မြသပိတ်ရေပြာအိုင်ကို သွားရာလမ်းတလျှောက်မှာ မျက်စိတဆုံး ပန်းခင်းများကို မြင်တွေ့နိုင်တဲ့အပြင် ဖြူ၊နီ၊ပြာ၊ဝါ၊စိမ်း အစရှိတဲ့ လယ်ကွက်မျိုးစုံကိုလည်း တဝကြီး ရှုမြင်ခံစားနိုင်လို့ပါ။
???
ဒါ့အပြင်…….ရေပြာအိုင်အနီးမှာရှိတဲ့ သုံးဆင့်ရေတံခွန်ကြီးကလည်း ရေကူးကစားဖို့ အသင့်တော်ဆုံး အချိန်ပါ။

???
တည်နေရာ……ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ရွာငံမြို့နယ် တောကြယ်ကျေးရွာမှာ တည်ရှိပါတယ်။
???
ထူးခြားချက်များ…..
ရေအိုင်တစ်ခုလုံး တကယ့်ကို ပြာလဲ့နေပြီး ဟိုးအောက်ခြေအထိ ကြည်လင်စွာ မြင်ရပါတယ်။
ရေထဲမှာ လဲလျောင်းနေတဲ့ အပင်ကြီးတွေကလည်း ရင်သပ်ရှုမောဖွယ်ပါ။
အတော်ကြီးမားတဲ့ ငါးကြီးများလည်း ကူးခတ်နေကြတာကို တွေ့မြင်ရမှာပါ။
အခြားရေအရောင်နှစ်မျိုး စီးဝင်နေပေမယ့် ရေပြာအိုင်က အရောင်ပြောင်းလဲခြင်း၊ ရေခမ်းခြောက်ခြင်း မရှိပါဘူး။
???
ရေပြာအိုင်နှင့် ပတ်သက်၍…
ဒေသခံတွေက ဒီရေပြာအိုင်ဟာ မြတ်စွာဘုရားရဲ့ မြသပိတ်ကြောင့်လို့ ယုံကြည်ကြပါတယ်။
ဒါကြောင့် မလေးမစားပြုမူခြင်း၊ ရေထဲဆင်းခြင်း၊ ရေကိုသယ်သွားခြင်း အစရှိသည်တို့ကို တားမြစ်ထားပါတယ်။
???
အခြား…….
ရေပြာအိုင်ကို မကြာသေးခင်နှစ်များကစလို့ အွန်လိုင်းမှတဆင့် လူသိများလာပါတယ်။
ရုံးပိတ်ရက်တွေမှာ လူဦးရေ နှစ်ရာကျော် လာရောက်လည်ပတ်ကြလေ့ ရှိပါတယ်။
ဒေသထွက် သီးနှံ၊အစားအသောက်တွေအပြင် ပျားရည်ကောင်းကောင်းလည်း ရနိုင်ပါတယ်။

သုံးဆင့်ရေတံခွန်နဲ့ လည်း အရမ်းနီးပါတယ်

Credit

About Shar Thet Man

Shar Thet Man has written 391 post in this Website..