ကဗျာဆန်ဆန်လှချင်တိုင်းလှနေတဲ့…ကဗာျဝကမ်းခြေ (or) အပျိုစင်ကမ်းခြေ

Mon LayJanuary 5, 20177min1954

??? “သာမောစွ …. ကမ်းအလှဌာနေ ၊ ကဗျာဝကမ်းခြေ … မွန်တို့ဌာနေ”တဲ့အဲ့ ကဗျာလေးကိုဘယ်တုန်းကဖတ်ဖူးမှန်းမသိပေမဲ့..မှတ်မှတ်ရရနဲ ့စာအုပ်ထဲမှာရေးမှတ်ထားခဲ့ဖူးပါတယ်။

အဲ့စာသားအတိုင်းပဲအပြင်မှာလည်း အတော်ကိုအပန်းဖြေချင်စရာကောင်းတဲ့ကဗျာဝခရီးစဉ်လေးကိုမမျှော်လင့်ဘဲ

ရေးမြို  ့ကညီမလေးတစ်ယောက်ကဖိတ်လို ့တစ်ခါတစ်ခေါက်အလည်ရောက်သွားခဲ့ပါတယ်။

#ရေးရှေးဟောင်းကျုံးရေလည်ဘုရား??

#ကဗျာဝကမ်းခြေ⛱??????

#ကိုရင်လေးတည်ထားတဲ့လေးမျက်နှာဘုရား (0r) Banana Mountain ??

#သေမင်းတမန်ရထားနဲ ့ပြတိုက် ???

#ဝဲကလီရေပူစမ်း

#ဘယ်လိုသွားလဲ??

ရန်ကုန်ကနေ ကဗျာဝအထိ တိုက်ရိုက် အဝေး ပြေးကားလမ်းတွေ မရှိသေးပေမဲ့ ရေးမြို့ကတစ်ဆင့် သွားမယ်ဆိုရင် ကဗျာဝကျေးရွာကို ရောက်ပါတယ်။ ခုဆိုရင်နေ ့ချင်းပြန်ခရီးစဉ်လေးတွေဆိိုပြီးဆွဲနေတဲ့အေဂျင်စီတွေလည်းရှိနေပါပြီ။ကိုယ်

ကိုယ်တိုင်လည်းခရီးသွားအေဂျင်စီမှာလုပ်နေတာဆိုတော့ဆွဲကြည့်မယ်ကွာဆိုပြီးဧည့်သည်တွေအသဲအသန်ရှာတော့တာ

ပေါ့။လမ်းကြောင်းတွေလဲအသားကုန်ရှာ၊မေးသင့်တဲ့သူမေးပေါ့။(ကိုရင်လေးတည်ထားတဲ့လေးမျက်နှာကြီးကိုစပြီးဖူးမျှော်ပြီးကတည်းကသွားချင်စိတ်ဖြစ်မိတာလည်းပါပါတယ်)

ခရီးစဉ်လေးစတင်တဲ့အချိန်ကတော့ ည(၈)နာရီပေါ့နော်..လမ်းမှာကျန်းမာရေးအပေါ့အပါးအတွက်ခဏရပ်ပြီးရေးမြို  ့ကို

တောက်လျှောက်မောင်းနှင်တာဟိုကိုမနက်အစောကြီး (၅)နာရီကျော်မှာရောက်သွားတယ်။မနက်စာစားဖို ့ကျတော့လည်း

စောနေသေးလို ့ကိုယ့်ဧည့်သည်တွေကိုခဏအိပ်ခိုင်းထားပြီးမနက်စာစားဖို ့တွေပြင်ဆင်ရတာပေါ့။မနက်စာစားပြီးတာနဲ ့

ကဗျာဝကိုဆက်သွားကြပါတယ်။အချိန်ကတော့ (၁)နာရီနီးပါးလောက်သွားရပါတယ်။

ရန်ကုန်ကနေရေးထိလိုင်းကားကြီးတွေလည်းရောက်ပါတယ်။မျိုးဆက်သစ်လိုင်းပေ့ါ။(၉၅၀ဝ ကျပ်ပါ)အဲကနေလျှောက်

သွားဖို ့ကားဆက်ငှားဖို ့လိုပါတယ်။

#ဘယ်လိုလူတွေသွားသင့်လဲ ?

