အံဖွယ်တန်ခိုး ကျိ ု က်ထီးရိုး

Mon LayDecember 23, 20161min1658

ဆံတော်ရှင် ကျိ ု က်ထီးရိုး ဘုရားကြီး၏တန်ခိုးတော်အနန္တကြောင့် ထူးခြားအံ့ဖွယ်ရာမှာ နှစ်စဉ်ဘုရားဖူး မိဘပြည်သူတို့၏ ကိုယ်တွေ့မှာ ပြောမကုန် စာဖွဲ့ မမီနိုင်လောက်အောင် ရှိပါသည်။

ဘူမိဗေဒပညာရှင်တို့၏ စမ်းသပ်တိုင်းထွာမှုအရ အောက်ခံကျောက် တုံးကြီးနှင့် ကျောက်တိုင်ကြီး တို့မှာ ရွေးကြီးစေ့တွင်းထွက် နှမ်းဖတ်ကျောက် ( Granite ) ကျောက်အမျိ ု း အစားဖြစ် သည်။ ထိစပ်နေသည့်အပိုင်းတွင် ပကတိကျောက်သားများ တွေ့မြင်ကြ ရပြီး ကျောက်သားများမှာ ကြွေမွသည့်ဒဏ် တစ်စုံတစ်ရာ မတေွ့ရပေ။

အောက်ခံကျောက်တိုင်၏ တည်ရှိနေမှုမှာလည်း ( ၉ဝ ) ဒီဂရီ တည့်မတ်နေခြင်း မဟုတ်ပဲ အရှေ့ဘက်သို့ တိမ်းစောင်းလျှက်ရှိကာ မြေဝင်အနေအထားမှာလည်း အနည်းငယ်မျှသာ ရှိနေပါသည်။ ကျောက်တုံးကြီး၏ အလေးချိန်မှာ တန်ချိန် ( ၆၀ဝ ) ကျော်ရှိကာ အောက်ခံကျောက်တိုင်ပေါ်သို့ သက်ရောက်နေသည့် အလေးချိန်မှာ တစ်စတုရန်းလက်မတွင် ဝ.၅ တန် ရှိကြောင်း ၊ မျက်နှာပြင်နှစ်ခု ထိစပ်မှုမှာ တစ်စတုရန်းပေသာလျှင်ရှိနေကြောင်း၊ ကျောက်တုံးတော်ကြီး မှာ အောက်ခံကျောက်တိုင်ပြား၏ အစွန်းဘက်ဆီသို့ တစ်ဝက်နီးပါး ( ၅ ) ပေ ကျော်ကျော် ထွက်နေပြီး အလယ်ဗဟိုတွင် မတည်ရှိနေသည်ကို အံဩဖွယ်ရာ တွေ့ရှိဖူးမြော်ရပါသည်။

လက်ဖြင့်တွန်းကြည့်လျှင် လှုပ်နေသည့်အပြင် အပ်ချည်ကြိုး လျှိ ု သွင်းပါက တစ်ဖက်သို့ ထွက်လာခြင်းများကို စမ်းသပ်ခဲ့ဖူးကြောင်း၊ အောက်ခံကျောက် တိုင်ပြားတွင် တည်နေပုံမှာလည်း ဆင်ခြေလျှော၏ အစွန်အဖျားတွင် တည်းတည်း လေး ခိုတွဲနေပုံမှာ ရှုထောင့်ပေါင်းစုံမှု ဖူးမြော်ရင်း ပြည်တွင်းဘုရားဖူးများသာမက နိုင်ငံတကာမှ ဧည်သည်များ၏ နှလုံးစိတ်ဝမ်းကို ပါသိမ်းပိုက်ထားသော အံ့ဖွယ် တန်ခိုး နှင့်ပြည့်ဝနေသော ဆံေတော်ရှင်သို့ နှစ်စဉ်မပျက် ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်နိုင်စေရေး ကိုတင်ပြလိုက်ပါသည်။

Image may contain: 1 person, sky and outdoor
#credit

8 comments

  • Thint Aye Yeik

    December 23, 2016 at 5:03 pm

    လာမယ့် ဇန်နဝါရီထဲမှာ တစ်မိသားစုလုံး သွားမယ် စိတ်ကူးထားတယ်။ မွန်လေးတို့ ကားလက်မှတ်ရောင်းလား။ ကားရော ငှားလား။
    light truck ဆိုရင် . . . သောကြာည ထွက်ပြီး
    တနင်္ဂနွေညနေ ပြန်အရောက်ကို ဘယ်လောက် ကျမလဲ သိချင်တာ

  • aye.kk

    December 23, 2016 at 5:26 pm

    အခုလိုတင်ပြပေးတာ
    သာဓု သာဓု သာဓု ပါ။။

  • aye.kk

    December 24, 2016 at 7:37 pm

    သူကြီး
    ကျောက်တုန်းတွေထိုင်ကန်တော့ရမှာလား?
    ဗုဒ္ဓဘာသာဝင်လူမျိုးတွေသာ
    ဗုဒ္ဓထားရှိခဲ့မွေတော်ဓတ်တော်တွေကိုစေတီဋ္ဌာပနာတည်ပြီးမှသာ
    ရည်မှန်းပြီးကန်တော့ကြတာပါ။။
    ကျောက်တုန်းကြီးသက်သက်ကိုတော့ထိုင်မကန်တော့ကြပါဘူး။

    • kai

      December 25, 2016 at 10:30 am

      ဟုတ်ပ..
      အံ့ဖွယ်ထူးဆန်းတိုင်းသာ.. ကိုးကွယ်ရလျှင်… :k:

  • CharTooLan

    December 26, 2016 at 12:22 pm

    ကျိုက်ထီးရိုးအောက်မှာ သဂျီးမန်းရောက်နေဘီဆိုဂဒဲက ဒါမျိုးတွေလာတော့မယ်ဆွာသိနေဒယ်လေ
    အံ့ဖွယ်တဂိုး နှစ်ဂိုး သုံးဂိုးဆွာ ဘာညာသာရကာဒဲ့ သဂျီးကအဲ့လိုပြောနာ သိလား

  • သျှားသက်မာန်

    December 27, 2016 at 5:19 pm

    ကိုအလင်းသစ်ရေ ကားလက်မှတ်ကော..ကားရောငှားပါတယ်..အကို့ဖုန်းနံပါတ်ပေးပါလား…ဒါမှမဟုတ်…မွန်လေးဆီဆက်ပေး
    ပါလား 09421045685 ပါ ဇန်နဝါရီမှာနေ ့ချင်းပြန်စရိတ်လည်းဆွဲဖို ့ရှိပါတယ်အကိုတို့ မှာလူဘယ်နှယောက်ရှိပါလဲ

Leave a Reply