ကဗျာလေး မူးနေပြီ

ဒီတစ်ခါတော့ အမျိုးသားတွေ သဘောကျမယ့် ကဗျာ နှစ်ပုဒ်ပါ။ ယမကာလုလင် တွေ မူးနေပြီဆိုတော့လေ  သူတို့ ကဗျာပါ မူးသွားပါရော။ The Drunk Poem  ဆိုတဲ့ ကဗျာကတော့ စာဆိုရှင် အမည်မသိ။ အင်းလေ မူးနေရင်း စပ်တာဆိုတော့ သူ့ဟာသူ မေ့သွားမှာပေါ့။ ဒါပေမယ့် လူတွေကတော့ မမေ့ဘူး။ အဲဒီကဗျာထဲက အသုံးအနှုန်းတွေ ဒီကနေ့အထိ သုံးစွဲနေတုန်း။ လုံးဝခေတ်မတိမ်သေးတဲ့ အသုံးအနှုန်းကတော့
(၁)  Starkle, starkle, little twink  =  Twinkle  Twinkle  little star
(၂)   The alcofluence of incohol  =  The  influence of alcohol

(၃)    slort of sheep  =  short  of sleep

(၄)    thinkle peep  =  people think

(၅)   fink to drill  =  drink  to fill

မြန်မာစကားမှာ ဆိုရင် ဥပမာ  “လောကဓံ” ကို စကားလိမ်နဲ့ ပြောရင်  “လံကဓော” ဆိုတာမျိုးပါ။ သူတို့ရဲ့ စကားလိမ် (spoonerism) တွေပဲ ဖြစ်ပါတယ်။ အထက်ပါ စကားလိမ်ထဲက နံပါတ် ၂ နှင့် ၄ က အသုံးတွင်ဆုံး စကားလိမ်တွေလို့ ထင်မိပါတယ်။ အဲဒီအသုံး မကြာခဏ တွေ့ရလို့ပါ။ မူးနေတဲ့ ကဗျာလေး ကို မြည်းစမ်းကြည့်ရအောင်။

”The Drunk Poem”
Starkle, starkle, little twink,
Who the hell are you I think.
I’m not under what you call
The alcofluence of incohol

I’m just a little slort of sheep,
I’m not drunk like thinkle peep.
I don’t know who is me yet,
But the drunker I stand here the longer I get.

So just give me one more fink to drill my cup,
‘Cause I got all day sober to Sunday up.
————————

ကဗျာက Twinkle Twinkle little star  ကဗျာ အလိုက်အတိုင်း ရေးထားတာပါ။ ကလေးတွေ အကြိုက် ကဗျာကိုတောင် ယမကာဘုရင်တွေ အလွတ်မပေးဘူးလေ။ အဲဒါကြောင့်ပဲ   အနုပညာမြောက်သွားတာလား မသိဘူး။ တဆက်တည်း ကလေးကဗျာလေးကို လည်း အောက်မေ့သတိရမယ် ထင်လို့ တင်ပေးလိုက်ပါတယ်။

Twinkle, twinkle, little star,
How I wonder what you are!
Up above the world so high,
Like a diamond in the sky.

In the dark blue sky you keep,
And often through my curtains peep,
For you never shut your eye
Till the sun is in the sky.
——

အထက်က မူးနေတဲ့ကဗျာ ကို သဘောလောက်  စကားပြေပြန်ပါမယ်။ စကားလိမ်နဲ့ ရေးတာဆိုတော့ အတိအကျ ပြန်လို့ မရပါဘူး။ အပေါ်ဆုံးတစ်ကြောင်း လွှတ်ပါမယ်။

— မင်းငါ့ကို ဘာထင်နေသလဲကွ။

မင်းပြောသလို အရက်ဟာ ငါ့အပေါ် ဩဇာညောင်းနေတာ မဟုတ်ဘူး။

— ငါအိပ်ရေး နည်းနည်းပျက်နေတာ။

လူတွေပြောသလို ငါ မူးရူးနေတာ မဟုတ်ဘူး။

ခုထိတော့ ငါဘယ်သူလဲ မသိသေးဘူး။

ဒါပေမယ့် ငါ ကြာကြာရပ်လေ မူးလေပဲ။
( the drunker I stand here the longer I get = the longer I stand here the drunker I get)

