ရတယ် ဒီလိုမှ မနက်ဟင်းလာဝယ်တဲ့သူတွေလာရင် အမယ်စုံစုံလေးရတော့ ရွေးချယ်စရာများရအောင်
      အစရှိသဖြင့်ဘယ်အလုပ်မဆိုပေါ့
      ကျောင်းသားဆိုဦးတော့
      သူကျောင်းသွားရမယ် ကျူရှင်သွားရမယ် စာကျက်ရမယ်
      ပြီးရင်ကစားမယ်

      တစ်ခုတော့ရှိတာပေါ့
      လုပ်ချင်တာတွေလုပ်နေရတာမဟုတ်ဘဲ လုပ်သင့်တာတွေချည်းပဲလုပ်နေရရှာတဲ့လူတွေရဲ့မျက်ဝန်းထဲမှာတော့ စစ်မှန်တဲ့ ပျော်ရွှင်မူ အပြုံးလေးတွေတွေ့နိုင်မှာမဟုတ်ဘူးပေါ့

Leave a Reply