ခရီးစဉ်နေရာအသစ်တွေကို စိတ်ဝင်စားတဲ့ စွန့်စားခရီးသွားတွေအတွက် အရိုင်းဆန်ဆန်လှနေတဲ့ မွန်ပြည်နယ်၊

ရေးမြို့နယ်အတွင်း ရှိ ကဗျာဝကမ်းခြေကအသင့်တော်ဆုံးဖြစ်မှာပါ။

#ရေးမြို  ့

ပင်လယ်ငါးဖမ်းလုပ်ငန်းနဲ့ ကွမ်းသီးစိုက် ပျိုးရေးကို အဓိကလုပ်ပါတယ်။ကမ်းခြေပေါင်းများစွာနဲ ့အရမ်းလှတဲ့ရေကန်၊ဘုရား

တွေပိုင်ဆိုင်ထားတဲ့မြန်မာနိုင်ငံရဲ  ့တစ်ခုတည်းသောချစ်ဖို ့ကောင်းတဲ့မြို  ့လေးပါ။ ❤️????

#ရေးရှေးဟောင်းကျုံးရေလည်ဘုရား ??

ဒီဘုရားကိုသာသနာ၂၅၀ဝ ဘုရားလို့လည်းခေါ်ဆိုကြပါတယ်။သူကရေးမြို  ့ထဲမှာရှိတာပါ။ငါးစာလည်းကျွေးလို့ရပါတယ်။

မနက်စောစောဆိုငါးစာဆိုင်ကပိတ်ထားတော့အိမ်ကနေပေါင်မုန် ့အခြောက်၊အခြမ်းလေးတွေယူလာရင်ပိုအဆင်ပြေပါလိမ့်

မယ်။

#ကဗျာဝကမ်းခြေ (0r) ရေးမြို  ့ရဲ  ့အလှဆုံးကမ်းခြေ ⛱?????

ကဗျာဝကမ်းခြေမှာရှိတဲ့ သဲသောင်ပြင်က ပြည်တွင်းခရီးသွားတွေ အများဆုံးသွားတဲ့ချောင်းသာကမ်းခြေထက် ပိုလှပြီး ပင်လယ်ရေ က ငွေဆောင်ကမ်းခြေလောက်တော့မကြည် လင်လှပါဘူး။ဒါပေမဲ့သူ ့မှာရှိတဲ့သဲမြေကတော့ချောင်းသာတို ့

ငွေဆောင်တို ့မှာမရှိပါဘူး။နင်းရက်စရာမရှိအောင်ကိုနူးညံ့လွန်းလို ့မွန်လေးဆိုဖိနပ်မစီးတော့ဘဲကမ်းခြေတစ်လျှှောက်လျှောက်သွားနေတော့တာပါပဲ။တခြားပင်လယ်ကမ်းစပ်မှာလည်း တွေ့ရနည်းတဲ့ ထင်းရှူးပင်လေးတွေက ကဗျာဝ

ကမ်းခြေမှာစီတန်းပေါက်နေတာ တွေ့ရမှာပါ။ ထင်းရှူးတန်းလေးကို ကျော်လိုက်တာနဲ့ ပင်လယ်ရေကျချိန်ဆိုလှပတဲ့

သဲသောင်ပြင် ကတစ်ဆင့် ကဗျာဝရွာကို လမ်းလျှောက်သွား နိုင်ပါတယ်။ရွာအနားရောက်လာပြီဆိုတာနဲ့ ပင်လယ်ကမ်းစပ်မှာ ကျိုးတိုးကျဲတဲ ယိုင်းနဲ့နေ တဲ့ဒေသခံ ပင်လယ်လုပ်သားတွေနဲ့ အိမ် တန်းလေးကိုအရင်ဦးဆုံး မြင်တွေ့ရမှာပါ။အဲဒီအိမ်

တန်းလေးတွေလွန်တာနဲ့ ကဗျာဝ ရွာကို ရောက်ပါတယ်။ ကမ်းခြေက ရွာနဲ့တစ်ဆက်တည်းရှိနေတာမို့ အနည်းငယ်

ဆက် လျှောက်လိုက်တာနဲ့ အမိုးရောင်စုံအောက်မှာခင်းထားတဲ့ စားပွဲဝိုင်းလေးတွေ၊ သောင်ပြင် မှာစုပုံထားတဲ့ဗောကွင်း