—  ဒါကြောင့် ခွက်ထဲ ဖြည့်လို့ရအောင် ငါထပ်သောက်ပါရစေ။

တနင်္ဂနွေနေ့အထိ ငါအမူးပြေနေတာကွ။

——-

နောက်ထပ် ကဗျာတစ်ပုဒ်ကတော့ ၂ဝ ရာစုခေတ်ရဲ့ အကျော်ဇေယျ ကဗျာဆရာ W.B.Yeats စပ်ခဲ့တဲ့ အင်မတန် ကျော်ကြားတဲ့ အချစ်ကဗျာလို့ ပြောရမလား၊  အရက်ကဗျာ လို့ပြောရမလား မသိတဲ့ကဗျာပါ။
W.B.Yeats  ဟာ အင်္ဂလန်မှာ အခြေချခဲ့ပေမယ့် အိုင်းရစ်စ်လူမျိုး  ဖြစ်ပါတယ်။ ၁၉၂၃ ခုနှစ်မှာ  စာပေနဲ့  နိုဗယ်ဆု ချီးမြှင့်ခြင်း ခံရပါတယ်။ ကဗျာကတော့ တိုတိုလေး။

  ‘A Drinking Song”
Wine comes in at the mouth
And love comes in at the eye;
That’s all we shall know for truth
Before we grow old and die.
I lift the glass to my mouth,

I look at you, and I sigh.

သဘောလောက် စကားပြေပြန်ပါမယ်။
— ခံတွင်းထဲကနေ ဝိုင် ဝင်လာတယ်။
   မျက်လုံးထဲကနေ  အချစ်ဝင်လာတယ်။
   မအိုခင် မသေခင်   အမှန်တရားအဖြစ်
သိသွားရမှာ ဒါအကုန်ပါပဲ။
   ခွက်ကိုပါးစပ်မှာ ငါတေ့လိုက်တယ်။
   မင့်ကိုကြည့်ပြီး သက်ပြင်းချမိတော့တယ်။   ။

(ယမကာဘုရင်များအား ဂုဏ်ပြုလျက်
ဝင့်ပြုံးမြင့် ရှာဖွေစုဆောင်းသည်)
29 December  2016.

7 comments

  • kai

    January 3, 2017 at 4:41 am

    လူတွေပါမူးနေကြသလားမသိ..။
    ကောမန့်မတွေ့ရ..။

  • Thint Aye Yeik

    January 3, 2017 at 8:44 am

    Dec 31 ညကို မမူးပဲ ဖြတ်သန်းတဲ့ အမျိုးသားနဲ့
    မူးပြီး ဖြတ်သန်းတဲ့အမျိုးသား
    ဘယ်သင်းက ပိုများမယ် ထင်တုန်းဗျို့။
    ရန်ကုန်မှာတော့ အရက်ပုလင်းတွေ ရောင်းကောင်းလွန်းတဲ့ည. . .

    • ဝင့်ပြုံးမြင့်

      January 18, 2017 at 1:27 am

      ယမကာ ယဉ်ကျေး မှုလေ။ အရာရာကို ထိုးခွဲတော့မှာ။

  • ဆောရီးပါ..ရွာထဲမရောက်ဖြစ်တာကြာလို့ဒီနေ့မှဖတ်ရတယ်…
    “ယမကာဘုရင်များအား ဂုဏ်ပြုလျက်” ဆိုတော့ ကိုယ့်ကိုဂုဏ်ပြုတယ်လို့ပဲမှတ်ပါတယ်..ဟဲဟဲဟဲ :))
    Twinkle, twinkle, little star, ကိုတော့မသိသူမရှိလောက်ဖူးမှတ်ပါတယ်..
    ကဗျာပထမအပိုဒ်ကိုပိုကြိုက်သဗျာ..
    “Starkle, starkle, little twink,
    Who the hell are you I think.
    I’m not under what you call
    The alcofluence of incohol”
    ဘာသာမပြန်ပဲ ရွတ်ရတာပိုအရသာရှိသဗျ…..ဂုဏ်ပြုတဲ့အတွက်ကျေးဇူးပါ မပြုံး :))

    • ဝင့်ပြုံးမြင့်

      January 18, 2017 at 1:21 am

      ဟုတ်တယ်နော်။ ဦးကြီးမိုက်ရေ ကဗျာဆိုတာ နဂိုဘာသာစကားအတိုင်းပဲ ကောင်းတာပါ။

  • aye.kk

    January 10, 2017 at 3:19 pm

    အရက်ဟာ ငါ့ပေါ်ဩဇာညောင်းနေတာ
    မဟုတ်ဘူး
    အဲဒီအသုံးအနှုံးလေးကို
    သဘောကျနှစ်ခြိုက်မိပါတယ်။

    • ဝင့်ပြုံးမြင့်

      January 18, 2017 at 1:22 am

      အမအေး သဘောကျတယ်ဆိုလို့ ကျေးကျေးပါ

Leave a Reply