ဆံတော်ရှင် ကျို က်ထီးရိုး ဘုရားကြီး၏တန်ခိုးတော်အနန္တကြောင့် ထူးခြားအံ့ဖွယ်ရာမှာ နှစ်စဉ်ဘုရားဖူး မိဘပြည်သူတို့၏ ကိုယ်တွေ့မှာ ပြောမကုန် စာဖွဲ့ မမီနိုင်လောက်အောင် ရှိပါသည်။

ဘူမိဗေဒပညာရှင်တို့၏ စမ်းသပ်တိုင်းထွာမှုအရ အောက်ခံကျောက် တုံးကြီးနှင့် ကျောက်တိုင်ကြီး တို့မှာ ရွေးကြီးစေ့တွင်းထွက် နှမ်းဖတ်ကျောက် ( Granite ) ကျောက်အမျိုး အစားဖြစ် သည်။ ထိစပ်နေသည့်အပိုင်းတွင် ပကတိကျောက်သားများ တွေ့မြင်ကြ ရပြီး ကျောက်သားများမှာ ကြွေမွသည့်ဒဏ် တစ်စုံတစ်ရာ မတွေ့ရပေ။

အောက်ခံကျောက်တိုင်၏ တည်ရှိနေမှုမှာလည်း ( ၉၀ ) ဒီဂရီ တည့်မတ်နေခြင်း မဟုတ်ပဲ အရှေ့ဘက်သို့ တိမ်းစောင်းလျှက်ရှိကာ မြေ၀င်အနေအထားမှာလည်း အနည်းငယ်မျှသာ ရှိနေပါသည်။ ကျောက်တုံးကြီး၏ အလေးချိန်မှာ တန်ချိန် ( ၆၀၀ ) ကျော်ရှိကာ အောက်ခံကျောက်တိုင်ပေါ်သို့ သက်ရောက်နေသည့် အလေးချိန်မှာ တစ်စတုရန်းလက်မတွင် ၀.၅ တန် ရှိကြောင်း ၊ မျက်နှာပြင်နှစ်ခု ထိစပ်မှုမှာ တစ်စတုရန်းပေသာလျှင်ရှိနေကြောင်း၊ ကျောက်တုံးတော်ကြီး မှာ အောက်ခံကျောက်တိုင်ပြား၏ အစွန်းဘက်ဆီသို့ တစ်ဝက်နီးပါး ( ၅ ) ပေ ကျော်ကျော် ထွက်နေပြီး အလယ်ဗဟိုတွင် မတည်ရှိနေသည်ကို အံသြဖွယ်ရာ တွေ့ရှိဖူးမြော်ရပါသည်။

လက်ဖြင့်တွန်းကြည့်လျှင် လှုပ်နေသည့်အပြင် အပ်ချည်ကြိုး လျှို သွင်းပါက တစ်ဖက်သို့ ထွက်လာခြင်းများကို စမ်းသပ်ခဲ့ဖူးကြောင်း၊ အောက်ခံကျောက် တိုင်ပြားတွင် တည်နေပုံမှာလည်း ဆင်ခြေလျှော၏ အစွန်အဖျားတွင် တည်းတည်း လေး ခိုတွဲနေပုံမှာ ရှုထောင့်ပေါင်းစုံမှု ဖူးမြော်ရင်း ပြည်တွင်းဘုရားဖူးများသာမက နိုင်ငံတကာမှ ဧည်သည်များ၏ နှလုံးစိတ်ဝမ်းကို ပါသိမ်းပိုက်ထားသော အံ့ဖွယ် တန်ခိုး နှင့်ပြည့်ဝနေသော ဆံတော်ရှင်သို့ နှစ်စဉ်မပျက် ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်နိုင်စေရေး ကိုတင်ပြလိုက်ပါသည်။

Image may contain: 1 person, sky and outdoor
#credit

About သျှားသက်မာန်

Shar Thet Man has written 171 post in this Website..