တွေနဲ့ အပြေးအလွှားရေကစားနေတဲ့လူတွေကို မြင်ရပြီဆိုရင် ကဗျာဝကမ်းခြေကို ရောက်ပါပြီ။ကမ်းခြေအရှည်က သုံးမိုင်လောက်ရှိပါတယ်။ကမ်းခြေ နဲ့ ကပ်လျက်မှာ သဘာဝအတိုင်း ပေါက်နေတဲ့သစ်ပင်အုပ်တွေနဲ့ကျောက်တောင်၊

ကျောက်တုံးတွေလည်း ရှိပါသေးတယ်။ပင်လယ်ရေကျချိန်ဆိုရင်ရေနောက်သလိုထင်ရပေမဲ့ရေတက်လာပြီဆိုရင်

ကောင်းကင် နဲ့အပြိုင် ပြာလဲ့နေတဲ့ပင်လယ်ပြင်ကို မြင်တွေ့ရမှာပါ။ အဲဒီလိုအလှအပတွေရှိတဲ့ ကဗျာဝကမ်းခြေကချောင်း

သာကမ်းခြေလိုခရီးသွားတွေအကြိုက်ဖြစ်လာနိုင်တာမို့ စီးပွားရေးလုပ်ငန်းရှင်တွေက အပန်းဖြေစခန်းစီမံကိန်းတွေစ

တင်ဆောင်ရွက်နေပေမဲ့ ခုချိန်ထိ ညအိပ်တည်းခိုစရာ ဟိုတယ်၊ တည်းခိုခန်းတွေတော့ကောင်းကောင်းမတွေ ့ခဲ့သေးပါဘူး။ ပင်လယ်ကမ်းခြေဖြစ်တာကြောင့် လတ်ဆတ်တဲ့ ပင်လယ်စာတွေကို ဖောဖောသီသီရရှိနိုင်ပြီးဈေးနှုန်းအားဖြင့်လည်း

သင့်တင့်ပါတယ်။ ခုချိန်ထိတော့ရွာထဲအထိ လမ်းမကောင်းသေးဘူး။ လူ ၄၅ ဦးပါတဲ့ကားဆိုရင်လမ်းအဆုံးထိကားဝင်

လို့မရဘူး။

#ကိုရင်လေးတည်ထားတဲ့လေးမျက်နှာဘုရား (0r) Banana Mountain ??

ကဗျာဝ ကမ်းခြေမရောက်ခင် မွန်ပြည်နယ်က သာသနာပြုကိုရင်လေးလို့လူသိများ ထင်ရှားတဲ့ ဆရာတော်တည်ထား

ကိုးကွယ်တဲ့ ကိုရင်လေးဘုရားကိုဝင်ရောက်ဖူးမြော်နိုင်ပါ တယ်။ကိုရင်လေးဘုရားပေါ်ကနေကြည့်ရင်ရေးမြို့အလှနဲ့

နေထွက်ချိန် ဆည်းဆာအလှကိုခံစားနိုင်ပါတယ်။

#ဝဲကလီရေပူစမ်း

ကမ်းခြေမှာ စိတ်တိုင်းကျ ပျော်ပါးခဲ့သမျှ အပန်းပြေစေဖို့ အပြန်လမ်းမှာသံဖြူဇရပ်က 21Paradise Natural Hot Spring လို ့ခေါ်တဲ့ဝဲကလီရေပူစမ်းမှာ အနားယူနိုင်ပါတယ်။ သဘာဝအတိုင်းပူနွေးနေတဲ့ရေပူစမ်းမှာရေစိမ်ပြီးနောက်

ရေကူးကန်မှာ ရေကူးလို့ ရပါတယ်။(မွန်လေးတို ့ကတော့အချိန်ကိုငဲ့ညှာသောအားဖြင့်မဝင်ဖြစ်ခဲ့ပါဘူးနောက်တစ်ခေါက်ကျ

ရင်သွားဖြစ်အောင်သွားမယ့်ထဲမှာပါပါတယ်)

#သေမင်းတမန်ရထားနဲ ့ပြတိုက် ???

