​မွေး​နေ့ဆိုတာ

ko sixJanuary 2, 20171min852

အဲဒီနေ့ဟာ
ကောင်းကင်ကိုဖြစ်စေ
မြေကြီးကိုဖြစ်စေ
မိဘကိုဖြစ်စေ
တိုင်တည်ပြီး
ရှင်သန်မှုမှာ
အချည်းနှီးမဖြစ်စေဖို့
ဝိမုတ္တိလမ်းပေါ်က
လမ်းညွှန်မြားတစ်ကြောင်းဖြစ်ကြောင်း
ဂရုတစိုက်
မောင်းနှင်ရမယ့် တဏှာတပ်ယဉ်တစ်ခုပါ။

မွေးနေ့ဆိုတာ
သေဖို့အတွက်
လှေကား
တစ်ထစ်တက်တာလား။
တစ်ထစ်ဆင်းတာလား။

မရဏက
မွေးနေ့နဲ့ဖြားယောင်းပြီး
အသက်ရှင်ခြင်းမှာ
မလိမ့်တပတ်ပျော်နေစေတယ်။

ငယ်ရွယ်မှုကိုပြပြီး
အနိစ္စကို
သတင်းအမှောင်ချထားတဲ့
နိုင်ငံဖြစ်​​နေတယ်​။

ပရိဒေဝကို
အမှုန့်ကြိတ်ထားတဲ့
ပေါင်ဒါစက်ရုံတစ်ရုံဖြစ်​နတယ်​

တကယ်ဆို
မွေးနေ့ဆိုတာ
သေဖို့အတွက်
မွေးဖွားလာတဲ့
မရဏဖွား ဖြစ်တယ်ဆိုတာက
အမှန်တရားစစ်စစ်ပါ ကိုယ့်လူရယ်။

ကိုစစ်
1၊ 1၊ 2017 တနင်္ဂ​​နွေနေ့
××××××

2 comments

  • Thint Aye Yeik

    January 4, 2017 at 10:46 am

    ဒီလှေကါးထစ်ကြီးဟာ
    အပေါ်ကို တက်သွားတာလား/အောက်ကို ဆင်းလာတာလား. . .
    မသေချာ မရေရာ. . .

    သေချာတာ တစ်ခုကတော့ မွေးကတည်းက မရဏတံဆိပ် ရိုက်နှိပ်ခံလိုက်ရတဲ့သူတွေ ဆင်းချည် တက်ချည်. . .စုန်လို့ ဆန်လို့ . . .

    😆

    ဘာရယ်မဟုတ်
    ဆရာစစ် ကဗျာလေး ဖတ်ပြီး စိတ်ထဲ ပေါ်လာတဲ့စာသားလေး ချရေးသွားခြင်းရယ်ပါ

  • manawphyulay

    January 17, 2017 at 4:49 pm

    မွေးနေ့ဆိုတာ မွေးပြီးထဲက ပြီးခဲ့ပါပြီ
    တစ်နှစ်ပြည့်လာတိုင်း သေနေ့တစ်ရက်ကြီးလာတာပါပဲ။

Leave a Reply