ကျိုက်ထီးရိုး ကေဘယ်ကား

Mon LayDecember 28, 20161min903

ကျိုက်ထီးရိုးတွင် ကေဘယ်ကားများကိုလာမည့်နှစ် ဧပြီ ၁ ရက်၌ စတင်ပြေးဆွဲမည်။

မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ကျိုက်ထီးရိုးစေတီတွင်ကေဘယ်ကား (ကောင်းကင်ကြိုးရထား)ပြေးဆွဲခြင်း
ကို ၂၀၁ရ ဧပြီ၁ ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်းစီမံကိန်းပြုလုပ်သည့် Sky Asia Co.,Ltd. မှ
သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကေဘယ်ကား ပြေးဆွဲခြင်းကို ကျိုက်ထီးရိုးစေတီ၌ Sky Asia Co.,Ltd. ကစ
တင်အကောင်အ ထည်ဖော်လျက်ရှိပြီး ကျိုက်ထီးရိုးဘေးမဲ့တော နယ်မြေရှိ မြေ ၁၃ဒသမ ၅ ဧကကို
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတွင် နှစ် ၇ဝ စာချုပ်ဖြင့် ငှားရမ်းထားခြင်း
ဖြစ်သည်။

‘‘အခုလက်ရှိမှာ ဒီစီမံကိန်း အားလုံး ၂ဝ ရာခိုင်နှုန်းပြီးစီးနေပြီ။ကေဘယ်ကား ပြေးဆွဲတဲ့အချိန် ကျရင်လူတစ်ဦး
ကိုငွေဘယ်လောက်ယူမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ကေဘယ်ကားတစ်စီး ကို လူရှစ်ယောက်တင်လို့ရတယ်။

ရသေ့တောင်ကနေ ဘုရားအထိ ပြေးဆွဲမယ်။ဘုရားပေါ်ကို ၁ဝ မိနစ်လောက်နဲ့ ရောက်မယ်။
အန္တရာယ်မရှိစေဖို့ နှစ်ပတ်တစ်ကြိမ် စစ်ဆေးမှုတွေလုပ်မယ်။

ကိုယ်ပိုင်လျှပ်စစ် ၃၃ ကေဗီဓာတ်အားလိုင်းနဲ့ ပြေးဆွဲသွားမယ်’’ဟု Sky Asia Co.,Ltd. အထူးအကြံပေး
အရာရှိ ဦးအောင်သန်းက ပြောသည်။

ဘုရားဖူးများ သဘာဝပတ် ဝန်းကျင် အလှအပများကို ကြည့် ရှုခံစားနိုင်ရန်၊ တည်းခိုနေထိုင် ရေးကိစ္စများ
အဆင်ပြေချောမွေ့ စေရန် အဆိုပါ စီမံကိန်းကိုအကောင်အထည်ဖော် ​ဆောင်ရွက် ခြင်း ဖြစ်ကြောင်း
ဦးအောင်သန်း က ဆိုသည်။

ယခုအစီအစဉ်အတွက် ကေ ဘယ်ကားအစီးရေ၄၃ စီးနှင့် အရန် တစ်စီးတို့ဖြင့် ပြေးဆွဲမည်ဖြစ်သည်။

ယင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၂ဝကုန်ကျခံပြုလုပ်မည်ဖြစ်ပြီး ကေဘယ်ကားနှင့် ဆက်စပ်ပစ္စည်းများကို ပြင်သစ်နိုင်ငံမှ မှာယူတင်သွင်းထားကြောင်း သိရသည်။

Credit

3 comments

  • Thint Aye Yeik

    December 28, 2016 at 5:10 pm

    ဇွဲကပင်တောင်ပေါ် တက်ဖို့လည်း ကေဘယ်ကား လုပ်မယ်ကြားတယ်။
    ကျိုက်ထီးရိုးထက် … ဇွဲကပင်ကို ပို တက်ချင်စိတ်ပြင်းပြတော့… အဲဒီ စီမံကိန်း ဘယ်တော့ အကောင်အထည် ပေါ်မလဲ ဆိုတာလည်း သိချင်သား ။

  • Darli May Aye

    December 28, 2016 at 10:58 pm

    ကျေးဇူးပါ

  • သျှားသက်မာန်

    January 2, 2017 at 2:33 pm

    သိရရင်လည်းတင်ပေးပါဦးမယ်

Leave a Reply