ဂျပန်ခေတ်က သေမင်းတမန် မီးရထားလမ်းနဲ့ပြတိုက်ကိုဝင်ပြီးselfie, wefie တွေအမုန်းဆွဲခဲ့ပါတယ်။

#အစားအသောက် ????♨️

နေ ့လည်စာကိုကဗျာဝမှာစားကြတော့ပင်လယ်စာဆိုတာဘယ်လိုကောင်းမှန်းမသိ။ကိုယ့်ဧည့်သည်တွေကလည်းအရမ်းစား

ကောင်းတာပဲလို့ခဏခဏပြောလိုပြော။ကလေးလေးတစ်ယောက်လည်းပါလာတော့သူ ့သားလေးကဘယ်ခရီးသွားသွား

အစားမစားဘဲပြန်လာတတ်ကြောင်း၊ဒီခရီးမှကောင်းကောင်းစားကြောင်းလာပြောတော့ဝမ်းသာရတာပေါ့။တကယ်လည်း

တော်တော်စားကောင်းပါတယ်။ပင်လယ်နဲ ့နီးတော့ပင်လယ်စာတွေဆိုတာလတ်ဆတ်နေတာ..ခုတောင်ပြန်စားချင်လာပြီ။

#ဒီခရီးစဉ်ရဲ  ့ထူးခြားချက် ❗️

မွန်ပြည်နယ်ရေးမြို  ့မှာမွန်ဘာသာတွေနဲ ့သာရေးထားတဲ့ဆိုင်းဘုတ်တွေ၊ကြော်ငြာတွေကိုသာတွေ ့ရပါမယ်။ တချို ့ကတော့

မြန်မာလိုပါပါတယ်။တချို ့ကမြန်မာလိုတောင်မပါပါဘူး။ဘာအသံထွက်ရမှန်းမသိအောင်မွန်ဘာသာနဲ ့ရေးထားကြတာပါ။

ခု Hot ဖြစ်ေနေတဲ့ခရီးစဉ်လေးဖြစ်အောင်အားရင်သွားဖြစ်အောင်သွားလိုက်ကြပါဦးနော်…တခုခုတော့ရလာမှာပါ။?

နောက်ခရီးတွေကိုလည်းအားရင်အားသလိုသွားဖြစ်ဦးမှာပါ…ဖတ်ရှုအားပေးကြပါဦးနော်။

#travelwithmonlay

PS: အဲ့လိုခရီးတွေကိုလိုက်ပါခံစားချင်ရင်တော့ …Just Follow me!! ….မွန်လေးနဲ ့လိုက်ခဲ့လို့ရပါတယ်…..Free & Easy tour ပဲစီစဉ်ပြီးစရိတ်သက်သက်သာသာနဲ့ ့ကမ္ဘာပတ်ကြမယ်…..0942104568

4 comments

  • သျှားသက်မာန်

    January 11, 2017 at 5:24 pm

    ဒီပိုစ့်လေးကိုဘယ်သူမှလည်းမဖတ်ကြဘူးနဲ ့တူတယ်…ဘာမှလည်းမဝေဖန်ကြဘူး……ဒီရွာထဲမှာမွန်လေးပဲခုတလောအတက်
    ဆုံးထင်ပါတယ်…မွန်လေးပိုစ့်တွေချည်းပဲ..ဟီး….

    • Thint Aye Yeik

      January 11, 2017 at 7:38 pm

      .ကြော်ငြာချည်း ဝင်နေတော့လည်း ဖတ်တဲ့သူတွေ ရိုး အီကုန်ပြီပေါ့ကွယ်
      :k:
      .ကြော်ငြာသဘောမျိုး မဟုတ်ပဲ ခရီးသွား အတွေ့အကြုံဆောင်းပါးလေးတွေ ရေးရင် ပိုကောင်းမယ်ထင်တယ်။ ကိုယ်တိုင်ရေးပေါ့။

      ဒါပေမဲ့လည်း ရေးချင်ရာရေး တင်ချင်ရာ တင်ပိုင်ခွင့် သမီးမှာ ရှိပါတယ်ကွယ်။ ဦးတို့က အားရင် ဝင်ဖတ်ရုံပေါ့။ မဖတ်ချင်ဘူးဆိုလည်း မဖတ်ရုံပေါ့ သမီးရယ်
      :k:

  • သျှားသက်မာန်

    January 13, 2017 at 2:21 pm

    ကြော်ငြာဝင်သလို….ခရီးသွားဆောင်းပါးလေးတွေလည်းတင်ပါတယ်……

  • ဦးကြောင်ကြီး

    January 19, 2017 at 12:16 pm

    ခြစ်သ ျှားကို ကျွေးခြင်လပ်ထာ

Leave a Reply