ခရီးသွားခြင်းကသင်ပေးသည့်အရာများ *******************************************

Mon LayJanuary 3, 20171min962

ခရီးသွားခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ အလွန်ပင်များပြားလှပါတယ်။
သင့်ကိုအမြင်ကျယ်လာစေမယ်၊ မတူညီကွဲပြားတဲ့ဓလေ့စရိုက်၊ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရမယ် စသည့်ဖြင့်အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။
ခရီးသွားခြင်းကသင့်ကို ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာအောင်လည်းပြုလုပ်ပေးနိုင်ပြီး ခရီးသွားခြင်းကသင်ပေးတဲ့အရာများကိုဖော်ပြလိုက်ရပါတယ်။
.
(၁) အပေါင်းအသင်းတွေ၊မိတ်ဆွေတွေရဲ့တန်ဖိုးကို သိလာစေပါတယ်။
————————————————————————–
ခရီးသွားပြီးအိမ်နဲ့အဝေးရောက်နေတဲ့အချိန်မှာ အပေါင်းအသင်းတွေနဲ့လူ့အဖွဲ့အစည်းအကြောင်းပိုမိုနားလည်လာပါလိမ့်မယ်။
မိမိအတွက်မိတ်ဆွေကောင်းတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေး၊ပတ်ဝန်းကျင်တည်ဆောက်ခြင်းဟာပျော်စရာကောင်းကြောင်းပိုမိုသိသာထင်ရှားလာပါတယ်။
.
(၂) သည်းခံတတ်အောင်သင်ကြားပေးပါတယ်။
—————————————————-
ခရီးသွားပြီဆိုလျှင် ဖြတ်သန်းနေကျ ပုံမှန်ဘဝ၊နေ့စဉ်ဘဝထဲကထွက်ပြီး
အသစ်အဆန်းတွေ အတွေ့ကြုံသစ်တွေကြုံတွေ့ရတော့မှာဖြစ်ပါတယ်။
အဲ့အတွက် ကြိုတင်ပြင်ဆင်ထားတာမရှိပဲ လုပ်ရတာတွေရှိလာပါမယ်။
မိမိထင်ထားသလို၊ စီစဉ်ထားသလိုမဟုတ်ပဲဖြစ်လာမှာတွေရှိလာပါမယ်။
အဲ့အတွက် သည်းခံရပါမယ်။ လေယာဉ်စောင့်ရခြင်း၊ ကားစောင့်ရခြင်း၊ ရထားစောင့်ရခြင်းစသည့်တို့အပြင် ဒေသမတူပါက ဘာသာစကားနားလည်မှုအခက်အခဲ စသည့်အခက်အခဲတွေ သည်းခံရမှာဖြစ်ပါတယ်။
.
(၃) မေးမြန်းအကူအညီတောင်းတတ်အောင် သင်ပေးပါတယ်။
—————————————————————–
သင်ဟာ ကိုယ့်ဒေသမဟုတ်တဲ့နေရာကိုရောက်နေပြီဆိုရင်
တစ်ခုခုသိချင်၊သွားချင်ရင် အကူအညီတောင်းရပါတော့မယ်။ လူတွေကိုစကားပြောဆို၊ အကူအညီတောင်းတတ်လာမယ်။
ခရီးသွားခြင်းဟာ သင်ဟာဘယ်တော့မှတစ်ယောက်တည်းအထီးကျန်မဟုတ်ဘူးဆိုတာ သင်ပေးပါလိမ့်မယ်။”ပါးစပ်ပါ ရွာရောက်” ဆိုတဲ့စကားအတိုင်းပါပဲ။ ဘယ်လောက်နည်းပညာတိုးတက်တဲ့ခေတ်ဖြစ်နေပါစေမိမိနေရာဒေသမဟုတ်ရင် သူတစ်ပါးကိုအကူအညီတောင်းရမှာတွေမလွဲမသွေကြုံရမှာဖြစ်ပါတယ်။
လူတွေဟာ တစ်ဦးကိုတစ်ဦးကူညီတတ်ပြီး လူအဖွဲ့အစည်းဆိုတာဘာလဲဆိုတာ နားလည်သဘောပေါက်လာစေပါတယ်။
.
(၄) အသိအမြင်၊ နယ်ပယ် ကျယ်ပြန့်လာမယ်။
————————————————-
အကြောင်းအရာတစ်ခုခု၊ နေရာတစ်ခုခုအကြောင်းကို ကိုယ့်အတွေ့အကြုံတွေနဲ့ယှဉ်ပြီးပြောပြတတ်တဲ့လူတွေ သင်တွေ့ဖူးပါသလား?
ခရီးသွားခြင်းက သင့်ကိုအဲ့လိုဖြစ်အောင်သင်ပေးနိုင်ပါတယ်။ ခရီးသွားခြင်းက သင်ဖတ်တဲ့သတင်းစာတွေ၊ လူမှုကွန်ရက်ကဗဟုသုတတွေထက်
ကောင်းတဲ့ အသိအမြင်တွေပေးနိုင်ပါတယ်။
.
(၅) အစားအသောက်တွေအကြောင်းပိုသိလာမယ်။
——————————————————–
ခရီးသွားခြင်းဖြင့် မတူညီတဲ့ဒေသများက အစားအသောက်တွေကို မြင်ဖူး၊စားဖူးလာပါမယ်။အစားအသောက်ဝါသနာပါတဲ့လူတွေဆို ရောက်ရာအရပ်ကအစားအသောက်တွေကို အစွမ်းကုန်လေ့လာနိုင်ပါတယ်။
.
(၆) နောက်ဆုံးတစ်ချက်အနေနဲ့ ခရီးသွားခြင်းဟာ သင့်ဘဝအတွက်မမေ့နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးပေးပါတယ်။
———————————————————————-
သင်ခရီးသွားတဲ့နေရာက သင်နှစ်သက်သည်ဖြစ်စေ၊မနှစ်သက်သည်ဖြစ်စေ သင်အမှတ်တရအနေနဲ့ ဓာတ်ပုံတွေများများရိုက်သင့်ပါတယ်။
နောင်တစ်ချိန် ဓာတ်ပုံတွေကသင့်ဘဝရဲ့ပြန်မရနိုင်တဲ့အမှတ်တရတွေ၊ သင့်ရဲ့ခရီးသွားမှတ်တမ်းတွေဖြစ်လာမှာဖြစ်ပါတယ်။

2 comments

  • သျှားသက်မာန်

    January 7, 2017 at 1:16 pm

    ဟဲဟဲမြင်တဲ့အတိုင်းပဲလေ…

Leave a Reply