ကမာ္ဘမြေဆွဲအား ကို ဆန့်ကျင် ထွန်းပနေတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုး ..

Mon LayDecember 28, 20161min1192

ကျိုက်ထီးရိုး ဘုရား
***********************
ကျိုက်ထီးရို ရင်ပြင်တော်ကနေပြီး အနောက်ဘက်သို့ မျှော်ကြည့်ရင် စစ်တောင်းမြစ်ကို ကျော်လွန်ပြီး ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။
– ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိပါတယ်။
(၁) စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်ပြီး
(၂) မှာ ကျိုက်ထိုမြို့က မော်တော်ကားနဲ့ ၉မိုင်ခန့် ဝေးတဲ့ ကင်မွန်းစခန်းမှ တက်ရတဲ့ လမ်းပါ။ (ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်ပါတယ်။)
– ဘုရားကို တက်ရာလမ်းတစ်လျောက်မှာ ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိတဲ့ စခန်းတွေရှိပါတယ်။
– ဘုရားဖူးတွေဟာ ကျိုက်ထီးရိုးဘုရားကနေ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်ပြီး လေးမိုင်လောက် ဝေးတဲ့ ကျောက်ထပ်ကြီးဘုရားတွေကိုလည်း သွားရောက်ဖူးမြှော် ဆုတောင်လေ့ရှိကြပါတယ်။
– စေတီတော် တည်ထားပုံ
***************************
– ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်ပါတယ်။
– ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တီရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ပါတယ်။
– ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှာ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀ဝ ခန့်မြင့်ပါတယ်။
– ကြီးမားပြီး မတ်စောက်တဲ့ ကျောက်ဆောင်တစ်ခုရဲ့ အစွန်းမှာ လုံးပတ်ပေ ၅ဝ ခန့်ရှိတဲ့ ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခု က ပြုတ်လုလု၊ ပြတ်လုလု အနေအထား မှာ အဲဒီ ကျာက်တုံးကြီးပေါ်မှာ စေတီတော် တည်ထားတာပါ။
– ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲလျက်ရှိပါတယ်။

 

#credit

2 comments

  • ဝင့်ပြုံးမြင့်

    December 29, 2016 at 7:11 am

    ညီမရေ မန်းလေးဂဇက်မှာက အရင်က စည်းကမ်းတစ်ခုရှိတယ်။ စာရေးသူ တစ်ဦးဟာ ၂၄နာရီ တစ်ရက်အတွင်းမှာ ပို့စ် ၂ ခုထက် ပိုပြီး မတင်ရပါဘူး။ ဘာလို့ ဆို ပို့စ်တွေ မြန်မြန်တက်သွားတော့ ပို့စ်တွေ မြန်မြန်ပျောက်သွားတာပေါ့။ အာ့ကြောင့်မို့ပါ။ သူများပို့စ်ရော ကိုယ့်ပို့စ်ရော မြန်မြန်ကြီး တက်သွားတော့ ပရိသတ်ဖတ်ဖို့ ဆွေးနွေးဖို့ အချိန် နည်းသွားလို့ပါ။

Leave a Reply